ပုဂ္ဂလိက သစ်စိုက်ခင်းစိုက်ပျိုးသူများအတွက် သစ်တောဥပဒေတစ်ရပ်လိုအပ်နေ

229

သက်ပိုင် (NP News) - စက်တင်ဘာလ ၂၅
မြန်မာနိုင်ငံ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက သစ်စိုက်ခင်းစိုက်ပျိုးသူများအတွက် ပိုမိုထိရောက်သော ဥပဒေတစ်ရပ်လိုအပ်နေ ကြောင်း မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ် လုပ်ငန်းရှင်များအသင်း၏ အကြံပေးဖြစ်သူ ဦးမျိုးဝင်းက NP News သို့ ပြောသည်။
လက်ရှိတွင် သစ်တောစိုက်ခင်းထွက်သစ် များနှင့်သဘာဝတောများမှထွက်ရှိသည့်သစ်များကို ဥပဒေတစ်ရပ်တည်းဖြင့် စိစစ်မှုများလုပ်ဆောင်နေပြီး ထိုသို့လုပ်ဆောင်နေသည့်အတွက် သစ်စိုက်ခင်းမှ သစ်များမှာ မလိုအပ်ဘဲ ပျက်စီးမှုများနှင့်ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“သစ်တောဥပဒေအရ သစ်တွေကို ခုတ် လှဲမယ်၊ ခွဲစိတ်မယ်၊ သယ်ယူမယ်ဆိုရင် ခုတ်လှဲခွင့်က စပြီး ခရိုင်သစ်တောဦးစီးဌာနအထိ စာတင်ရတယ်။ပြီးရင် ပိုင်းဖြတ်၊ တံဆိပ်ရိုက်၊ အခွန်ဆောင်၊ ပြီးတော့ မှ မျှောထုတ်ဆိုပြီးလုပ်ရတယ်။ မျှောစာနဲ့ စက်ရုံကို ပို့ပြီးရင်လည်း ခွဲစိတ်ဖို့အတွက် နောက်ထပ် စာတင် ရတယ်။ ဒါက သဘာဝသစ်တောထွက်သစ်တွေမှာ တရားမဝင်သစ်တွေမဝင်ဖို့အတွက် လုပ်တာဖြစ်တဲ့ အတွက် အဆင်ပြေတယ်။ ဒါပေမဲ့ လူစိုက်သစ်တော ထဲကထွက်တဲ့ မန်ဂျန်ရှားလို၊ ယူကလစ်လိုဟာတွေ ကျတော့ မတူဘူးလေ။ ဒီလိုအဆင့်ဆင့်ကာလတွေ ကြားမှာ သစ်တွေပျက်စီးရတာတွေအရမ်းများတယ်” ဟု ဦးမျိုးဝင်းက ရှင်းပြသည်။
အိမ်နီးချင်းနိုင်ငံများတွင် ရပ်ကျေးအဆင့် ထောက်ခံစာဖြင့်ပင် စိုက်ခင်းထွက်သစ်များကို တစ် နိုင်ငံလုံးသို့ လွတ်လွတ်လပ်လပ် သယ်ဆောင်ရောင်း ဝယ်နိုင်သည့်အတွက် ယင်းနိုင်ငံများရှိ ပုဂ္ဂလိက သစ် စိုက်ခင်းများမှာ အောင်မြင်လျက်ရှိကြောင်းနှင့် မြန်မာ နိုင်ငံတွင်မူ စိုက်ခင်းများမှခုတ်လှဲလိုက်သည့် အချိန်မှ စ၍ ပရိဘောဂစက်ရုံများသို့ရောက်ရှိရန် သုံးလမှ ခြောက်လအထိ ကြာမြင့်မှုများရှိနေကြောင်း ၎င်းက ပြောသည်။
“စိုက်ခင်းသစ်တွေက သက်နုသစ်တွေ ဖြစ်တဲ့အတွက် ခုတ်လှဲပြီးတောထဲတောင်ထဲမှာ အ ကြာကြီးပစ်ထားရတော့ လိမ်ကောက်၊ ကွဲ၊ အက်၊ မှိုစွဲတာတွေဖြစ်ကုန်တယ်။ အစိုဓာတ်မကုန်ခင်မှာ သစ်တွေဟာ ခွဲစိတ်ဖြတ်တောက်တာတွေ ပြီးဖို့လို တယ်။ ဒါပေမဲ့ ဥပဒေအရက အချိန်ကကြာလွန်းတယ်။ ဒါကြောင့် သဘာဝကထွက်တဲ့သစ်နဲ့ စိုက်ခင်းက ထွက်တဲ့သစ်ကို သီးခြားကိုင်တွယ်တဲ့ ဥပဒေ၊ နည်း လမ်းလိုအပ်တယ်” ဟု ဦးမျိုးဝင်းက ဆိုသည်။
ထို့ပြင် ထိုသို့ အဆင့်များစွာဖြင့် သစ်ကို ထုတ်လုပ်ရသည့်အတွက် အချို့ဒေသများတွင် စိုက် ခင်းမှ သစ်များကို တရားဝင်ခုတ်လှဲခြင်းထက် အနီး နားတစ်ဝိုက်ရှိကျေးရွာများသို့ ပို့ဆောင်ရောင်းဝယ် ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်များဆုံးရှုံးနစ်နာမှု များရှိနိုင်ကြောင်း ゞင်းက ထောက်ပြပြောဆိုသည်။
“လုပ်ထုံးလုပ်နည်းတွေအတိုင်းသွားရင် အရမ်းကြာတယ်ဆိဲုပြီး နီးစပ်ရာကျေးရွာအနားက လွှ စက်တွေကိုပို့၊ ဒီအတိုင်း ခွဲပြီးပြန်ရောင်း၊ အဲဒီလိုတွေ ဖြစ်ကုန်ကြတာမျိုးတွေလည်းရှိကြတယ်။ ဒီတော့ တရားဝင်သစ်တွေဟာ တရားမဝင်သစ်တွေဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ငွေတွေ နစ်နာရတာပေါ့ ” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် (၂၀၂၀) ပြည့်နှစ်တွင် (၄၂ ဒသမ ၁၉) ရာခိုင်နှုန်းရှိ ပြီး (၂၀၂၅) ခုနှစ်တွင် (၄၂ ဒသမ ၁၅) ရာခိုင်နှုန်း ရှိလာမည်ဟုခန့်မှန်းထားကာ သစ်အခြေခံစက်မှု လုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များ ဖြည့် ဆည်းပေးရန် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက် ခင်းများတည်ထောင်စိုက်ပျိုးလျက်ရှိကြောင်းနှင့် သစ်အခြေခံပုဂ္ဂလိကကဏ္ဍ၏ ပြည်ပဝင်ငွေမှာ (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ (၂၉ ဒသမ ၄) သန်းကျော်ရှိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version:
ပုဂၢလိက သစ္စိုက္ခင္းစိုက္ပ်ိဳးသူမ်ားအတြက္ သစ္ေတာဥပေဒတစ္ရပ္လိုအပ္ေန
သက္ပိုင္ (NP News) - စက္တင္ဘာလ ၂၅
ျမန္မာႏိုင္ငံ သစ္ေတာဦးစီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံရွိ ပုဂၢလိက သစ္စိုက္ခင္းစိုက္ပ်ိဳးသူမ်ားအတြက္ ပိုမိုထိေရာက္ေသာ ဥပေဒတစ္ရပ္လိုအပ္ေန ေၾကာင္း ျမန္မာႏိုင္ငံသစ္ေတာထြက္ပစၥည္းႏွင့္ သစ္ လုပ္ငန္းရွင္မ်ားအသင္း၏ အႀကံေပးျဖစ္သူ ဦးမ်ိဳးဝင္းက NP News သို႔ ေျပာသည္။
လက္ရွိတြင္ သစ္ေတာစိုက္ခင္းထြက္သစ္ မ်ားႏွင့္သဘာဝေတာမ်ားမွထြက္ရွိသည့္သစ္မ်ားကို ဥပေဒတစ္ရပ္တည္းျဖင့္ စိစစ္မႈမ်ားလုပ္ေဆာင္ေနၿပီး ထိုသို႔လုပ္ေဆာင္ေနသည့္အတြက္ သစ္စိုက္ခင္းမွ သစ္မ်ားမွာ မလိုအပ္ဘဲ ပ်က္စီးမႈမ်ားႏွင့္ႀကဳံေတြ႕ေနရေၾကာင္း ၎ကဆိုသည္။
“သစ္ေတာဥပေဒအရ သစ္ေတြကို ခုတ္ လွဲမယ္၊ ခြဲစိတ္မယ္၊ သယ္ယူမယ္ဆိုရင္ ခုတ္လွဲခြင့္က စၿပီး ခ႐ိုင္သစ္ေတာဦးစီးဌာနအထိ စာတင္ရတယ္။ၿပီးရင္ ပိုင္းျဖတ္၊ တံဆိပ္႐ိုက္၊ အခြန္ေဆာင္၊ ၿပီးေတာ့ မွ ေမွ်ာထုတ္ဆိုၿပီးလုပ္ရတယ္။ ေမွ်ာစာနဲ႔ စက္႐ုံကို ပို႔ၿပီးရင္လည္း ခြဲစိတ္ဖို႔အတြက္ ေနာက္ထပ္ စာတင္ ရတယ္။ ဒါက သဘာဝသစ္ေတာထြက္သစ္ေတြမွာ တရားမဝင္သစ္ေတြမဝင္ဖို႔အတြက္ လုပ္တာျဖစ္တဲ့ အတြက္ အဆင္ေျပတယ္။ ဒါေပမဲ့ လူစိုက္သစ္ေတာ ထဲကထြက္တဲ့ မန္ဂ်န္ရွားလို၊ ယူကလစ္လိုဟာေတြ က်ေတာ့ မတူဘူးေလ။ ဒီလိုအဆင့္ဆင့္ကာလေတြ ၾကားမွာ သစ္ေတြပ်က္စီးရတာေတြအရမ္းမ်ားတယ္” ဟု ဦးမ်ိဳးဝင္းက ရွင္းျပသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ရပ္ေက်းအဆင့္ ေထာက္ခံစာျဖင့္ပင္ စိုက္ခင္းထြက္သစ္မ်ားကို တစ္ ႏိုင္ငံလုံးသို႔ လြတ္လြတ္လပ္လပ္ သယ္ေဆာင္ေရာင္း ဝယ္ႏိုင္သည့္အတြက္ ယင္းႏိုင္ငံမ်ားရွိ ပုဂၢလိက သစ္ စိုက္ခင္းမ်ားမွာ ေအာင္ျမင္လ်က္ရွိေၾကာင္းႏွင့္ ျမန္မာ ႏိုင္ငံတြင္မူ စိုက္ခင္းမ်ားမွခုတ္လွဲလိုက္သည့္ အခ်ိန္မွ စ၍ ပရိေဘာဂစက္႐ုံမ်ားသို႔ေရာက္ရွိရန္ သုံးလမွ ေျခာက္လအထိ ၾကာျမင့္မႈမ်ားရွိေနေၾကာင္း ၎က ေျပာသည္။
“စိုက္ခင္းသစ္ေတြက သက္ႏုသစ္ေတြ ျဖစ္တဲ့အတြက္ ခုတ္လွဲၿပီးေတာထဲေတာင္ထဲမွာ အ ၾကာႀကီးပစ္ထားရေတာ့ လိမ္ေကာက္၊ ကြဲ၊ အက္၊ မႈိစြဲတာေတြျဖစ္ကုန္တယ္။ အစိုဓာတ္မကုန္ခင္မွာ သစ္ေတြဟာ ခြဲစိတ္ျဖတ္ေတာက္တာေတြ ၿပီးဖို႔လို တယ္။ ဒါေပမဲ့ ဥပေဒအရက အခ်ိန္ကၾကာလြန္းတယ္။ ဒါေၾကာင့္ သဘာဝကထြက္တဲ့သစ္နဲ႔ စိုက္ခင္းက ထြက္တဲ့သစ္ကို သီးျခားကိုင္တြယ္တဲ့ ဥပေဒ၊ နည္း လမ္းလိုအပ္တယ္” ဟု ဦးမ်ိဳးဝင္းက ဆိုသည္။
ထို႔ျပင္ ထိုသို႔ အဆင့္မ်ားစြာျဖင့္ သစ္ကို ထုတ္လုပ္ရသည့္အတြက္ အခ်ိဳ႕ေဒသမ်ားတြင္ စိုက္ ခင္းမွ သစ္မ်ားကို တရားဝင္ခုတ္လွဲျခင္းထက္ အနီး နားတစ္ဝိုက္ရွိေက်း႐ြာမ်ားသို႔ ပို႔ေဆာင္ေရာင္းဝယ္ ျခင္းျဖင့္ ႏိုင္ငံေတာ္အတြက္ အခြန္မ်ားဆုံးရႈံးနစ္နာမႈ မ်ားရွိႏိုင္ေၾကာင္း ゞင္းက ေထာက္ျပေျပာဆိုသည္။
“လုပ္ထုံးလုပ္နည္းေတြအတိုင္းသြားရင္ အရမ္းၾကာတယ္ဆိဲုၿပီး နီးစပ္ရာေက်း႐ြာအနားက လႊ စက္ေတြကိုပို႔၊ ဒီအတိုင္း ခြဲၿပီးျပန္ေရာင္း၊ အဲဒီလိုေတြ ျဖစ္ကုန္ၾကတာမ်ိဳးေတြလည္းရွိၾကတယ္။ ဒီေတာ့ တရားဝင္သစ္ေတြဟာ တရားမဝင္သစ္ေတြျဖစ္ၿပီး ႏိုင္ငံေတာ္အတြက္ အခြန္ေငြေတြ နစ္နာရတာေပါ့ ” ဟု ၎ကေျပာသည္။
ျမန္မာႏိုင္ငံ၏ သစ္ေတာဖုံးလႊမ္းမႈသည္ (၂၀၂၀) ျပည့္ႏွစ္တြင္ (၄၂ ဒသမ ၁၉) ရာခိုင္ႏႈန္းရွိ ၿပီး (၂၀၂၅) ခုႏွစ္တြင္ (၄၂ ဒသမ ၁၅) ရာခိုင္ႏႈန္း ရွိလာမည္ဟုခန႔္မွန္းထားကာ သစ္အေျခခံစက္မႈ လုပ္ငန္းမ်ားအတြက္ ကုန္ၾကမ္းလိုအပ္ခ်က္မ်ား ျဖည့္ ဆည္းေပးရန္ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကသစ္ေတာစိုက္ ခင္းမ်ားတည္ေထာင္စိုက္ပ်ိဳးလ်က္ရွိေၾကာင္းႏွင့္ သစ္အေျခခံပုဂၢလိကက႑၏ ျပည္ပဝင္ေငြမွာ (၂၀၂၃ - ၂၀၂၄) ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚ လာ (၂၉ ဒသမ ၄) သန္းေက်ာ္ရွိခဲ့ေၾကာင္း သစ္ေတာ ဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။