ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

 1516

ဂျန်ဇက် (NP News) - မတ် ၁၃
မန်ယူအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မတ်လ ၁၂ရက်နေ့ညပိုင်းက ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အမျိုးသားဘောလုံးပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အဆိုပါပွဲစဉ်မှာ သုံး-ဂိုးသွင်းယူနိုင်ခဲ့ရာ ဂန္တဝင်တိုက်စစ်မှူးဟောင်းဂျိုးဆပ် ဘီကမ်ရဲ့ ဂိုးသွင်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျိုးဆပ်ဘီကမ်ဟာ ကစားသမားဘဝအတွင်း နိုင်ငံနဲ့ ကလပ်အသင်း အတွက် ဂိုးပေါင်း ၈ဝ၅ ဂိုးသွင်းယူပြီး သမိုင်းတစ်လျှောက် အမျိုးသားဘောလုံးပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် ရပ်တည်နေသူဖြစ်ရာ စီရော်နယ်ဒိုက လက်ရှိအချိန်တော့ စံချိန်ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါ တယ်။

အသက် ၃၇ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပေါင်း ၁၄ဝ သွင်း ယူနိုင်ခဲ့သလို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာဂိုးပေါင်း ၁၁၅ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါ တယ်။

မန်ယူအသင်းနည်းပြက "ဒီနေ့ဟာ ကျွန်တော် မန်ယူအသင်းကို ရောက်ရှိပြီးနောက်ပိုင်း စီရော်နယ်ဒို အကောင်း ဆုံး ခြေစွမ်းပြကစားနိုင်တဲ့ပွဲလို့ ဆိုရမှာပါ။ စီရော်နယ်ဒိုဟာ အသက် ၃၇ နှစ်အရွယ်ရှိပေမယ့် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အကောင်းဆုံးလုပ်နိုင်ခဲ့လို့ စပါးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ပြောပါတယ်။
စပါးအသင်းပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟတ်ထရစ်ဂိုးဟာ မန်ယူအသင်းကို စီရော်နယ်ဒို တစ်ကျော့ပြန် ပြောင်းရွှေ့လာခဲ့ပြီးနောက် သွင်းယူတဲ့ ဟတ်ထရစ်ဂိုးဖြစ်ပြီး ကစားသမားဘဝအတွင်း ၅၉ ကြိမ်မြောက် ဟတ်ထရစ်ဂိုးသွင်းယူနိုင်တာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်း၊ မန်ယူ၊ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ စပို့တင်း အသင်းတို့အတွက် ဂိုးများသွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi Version;
ကမာၻ႕ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူအျဖစ္ စီေရာ္နယ္ဒို စံခ်ိန္သစ္တင္
ဂ်န္ဇက္ (NP News) - မတ္ ၁၃
မန္ယူအသင္း တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ မတ္လ ၁၂ရက္ေန႔ညပိုင္းက ကစားခဲ့တဲ့ စပါးအသင္းနဲ႔ပြဲစဥ္မွာ ဟတ္ထရစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲေတြမွာ ဂိုးအမ်ားဆုံး သြင္းယူႏိုင္သူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ အဆိုပါပြဲစဥ္မွာ သုံး-ဂိုးသြင္းယူႏိုင္ခဲ့ရာ ဂႏၲဝင္တိုက္စစ္မွဴးေဟာင္းဂ်ိဳးဆပ္ ဘီကမ္ရဲ႕ ဂိုးသြင္း စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ိဳးဆပ္ဘီကမ္ဟာ ကစားသမားဘဝအတြင္း ႏိုင္ငံနဲ႔ ကလပ္အသင္း အတြက္ ဂိုးေပါင္း ၈ဝ၅ ဂိုးသြင္းယူၿပီး သမိုင္းတစ္ေလွ်ာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲေတြမွာ ဂိုးအမ်ားဆုံး သြင္းယူႏိုင္သူအျဖစ္ ရပ္တည္ေနသူျဖစ္ရာ စီေရာ္နယ္ဒိုက လက္ရွိအခ်ိန္ေတာ့ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါ တယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုဟာ ကစားသမားဘဝအတြင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂိုးေပါင္း ၁၄ဝ သြင္း ယူႏိုင္ခဲ့သလို ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ႏိုင္ငံတကာဂိုးေပါင္း ၁၁၅ ဂိုးသြင္းယူေပးႏိုင္ခဲ့သူျဖစ္ပါ တယ္။

မန္ယူအသင္းနည္းျပက "ဒီေန႔ဟာ ကြၽန္ေတာ္ မန္ယူအသင္းကို ေရာက္ရွိၿပီးေနာက္ပိုင္း စီေရာ္နယ္ဒို အေကာင္း ဆုံး ေျခစြမ္းျပကစားႏိုင္တဲ့ပြဲလို႔ ဆိုရမွာပါ။ စီေရာ္နယ္ဒိုဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေပမယ့္ ေလ့က်င့္ခန္း အစီအစဥ္ေတြမွာ အေကာင္းဆုံးလုပ္ႏိုင္ခဲ့လို႔ စပါးအသင္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့တာပါ" လို႔ေျပာပါတယ္။
စပါးအသင္းပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ဟတ္ထရစ္ဂိုးဟာ မန္ယူအသင္းကို စီေရာ္နယ္ဒို တစ္ေက်ာ့ျပန္ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ သြင္းယူတဲ့ ဟတ္ထရစ္ဂိုးျဖစ္ၿပီး ကစားသမားဘဝအတြင္း ၅၉ ႀကိမ္ေျမာက္ ဟတ္ထရစ္ဂိုးသြင္းယူႏိုင္တာလည္းျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ကစားသမားဘဝအတြင္း ေပၚတူဂီလက္ေ႐ြးစင္အသင္း၊ မန္ယူ၊ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္၊ စပို႔တင္း အသင္းတို႔အတြက္ ဂိုးမ်ားသြင္းယူႏိုင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.