နယ်စပ်တံတား ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်ဖွယ်ရှိနေ

 1363

ဂျန်ဇက် (NP News) - မတ် ၁၇
မြန်မာနိုင်ငံ မြဝတီမြို့ နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ ကွန်ကရက်တံတားတစ်စင်းကို မတ်လ ၁၁ ရက်က မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းက ဗုံးခွဲခဲ့ရာ ထိုင်းနဲ့မြန်မာနယ်စပ် ကုန်သွယ်ရေးကိုထိခိုက်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။ ကွန်ကရက်တံတား ဗုံးခွဲခံရတဲ့အတွက် ထိုင်းဘက်ခြမ်းကနေ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကိုဖြတ်သန်းပြီးတင်ပို့မယ့်ကုန်ကားများ အခက်ခဲဖြစ်နေရတဲ့အတွက်လက်ရှိအချိန်မှာ ထိုင်းကုန်ကားများအဆင်ပြေစေဖို့ ယာယီတံတားတစ်စင်းကိုမတ်လ ၁၆ ရက်မှာစတင်တည်ဆောက်နေပါတယ်။

ဒါပေမယ့်အဆိုပါ ယာယီတံတားဟာ ခံနိုင်ရည်ဝန်သိပ်မကောင်းတဲ့အတွက် ကုန်ချိန်ပမာဏာ ကန့် သတ်ထားကြောင်း၊ အဆိုပါယာယီတံတားကို တန်ချိန် ၅ဝ အောက်ကားများသာဖြတ်သန်းခွင့်ပေးဖွယ်ရှိနေကြောင်းသိရပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ အဆိုပါတံတားပတ်ဝန်းကျင်မှာ ဘေးကင်းလုံခြုံမှုများဖြစ်စေဖို့ နဲ့ ဗုံးခွဲတိုက်ခိုက်မှုများ ထပ်မံမဖြစ်စေဖို့အတွက် လုံခြုံရေးတင်းကြပ်ကာ တပ်ဖွဲ့ဝင်များချထားတယ်လို့ သိရပါတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ ကွန်ကရက်တံတားဟာ ဗုံးပေါက်ခွဲခံရမှုကြောင့် ထိ ခိုက်ပျက်စီးမှုများခဲ့ရာ ကွန်ကရက်တံတား ပြန် လည်ပြုပြင်ရေးကိုအချိန်ယူ လုပ်ဆောင်ရဖွယ်ရှိနေပါတယ်။

မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့များဟာ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ တံတားများကို ဗုံးခွဲခြင်းနဲ့ ကုန်ကားများကို မီးရှို့ဖျက်ဆီးခြင်း၊ ခြုံခိုတိုက် ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာ နိုင်ငံ နဲ့ အပြန်အလှန်ကုန်သွယ်မှုပြုလုပ်နေတဲ့ နိုင်ငံတွေထဲမှာ ဒုတိယကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ရာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတွက် နယ်စပ်ကုန် သွယ်ရေးက အဓိကနေရာမှာပါဝင်နေတယ်လို့ သိရပါတယ်။

zawgyi version
နယ္စပ္တံတား ဗုံးခြဲတိုက္ခိုက္ခံရသျဖင့္ ထိုင္း-ျမန္မာနယ္စပ္ကုန္သြယ္ေရး ထိခိုက္ႏိုင္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၁၇

ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ နဲ႔ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ကို ဆက္သြယ္ထားတဲ့ ကြန္ကရက္တံတားတစ္စင္းကို မတ္လ ၁၁ ရက္က ျမန္မာစစ္တပ္ကို ဆန႔္က်င္တဲ့ အဖြဲ႕အစည္းက ဗုံးခြဲခဲ့ရာ ထိုင္းနဲ႔ျမန္မာနယ္စပ္ ကုန္သြယ္ေရးကိုထိခိုက္ဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းေတြကေဖာ္ျပပါတယ္။ ကြန္ကရက္တံတား ဗုံးခြဲခံရတဲ့အတြက္ ထိုင္းဘက္ျခမ္းကေန ထိုင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတားကိုျဖတ္သန္းၿပီးတင္ပို႔မယ့္ကုန္ကားမ်ား အခက္ခဲျဖစ္ေနရတဲ့အတြက္လက္ရွိအခ်ိန္မွာ ထိုင္းကုန္ကားမ်ားအဆင္ေျပေစဖို႔ ယာယီတံတားတစ္စင္းကိုမတ္လ ၁၆ ရက္မွာစတင္တည္ေဆာက္ေနပါတယ္။

ဒါေပမယ့္အဆိုပါ ယာယီတံတားဟာ ခံႏိုင္ရည္ဝန္သိပ္မေကာင္းတဲ့အတြက္ ကုန္ခ်ိန္ပမာဏာ ကန႔္ သတ္ထားေၾကာင္း၊ အဆိုပါယာယီတံတားကို တန္ခ်ိန္ ၅ဝ ေအာက္ကားမ်ားသာျဖတ္သန္းခြင့္ေပးဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ျမန္မာစစ္တပ္ဟာ လက္ရွိအခ်ိန္မွာ အဆိုပါတံတားပတ္ဝန္းက်င္မွာ ေဘးကင္းလုံၿခဳံမႈမ်ားျဖစ္ေစဖို႔ နဲ႔ ဗုံးခြဲတိုက္ခိုက္မႈမ်ား ထပ္မံမျဖစ္ေစဖို႔အတြက္ လုံၿခဳံေရးတင္းၾကပ္ကာ တပ္ဖြဲ႕ဝင္မ်ားခ်ထားတယ္လို႔ သိရပါတယ္။ ထိုင္းနဲ႔ ျမန္မာႏိုင္ငံၾကား ဆက္သြယ္ထားတဲ့ ကြန္ကရက္တံတားဟာ ဗုံးေပါက္ခြဲခံရမႈေၾကာင့္ ထိ ခိုက္ပ်က္စီးမႈမ်ားခဲ့ရာ ကြန္ကရက္တံတား ျပန္ လည္ျပဳျပင္ေရးကိုအခ်ိန္ယူ လုပ္ေဆာင္ရဖြယ္ရွိေနပါတယ္။

ျမန္မာစစ္တပ္ကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့အဖြဲ႕မ်ားဟာ ထိုင္း-ျမန္မာနယ္စပ္ေဒသရွိ တံတားမ်ားကို ဗုံးခြဲျခင္းနဲ႔ ကုန္ကားမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ ၿခဳံခိုတိုက္ ခိုက္ျခင္းမ်ားလုပ္ေဆာင္လ်က္ရွိေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ထိုင္းႏိုင္ငံဟာ ျမန္မာ ႏိုင္ငံ နဲ႔ အျပန္အလွန္ကုန္သြယ္မႈျပဳလုပ္ေနတဲ့ ႏိုင္ငံေတြထဲမွာ ဒုတိယကုန္သြယ္မႈအမ်ားဆုံးႏိုင္ငံျဖစ္ရာ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးအတြက္ နယ္စပ္ကုန္ သြယ္ေရးက အဓိကေနရာမွာပါဝင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.