မန်ယူကစားသမားဟောင်း အီဗရာက Youtube စတားနဲ့ လက်ဝှေ့ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်မယ်

718

ဂျန်ဇက် (NP News) - မတ် ၁၉
မန်ယူအသင်း ဂန္တဝင်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာဟာ လူမူကွန်ရက်မှာ ထင်ရှားသူတစ်ဦးဖြစ်တဲ့ အက်ဒမ်ဆာလက်နဲ့လက်ဝှေ့ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
၂ဝဝ၉ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ပြင်သစ်နောက်ခံလူဟောင်း အီဗရာဟာ လန်ဒန်မြို့ရှိ O2 Arena ကွင်းကြီးမှာ ဆာလက်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ အီဗရာနဲ့ ဆာလက်တို့ဟာ ဧပြီလ ၃ဝ ရက်မှာ လက်ဝှေ့ပွဲစဉ်ထိုးသတ်မှာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေကဆိုပါတယ်။ အီဗရာဟာ လက်ဝှေ့ထိုးသတ်တဲ့အတွေ့ကြုံမရှိပေမယ့် ဆာလက်ကတော့ လက်ဝှေ့ထိုးသတ်တဲ့အတွေ့ကြုံရှိထားသူဖြစ်ပြီး အပျော် တမ်းလက်ဝှေ့ပွဲစဉ်တွေထိုးသတ်ဖူးကြောင်းသိရပါတယ်။
အသက် ၄ဝ အရွယ်ရှိ အီဗရာဟာ သူရဲ့ဘဝမှာပထမဆုံးထိုးသတ်ရမယ့် လက်ဝှေ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဆာလက်ဟာ Youtube မှာထင်ရှားသူတစ်ဦးဖြစ်ပြီး အပျော်တမ်းလက်ဝှေ့ပွဲစဉ်နှစ်ပွဲမှာ တစ်ပွဲသရေနှစ်ပွဲနိုင်ထားသူဖြစ်ပါတယ်။
အီဗရာက "ကျွန်တော်ဟာ ဘဝမှာ ပထမဆုံးယှဉ်ပြိုင်ထိုးသတ်ရမယ့် လက်ဝှေ့ပွဲစဉ်အတွက် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်ဟာလက်ဝှေ့လောက ကစားသမားတိုင်းကို လေးစားမှုအပြည့်ရှိနေသူပါ။ လက်ဝှေ့ပွဲစဉ်မှာ ကြံ့ခိုင်တောင့်တင်းမှုများအပြင် ထိုးသတ်နဲ့နည်းစနစ်နဲ့ မဟာ ဗျူဟာလည်း အဓိကကျပါတယ်။ စစ်တုရင်ပွဲစဉ်လိုမျိုးပါ၊ လက်ဝှေ့ပွဲစဉ်အတွက်လေ့ကျင့်ရတာက ဘောလုံးပွဲအတွက်လေ့ကျင့်ရတာနဲ့ မတူဘူး၊ ဒီလက်ဝှေ့ပွဲစဉ်ဟာ ကျွန်တော်အတွက် အခွင့်ရေးကောင်းတစ်ခုပါ၊ အား ကစားလောကက လူတွေကို လေးစားမှုရှိကြောင်းပြသရမယ့်ပွဲစဉ်ပါ၊" လို့ပြောပါတယ်။
အီဗရာဟာ မန်ယူအသင်းအတွက် ပွဲပေါင်း ၃၇၉ ပွဲကစားခဲ့ဖူးသလို မာဆေးလ်နဲ့ ဂျူဗင်တပ်အသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးကာ ပြင်သစ်လက် ရွေးစင်အတွက်ပွဲပေါင်း ၈၁ ပွဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အီဗရာဟာ မန်ယူကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ချန်ပီယံဆုနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ငါးကြိမ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

zawgyi version
မန္ယူကစားသမားေဟာင္း အီဗရာက Youtube စတားနဲ႔ လက္ေဝွ႔ပြဲစဥ္ယွဥ္ၿပိဳင္ထိုးသတ္မယ္
ဂ်န္ဇက္ (NP News) - မတ္ ၁၉
မန္ယူအသင္း ဂႏၲဝင္ေနာက္ခံလူေဟာင္း ပက္ထရစ္ အီဗရာဟာ လူမူကြန္ရက္မွာ ထင္ရွားသူတစ္ဦးျဖစ္တဲ့ အက္ဒမ္ဆာလက္နဲ႔လက္ေဝွ႔ပြဲစဥ္ ယွဥ္ၿပိဳင္ထိုးသတ္သြားမယ္လို႔ သိရပါတယ္။
၂ဝဝ၉ ခုႏွစ္မွာ ကစားသမားဘဝက အနားယူခဲ့တဲ့ ျပင္သစ္ေနာက္ခံလူေဟာင္း အီဗရာဟာ လန္ဒန္ၿမိဳ႕ရွိ O2 Arena ကြင္းႀကီးမွာ ဆာလက္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမွာျဖစ္ပါတယ္။ အီဗရာနဲ႔ ဆာလက္တို႔ဟာ ဧၿပီလ ၃ဝ ရက္မွာ လက္ေဝွ႔ပြဲစဥ္ထိုးသတ္မွာျဖစ္တယ္လို႔ ၿဗိတိန္မီဒီယာေတြကဆိုပါတယ္။ အီဗရာဟာ လက္ေဝွ႔ထိုးသတ္တဲ့အေတြ႕ႀကဳံမရွိေပမယ့္ ဆာလက္ကေတာ့ လက္ေဝွ႔ထိုးသတ္တဲ့အေတြ႕ႀကဳံရွိထားသူျဖစ္ၿပီး အေပ်ာ္ တမ္းလက္ေဝွ႔ပြဲစဥ္ေတြထိုးသတ္ဖူးေၾကာင္းသိရပါတယ္။
အသက္ ၄ဝ အ႐ြယ္ရွိ အီဗရာဟာ သူရဲ႕ဘဝမွာပထမဆုံးထိုးသတ္ရမယ့္ လက္ေဝွ႔ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ဆာလက္ဟာ Youtube မွာထင္ရွားသူတစ္ဦးျဖစ္ၿပီး အေပ်ာ္တမ္းလက္ေဝွ႔ပြဲစဥ္ႏွစ္ပြဲမွာ တစ္ပြဲသေရႏွစ္ပြဲႏိုင္ထားသူျဖစ္ပါတယ္။
အီဗရာက "ကြၽန္ေတာ္ဟာ ဘဝမွာ ပထမဆုံးယွဥ္ၿပိဳင္ထိုးသတ္ရမယ့္ လက္ေဝွ႔ပြဲစဥ္အတြက္ စိတ္လႈပ္ရွားေနပါတယ္။ ကြၽန္ေတာ္ဟာလက္ေဝွ႔ေလာက ကစားသမားတိုင္းကို ေလးစားမႈအျပည့္ရွိေနသူပါ။ လက္ေဝွ႔ပြဲစဥ္မွာ ႀကံ့ခိုင္ေတာင့္တင္းမႈမ်ားအျပင္ ထိုးသတ္နဲ႔နည္းစနစ္နဲ႔ မဟာ ဗ်ဴဟာလည္း အဓိကက်ပါတယ္။ စစ္တုရင္ပြဲစဥ္လိုမ်ိဳးပါ၊ လက္ေဝွ႔ပြဲစဥ္အတြက္ေလ့က်င့္ရတာက ေဘာလုံးပြဲအတြက္ေလ့က်င့္ရတာနဲ႔ မတူဘူး၊ ဒီလက္ေဝွ႔ပြဲစဥ္ဟာ ကြၽန္ေတာ္အတြက္ အခြင့္ေရးေကာင္းတစ္ခုပါ၊ အား ကစားေလာကက လူေတြကို ေလးစားမႈရွိေၾကာင္းျပသရမယ့္ပြဲစဥ္ပါ၊" လို႔ေျပာပါတယ္။
အီဗရာဟာ မန္ယူအသင္းအတြက္ ပြဲေပါင္း ၃၇၉ ပြဲကစားခဲ့ဖူးသလို မာေဆးလ္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔မွာ ပါဝင္ကစားခဲ့ဖူးကာ ျပင္သစ္လက္ ေ႐ြးစင္အတြက္ပြဲေပါင္း ၈၁ ပြဲ ပါဝင္ခဲ့သူျဖစ္ပါတယ္။ အီဗရာဟာ မန္ယူကစားသမားဘဝအတြင္း ခ်န္ပီယံလိဂ္ခ်န္ပီယံဆုနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ငါးႀကိမ္ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။