ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွားများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်း ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရ

813

NP News – ဧပြီ ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်း ၃ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် တန့်ဆည်မြို့၊ မေတ္တာမြိုင် ရပ်ကွက်၊ ရေဦး-တန့်ဆည်သွား ကားလမ်းမကြီးပေါ် တပင်ရွှေထီးလမ်းဆုံနှင့် ရွှေဥယျာဉ်စားသောက်ဆိုင်ရှေ့၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအား စိစစ်၍ ကာကွယ်ဆေးမထိုးနှံရသေး သူများအား ကာကွယ်ဆေးထိုးပေးခြင်းများလုပ်ငန်းများ ဆောင်ရွက်ပေးနေစဉ် နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ကာကွယ်ဆေးထိုးပေးသည့်နေရာ၏ တောင်ဘက် ၄၅ ကိုက်ခန့်အကွာ လမ်း၏ယာဘက်မှ ဖောက်ခွဲရေးသမား များ၏ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ဧပြီလ ၉ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါလက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်း ၃ ဦး၏ မျက်နှာ၊ လက်နှင့် ရင်ဘတ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာအချို့ရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့ စီးနင်း လာသည့် မော်တော်ယာဉ်တစ်စီး၏ ဝဲဘက်တံခါးမှန်တစ်ချပ် ကွဲအက်ပျက်စီးသွားခဲ့ကြောင်း ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများမှ တန့်ဆည်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ေရဦး-တန႔္ဆည္ကားလမ္းေပၚ၌ ခရီးသြားမ်ားအား ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးျခင္းလုပ္ငန္းေဆာင္႐ြက္ေနသည့္ က်န္းမာေရးဝန္ထမ္း ၃ ဦး မိုင္းစထိမွန္ ဒဏ္ရာရ
NP News – ဧၿပီ ၁ဝ
စစ္ကိုင္းတိုင္းေဒသႀကီး၊ တန႔္ဆည္ၿမိဳ႕နယ္၊ ေရဦး-တန႔္ဆည္ကားလမ္းေပၚတြင္ ျဖတ္သန္းသြားလာေသာ ခရီးသြားျပည္သူမ်ားအား ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ က်န္းမာေရး ဝန္ထမ္း ၃ ဦး မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
က်န္းမာေရးဝန္ထမ္းမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဧၿပီလ ၈ ရက္၊ နံနက္ပိုင္းတြင္ တန႔္ဆည္ၿမိဳ႕၊ ေမတၱာၿမိဳင္ ရပ္ကြက္၊ ေရဦး-တန႔္ဆည္သြား ကားလမ္းမႀကီးေပၚ တပင္ေ႐ႊထီးလမ္းဆုံႏွင့္ ေ႐ႊဥယ်ာဥ္စားေသာက္ဆိုင္ေရွ႕၌ ခရီးသြားျပည္သူမ်ားအား ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးႏွံၿပီးစီးမႈအား စိစစ္၍ ကာကြယ္ေဆးမထိုးႏွံရေသး သူမ်ားအား ကာကြယ္ေဆးထိုးေပးျခင္းမ်ားလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနစဥ္ နံနက္ ၉ နာရီ ၅ မိနစ္အခ်ိန္တြင္ ကာကြယ္ေဆးထိုးေပးသည့္ေနရာ၏ ေတာင္ဘက္ ၄၅ ကိုက္ခန႔္အကြာ လမ္း၏ယာဘက္မွ ေဖာက္ခြဲေရးသမား မ်ား၏ လက္လုပ္မိုင္းတစ္လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခံရျခင္းျဖစ္ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကသတင္း ထုတ္ျပန္ေရးအဖြဲ႕က ဧၿပီလ ၉ ရက္၊ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။
အဆိုပါလက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ကာကြယ္ေဆးထိုးႏွံေပးသည့္အဖြဲ႕မွ ဌာနဆိုင္ရာဝန္ထမ္း ၃ ဦး၏ မ်က္ႏွာ၊ လက္ႏွင့္ ရင္ဘတ္တို႔တြင္ ေပါက္ကြဲစထိမွန္ဒဏ္ရာအခ်ိဳ႕ရရွိခဲ့ၿပီး ကာကြယ္ေဆးထိုးႏွံသည့္အဖြဲ႕ စီးနင္း လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး၏ ဝဲဘက္တံခါးမွန္တစ္ခ်ပ္ ကြဲအက္ပ်က္စီးသြားခဲ့ေၾကာင္း ဆိုသည္။
ထိခိုက္ဒဏ္ရာရရွိသူမ်ားအား တာဝန္ရွိသူမ်ားမွ တန႔္ဆည္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီး၌ ေဆးကုသမႈေပးလ်က္ရွိ ေၾကာင္း သိရသည္။