(၂၀၂၄-၂၀၂၅ ) ဘောလုံးရာသီ (သို့) ရေပန်းမစားတဲ့အသင်းတွေ ချန်ပီယံဖြစ်မယ့်နှစ်

428

ရဲထက် (NP News) - မေ ၃ဝ
(၂၀ဝ၄)ခုနှစ်က နိုင်ငံတကာဘောလုံး လောကဖြစ်တဲ့ ဥရောပဘောလုံးပြိုင်ပွဲတွေမှာ လုံးဝမထင် မှတ်ထားတဲ့ရလဒ်တွေနဲ့ ချန်ပီယံအသင်းသစ်တွေထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီ (၂၀ဝ၄)ခုနှစ်က ယှဉ်ပြိုင်ခဲ့ တဲ့ မေဂျာပြိုင်ပွဲတွေ၊ လိဂ်ပြိုင်ပွဲတွေ၊ Cup ပြိုင်ပွဲတွေမှာ တကယ်ကိုမထင်မှတ်ထားတဲ့ ချန်ပီယံ အသင်း သစ်တွေ ထွက်ပေါ်ခဲ့တဲ့ သမိုင်းဝင်နှစ်တစ် နှစ်ဖြစ်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း လုံးဝမထင်ထားတဲ့ ရလဒ် တွေဖြစ်လာခဲ့ပြီး ချန်ပီယံအသင်းအသစ်တွေ ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။
(၂၀ဝ၄) ခုနှစ်အကြောင်းပြောရရင် အဲဒီနှစ်က ယူရို(၂၀ဝ၄)ပြိုင်ပွဲကျင်းပချိန်မှာ ဂရိလိုနိုင်ငံ အသင်းလေးက မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုအဖြစ် အိမ်ရှင် ပေါ်တူဂီအသင်းကို အနိုင်ယူကျော်ဖြတ် ပြီး ယူရို (၂၀ဝ၄)ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် (၂၀ဝ၄) ခုနှစ်မှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးလို ဂုဏ်သိက္ခာရှိ လှတဲ့ဖလားကြီးကို လုံးဝမထင်မှတ်ထားတဲ့ရလဒ်တစ်ခုနဲ့ အသင်းကြီးတွေကိုကျော်ဖြတ်ပြီး ပေါ်တို အသင်းက မိုနာကိုအသင်းကိုအနိုင်ယူပြီးချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ကချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ် စွဲဖို့ရေပန်းစားတဲ့အသင်းဟာ မိုနာကိုအသင်းဖြစ်ပေမယ့်လည်း ပေါ်တိုအသင်းက မထင်မှတ်ထား လောက်အောင် စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗလင်စီယာအသင်းက လာ လီဂါကလပ်ဖြစ်တဲ့ ဗီလာရီးရဲလ်ကိုကျော်ဖြတ်ပြီး ဖိုင်နယ်ကိုတက်ရောက်ခဲ့သလို တစ်ဖက်မှာလည်း နယူးကာဆယ်အသင်းကို ကျော်ဖြတ်ပြီး ဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ မာဆေးလ်အသင်းတို့ ဗိုလ်လုပွဲ ကစားခဲ့ရာမှာ ဗလင်စီယာအသင်းက မာဆေးလ်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို မထင်မှတ် ဘဲ ရယူနိုင်ခဲ့ပါတယ်။ ဒီထက်ပိုပြီး အံ့ဩစရာ ကောင်းတာက ဗလင်စီယာအသင်းဟာ လာလီဂါမှာ စပိန်ဘောလုံးလောကရဲ့ စပိန်ဘီလူးကြီး ဘာစီလိုနာ ကို (၅)မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် ဗလင်စီယာက အဲဒီနှစ်မှာ လုံးဝမထင်မှတ်ထားတဲ့ရလဒ်တွေကို စွမ်းဆောင်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် စပိန်ကိုပါဒရေးဖလားဗိုလ်လုပွဲဖြစ်တဲ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နှစ်တစ်ရာပြည့်အထိမ်း အမှတ်မှာပဲ လူသိပ်မသိတဲ့ ဇာလန်ပိုဇာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃)ဂိုး(၂)ဂိုးနဲ့ အနိုင် ယူပြပြီး ချန်ပီယံဖြစ်ခဲ့ကာ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုကို စွမ်းဆောင်ပြခဲ့ပြီး ကိုပါဒရေးဖလားဗိုလ် လုပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ ဘွန်ဒက် လီဂါဘက်ကိုကြည့်ရင်လည်း ဝါဒါဘရီမင်အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက်(၄)ကြိမ် မြောက်ရခဲ့သလို ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲမှာ လည်း ဝါတာပရီမင်အသင်းကပဲ ထပ်မံဗိုလ်စွဲခဲ့ပြီး ချန်ပီယံ(၂)ကြိမ်ရခဲ့တာကိုတွေ့ရပါတယ်။ ပြောရရင် (၂၀ဝ၄) ခုနှစ်မှာ အာဆင်နယ်အသင်းက ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီယားလိဂ်ရွှေဖလားကိုရရှိခဲ့တာကိုတွေ့ရ ပေမယ့် ကာလင်းဖလား(လက်ရှိ ကာရာဘောင် ဖလား) ပြိုင်ပွဲမှာတော့ အသင်းကြီးတွေမပါခဲ့ဘဲ မစ်ဒယ်သရော့ အသင်းက ဘော်လ်တန်အသင်းကို အနိုင်ယူပြီး ကာရာဘောင်ဖလားကို ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာ FA Cup ဖလားကိုတော့ မန်ချက်စတာယူ နိုက်တက်အသင်းကရရှိခဲ့တာကိုတွေ့ရတာကြောင့် (၂၀ဝ၄) ခုနှစ် မှာ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နှစ်သင်းကလွဲရင် ကျန်တဲ့လိဂ် ပြိုင်ပွဲ၊ မေဂျာပြိုင်ပွဲနဲ့ နိုင်ငံတကာပွဲစဉ်တွေအသီး သီးမှာ မထင်မှတ်ထားတဲ့ ရလဒ်တွေနဲ့ ချန်ပီယံအသင်း သစ် များစွာထွက်ပေါ်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တာ ကို ထူးထူးခြားခြားတွေ့ခဲ့ရပါတယ်။
အားလုံးကို ခြုံငုံပြီးပြန်ပြောရရင် (၂၀ဝ၄) ခုနှစ်မှာ အင်္ဂလန်ရဲ့ ကားလင်းဖလား (ကာရာဘောင် ဖလား)မှာ မစ်ဒယ်ဘရော့အသင်းက ချန်ပီယံ၊ ပေါ်တိုအသင်းက ဥရောပရဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့ပြီး ဗလင်စီယာက လာလီဂါချန်ပီယံ၊ ဇာလန် ပိုဇာအသင်းက ကိုပါဒယ်ရေးဖလားချန်ပီယံ၊ ဘွန်ဒက် လီဂါမှာ ဝါဒါဘရီမင်အသင်းက ချန်ပီယံဖြစ်ခဲ့သလို ဂျာမန်ပိုကယ်ဖလားအပါအဝင် ဆုဖလား(၂)လုံးရရှိခဲ့ သလို ယူရို ၂၀ဝ၄ ပြိုင်ပွဲမှာ ဂရိအသင်းက အိမ်ရှင်ပေါ်တူဂီကိုအနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် (၂၀ဝ၄) ခုနှစ်က ကမ္ဘာ့ဘောလုံး လောကမှာ လုံးဝမေ့မရနိုင်လောက်တဲ့ Record မှတ်တမ်းတစ်ခုကိုရရှိခဲ့ တယ်လို့ဆိုနိုင်ပါတယ်။
လက်ရှိဘောလုံးရာသီဖြစ်တဲ့ (၂၀၂၄-၂၀၂၅) ဘောလုံးရာသီတစ်ခုအတွင်းမှာလည်း လုံးဝ မထင် မှတ်ထားတဲ့အသင်းတွေက ချန်ပီယံဖြစ်ခဲ့သလို ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိနေတဲ့ အသင်းများစွာရှိနေတာကို တွေ့ရပါတယ်။ လက်ရှိမှာ (၂၀ဝ၄) ခုနှစ်ကလောက် အဓိက လိဂ်ပြိုင်ပွဲတွေမှာ အသင်းငယ်တွေ ဗိုလ်စွဲခဲ့တာမျိုးမဟုတ်ပေမယ့် Cup Competition ပြိုင်ပွဲ ဖြစ်တဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာတော့ အသင်း ငယ်တွေချန်ပီယံဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတော့ လီဗာပူးလ်အသင်း ကရရှိခဲ့ပြီး စီးရီးအေဖလားမှာတော့ နာပိုလီနဲ့ အင်တာမီလန် တို့ က အပြိုင်ဖြစ်နေသလို လာလီဂါ ဆုဖလားကိုတော့ ဘာစီလိုနာအသင်းက ရီးရဲလ်မက် ဒရစ်အသင်းကို အနိုင်ယူကျော်ဖြတ်ပြီးရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့ပြင် ပြင်သစ်လီဂူးပြိုင်ပွဲမှာတော့ PSG အသင်းက ချန်ပီယံဆုကို အမှတ်အများကြီး ဖြတ်တောက်ပြီးရရှိခဲ့သလို ဘွန်ဒက်လီဂါမှာဆိုရင်လည်း ဘိုင်ယန်မြူး နစ်အသင်းက ဒီနှစ်မှာ လေဗာကူဆင်အသင်းဆီက ချန်ပီယံဘွဲ့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တာကို တွေ့ရ ပါတယ်။ ဒီထက်နိမ့်တဲ့ လိဂ်တွေဖြစ်တဲ့ ပေါ်တူဂီလိဂ်မှာ ဆိုရင်လည်း စပိုးတင်း လစ်ဘွန်းအသင်းက ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုသက်ဆိုင်ရာလိဂ်အသီးသီးမှာ အသင်းကြီးတွေ အကုန်လုံးနီးပါး ချန်ပီယံဖြစ်ခဲ့ပေမယ့် Cup Competition ပြိုင်ပွဲတွေဖြစ်တဲ့ ပြည်တွင်းလိဂ် ပြိုင်ပွဲတွေ မှာတော့ ဒီနှစ်လာလီဂါရဲ့ ကိုပါဒယ်ရေး ဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ် အသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာက လွဲရင် ကျန်တဲ့ပြည်တွင်း ပြိုင်ပွဲတွေဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ကာရာ ဘောင်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့အပြင် ခြေစွမ်း ကောင်းလှပါတယ်ဆိုတဲ့ လီဗားပူးလ် အသင်းကို(၂)ဂိုး(၁)ဂိုးဆို တဲ့ရလဒ်တစ်ခုနဲ့ အနိုင်ယူ ကျော် ဖြတ်ပြ ပြီး နှစ်ပေါင်း(၇၀)ကျော်အတွင်း ဗိုလ် လုပွဲပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး ဝေးကွာနေခဲ့တဲ့ ဆုဖလားအောင်မြင်မှုတစ်ခုကို ရရှိခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဒီအောင်မြင်မှုဟာ နယူးကာ ဆယ် အသင်းဖြစ်တဲ့အတွက် မီဒီယာတွေမှာ ဖော်ပြမှုနည်းပေမယ့်လည်း စဉ်းစားကြည့်တာနဲ့တင် တကယ်ကို ဝမ်းသာစရာကောင်းတဲ့ ခံစာမှုမျိုးကိုဖြစ်စေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် လူတစ်ယောက်ရဲ့ သက်တမ်း တစ်ခုစာနီးပါးကြာခဲ့တဲ့ နှစ်ပေါင်း(၇၀)အကြာမှာမှ ဘောလုံးအသင်းတစ်သင်းက ဆုဖလားတစ်ခု ပြန် လည်ရရှိတယ်လို့ဆိုနိုင်တာဖြစ်ပါတယ်။ ဒါ့ပြင် အီတလီစီးရီးအေရဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အေစီမီ လန်အသင်းနဲ့ ဘိုလော့ညာတို့ကန်ခဲ့တဲ့ ကိုပါအီတလီ ယာပြိုင်ပွဲဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်လို အသင်း မျိုးကိုတောင် အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ အေစီမီ လန်အသင်းကို ဘိုလော့နာလိုအသင်းလေးက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကျော်ဖြတ်ပြီး နှစ်ပေါင်း(၅၁)အတွင်းမှာ ဝေးကွာနေခဲ့တဲ့ ဗိုလ်လုပွဲအပြင် ဆုဖလား ရရှိမှုကိုပါ ပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီလိုပဲ နယူးကာဆယ်အသင်းက နှစ်ပေါင်း(၇၀) အတွင်းမှာ ဆုဖလားပြန်ရခဲ့သလို၊ ဘိုလော့ညာက နှစ်ပေါင်း(၅၁)အတွင်းမှာချန်ပီယံဆုဖလားပြန်ရခဲ့ပြီး တဲ့နောက်မှာတော့ ပရီးမီးယားလိဂ်ပြည်တွင်းလိဂ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ FA Cup ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက လုံးဝမထင်မှတ်ထားတဲ့ ရလဒ်တစ်ခုဖြစ်တဲ့ မန်စီးတီးလိုအသင်းကြီးကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကျော်ဖြတ်ပြီး အသင်းရဲ့သမိုင်း တစ်လျှောက် ပထမဆုံးဆုဖလားကို နှစ်ပေါင်း (၁၂၀)အတွင်းမှာ ရယူနိုင်ခဲ့တဲ့ ပျော်ရွှင်မှုဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်စရာရှိလောက်တဲ့ စွမ်းဆောင်ရည် မျိုးနဲ့ ထူးခြားတဲ့ မှတ်တမ်းတစ်ခုဖြစ်သွားခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် မန်စီးတီးလို အင်အားကြီး အသင်းတစ်သင်း အနိုင်ယူပြခဲ့တာကို ချီးကျူးဂုဏ်ပြုရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး အသင်းငယ်လေးတွေ က မထင်မှတ်ထားဘဲ နာမည်ကြီးအသင်းတွေကျော်ဖြတ်ပြဖို့ ပြိုင်ပွဲတွေကလည်း ကျန်ရှိနေသေးပြီး တော့ အဲဒီပွဲစဉ်တွေထဲမှာ ချဲလ်ဆီးအသင်းနဲ့ ရီးရဲလ်ဘတ်တစ်အသင်းတို့ရဲ့ ယူရိုကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရှိနေပြီး ရီးရဲလ် ဘတ်တစ်အသင်းက မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုနဲ့ ချဲလ်ဆီးအသင်းကို အနိုင်ယူ ကျော်ဖြတ်သွား နိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေသလို ချဲလ်ဆီးအသင်းကပဲ အနိုင်ယူပြီး ဥရော ပဖလားစုံကို ရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးသွားမလားဆိုတာကို စောင့်ကြည့်ရဖို့ရှိ နေပါတယ်။ ဒါ့ပြင် ဒီနှစ်ရာသီ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ချန်ပီယံအသင်းသစ်ထွက်ပေါ်လာ ဖို့ရှိနေပြီး အင်တာမီလန်အသင်းကတော့ (၂၀၁၀)ပြည့်နှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ဖူးတာကြောင့် (၁၅)အကြာမှာ ပြန်လည်ရရှိသွားမလားဆိုတာကိုစောင့်ကြည့်ရဖို့ရှိနေပါတယ်။ PSG အသင်းကတော့ အသင်းရဲ့သမိုင်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမှ မရဖူးတဲ့ဖလားဖြစ်တဲ့အပြင် ဗိုလ်လုပွဲစဉ်တွေကို မကြာခဏရောက်ခဲ့ပေမယ့် အရှုံးနဲ့သာရင်ဆိုင်ခဲ့ရတာကြောင့် ဒီနှစ်ရာသီမှာ အင်တာမီလန်အသင်း ကိုသာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ရင် PSG အသင်းက အသင်းရဲ့သမိုင်းတစ်လျှောက်မှာ ပထမဆုံး ချန်ပီ ယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။
ဒါကြောင့် (၂၀ဝ၄)ခုနှစ်ကလို လက်ရှိအနေအထားမှာ နယူးကာဆယ်၊ ဘိုလော့ညာ၊ ခရစ္စ တယ် ပဲလေ့စ်အသင်းတို့လို့ Underdog အသင်းတွေက ချန်ပီယံ ဆုကိုရယူပြီး သက်သေပြထားသလို ချန်ပီယံလိဂ် မှာလည်း အင်တာမီလန်နဲ့ PSG အသင်းထဲက တစ်သင်းချန်ပီယံဖြစ်တာနဲ့ Underdog အသင်းကပဲ ချန်ပီယံဆုရဖို့ ကျိန်းသေသလောက်ရှိနေပါတယ်။ ဘောလုံးလောကမှာ အခုလို မထင်မှတ် ထားတဲ့ အသင်းတွေရဲ့ ချန်ပီယံဆုရယူနိုင်မှုတွေက အမှန်တကယ်လိုအပ်နေတာဖြစ်ပြီး အသင်းကြီးတွေ ပဲ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ထုံးစံတစ်ခုကို နှစ်တွေလတွေများစွာအကြာမှာ အခုလို့ Underdog အသင်း တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ရရှိတဲ့ ဆုဖလားအောင် မြင်မှုတွေအမှန်တကယ်လိုအပ်နေတာဖြစ်ပါတယ်။ ဒါဟာ ဘောလုံးကပေးတဲ့ ရသတစ်ခုဖြစ်သလို ဒီလိုဖြစ်စဉ်မျိုးတွေရှိလာတာကြောင့်လဲ ဘောလုံးအား ကစားဟာ ကမ္ဘာ့လူကြိုက်အများဆုံးအားကစားဖြစ်နေရတာပါ။

zawgyi version
(၂၀၂၄-၂၀၂၅ ) ေဘာလုံးရာသီ (သို႔) ေရပန္းမစားတဲ့အသင္းေတြ ခ်န္ပီယံျဖစ္မယ့္ႏွစ္
ရဲထက္ (NP News) - ေမ ၃ဝ
(၂၀ဝ၄)ခုႏွစ္က ႏိုင္ငံတကာေဘာလုံး ေလာကျဖစ္တဲ့ ဥေရာပေဘာလုံးၿပိဳင္ပြဲေတြမွာ လုံးဝမထင္ မွတ္ထားတဲ့ရလဒ္ေတြနဲ႔ ခ်န္ပီယံအသင္းသစ္ေတြထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒီ (၂၀ဝ၄)ခုႏွစ္က ယွဥ္ၿပိဳင္ခဲ့ တဲ့ ေမဂ်ာၿပိဳင္ပြဲေတြ၊ လိဂ္ၿပိဳင္ပြဲေတြ၊ Cup ၿပိဳင္ပြဲေတြမွာ တကယ္ကိုမထင္မွတ္ထားတဲ့ ခ်န္ပီယံ အသင္း သစ္ေတြ ထြက္ေပၚခဲ့တဲ့ သမိုင္းဝင္ႏွစ္တစ္ ႏွစ္ျဖစ္ခဲ့ဖူးပါတယ္။ ဒီႏွစ္မွာလည္း လုံးဝမထင္ထားတဲ့ ရလဒ္ ေတြျဖစ္လာခဲ့ၿပီး ခ်န္ပီယံအသင္းအသစ္ေတြ ထြက္ေပၚလာတာကိုေတြ႕ရပါတယ္။
(၂၀ဝ၄) ခုႏွစ္အေၾကာင္းေျပာရရင္ အဲဒီႏွစ္က ယူ႐ို(၂၀ဝ၄)ၿပိဳင္ပြဲက်င္းပခ်ိန္မွာ ဂရိလိုႏိုင္ငံ အသင္းေလးက မထင္မွတ္ထားတဲ့ ရလဒ္တစ္ခုအျဖစ္ အိမ္ရွင္ ေပၚတူဂီအသင္းကို အႏိုင္ယူေက်ာ္ျဖတ္ ၿပီး ယူ႐ို (၂၀ဝ၄)ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ဒါ့ျပင္ (၂၀ဝ၄) ခုႏွစ္မွာပဲ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲႀကီးလို ဂုဏ္သိကၡာရွိ လွတဲ့ဖလားႀကီးကို လုံးဝမထင္မွတ္ထားတဲ့ရလဒ္တစ္ခုနဲ႔ အသင္းႀကီးေတြကိုေက်ာ္ျဖတ္ၿပီး ေပၚတို အသင္းက မိုနာကိုအသင္းကိုအႏိုင္ယူၿပီးခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။ အဲဒီႏွစ္ကခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္ စြဲဖို႔ေရပန္းစားတဲ့အသင္းဟာ မိုနာကိုအသင္းျဖစ္ေပမယ့္လည္း ေပၚတိုအသင္းက မထင္မွတ္ထား ေလာက္ေအာင္ စြမ္းေဆာင္ျပခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗလင္စီယာအသင္းက လာ လီဂါကလပ္ျဖစ္တဲ့ ဗီလာရီးရဲလ္ကိုေက်ာ္ျဖတ္ၿပီး ဖိုင္နယ္ကိုတက္ေရာက္ခဲ့သလို တစ္ဖက္မွာလည္း နယူးကာဆယ္အသင္းကို ေက်ာ္ျဖတ္ၿပီး ဖိုင္နယ္ကို တက္ေရာက္ခဲ့တဲ့ မာေဆးလ္အသင္းတို႔ ဗိုလ္လုပြဲ ကစားခဲ့ရာမွာ ဗလင္စီယာအသင္းက မာေဆးလ္အသင္းကို အႏိုင္ယူၿပီး ယူ႐ိုပါလိဂ္ဖလားကို မထင္မွတ္ ဘဲ ရယူႏိုင္ခဲ့ပါတယ္။ ဒီထက္ပိုၿပီး အံ့ဩစရာ ေကာင္းတာက ဗလင္စီယာအသင္းဟာ လာလီဂါမွာ စပိန္ေဘာလုံးေလာကရဲ႕ စပိန္ဘီလူးႀကီး ဘာစီလိုနာ ကို (၅)မွတ္ျဖတ္ၿပီး ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ဗလင္စီယာက အဲဒီႏွစ္မွာ လုံးဝမထင္မွတ္ထားတဲ့ရလဒ္ေတြကို စြမ္းေဆာင္ျပသြားခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ စပိန္ကိုပါဒေရးဖလားဗိုလ္လုပြဲျဖစ္တဲ့အျပင္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ႏွစ္တစ္ရာျပည့္အထိမ္း အမွတ္မွာပဲ လူသိပ္မသိတဲ့ ဇာလန္ပိုဇာအသင္းက ရီးရဲလ္မက္ဒရစ္အသင္းကို (၃)ဂိုး(၂)ဂိုးနဲ႔ အႏိုင္ ယူျပၿပီး ခ်န္ပီယံျဖစ္ခဲ့ကာ မထင္မွတ္ထားတဲ့ ရလဒ္တစ္ခုကို စြမ္းေဆာင္ျပခဲ့ၿပီး ကိုပါဒေရးဖလားဗိုလ္ လုပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အဲဒီႏွစ္မွာ ဘြန္ဒက္ လီဂါဘက္ကိုၾကည့္ရင္လည္း ဝါဒါဘရီမင္အသင္းက ခ်န္ပီယံျဖစ္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္(၄)ႀကိမ္ ေျမာက္ရခဲ့သလို ဂ်ာမန္ပိုကယ္ဖလား ဗိုလ္လုပြဲမွာ လည္း ဝါတာပရီမင္အသင္းကပဲ ထပ္မံဗိုလ္စြဲခဲ့ၿပီး ခ်န္ပီယံ(၂)ႀကိမ္ရခဲ့တာကိုေတြ႕ရပါတယ္။ ေျပာရရင္ (၂၀ဝ၄) ခုႏွစ္မွာ အာဆင္နယ္အသင္းက ရႈံးပြဲမရွိ စံခ်ိန္နဲ႔ ပရီးမီယားလိဂ္ေ႐ႊဖလားကိုရရွိခဲ့တာကိုေတြ႕ရ ေပမယ့္ ကာလင္းဖလား(လက္ရွိ ကာရာေဘာင္ ဖလား) ၿပိဳင္ပြဲမွာေတာ့ အသင္းႀကီးေတြမပါခဲ့ဘဲ မစ္ဒယ္သေရာ့ အသင္းက ေဘာ္လ္တန္အသင္းကို အႏိုင္ယူၿပီး ကာရာေဘာင္ဖလားကို ရရွိခဲ့ပါတယ္။ အဲဒီႏွစ္မွာ FA Cup ဖလားကိုေတာ့ မန္ခ်က္စတာယူ ႏိုက္တက္အသင္းကရရွိခဲ့တာကိုေတြ႕ရတာေၾကာင့္ (၂၀ဝ၄) ခုႏွစ္ မွာ အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ႏွစ္သင္းကလြဲရင္ က်န္တဲ့လိဂ္ ၿပိဳင္ပြဲ၊ ေမဂ်ာၿပိဳင္ပြဲနဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြအသီး သီးမွာ မထင္မွတ္ထားတဲ့ ရလဒ္ေတြနဲ႔ ခ်န္ပီယံအသင္း သစ္ မ်ားစြာထြက္ေပၚခဲ့တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တာ ကို ထူးထူးျခားျခားေတြ႕ခဲ့ရပါတယ္။
အားလုံးကို ၿခဳံငုံၿပီးျပန္ေျပာရရင္ (၂၀ဝ၄) ခုႏွစ္မွာ အဂၤလန္ရဲ႕ ကားလင္းဖလား (ကာရာေဘာင္ ဖလား)မွာ မစ္ဒယ္ဘေရာ့အသင္းက ခ်န္ပီယံ၊ ေပၚတိုအသင္းက ဥေရာပရဲ႕ ခ်န္ပီယံလိဂ္ဆုဖလားကို ရရွိခဲ့ၿပီး ဗလင္စီယာက လာလီဂါခ်န္ပီယံ၊ ဇာလန္ ပိုဇာအသင္းက ကိုပါဒယ္ေရးဖလားခ်န္ပီယံ၊ ဘြန္ဒက္ လီဂါမွာ ဝါဒါဘရီမင္အသင္းက ခ်န္ပီယံျဖစ္ခဲ့သလို ဂ်ာမန္ပိုကယ္ဖလားအပါအဝင္ ဆုဖလား(၂)လုံးရရွိခဲ့ သလို ယူ႐ို ၂၀ဝ၄ ၿပိဳင္ပြဲမွာ ဂရိအသင္းက အိမ္ရွင္ေပၚတူဂီကိုအႏိုင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ (၂၀ဝ၄) ခုႏွစ္က ကမာၻ႔ေဘာလုံး ေလာကမွာ လုံးဝေမ့မရႏိုင္ေလာက္တဲ့ Record မွတ္တမ္းတစ္ခုကိုရရွိခဲ့ တယ္လို႔ဆိုႏိုင္ပါတယ္။
လက္ရွိေဘာလုံးရာသီျဖစ္တဲ့ (၂၀၂၄-၂၀၂၅) ေဘာလုံးရာသီတစ္ခုအတြင္းမွာလည္း လုံးဝ မထင္ မွတ္ထားတဲ့အသင္းေတြက ခ်န္ပီယံျဖစ္ခဲ့သလို ခ်န္ပီယံဆုေတြကို စိန္ေခၚႏိုင္မယ့္ လမ္းေၾကာင္းေပၚကို ေရာက္ရွိေနတဲ့ အသင္းမ်ားစြာရွိေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာ (၂၀ဝ၄) ခုႏွစ္ကေလာက္ အဓိက လိဂ္ၿပိဳင္ပြဲေတြမွာ အသင္းငယ္ေတြ ဗိုလ္စြဲခဲ့တာမ်ိဳးမဟုတ္ေပမယ့္ Cup Competition ၿပိဳင္ပြဲ ျဖစ္တဲ့ ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာေတာ့ အသင္း ငယ္ေတြခ်န္ပီယံျဖစ္ခဲ့တာကိုေတြ႕ရပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုေတာ့ လီဗာပူးလ္အသင္း ကရရွိခဲ့ၿပီး စီးရီးေအဖလားမွာေတာ့ နာပိုလီနဲ႔ အင္တာမီလန္ တို႔ က အၿပိဳင္ျဖစ္ေနသလို လာလီဂါ ဆုဖလားကိုေတာ့ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ ဒရစ္အသင္းကို အႏိုင္ယူေက်ာ္ျဖတ္ၿပီးရရွိခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ ျပင္သစ္လီဂူးၿပိဳင္ပြဲမွာေတာ့ PSG အသင္းက ခ်န္ပီယံဆုကို အမွတ္အမ်ားႀကီး ျဖတ္ေတာက္ၿပီးရရွိခဲ့သလို ဘြန္ဒက္လီဂါမွာဆိုရင္လည္း ဘိုင္ယန္ျမဴး နစ္အသင္းက ဒီႏွစ္မွာ ေလဗာကူဆင္အသင္းဆီက ခ်န္ပီယံဘြဲ႕ကို ျပန္လည္သိမ္းပိုက္ရရွိခဲ့တာကို ေတြ႕ရ ပါတယ္။ ဒီထက္နိမ့္တဲ့ လိဂ္ေတြျဖစ္တဲ့ ေပၚတူဂီလိဂ္မွာ ဆိုရင္လည္း စပိုးတင္း လစ္ဘြန္းအသင္းက ျဖစ္ခဲ့တာကိုေတြ႕ရပါတယ္။ ဒီလိုသက္ဆိုင္ရာလိဂ္အသီးသီးမွာ အသင္းႀကီးေတြ အကုန္လုံးနီးပါး ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ Cup Competition ၿပိဳင္ပြဲေတြျဖစ္တဲ့ ျပည္တြင္းလိဂ္ ၿပိဳင္ပြဲေတြ မွာေတာ့ ဒီႏွစ္လာလီဂါရဲ႕ ကိုပါဒယ္ေရး ဖလားၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္ အသင္းကို အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့တာက လြဲရင္ က်န္တဲ့ျပည္တြင္း ၿပိဳင္ပြဲေတြျဖစ္တဲ့ ပရီးမီးယားလိဂ္ရဲ႕ ကာရာ ေဘာင္ဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္အသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့အျပင္ ေျခစြမ္း ေကာင္းလွပါတယ္ဆိုတဲ့ လီဗားပူးလ္ အသင္းကို(၂)ဂိုး(၁)ဂိုးဆို တဲ့ရလဒ္တစ္ခုနဲ႔ အႏိုင္ယူ ေက်ာ္ ျဖတ္ျပ ၿပီး ႏွစ္ေပါင္း(၇၀)ေက်ာ္အတြင္း ဗိုလ္ လုပြဲပထမဆုံးအႀကိမ္တက္ေရာက္ခဲ့ၿပီး ေဝးကြာေနခဲ့တဲ့ ဆုဖလားေအာင္ျမင္မႈတစ္ခုကို ရရွိခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ ဒီေအာင္ျမင္မႈဟာ နယူးကာ ဆယ္ အသင္းျဖစ္တဲ့အတြက္ မီဒီယာေတြမွာ ေဖာ္ျပမႈနည္းေပမယ့္လည္း စဥ္းစားၾကည့္တာနဲ႔တင္ တကယ္ကို ဝမ္းသာစရာေကာင္းတဲ့ ခံစာမႈမ်ိဳးကိုျဖစ္ေစမွာပါ။ ဘာျဖစ္လို႔လဲဆိုရင္ လူတစ္ေယာက္ရဲ႕ သက္တမ္း တစ္ခုစာနီးပါးၾကာခဲ့တဲ့ ႏွစ္ေပါင္း(၇၀)အၾကာမွာမွ ေဘာလုံးအသင္းတစ္သင္းက ဆုဖလားတစ္ခု ျပန္ လည္ရရွိတယ္လို႔ဆိုႏိုင္တာျဖစ္ပါတယ္။ ဒါ့ျပင္ အီတလီစီးရီးေအရဲ႕ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ ေအစီမီ လန္အသင္းနဲ႔ ဘိုေလာ့ညာတို႔ကန္ခဲ့တဲ့ ကိုပါအီတလီ ယာၿပိဳင္ပြဲဗိုလ္လုပြဲစဥ္မွာ အင္တာမီလန္လို အသင္း မ်ိဳးကိုေတာင္ အႏိုင္ယူေက်ာ္ျဖတ္လာခဲ့တဲ့ ေအစီမီ လန္အသင္းကို ဘိုေလာ့နာလိုအသင္းေလးက (၁)ဂိုး ဂိုးမရွိနဲ႔ အႏိုင္ယူေက်ာ္ျဖတ္ၿပီး ႏွစ္ေပါင္း(၅၁)အတြင္းမွာ ေဝးကြာေနခဲ့တဲ့ ဗိုလ္လုပြဲအျပင္ ဆုဖလား ရရွိမႈကိုပါ ျပန္လည္ရရွိခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီလိုပဲ နယူးကာဆယ္အသင္းက ႏွစ္ေပါင္း(၇၀) အတြင္းမွာ ဆုဖလားျပန္ရခဲ့သလို၊ ဘိုေလာ့ညာက ႏွစ္ေပါင္း(၅၁)အတြင္းမွာခ်န္ပီယံဆုဖလားျပန္ရခဲ့ၿပီး တဲ့ေနာက္မွာေတာ့ ပရီးမီးယားလိဂ္ျပည္တြင္းလိဂ္ ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ FA Cup ဖလားၿပိဳင္ပြဲဗိုလ္လုပြဲမွာ ခရစၥတယ္ပဲေလ့စ္အသင္းက လုံးဝမထင္မွတ္ထားတဲ့ ရလဒ္တစ္ခုျဖစ္တဲ့ မန္စီးတီးလိုအသင္းႀကီးကို (၁)ဂိုး ဂိုးမရွိနဲ႔ အႏိုင္ယူေက်ာ္ျဖတ္ၿပီး အသင္းရဲ႕သမိုင္း တစ္ေလွ်ာက္ ပထမဆုံးဆုဖလားကို ႏွစ္ေပါင္း (၁၂၀)အတြင္းမွာ ရယူႏိုင္ခဲ့တဲ့ ေပ်ာ္႐ႊင္မႈဟာ ဘယ္အရာနဲ႔မွ ႏႈိင္းယွဥ္စရာရွိေလာက္တဲ့ စြမ္းေဆာင္ရည္ မ်ိဳးနဲ႔ ထူးျခားတဲ့ မွတ္တမ္းတစ္ခုျဖစ္သြားခဲ့တာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ မန္စီးတီးလို အင္အားႀကီး အသင္းတစ္သင္း အႏိုင္ယူျပခဲ့တာကို ခ်ီးက်ဴးဂုဏ္ျပဳရမွာပဲျဖစ္ပါတယ္။ ဒီလိုမ်ိဳး အသင္းငယ္ေလးေတြ က မထင္မွတ္ထားဘဲ နာမည္ႀကီးအသင္းေတြေက်ာ္ျဖတ္ျပဖို႔ ၿပိဳင္ပြဲေတြကလည္း က်န္ရွိေနေသးၿပီး ေတာ့ အဲဒီပြဲစဥ္ေတြထဲမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ရီးရဲလ္ဘတ္တစ္အသင္းတို႔ရဲ႕ ယူ႐ိုကြန္းဖရန႔္လိဂ္ ဗိုလ္လုပြဲ ရွိေနၿပီး ရီးရဲလ္ ဘတ္တစ္အသင္းက မထင္မွတ္ထားတဲ့ ရလဒ္တစ္ခုနဲ႔ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူ ေက်ာ္ျဖတ္သြား ႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနသလို ခ်ဲလ္ဆီးအသင္းကပဲ အႏိုင္ယူၿပီး ဥေရာ ပဖလားစုံကို ရရွိခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းေရးထိုးသြားမလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိ ေနပါတယ္။ ဒါ့ျပင္ ဒီႏွစ္ရာသီ ဥေရာပခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာလည္း ခ်န္ပီယံအသင္းသစ္ထြက္ေပၚလာ ဖို႔ရွိေနၿပီး အင္တာမီလန္အသင္းကေတာ့ (၂၀၁၀)ျပည့္ႏွစ္က ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့ဖူးတာေၾကာင့္ (၁၅)အၾကာမွာ ျပန္လည္ရရွိသြားမလားဆိုတာကိုေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ PSG အသင္းကေတာ့ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္မွာ တစ္ႀကိမ္တစ္ခါမွ မရဖူးတဲ့ဖလားျဖစ္တဲ့အျပင္ ဗိုလ္လုပြဲစဥ္ေတြကို မၾကာခဏေရာက္ခဲ့ေပမယ့္ အရႈံးနဲ႔သာရင္ဆိုင္ခဲ့ရတာေၾကာင့္ ဒီႏွစ္ရာသီမွာ အင္တာမီလန္အသင္း ကိုသာ အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့ရင္ PSG အသင္းက အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္မွာ ပထမဆုံး ခ်န္ပီ ယံလိဂ္ဖလားကို ကိုင္ေျမႇာက္ခြင့္ရရွိမွာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ (၂၀ဝ၄)ခုႏွစ္ကလို လက္ရွိအေနအထားမွာ နယူးကာဆယ္၊ ဘိုေလာ့ညာ၊ ခရစၥ တယ္ ပဲေလ့စ္အသင္းတို႔လို႔ Underdog အသင္းေတြက ခ်န္ပီယံ ဆုကိုရယူၿပီး သက္ေသျပထားသလို ခ်န္ပီယံလိဂ္ မွာလည္း အင္တာမီလန္နဲ႔ PSG အသင္းထဲက တစ္သင္းခ်န္ပီယံျဖစ္တာနဲ႔ Underdog အသင္းကပဲ ခ်န္ပီယံဆုရဖို႔ က်ိန္းေသသေလာက္ရွိေနပါတယ္။ ေဘာလုံးေလာကမွာ အခုလို မထင္မွတ္ ထားတဲ့ အသင္းေတြရဲ႕ ခ်န္ပီယံဆုရယူႏိုင္မႈေတြက အမွန္တကယ္လိုအပ္ေနတာျဖစ္ၿပီး အသင္းႀကီးေတြ ပဲ ခ်န္ပီယံျဖစ္ရမယ္ဆိုတဲ့ ထုံးစံတစ္ခုကို ႏွစ္ေတြလေတြမ်ားစြာအၾကာမွာ အခုလို႔ Underdog အသင္း ေတြရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ရရွိတဲ့ ဆုဖလားေအာင္ ျမင္မႈေတြအမွန္တကယ္လိုအပ္ေနတာျဖစ္ပါတယ္။ ဒါဟာ ေဘာလုံးကေပးတဲ့ ရသတစ္ခုျဖစ္သလို ဒီလိုျဖစ္စဥ္မ်ိဳးေတြရွိလာတာေၾကာင့္လဲ ေဘာလုံးအား ကစားဟာ ကမာၻ႔လူႀကိဳက္အမ်ားဆုံးအားကစားျဖစ္ေနရတာပါ။