ဟောင်ကောင်မှာ Covid-19 ကူးစက်သေဆုံးမှုတွေ မြင့်တက်လာတာကြောင့် အခေါင်းတလားပြတ်လပ်မှုများဖြစ်ပေါ်နေ

1074

ရောင်နီ (NP News) - ဧပြီ ၆
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ဟောင်ကောင်မှာ ကူးစက်မြန် Covid-19 ကူးစက်မှု နှုန်းနဲ့ သေဆုံးမှုနှုန်းများ မြင့်တက်လာခြင်းကြောင့် အာဏာပိုင်များဟာ ရေခဲတိုက်နေရာများအတွက် အကြိတ် အနယ်ကြိုးပမ်းနေရပြီး ရိုးရာသစ်သားခေါင်းတလားများ ရှားပါးပြတ်လပ်လာမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရ ပါတယ်။
“အလောင်းတွေ အများကြီး စုပုံလာတာမျိုး တခါမှ မတွေ့ဖူးဘူး။ ကျန်ရစ်မိသားစုဝင်တွေ ဒီလောက်စိတ်ဆိုးတာလည်း မတွေ့ဖူးဘူး။ အရမ်းစိတ်ပျက်ပြီး အားကိုးရာမဲ့ဖြစ်နေကြတယ်" လို့ နာရေးကူညီမှု အသင်း ဒါရိုက်တာ Lok Chung က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ် ပဉ္စမလှိုင်းဟာ ယခုနှစ်အတွင်းမှာပဲ ကူးစက်မှုတစ်သန်းကျော်နဲ့ သေဆုံးသူ ၈ဝဝဝ ကျော်ထိ မြင့် တက်လာခဲ့ပါတယ်။ ရင်ခွဲရုံများရှိ လူနာများဘေး အရေးပေါ်ခန်းများမှ စုပုံနေတဲ့ရုပ်အလောင်းများ မြင်ကွင်းဟာ လူအများကို တုန်လှုပ်စေခဲ့ပါတယ်။
သေခြင်းဆိုင်ရာစာရွက်စာတမ်းများ လုပ်ဆောင်ဖို့အကြာကြီး စောင့်ဆိုင်းရခြင်းဟာ နာရေးကူညီမှုအတွက် အဟန့်အတားဖြစ်စေတယ်လို့ Mr Chung က ဆိုပါတယ်။ မတ်လ ၁ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အမျိုးသမီး တစ်ဦးရဲ့မိသားစုဝင်များဟာဆိုရင် အခုထိ အလောင်းတောင်းခံဖို့စာရွက်စာတမ်းများ စောင့်ဆိုင်းနေဆဲ ဖြစ် တယ်လို့ သိရပါတယ်။
ကူးစက်မှုများကြောင့် ဟောင်ကောင် နယ်စပ်ကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကူးစက်မှုတွေ ဟာ နာရေးကူညီမှုအသင်းဝန်ထမ်းများအကြား ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း၊ လူ ၄ ပုံ ၁ ပုံ လောက် အလုပ်မလုပ်နိုင်တော့ကြောင်း နာရေးကူညီမှုအသင်း ဒါရိုက်တာ Mr Hades Chan က ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ဟောင်ကောင်အတွက် နေ့စဉ်လိုအပ်နေသော ခေါင်းတလား ၉၅ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ ပေးနေကာ အစိုးရက ပြည်မကြီးအာဏာပိုင်များနဲ့ညှိနှိုင်းပြီးနောက် မတ်လ ၁၄ ရက်မှ ၂၆ ရက်အထိ ကာလ အတွင်း အခေါင်းပေါင်း ၃၅၇ဝ ကျော် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်း ၁,၃၅ဝ ဆန့်တဲ့ ရေခဲ တိုက်များကို အလောင်း ၄၆ဝဝ ထားရှိနိုင်ဖို့ ရေခဲတိုက်များ တိုးချဲ့ထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါ တယ်။ အစိုးရမဟုတ်သောအဖွဲ့ Forget Thee Not ကလည်း ဂေဟစနစ် သဟဇာတဖြစ်သော LifeArt Asia နဲ့ ပူးပေါင်းကာ အစိုးရဆေးရုံခြောက်ရုံသို့ တာရှည်ခံခေါင်းတလား ၃ဝဝ နဲ့ တာရှည်ခံ ခေါင်းတလား ၁ဝဝဝ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေဟာင္ေကာင္မွာ Covid-19 ကူးစက္ေသဆုံးမႈေတြ ျမင့္တက္လာတာေၾကာင့္ အေခါင္းတလားျပတ္လပ္မႈမ်ား ျဖစ္ေပၚေန
ေရာင္နီ (NP News) - ဧၿပီ ၆
ကမာၻလုံးဆိုင္ရာ ဘ႑ာေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္တဲ့ေဟာင္ေကာင္မွာ ကူးစက္ျမန္ Covid-19 ကူးစက္မႈ ႏႈန္းနဲ႔ ေသဆုံးမႈႏႈန္းမ်ား ျမင့္တက္လာျခင္းေၾကာင့္ အာဏာပိုင္မ်ားဟာ ေရခဲတိုက္ေနရာမ်ားအတြက္ အႀကိတ္ အနယ္ႀကိဳးပမ္းေနရၿပီး ႐ိုးရာသစ္သားေခါင္းတလားမ်ား ရွားပါးျပတ္လပ္လာမႈနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရ ပါတယ္။
“အေလာင္းေတြ အမ်ားႀကီး စုပုံလာတာမ်ိဳး တခါမွ မေတြ႕ဖူးဘူး။ က်န္ရစ္မိသားစုဝင္ေတြ ဒီေလာက္စိတ္ဆိုးတာလည္း မေတြ႕ဖူးဘူး။ အရမ္းစိတ္ပ်က္ၿပီး အားကိုးရာမဲ့ျဖစ္ေနၾကတယ္" လို႔ နာေရးကူညီမႈ အသင္း ဒါ႐ိုက္တာ Lok Chung က ဆိုပါတယ္။
ကို႐ိုနာဗိုင္းရပ္ ပၪၥမလႈိင္းဟာ ယခုႏွစ္အတြင္းမွာပဲ ကူးစက္မႈတစ္သန္းေက်ာ္နဲ႔ ေသဆုံးသူ ၈ဝဝဝ ေက်ာ္ထိ ျမင့္ တက္လာခဲ့ပါတယ္။ ရင္ခြဲ႐ုံမ်ားရွိ လူနာမ်ားေဘး အေရးေပၚခန္းမ်ားမွ စုပုံေနတဲ့႐ုပ္အေလာင္းမ်ား ျမင္ကြင္းဟာ လူအမ်ားကို တုန္လႈပ္ေစခဲ့ပါတယ္။
ေသျခင္းဆိုင္ရာစာ႐ြက္စာတမ္းမ်ား လုပ္ေဆာင္ဖို႔အၾကာႀကီး ေစာင့္ဆိုင္းရျခင္းဟာ နာေရးကူညီမႈအတြက္ အဟန႔္အတားျဖစ္ေစတယ္လို႔ Mr Chung က ဆိုပါတယ္။ မတ္လ ၁ ရက္ေန႔က ေသဆုံးသြားခဲ့တဲ့ အမ်ိဳးသမီး တစ္ဦးရဲ႕မိသားစုဝင္မ်ားဟာဆိုရင္ အခုထိ အေလာင္းေတာင္းခံဖို႔စာ႐ြက္စာတမ္းမ်ား ေစာင့္ဆိုင္းေနဆဲ ျဖစ္ တယ္လို႔ သိရပါတယ္။
ကူးစက္မႈမ်ားေၾကာင့္ ေဟာင္ေကာင္ နယ္စပ္ကိုလည္း ပိတ္ထားရတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကူးစက္မႈေတြ ဟာ နာေရးကူညီမႈအသင္းဝန္ထမ္းမ်ားအၾကား ႀကီးမားတဲ့ စိန္ေခၚမႈတစ္ရပ္ ျဖစ္ေနေၾကာင္း၊ လူ ၄ ပုံ ၁ ပုံ ေလာက္ အလုပ္မလုပ္ႏိုင္ေတာ့ေၾကာင္း နာေရးကူညီမႈအသင္း ဒါ႐ိုက္တာ Mr Hades Chan က ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေဟာင္ေကာင္အတြက္ ေန႔စဥ္လိုအပ္ေနေသာ ေခါင္းတလား ၉၅ ရာခိုင္ႏႈန္းေက်ာ္ကို ေထာက္ပံ့ ေပးေနကာ အစိုးရက ျပည္မႀကီးအာဏာပိုင္မ်ားနဲ႔ညႇိႏႈိင္းၿပီးေနာက္ မတ္လ ၁၄ ရက္မွ ၂၆ ရက္အထိ ကာလ အတြင္း အေခါင္းေပါင္း ၃၅၇ဝ ေက်ာ္ လက္ခံရရွိခဲ့တယ္လို႔ သိရပါတယ္။ ႐ုပ္အေလာင္း ၁,၃၅ဝ ဆန႔္တဲ့ ေရခဲ တိုက္မ်ားကို အေလာင္း ၄၆ဝဝ ထားရွိႏိုင္ဖို႔ ေရခဲတိုက္မ်ား တိုးခ်ဲ႕ထားေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါ တယ္။ အစိုးရမဟုတ္ေသာအဖြဲ႕ Forget Thee Not ကလည္း ေဂဟစနစ္ သဟဇာတျဖစ္ေသာ LifeArt Asia နဲ႔ ပူးေပါင္းကာ အစိုးရေဆး႐ုံေျခာက္႐ုံသို႔ တာရွည္ခံေခါင္းတလား ၃ဝဝ နဲ႔ တာရွည္ခံ ေခါင္းတလား ၁ဝဝဝ ကို လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။