တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသည့် (၃) ရက်အတွင်း စာမေးပွဲကျင်းပသည့် စာသင်ကျောင်း (၄)ကျောင်းထက်မနည်းတွင် ဖောက်ခွဲမှုများဖြစ်ပွား

1077

NP News - ဧပြီ ၄
လက်ရှိအချိန်သည် မြန်မာနိုင်ငံ၌ ၂ဝ၂၁- ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် အချိန်ဖြစ်ပြီး စာမေးပွဲကျင်းပပြီးသည့် ၃ ရက်အတွင်း စာသင်ကျောင်းပေါင်း ၄ ကျောင်းထက်မနည်းတွင် ဖောက် ခွဲမှုများဖြစ်ပွားခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။
၂ဝ၂၁- ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်မှစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ ဖြေဆိုရခြင်းဖြစ်သည်။
ဆယ်တန်းစာမေးပွဲ ဖြေဆိုချိန်မှာ ၃ နာရီကြာမေးခွန်းဖြစ်ပြီး အင်္ဂလိပ်စာဘာသာဖြေဆိုသည့် ဧပြီလ ၁ ရက်တွင် ရေဖြူမြို့နယ်၊ ကျောက်တိုင်လမ်းရှိ အထက်တန်းကျောင်း(ရေဖြူ) သို့ အကြမ်းဖက်သမားများမှ ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်နေသည့် ဆရာ/မများနှင့် ကျောင်းသား/သူများရှိရာ အဆိုပါကျောင်းဝင်းအတွင်းသို့ စာမေးပွဲ မကျင်းပမီ နံနက် ၈ နာရီ ၅ဝ မိနစ်ခန့်တွင် လက်လုပ်အသုံးဗုံးတစ်လုံး လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်လုပ်အသုံးဗုံး ပစ်ခတ်မှုဖြစ်ပွားခဲ့မှုကြောင့် ဆရာ/မများနှင့် ကျောင်းသား/သူများသည် အထိတ်တလန့်ဖြစ်ခဲ့ရသော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း နစကသတင်းပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းလုပ်ရပ်နှင့်ပတ်သက်၍ Dawei Guerrilla Revolutionary Force (DGRF)၊ Launglone People Defense Force (LLPDF) နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့သည့် ၎င်းတို့အနေဖြင့်ပူးပေါင်းပြီး တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေဖြူစာသင် ကျောင်း၌ စစ်ကောင်စီလက်အောက်တွင် Non-CDM ဆရာ/ဆရာမများမှ အရှက်မဲ့စွာကြီးမှူးကျင်းပလျက်ရှိသော စာမေးပွဲအား တားဆီးသတိပေးရန်ဟုဆိုကာ ဧပြီ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် (လူထိခိုက်မှုမရှိစေသော) အသံမိုင်းများ ဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ် ကြောင်း DGRF က ဧပြီလ ၁ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ အလယ်တန်းကျောင်းတစ်ခုတွင်လည်း ဆယ်တန်းစာမေးပွဲဖြေ ဆိုသည့် တတိယနေ့၊ ဧပြီလ ၂ ရက် နံနက် ၉ နာရီအချိန်ခန့်တွင်လည်း လက်နက်ကိုင်တစ်စုသည် ကျောင်း ဝင်းအတွင်းသို့ လက်လုပ်မိုင်းများ၊ ၄ဝ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ပစ်ခတ်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
ထို့အတူ သင်္ချာဘာသာ ဖြေဆိုသည့်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ဧပြီလ ၂ ရက်၊ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ နှစ်ထပ်စာသင်ဆောင် အဆောက်အဦး အနီးရှိ ရေမြောင်းအတွင်း၌ လက်နက်ကိုင်များမှ လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲထားသည်ကိုတွေ့ရှိခဲ့ရပြီး၊ လူနှင့် အဆောက်အဦးများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင်လည်း ချင်းပြည်နယ်၊ မတူပီမြို့၊ ရေဇွာမြို့နယ်၊ အင်ရော ရပ်ကွက်နေ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဦးရိုမီယိနှင့် အသက် ၄၃ နှစ်အရွယ် ဦးတိန်ဇာလျန်တို့သည် ရေဇွာမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းတံခါးများ ပွင့်နေသည်ကိုတွေ့ရသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ ကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုစဉ်ကာလအတွင်း စာမေးပွဲဖြေဆိုသည့် ကျောင်းများအပြင် အချို့သော တက္ကသိုလ်များ၌လည်း ဖောက်ခွဲမှုများဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၆)ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား လက်နက်ကိုင်များက ဧပြီလ ၁ ရက်၊ ည ၁၂ နာရီခန့်အချိန်တွင် တက္ကသိုလ်၏အရှေ့ဘက်ကိုက် ၃ဝဝ ခန့် အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ တက္ကသိုလ်ဝင်းအတွင်း ဗုံးသီး အချို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ကျောင်းရှိအဆောင်၏ အမိုးသွပ်၊ မျက်နှာကျက်နှင့် ပြတင်း တံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံ အတွင်း ဧပြီလ ၂ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ် လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘောလုံးကွင်းအနီးရှိ ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါးမကြီးမှန်များ စုစုပေါင်းတန်ဖိုး (၉၃၂၈ဝဝဝ) သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
အတိုက်အခံသမားများသည် စစ်တပ်အာဏာသိမ်းမှုနှင့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သည်ဟုဆိုကာ Non-CDM ဆရာ/မများ၊ ကျောင်းသား/သူများအား ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြ သလို စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် NUG နှင့် ၎င်းတို့နှင့်ဆက်စပ်သည့်အဖွဲ့အစည်းများသည် ယခုကျင်းပနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊သူများအား၏ ရလဒ်အမှတ်စာရင်းများအား အသိအမှတ်ပြုသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအချိန် ဘာသာရပ်လေးခုကို ဖြေဆိုပြီးဖြစ်ရာ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာတို့ဖြေဆိုရန်ကျန်ရှိနေသည်။ ထို့ကြောင့် ၂ဝ၂၁- ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် ဧပြီလ ၉ ရက်တွင် ပြီးစီးမည်ဖြစ်သည်။

zawgyi version
တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုၿပီးသည့္ (၃) ရက္အတြင္း စာေမးပြဲက်င္းပသည့္ စာသင္ေက်ာင္း (၄)ေက်ာင္းထက္မနည္းတြင္ ေဖာက္ခြဲမႈမ်ားျဖစ္ပြား
NP News - ဧၿပီ ၄
လက္ရွိအခ်ိန္သည္ ျမန္မာႏိုင္ငံ၌ ၂ဝ၂၁- ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုေနသည့္ အခ်ိန္ျဖစ္ၿပီး စာေမးပြဲက်င္းပၿပီးသည့္ ၃ ရက္အတြင္း စာသင္ေက်ာင္းေပါင္း ၄ ေက်ာင္းထက္မနည္းတြင္ ေဖာက္ခြဲ မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။
၂ဝ၂၁- ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ၂ဝ၂၂ ခုႏွစ္ မတ္လ ၃၁ ရက္မွစတင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး နံနက္ ၉ နာရီမွ ေန႔လည္ ၁၂ နာရီထိ ေျဖဆိုရျခင္းျဖစ္သည္။
ဆယ္တန္းစာေမးပြဲ ေျဖဆိုခ်ိန္မွာ ၃ နာရီၾကာေမးခြန္းျဖစ္ၿပီး အဂၤလိပ္စာဘာသာေျဖဆိုသည့္ ဧၿပီလ ၁ ရက္တြင္ ေရျဖဴၿမိဳ႕နယ္၊ ေက်ာက္တိုင္လမ္းရွိ အထက္တန္းေက်ာင္း(ေရျဖဴ) သို႔ အၾကမ္းဖက္သမားမ်ားမွ ဆယ္တန္းစာေမးပြဲ ေျဖဆိုရန္ ျပင္ဆင္ေဆာင္႐ြက္ေနသည့္ ဆရာ/မမ်ားႏွင့္ ေက်ာင္းသား/သူမ်ားရွိရာ အဆိုပါေက်ာင္းဝင္းအတြင္းသို႔ စာေမးပြဲ မက်င္းပမီ နံနက္ ၈ နာရီ ၅ဝ မိနစ္ခန႔္တြင္ လက္လုပ္အသုံးဗုံးတစ္လုံး လာေရာက္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ လက္လုပ္အသုံးဗုံး ပစ္ခတ္မႈျဖစ္ပြားခဲ့မႈေၾကာင့္ ဆရာ/မမ်ားႏွင့္ ေက်ာင္းသား/သူမ်ားသည္ အထိတ္တလန႔္ျဖစ္ခဲ့ရေသာ္လည္း တစ္စုံတစ္ရာ ထိခိုက္မႈမရွိခဲ့ေၾကာင္း နစကသတင္းျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းလုပ္ရပ္ႏွင့္ပတ္သက္၍ Dawei Guerrilla Revolutionary Force (DGRF)၊ Launglone People Defense Force (LLPDF) ႏွင့္ ေရျဖဴျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (YPDF) တို႔သည့္ ၎တို႔အေနျဖင့္ပူးေပါင္းၿပီး တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္၊ ေရျဖဴစာသင္ ေက်ာင္း၌ စစ္ေကာင္စီလက္ေအာက္တြင္ Non-CDM ဆရာ/ဆရာမမ်ားမွ အရွက္မဲ့စြာႀကီးမႉးက်င္းပလ်က္ရွိေသာ စာေမးပြဲအား တားဆီးသတိေပးရန္ဟုဆိုကာ ဧၿပီ ၁ ရက္ နံနက္ ၈ နာရီ ၄၅ မိနစ္တြင္ (လူထိခိုက္မႈမရွိေစေသာ) အသံမိုင္းမ်ား ေဖာက္ခြဲသတိေပးခဲ့ျခင္းျဖစ္ ေၾကာင္း DGRF က ဧၿပီလ ၁ ရက္တြင္ ထုတ္ေဖာ္ေျပာဆိုထားသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕ရွိ အလယ္တန္းေက်ာင္းတစ္ခုတြင္လည္း ဆယ္တန္းစာေမးပြဲေျဖ ဆိုသည့္ တတိယေန႔၊ ဧၿပီလ ၂ ရက္ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္လည္း လက္နက္ကိုင္တစ္စုသည္ ေက်ာင္း ဝင္းအတြင္းသို႔ လက္လုပ္မိုင္းမ်ား၊ ၄ဝ မမဗုံးသီးမ်ားျဖင့္ ပစ္ခတ္တိုက္ခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးမႈ တစ္စုံတစ္ရာမရွိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ သခ်ၤာဘာသာ ေျဖဆိုသည့္ေန႔တြင္ မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕၊ အမွတ္(၈) ရပ္ကြက္ရွိ အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္းဝင္းအတြင္း၌ ဧၿပီလ ၂ ရက္၊ ညေန ၄ နာရီ ၃၅ မိနစ္ခန႔္တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာ အဆိုပါေက်ာင္းဝင္းအတြင္းရွိ ေဆာက္လုပ္ဆဲ ႏွစ္ထပ္စာသင္ေဆာင္ အေဆာက္အဦး အနီးရွိ ေရေျမာင္းအတြင္း၌ လက္နက္ကိုင္မ်ားမွ လက္လုပ္မိုင္းတစ္လုံးေဖာက္ခြဲထားသည္ကိုေတြ႕ရွိခဲ့ရၿပီး၊ လူႏွင့္ အေဆာက္အဦးမ်ား တစ္စုံတစ္ရာ ထိခိုက္ပ်က္စီးမႈမရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါေန႔ ညေန ၄ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္လည္း ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕၊ ေရဇြာၿမိဳ႕နယ္၊ အင္ေရာ ရပ္ကြက္ေန ဘာသာေရးေခါင္းေဆာင္မ်ားျဖစ္သည့္ အသက္ ၃၇ ႏွစ္အ႐ြယ္ ဦး႐ိုမီယိႏွင့္ အသက္ ၄၃ ႏွစ္အ႐ြယ္ ဦးတိန္ဇာလ်န္တို႔သည္ ေရဇြာၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ရွိ အေျခခံပညာမူလတန္းေက်ာင္း၏ ေက်ာင္းတံခါးမ်ား ပြင့္ေနသည္ကိုေတြ႕ရသျဖင့္ သြားေရာက္စစ္ေဆးစဥ္ အၾကမ္းဖက္သမားမ်ားေထာင္ထားသည့္ လက္လုပ္မိုင္း တစ္လုံးေပါက္ကြဲမႈျဖစ္ေၾကာင္း သိရသည္။ ေပါက္ကြဲမႈေၾကာင့္ ၎တို႔ႏွစ္ဦးတြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့ ေၾကာင္းသိရသည္။
တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုစဥ္ကာလအတြင္း စာေမးပြဲေျဖဆိုသည့္ ေက်ာင္းမ်ားအျပင္ အခ်ိဳ႕ေသာ တကၠသိုလ္မ်ား၌လည္း ေဖာက္ခြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္၊ နႏၵဝန္ရပ္ကြက္၊ နယ္ေျမ(၆)ရွိ မုံ႐ြာစီးပြားေရးတကၠသိုလ္အား လက္နက္ကိုင္မ်ားက ဧၿပီလ ၁ ရက္၊ ည ၁၂ နာရီခန႔္အခ်ိန္တြင္ တကၠသိုလ္၏အေရွ႕ဘက္ကိုက္ ၃ဝဝ ခန႔္ အကြာ လယ္ကြင္းမ်ားဘက္မွေန၍ လက္လုပ္စိန္ေျပာင္းျဖင့္ ၄ ခ်က္ပစ္ခတ္ခဲ့ရာ တကၠသိုလ္ဝင္းအတြင္း ဗုံးသီး အခ်ိဳ႕က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈမ်ားေၾကာင့္ ေက်ာင္းရွိအေဆာင္၏ အမိုးသြပ္၊ မ်က္ႏွာက်က္ႏွင့္ ျပတင္း တံခါးမွန္မ်ားႏွင့္ မီးသီးတို႔ ထိခိုက္ပ်က္စီးခဲ့ၿပီး လူထိခိုက္မႈမရွိေၾကာင္း သိရသည္။
ထို႔ျပင္ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕၊ နမ့္ဖားရပ္ကြက္ရွိ ဗန္းေမာ္တကၠသိုလ္ဝင္းအတြင္း ေဘာလုံးကြင္းအနီးရွိ အမႈိက္ပုံ အတြင္း ဧၿပီလ ၂ ရက္၊ နံနက္ ၈ နာရီ ၄၅ မိနစ္ခန႔္က အၾကမ္းဖက္သမားမ်ားေထာင္ထားသည့္ လက္လုပ္မိုင္းတစ္ လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေဘာလုံးကြင္းအနီးရွိ ေက်ာင္းေဆာင္မ်ားမွ ျပတင္းတံခါးမွန္မ်ား၊ တံခါးမႀကီးမွန္မ်ား စုစုေပါင္းတန္ဖိုး (၉၃၂၈ဝဝဝ) သိန္းက်ပ္ခန႔္ ပ်က္စီးဆုံးရႈံးခဲ့ေသာ္လည္း လူ ထိခိုက္ေသဆုံးမႈ မရွိခဲ့ေၾကာင္း သိရသည္။
အတိုက္အခံသမားမ်ားသည္ စစ္တပ္အာဏာသိမ္းမႈႏွင့္ စစ္ကြၽန္ပညာေရးကို ဆန႔္က်င္သည္ဟုဆိုကာ Non-CDM ဆရာ/မမ်ား၊ ေက်ာင္းသား/သူမ်ားအား ၿခိမ္းေျခာက္ျခင္း၊ လုပ္ႀကံသတ္ျဖတ္ျခင္းမ်ား လုပ္ေဆာင္ေနၾက သလို စာသင္ေက်ာင္းမ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ ေဖာက္ခြဲျခင္းမ်ား လုပ္ေဆာင္လ်က္ရွိသည္။
ထို႔ျပင္ NUG ႏွင့္ ၎တို႔ႏွင့္ဆက္စပ္သည့္အဖြဲ႕အစည္းမ်ားသည္ ယခုက်င္းပေနေသာ တကၠသိုလ္ဝင္တန္း စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသည့္ ေက်ာင္းသား၊သူမ်ားအား၏ ရလဒ္အမွတ္စာရင္းမ်ားအား အသိအမွတ္ျပဳသြားမည္ မဟုတ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
လက္ရွိအခ်ိန္ ဘာသာရပ္ေလးခုကို ေျဖဆိုၿပီးျဖစ္ရာ ႐ူပေဗဒ၊ ဇီဝေဗဒ/ေဘာဂေဗဒ၊ ပထဝီဝင္၊ သမိုင္း၊ စိတ္ႀကိဳက္ျမန္မာစာတို႔ေျဖဆိုရန္က်န္ရွိေနသည္။ ထို႔ေၾကာင့္ ၂ဝ၂၁- ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲသည္ ဧၿပီလ ၉ ရက္တြင္ ၿပီးစီးမည္ျဖစ္သည္။