ပြည်တွင်း လေကြောင်းခရီးစဉ်များကို မှတ်ပုံတင် မူရင်းပြသနိုင်မှသာ စီးနင်းခွင့်ရရှိမည်

1412

ဖူးပြည့် (NP News) - မတ် ၂၄
ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဧပြီလ ၁ ရက်မှစတင်ပြီး မှတ်ပုံတင်မူရင်းပြသနိုင်မှသာ စီးနင်းခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများက အသိပေးကြေညာထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂ဝ၂၂ခုနှစ်၊ ဧပြီလ (၁) ရက်မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် မြန်မာနိုင်ငံသား ခရီးသည်များ အနေဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသနိုင်မှသာ ခရီးစဉ်တွင်လိုက်ပါနိုင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းမှ အသိပေးကြေညာထားသည်။
“ဧပြီလ ၁ ရက်နေ့ကစပြီး ထောက်ခံစာ၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ မြန်မာနိုင်ငံကူးလက်မှတ် တို့ပြပြီး ပြည်တွင်းလေကြောင်းခရီးသွားလို့မရတော့ပါဘူး။ MOH version 2.6 အရ ပြည်တွင်းခရီးသွားလာမှု အားလုံးအတွက် covid test လိုပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ covid test သည် အသက် ၂ နှစ်နှင့်အထက်မှစကာလိုအပ်ကြောင်း သိရသည်။
ထို့ပြင် Air KBZ လေကြောင်းလိုင်းကလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ ၂ဝ၂၂ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် (အသက် ၁၆ နှစ်နှင့်အထက်) မြန်မာနိုင်ငံ သားခရီးသည်များအနေဖြင့် လေဆိပ်ကောင်တာနှင့် စစ်ဆေးရေး ဂိတ်များတွင် နိုင်ငံသားကတ်(မှတ်ပုံတင်)မူရင်းကို ပြသနိုင်မှသာ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
၂ဝ၂၂ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများ အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်း “မိဘပြည် သူများသို့အသိပေးကြေညာခြင်း” ဆိုင်းပုဒ်များအား ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စိုက်ထူမှုများပြုလုပ်လျက်ျက်ရှိာင်း သိရသည်။ လက်ရှိအချိန်တွင် အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူ များအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေး အတွက် “ပန်းခင်း” စီမံချက်အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ျပည္တြင္း ေလေၾကာင္းခရီးစဥ္မ်ားကို မွတ္ပုံတင္ မူရင္းျပသႏိုင္မွသာ စီးနင္းခြင့္ရရွိမည္
ဖူးျပည့္ (NP News) - မတ္ ၂၄
ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားကို ဧၿပီလ ၁ ရက္မွစတင္ၿပီး မွတ္ပုံတင္မူရင္းျပသႏိုင္မွသာ စီးနင္းခြင့္ရရွိမည္ျဖစ္ေၾကာင္း ျပည္တြင္းေလေၾကာင္းလိုင္းမ်ားက အသိေပးေၾကညာထားသည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္အရ ၂ဝ၂၂ခုႏွစ္၊ ဧၿပီလ (၁) ရက္မွစတင္၍ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားျဖင့္ ခရီးသြားလာၾကမည့္ ျမန္မာႏိုင္ငံသား ခရီးသည္မ်ား အေနျဖင့္ ႏိုင္ငံသားကတ္ (မွတ္ပုံတင္) ျပသႏိုင္မွသာ ခရီးစဥ္တြင္လိုက္ပါႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာအမ်ိဳးသားေလေၾကာင္းမွ အသိေပးေၾကညာထားသည္။
“ဧၿပီလ ၁ ရက္ေန႔ကစၿပီး ေထာက္ခံစာ၊ ေက်ာင္းသားကတ္၊ ယာဥ္ေမာင္းလိုင္စင္၊ ျမန္မာႏိုင္ငံကူးလက္မွတ္ တို႔ျပၿပီး ျပည္တြင္းေလေၾကာင္းခရီးသြားလို႔မရေတာ့ပါဘူး။ MOH version 2.6 အရ ျပည္တြင္းခရီးသြားလာမႈ အားလုံးအတြက္ covid test လိုပါတယ္”ဟု ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ covid test သည္ အသက္ ၂ ႏွစ္ႏွင့္အထက္မွစကာလိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ Air KBZ ေလေၾကာင္းလိုင္းကလည္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ ထုတ္ျပန္ ေၾကညာခ်က္အရ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁ ရက္မွစတင္၍ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားျဖင့္ ခရီးသြားလာၾကမည့္ (အသက္ ၁၆ ႏွစ္ႏွင့္အထက္) ျမန္မာႏိုင္ငံ သားခရီးသည္မ်ားအေနျဖင့္ ေလဆိပ္ေကာင္တာႏွင့္ စစ္ေဆးေရး ဂိတ္မ်ားတြင္ ႏိုင္ငံသားကတ္(မွတ္ပုံတင္)မူရင္းကို ျပသႏိုင္မွသာ လိုက္ပါစီးနင္းႏိုင္မည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁ ရက္မွစ၍ ႏိုင္ငံသားကတ္(မွတ္ပုံတင္)အစား ေထာက္ခံစာမ်ား အသုံးျပဳ၍ ခရီးသြားလာျခင္း၊ တည္းခိုေနထိုင္ျခင္းမ်ား ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း “မိဘျပည္ သူမ်ားသို႔အသိေပးေၾကညာျခင္း” ဆိုင္းပုဒ္မ်ားအား ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအသီးသီးရွိ လူစည္ကားရာေနရာမ်ားႏွင့္ အမ်ားျပည္သူႏွင့္ ဆိုင္ေသာေနရာမ်ားတြင္ စိုက္ထူမႈမ်ားျပဳလုပ္လ်က္်က္ရွိာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ အသက္ (၁၆)ႏွစ္ႏွင့္အထက္ အက်ဳံးဝင္သူ မ်ားအား ဥပေဒအရ ကိုင္ေဆာင္သင့္သည့္ ကတ္တစ္မ်ိဳးမ်ိဳးထုတ္ေပးေရး အတြက္ “ပန္းခင္း” စီမံခ်က္အား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။