ထိုင်းငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃ ဦး ပင်လယ်ထဲ (၁ဝ) ရက်ကျော်ခန့်ငါးဖမ်းပြီးအပြန်တွင် သေဆုံးမှုဖြစ်ပွား

 921

ဟိန်း (NP News) - ဧပြီ ၃
ထိုင်းငါးဖမ်းစက်လှေတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃ ဦး ပင်လယ်ထဲ (၁ဝ)ရက်ကျော်ခန့်ငါးဖမ်းပြီးအပြန်တွင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာမှ တစ်ဦး၊ ဗူးရွက်မညှိုးကျေးရွာမှ တစ်ဦးနှင့် တောဗွေကျေးရွာမှတစ်ဦးတို့ဖြစ်ပြီး သေဆုံးသူများသည် မောင်စံလှ(ခ)ငပြက်ချေ၊ ညီညီ နှင့် ကျော်ဝင်းမောင်တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ပါတနီမြို့ရှိ အဆိုပါငါးဖမ်းစက်လှေသည် ပင်လယ်ထဲတွင် ၁ဝ ရက်ကျော်ခန့်ငါးဖမ်းခဲ့ပြီး ကမ်းသို့အဝင်မတ် လ ၃၁ ရက်၊ ည (၉) နာရီအချိန်ခန့်တွင် ကမ်းသို့မရောက်မီ သုံးဦးတစ်ပြိုင် နက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ၏ ဖော်ပြချက်အရသိရသည်။

ငါးများအား ရေခဲထည့်နည်းပါးခြင်း၊ ဆားကြမ်းထည့် နည်းပါးခြင်းနှင့် လှေထဲရှိ စက်ဆရာဖြစ်သူမှ ငါးပုတ်ရေတို့ကို မစုတ်ထုတ်ခြင်း၊ မဆေး ကြောခြင်းတို့ကြောင့် ရေများပုပ်ကာ ဂက်ဖြစ်၍ သုံးဦးစလုံးတစ်ပြိုင် နက်တည်း သေဆုံးရခြင်းဖြစ်ကြောင်း MWRN က ရေးသားထားသည်။

သေဆုံးသူများ၏ ရုပ်အလောင်းအား ပါတနီမြို့ ဝပ်လမ်(မ်)နို့ခ် ဘုန်း ကြီးကျောင်းတွင်ထားရှိခဲ့ပြီး ဧပြီလ ၃ ရက်တွင် ရုပ်အလောင်နှစ်လောင်းအား မီးသင်္ဂြိုလ်ခဲ့ပြီး မနက်ဖြန် ဧပြီလ ၄ ရက်တွင် ကျန်ရှိသည့် ရုပ်အ လောင်းတစ်လောင်းအား မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း သေဆုံးမှုဖြစ်ခြင်း၏ အကျိုးခံစားခွင့်အဖြစ် လူမှုဖူလုံရေးဆိုင်ရာ (ပါကန်စမ်ခွမ်) ငွေစုရေးဌာနမှ အသက်အာ မခံကြေးငွေအဖြစ် တစ်ဦးလျှင်ထိုင်းဘတ်ငွေ တစ်သန်းရှစ်သောင်းခန့် ကျန်ရစ်သူမိသားစုမှ ထုတ်ယူခွင့်ရှိသည့်အတွက် ကျန်ရစ်သူမိသားစုမှ လာရောက်ထုတ်ယူနိုင်ရန်လည်း ရွှေ့ ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းငါးဖမ္းစက္ေလွတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သား ၃ ဦး ပင္လယ္ထဲ (၁ဝ) ရက္ေက်ာ္ခန႔္ငါးဖမ္းၿပီးအျပန္တြင္ ေသဆုံးမႈျဖစ္ပြား
ဟိန္း (NP News) - ဧၿပီ ၃

ထိုင္းငါးဖမ္းစက္ေလွတြင္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သား ၃ ဦး ပင္လယ္ထဲ (၁ဝ)ရက္ေက်ာ္ခန႔္ငါးဖမ္းၿပီးအျပန္တြင္ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူမ်ားမွာ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေလညႇင္းေတာင္ေက်း႐ြာမွ တစ္ဦး၊ ဗူး႐ြက္မညႇိဳးေက်း႐ြာမွ တစ္ဦးႏွင့္ ေတာေဗြေက်း႐ြာမွတစ္ဦးတို႔ျဖစ္ၿပီး ေသဆုံးသူမ်ားသည္ ေမာင္စံလွ(ခ)ငျပက္ေခ်၊ ညီညီ ႏွင့္ ေက်ာ္ဝင္းေမာင္တို႔ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ထိုင္းႏိုင္ငံေတာင္ပိုင္း ပါတနီၿမိဳ႕ရွိ အဆိုပါငါးဖမ္းစက္ေလွသည္ ပင္လယ္ထဲတြင္ ၁ဝ ရက္ေက်ာ္ခန္႔ငါးဖမ္းခဲ့ၿပီး ကမ္းသို႔အဝင္မတ္ လ ၃၁ ရက္၊ ည (၉) နာရီအခ်ိန္ခန္႔တြင္ ကမ္းသို႔မေရာက္မီ သုံးဦးတစ္ၿပိဳင္ နက္ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေ႐ႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ (MWRN) ၏ ေဖာ္ျပခ်က္အရသိရသည္။

ငါးမ်ားအား ေရခဲထည့္နည္းပါးျခင္း၊ ဆားၾကမ္းထည့္ နည္းပါးျခင္းႏွင့္ ေလွထဲရွိ စက္ဆရာျဖစ္သူမွ ငါးပုတ္ေရတို႔ကို မစုတ္ထုတ္ျခင္း၊ မေဆး ေၾကာျခင္းတို႔ေၾကာင့္ ေရမ်ားပုပ္ကာ ဂက္ျဖစ္၍ သုံးဦးစလုံးတစ္ၿပိဳင္ နက္တည္း ေသဆုံးရျခင္းျဖစ္ေၾကာင္း MWRN က ေရးသားထားသည္။

ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းအား ပါတနီၿမိဳ႕ ဝပ္လမ္(မ္)ႏို႔ခ္ ဘုန္း ႀကီးေက်ာင္းတြင္ထားရွိခဲ့ၿပီး ဧၿပီလ ၃ ရက္တြင္ ႐ုပ္အေလာင္ႏွစ္ေလာင္းအား မီးသၿဂႋဳလ္ခဲ့ၿပီး မနက္ျဖန္ ဧၿပီလ ၄ ရက္တြင္ က်န္ရွိသည့္ ႐ုပ္အ ေလာင္းတစ္ေလာင္းအား မီးသၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၌ လုပ္ငန္းခြင္အတြင္း ေသဆုံးမႈျဖစ္ျခင္း၏ အက်ိဳးခံစားခြင့္အျဖစ္ လူမႈဖူလုံေရးဆိုင္ရာ (ပါကန္စမ္ခြမ္) ေငြစုေရးဌာနမွ အသက္အာ မခံေၾကးေငြအျဖစ္ တစ္ဦးလွ်င္ထိုင္းဘတ္ေငြ တစ္သန္းရွစ္ေသာင္းခန္႔ က်န္ရစ္သူမိသားစုမွ ထုတ္ယူခြင့္ရွိသည့္အတြက္ က်န္ရစ္သူမိသားစုမွ လာေရာက္ထုတ္ယူႏိုင္ရန္လည္း ေ႐ႊ႕ ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ (MWRN) က အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.