ပဲခူးတိုင်းအတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဝန်ကြီးချုပ်ကဖိတ်ခေါ်

 790

ဖူးပြည့် (NP News) - ဧပြီ ၁
ရင်းနှီးမြှုပ်နှံမှုတိုးတက်လာခြင်းနှင့်အတူ ဖွံ့ဖြိုးလာသည့် မြို့ပြလူနေမှုအခြေအနေများအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၃/၂ဝ၂၂) အစည်းအဝေးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရင်းနှီးမြှုပ်နှံသူတွေနဲ့ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိလာရင် ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီး ချုပ်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး(၆)ခုနှင့် ချိတ် ဆက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုများကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်လာလျက်ရှိပြီး ဒေသခံပြည်သူများအတွက် အလုပ်အ ကိုင်အခွင့်အလမ်းကောင်းများစွာ ဖန်တီးပေးလျက်ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ကုမ္ပဏီ(၂)ခုက မတည်ရင်းနှီးငွေတိုးမြှင့်ရန် နှင့် တည်ဆောက်ရေးကာလတိုးမြှင့်ရန်၊ ကုမ္ပဏီ(၃)ခုက သီးသန့်တည် ဆောက်ရေးကာလ တိုးမြှင့်ရန် နှင့် ကုမ္ပဏီအသစ် တစ်ခုလျှောက်ထားခြင်းတို့ကို တင်ပြခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ဝ၃ သန်း ထပ်မံဝင်ရောက်လာမည်ဖြစ်ပြီး လူဦးရေ ၁ဝ၃၁ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသို့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၆၁၂ သန်းနှင့် မြန်မာကျပ်ငွေ ၈၃၂၉ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၅၉၈၄ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
ပဲခူးတိုင္းအတြင္း ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္ထုတ္လုပ္ငန္းမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဝန္ႀကီးခ်ဳပ္ကဖိတ္ေခၚ
ဖူးျပည့္ (NP News) - ဧၿပီ ၁

ရင္းႏွီးျမႇဳပ္ႏွံမႈတိုးတက္လာျခင္းႏွင့္အတူ ဖြံ႕ၿဖိဳးလာသည့္ ၿမိဳ႕ျပလူေနမႈအေျခအေနမ်ားအတြက္ ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္ထုတ္လုပ္ငန္းမ်ား ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ေျပာသည္။

ဝန္ႀကီးခ်ဳပ္က ပဲခူးတိုင္းေဒသႀကီးရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မတီ၏ (၃/၂ဝ၂၂) အစည္းအေဝးတြင္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ပတ္သက္ၿပီး အခက္အခဲတစ္စုံတစ္ရာရွိလာရင္ ဥပေဒနဲ႔အညီ ေျဖရွင္းေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္”ဟု ဝန္ႀကီး ခ်ဳပ္က ေျပာသည္။

ပဲခူးတိုင္းေဒသႀကီးသည္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး(၆)ခုႏွင့္ ခ်ိတ္ ဆက္လ်က္ရွိၿပီး လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မႈ၊ တရားဥပေဒ စိုးမိုးမႈႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈမ်ားေၾကာင့္ ျပည္တြင္း/ျပည္ပ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား ပိုမိုတိုးတက္လာလ်က္ရွိၿပီး ေဒသခံျပည္သူမ်ားအတြက္ အလုပ္အ ကိုင္အခြင့္အလမ္းေကာင္းမ်ားစြာ ဖန္တီးေပးလ်က္ရွိေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။

အဆိုပါ အစည္းအေဝးတြင္ ကုမၸဏီ(၂)ခုက မတည္ရင္းႏွီးေငြတိုးျမႇင့္ရန္ ႏွင့္ တည္ေဆာက္ေရးကာလတိုးျမႇင့္ရန္၊ ကုမၸဏီ(၃)ခုက သီးသန႔္တည္ ေဆာက္ေရးကာလ တိုးျမႇင့္ရန္ ႏွင့္ ကုမၸဏီအသစ္ တစ္ခုေလွ်ာက္ထားျခင္းတို႔ကို တင္ျပခဲ့ေၾကာင္း သိရသည္။ အဆိုပါလုပ္ငန္းမ်ား၏ တင္ျပခ်က္မ်ားအရ ပဲခူးတိုင္းေဒသႀကီးအတြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာ ဏ အေမရိကန္ေဒၚလာ ၆ ဒသမ ၈ဝ၃ သန္း ထပ္မံဝင္ေရာက္လာမည္ျဖစ္ၿပီး လူဦးေရ ၁ဝ၃၁ ဦးအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ထပ္မံဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီးသို႔ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ႏိုင္ငံျခားသားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၁၇ ဒသမ ၆၁၂ သန္းႏွင့္ ျမန္မာက်ပ္ေငြ ၈၃၂၉ ဒသမ ၁၅ သန္း ဝင္ေရာက္ခဲ့ၿပီး အလုပ္အကိုင္အခြင့္အလမ္း ၅၉၈၄ ဦး ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.