ကိုဗစ်-၁၉ အပါအဝင် အခြားကန့်သတ်ချက်များကြောင့် DICA နှင့် တွေ့ဆုံရန် အခက်အခဲရှိနေသည့်လုပ်ငန်းရှင်များ Online မှတဆင့် တွေ့ဆုံဆွေးနွေးနိုင်မည်

 728

ဟိန်း (NP News) - ဧပြီ ၁
ကိုဗစ်-၁၉ အပါအဝင် အခြားကန့်သတ်ချက်များကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) နှင့် တွေ့ဆုံဆွေးနွေးရန် အခက်အခဲရှိနေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Online မှတဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်သည့် Unboxing Investment Facilitation Toolkit 2022 အခမ်းအနားတွင် DICA ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် Online မှတဆင့် စတင်အသုံးပြုနိုင်ပြီဖြစ်သည့် Tools (၄) ခုအား မိတ်ဆက်သွားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မစတင်မီဖြစ်စေ၊ စတင်ဆောင်ရွက်နေပြီးနောက်တွင် ဖြစ်စေ DICA သို့ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လိုပါက လျင်မြန်စွာချိန်းဆို၊ တွေ့ဆုံနိုင်မည့် Online ဝန်ဆောင်မှု DICA Online Solution (DOSo) စနစ်လည်း ပါဝင်ကြောင်း သိရသည်။

“ ဒီစနစ်မှာဆိုရင် DICA Online က သီးခြားဖြေဆိုတာဝန်ယူသွားမှာ မဟုတ်ဘဲနဲ့ ရင်းနှီးမြှုပ်နှံသူက တောင်းခံ လာတဲ့အကူအညီတွေကို တွေ့ဆုံဆွေးနွေးမှုတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အစိုးရ အဖွဲ့အစည်း (၁၄) ခုမှ သက်ဆိုင်ရာတာဝန်ရှိသူများကပါ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ပူးပေါင်းပါဝင် အားဖြည့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

DOSo စနစ်ကို စတင်အကောင်အထည်ဖော်လိုက်ခြင်းဖြင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများနှင့် ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်-၁၉ အပါအဝင် အခြားကန့်သတ်ချက်များကြောင့် DICA နှင့် တွေ့ဆုံ ဆွေးနွေးရန် အခက်အခဲရှိခဲ့ရာမှ လက်ရှိတွင် ထိရောက်သည့်တွေ့ဆုံဆွေးနွေးမှုများကို ဖော်ဆောင်သွားနိုင်မည် ဖြစ်ကြောင်းလည်း ယင်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ Online Investment Tools များ လုပ်ဆောင်ခဲ့မှုအဖြစ် ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရေးနှင့် သတင်းအချက်အလက်များ လွယ်ကူ စွာရရှိနိုင်ရန်ရည်ရွယ်၍ Myanmar Companies-MyCo ကို ၂ဝ၁၈ ခုနှစ်တွင် လည်းကောင်း၊ Myanmar Online Investment Directory-MyInDy ကို ၂ဝ၂ဝ ပြည့်နှစ်တွင်လည်းကောင်း၊ Auto Reply for Facebook (Messenger) Auto Reply စနစ်ကို ၂ဝ၂ဝ ပြည့်နှစ်တွင်လည်းကောင်း၊ Online VISA ကို ၂ဝ၂ဝ နှင့် ၂ဝ၂၁ ခုနှစ်တွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရပြီး လက်ရှိတွင် DICA Online Solution (DOSo) အပါအဝင် (၄) ခုကို မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ကိုဗစ္-၁၉ အပါအဝင္ အျခားကန႔္သတ္ခ်က္မ်ားေၾကာင့္ DICA ႏွင့္ ေတြ႕ဆုံရန္ အခက္အခဲရွိေနသည့္လုပ္ငန္းရွင္မ်ား Online မွတဆင့္ ေတြ႕ဆုံေဆြးေႏြးႏိုင္မည္
ဟိန္း (NP News) - ဧၿပီ ၁
ကိုဗစ္-၁၉ အပါအဝင္ အျခားကန႔္သတ္ခ်က္မ်ားေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA) ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ အခက္အခဲရွိေနသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ Online မွတဆင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA) မွ ဧၿပီလ ၁ ရက္ေန႔တြင္ ျပဳလုပ္သည့္ Unboxing Investment Facilitation Toolkit 2022 အခမ္းအနားတြင္ DICA ၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါအခမ္းအနားတြင္ Online မွတဆင့္ စတင္အသုံးျပဳႏိုင္ၿပီျဖစ္သည့္ Tools (၄) ခုအား မိတ္ဆက္သြားခဲ့ၿပီး လုပ္ငန္းရွင္မ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား မစတင္မီျဖစ္ေစ၊ စတင္ေဆာင္႐ြက္ေနၿပီးေနာက္တြင္ ျဖစ္ေစ DICA သို႔ စုံစမ္းေမးျမန္းမႈမ်ား ျပဳလုပ္လိုပါက လ်င္ျမန္စြာခ်ိန္းဆို၊ ေတြ႕ဆုံႏိုင္မည့္ Online ဝန္ေဆာင္မႈ DICA Online Solution (DOSo) စနစ္လည္း ပါဝင္ေၾကာင္း သိရသည္။

“ ဒီစနစ္မွာဆိုရင္ DICA Online က သီးျခားေျဖဆိုတာဝန္ယူသြားမွာ မဟုတ္ဘဲနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူက ေတာင္းခံ လာတဲ့အကူအညီေတြကို ေတြ႕ဆုံေဆြးေႏြးမႈေတြရဲ႕လိုအပ္ခ်က္ေပၚမူတည္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာန အစိုးရ အဖြဲ႕အစည္း (၁၄) ခုမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကပါ ေဆြးေႏြးပြဲသို႔ တက္ေရာက္ၿပီး ပူးေပါင္းပါဝင္ အားျဖည့္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္ ” ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္က ေျပာသည္။

DOSo စနစ္ကို စတင္အေကာင္အထည္ေဖာ္လိုက္ျခင္းျဖင့္ အလားအလာရွိသည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ရွိရင္းစြဲ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ ကိုဗစ္-၁၉ အပါအဝင္ အျခားကန႔္သတ္ခ်က္မ်ားေၾကာင့္ DICA ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးရန္ အခက္အခဲရွိခဲ့ရာမွ လက္ရွိတြင္ ထိေရာက္သည့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ေဖာ္ေဆာင္သြားႏိုင္မည္ ျဖစ္ေၾကာင္းလည္း ယင္းက ဆိုသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန၏ Online Investment Tools မ်ား လုပ္ေဆာင္ခဲ့မႈအျဖစ္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လုပ္ငန္းလုပ္ကိုင္ရာတြင္ လြယ္ကူေခ်ာေမြ႕ေစေရးႏွင့္ သတင္းအခ်က္အလက္မ်ား လြယ္ကူ စြာရရွိႏိုင္ရန္ရည္႐ြယ္၍ Myanmar Companies-MyCo ကို ၂ဝ၁၈ ခုႏွစ္တြင္ လည္းေကာင္း၊ Myanmar Online Investment Directory-MyInDy ကို ၂ဝ၂ဝ ျပည့္ႏွစ္တြင္လည္းေကာင္း၊ Auto Reply for Facebook (Messenger) Auto Reply စနစ္ကို ၂ဝ၂ဝ ျပည့္ႏွစ္တြင္လည္းေကာင္း၊ Online VISA ကို ၂ဝ၂ဝ ႏွင့္ ၂ဝ၂၁ ခုႏွစ္တြင္လည္းေကာင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္းသိရၿပီး လက္ရွိတြင္ DICA Online Solution (DOSo) အပါအဝင္ (၄) ခုကို မိတ္ဆက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.