ပိုင်တံခွန်က လက်ခံထားတဲ့ ပွဲတက်အားလုံးကို ဖျက်သိမ်း

1004

အိဖြူ (NP News) - ဧပြီ ၈
မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်က သူ့အနေနဲ့ လက်ခံထားတဲ့ ပွဲတက်အားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း ဒီကနေ့ (ဧပြီလ ၈ ရက်) နံနက်ပိုင်းက ၎င်းကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှတစ်ဆင့် အသိပေးလာပါတယ်။
ပိုင်တံခွန်ဟာ သူ့အနေနဲ့ အကျဉ်းထောင်ထဲမှာ တစ်နှစ်လုံးနီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ပြန်လည်လွတ်မြောက်လာချိန်မှာ ပွဲတက်အခမ်းအနားတွေကိုလက်ခံနေပေမယ့် ၎င်းထက်ပိုမို ခက်ခဲကြပ်တည်းတဲ့သူတွေကို အားနာသောအားဖြင့် လက်ခံထားတဲ့ ပွဲတက်အားလုံးကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အခုလိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
“မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ၊ ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့် ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ဒီအတော အတွင်းလက်ခံထားတဲ့ ပွဲတက်တွေအားလုံးကို ကျွန်တော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ” ဟု ရေးသားထားပါတယ်။
ပိုင်တံခွန်အနေနဲ့ ၎င်းလက်ခံထားတဲ့ ပွဲတက်များအားလုံး ဖျက်သိမ်းကြောင်း မကြေညာခင် ဧပြီလ ၇ ရက် ညပိုင်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းက “ဟေ့ကောင်တွေ… မင်းတို့ စကစနဲ့ ခံဝန်တွေ ထိုးပြီးရင်လဲ ငြိမ်နေကြလေကွ။ ခုက အားလုံးပုံမှန်ပြန်ဖြစ်နေ သလိုနဲ့ ဟိုပွဲတက်ဒီပွဲတက်၊ ဟိုရောင်း ဒီရောင်း၊ ပုံမှန်ပြန်ဖြစ်နေသလိုမျိုး တဖြေးဖြေးလုပ်လာကြရင်တော့..” လို့ ၎င်းကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘွတ်စ်အကောင့်စာမျက်နှာမှာ သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ ပုဒ်မ ၅ဝ၅(က) နဲ့ ဖမ်းဆီးထိန်းသိမ်း၊ စစ်ဆေးခံခဲ့ရပြီးနောက် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က နိုင်ငံရေးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးနှစ် ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ၂ဝ၂၂ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ ပြန်လည်လွတ်မြောက်လာပြီး ရက်ပိုင်းအကြာမှာပဲ ပွဲတက်များနှင့် ကြော်ငြာရိုက်ကူးမှုများ လက်ခံခဲ့ ပြီး ပထမဆုံးရရှိတဲ့ အနုပညာကြေးကို မိဘနှစ်ပါးအား ကန်တော့ခဲ့ပါတယ်။
သူ့အနေနဲ့ ရိုက်ကူးရေးတွေ၊ ပွဲတက်တွေကို ဆက်တိုက်လက်ခံရရှိထားပေမယ့်လည်း လက်ရှိမှာတော့ အဆိုပါ လက်ခံထားတဲ့အလုပ်ကိစ္စများကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့ခြင်းမျိုးဖြစ်ပါတယ်။
အလားတူ လွတ်မြောက်နယ်မြေကိုထွက်ပြေးခဲ့တဲ့ သရုပ်ဆောင် ညီနန္ဒအပါအဝင် အချို့သော အနုပညာရှင်များကလည်း ခံဝန်ထိုးကာ အနုပညာလုပ်ငန်းနဲ့သက်ဆိုင်တဲ့အလုပ်များကို ပြန်လည်လုပ်ကိုင်လျက်ရှိတာကို တွေ့ရပါတယ်။

Zawgyi Version;
ပိုင္တံခြန္က လက္ခံထားတဲ့ ပြဲတက္အားလုံးကို ဖ်က္သိမ္း
အိျဖဴ (NP News) - ဧၿပီ ၈
ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္က သူ႔အေနနဲ႔ လက္ခံထားတဲ့ ပြဲတက္အားလုံးကို ဖ်က္သိမ္းလိုက္ၿပီျဖစ္ ေၾကာင္း ဒီကေန႔ (ဧၿပီလ ၈ ရက္) နံနက္ပိုင္းက ၎ကိုယ္တိုင္အသုံးျပဳတဲ့ေဖ့ဘြတ္စ္အေကာင့္မွတစ္ဆင့္ အသိေပးလာပါတယ္။
ပိုင္တံခြန္ဟာ သူ႔အေနနဲ႔ အက်ဥ္းေထာင္ထဲမွာ တစ္ႏွစ္လုံးနီးပါး ဆင္းရဲဒုကၡခံစားခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္လာခ်ိန္မွာ ပြဲတက္အခမ္းအနားေတြကိုလက္ခံေနေပမယ့္ ၎ထက္ပိုမို ခက္ခဲၾကပ္တည္းတဲ့သူေတြကို အားနာေသာအားျဖင့္ လက္ခံထားတဲ့ ပြဲတက္အားလုံးကို တရားဝင္ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း အခုလိုေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။
“မႏွစ္က ဒီလိုေန႔ မနက္ ၄ နာရီ၊ ကြၽန္ေတာ္ တစ္ႏွစ္နီးပါး ဆင္းရဲဒုကၡခံစားခဲ့ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ ထက္ အခုခ်ိန္မွာ ပိုခက္ခဲၾကပ္တည္းေနတဲ့ သူေတြရွိတာ ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေၾကာင့္ ဒီအေတာ အတြင္းလက္ခံထားတဲ့ ပြဲတက္ေတြအားလုံးကို ကြၽန္ေတာ့္ဘက္က တရားဝင္ ဖ်က္သိမ္းလိုက္ပါၿပီ” ဟု ေရးသားထားပါတယ္။
ပိုင္တံခြန္အေနနဲ႔ ၎လက္ခံထားတဲ့ ပြဲတက္မ်ားအားလုံး ဖ်က္သိမ္းေၾကာင္း မေၾကညာခင္ ဧၿပီလ ၇ ရက္ ညပိုင္းက လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ထားတဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက “ေဟ့ေကာင္ေတြ… မင္းတို႔ စကစနဲ႔ ခံဝန္ေတြ ထိုးၿပီးရင္လဲ ၿငိမ္ေနၾကေလကြ။ ခုက အားလုံးပုံမွန္ျပန္ျဖစ္ေန သလိုနဲ႔ ဟိုပြဲတက္ဒီပြဲတက္၊ ဟိုေရာင္း ဒီေရာင္း၊ ပုံမွန္ျပန္ျဖစ္ေနသလိုမ်ိဳး တေျဖးေျဖးလုပ္လာၾကရင္ေတာ့..” လို႔ ၎ကိုယ္တိုင္အသုံးျပဳတဲ့ ေဖ့ဘြတ္စ္အေကာင့္စာမ်က္ႏွာမွာ သတိေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။
ပိုင္တံခြန္ဟာ ပုဒ္မ ၅ဝ၅(က) နဲ႔ ဖမ္းဆီးထိန္းသိမ္း၊ စစ္ေဆးခံခဲ့ရၿပီးေနာက္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔က ႏိုင္ငံေရးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ သုံးႏွစ္ က်ခံေစဖို႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာျဖစ္ၿပီး ၂ဝ၂၂ ခုႏွစ္ မတ္လ ၂ ရက္ ေတာင္သူလယ္သမားေန႔မွာ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။
ပိုင္တံခြန္ဟာ ျပန္လည္လြတ္ေျမာက္လာၿပီး ရက္ပိုင္းအၾကာမွာပဲ ပြဲတက္မ်ားႏွင့္ ေၾကာ္ျငာ႐ိုက္ကူးမႈမ်ား လက္ခံခဲ့ ၿပီး ပထမဆုံးရရွိတဲ့ အႏုပညာေၾကးကို မိဘႏွစ္ပါးအား ကန္ေတာ့ခဲ့ပါတယ္။
သူ႔အေနနဲ႔ ႐ိုက္ကူးေရးေတြ၊ ပြဲတက္ေတြကို ဆက္တိုက္လက္ခံရရွိထားေပမယ့္လည္း လက္ရွိမွာေတာ့ အဆိုပါ လက္ခံထားတဲ့အလုပ္ကိစၥမ်ားကို ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း အသိေပးေၾကညာခဲ့ျခင္းမ်ိဳးျဖစ္ပါတယ္။
အလားတူ လြတ္ေျမာက္နယ္ေျမကိုထြက္ေျပးခဲ့တဲ့ သ႐ုပ္ေဆာင္ ညီနႏၵအပါအဝင္ အခ်ိဳ႕ေသာ အႏုပညာရွင္မ်ားကလည္း ခံဝန္ထိုးကာ အႏုပညာလုပ္ငန္းနဲ႔သက္ဆိုင္တဲ့အလုပ္မ်ားကို ျပန္လည္လုပ္ကိုင္လ်က္ရွိတာကို ေတြ႕ရပါတယ္။