အထူးတကာ့ အထူးဆန်းဆုံး အမွေဆက်ခံလွှာ သေတမ်းစာများ

 933

ဝတီ (NP News) - ဧပြီ ၁ဝ
အမွေဆက်ခံလွှာ၊ သေတမ်းစာတွေဟာ သားသမီးအတွက် မိဘက ရေး ထားခဲ့လေ့ရှိတဲ့အရာပါ။ ဒါပေမဲ့ တချို့သေတမ်းစာတွေကတော့ အ တော်လေးကို ထူးဆန်းနေပါတယ်။ ဒါကြောင့် ထူးဆန်းတဲ့ သေတမ်းစာတွေအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။

zawgyi version
အထူးတကာ့ အထူးဆန္းဆုံး အေမြဆက္ခံလႊာ ေသတမ္းစာမ်ား
ဝတီ (NP News) - ဧၿပီ ၁ဝ

အေမြဆက္ခံလႊာ၊ ေသတမ္းစာေတြဟာ သားသမီးအတြက္ မိဘက ေရး ထားခဲ့ေလ့ရွိတဲ့အရာပါ။ ဒါေပမဲ့ တခ်ိဳ႕ေသတမ္းစာေတြကေတာ့ အ ေတာ္ေလးကို ထူးဆန္းေနပါတယ္။ ဒါေၾကာင့္ ထူးဆန္းတဲ့ ေသတမ္းစာေတြအေၾကာင္းကို စုစည္းေဖာ္ျပလိုက္ပါတယ္။

မိခင်နိုင်ငံတော်ရဲ့ အကြွေးတွေကို ဆပ်ပေးချင်လို့ သေတမ်းစာရေးခဲ့သူ နာမည်မဖော်လိုတဲ့ ဗြိတိသျှနိုင်ငံသားတစ်ယောက်ဟာ သူ့အမိနိုင်ငံတော်ကြီး အကြွေးတွေ အများကြီး တင်နေတာကို အရမ်းစိတ်ပျက်မိပါသတဲ့။ သူ့နိုင်ငံ ဒီလောက်အထိ ကြွေးလည်ပင်းခိုက်နေတာကို သည်းမခံနိုင်တဲ့အဆုံး သူက သူကိုယ်တိုင်ပဲ တတ်နိုင်သလောက် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ ဒါကြောင့် သူက ကျန်ရစ်ခဲ့တဲ့သူ့ပိုင်ဆိုင်မှု ပေါင် ၅ဝဝဝဝဝ လုံးကို နိုင်ငံတော်ရဲ့အကြွေးအားလုံးဆပ်ဖို့ဆိုပြီး သေတမ်းစာမှာ ထည့်ရေးထားခဲ့ပါသတဲ့။ သူက ၁၉၂၈ ခုနှစ်မှာ ဆုံးသွားပါတယ်။ နှစ်တွေ အ များကြီးကြာလာတော့ သူထားရစ်ခဲ့တဲ့ ပေါင် ငါးသိန်းဟာ အတိုးတွေနဲ့ပေါင်းပြီး ပေါင်သန်း ၃၅ဝ အထိ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဒီငွေနဲ့ နိုင်ငံတော်အကြွေးအားလုံးကိုဆပ်ဖို့ ဘယ်လိုမှမလုံလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အကြွေးက (၂) ထရီလျံနီးပါးတောင် ရှိနေလို့ပါပဲ။

zawgyi version
မိခင္ႏိုင္ငံေတာ္ရဲ႕ အေႂကြးေတြကို ဆပ္ေပးခ်င္လို႔ ေသတမ္းစာေရးခဲ့သူ နာမည္မေဖာ္လိုတဲ့ ၿဗိတိသွ်ႏိုင္ငံသားတစ္ေယာက္ဟာ သူ႔အမိႏိုင္ငံေတာ္ႀကီး အေႂကြးေတြ အမ်ားႀကီး တင္ေနတာကို အရမ္းစိတ္ပ်က္မိပါသတဲ့။ သူ႔ႏိုင္ငံ ဒီေလာက္အထိ ေႂကြးလည္ပင္းခိုက္ေနတာကို သည္းမခံႏိုင္တဲ့အဆုံး သူက သူကိုယ္တိုင္ပဲ တတ္ႏိုင္သေလာက္ ေျဖရွင္းဖို႔ ဆုံးျဖတ္လိုက္ ပါေတာ့တယ္။ ဒါေၾကာင့္ သူက က်န္ရစ္ခဲ့တဲ့သူ႔ပိုင္ဆိုင္မႈ ေပါင္ ၅ဝဝဝဝဝ လုံးကို ႏိုင္ငံေတာ္ရဲ႕အေႂကြးအားလုံးဆပ္ဖို႔ဆိုၿပီး ေသတမ္းစာမွာ ထည့္ေရးထားခဲ့ပါသတဲ့။ သူက ၁၉၂၈ ခုႏွစ္မွာ ဆုံးသြားပါတယ္။ ႏွစ္ေတြ အ မ်ားႀကီးၾကာလာေတာ့ သူထားရစ္ခဲ့တဲ့ ေပါင္ ငါးသိန္းဟာ အတိုးေတြနဲ႔ေပါင္းၿပီး ေပါင္သန္း ၃၅ဝ အထိ ျဖစ္လာပါတယ္။ ဒါေပမဲ့လည္း ဒီေငြနဲ႔ ႏိုင္ငံေတာ္အေႂကြးအားလုံးကိုဆပ္ဖို႔ ဘယ္လိုမွမလုံေလာက္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံေတာ္အေႂကြးက (၂) ထရီလ်ံနီးပါးေတာင္ ရွိေနလို႔ပါပဲ။

ခွေးလေး ဘယ်လာမီယာ ( Bella Mia ) ဆိုတဲ့ ခွေးလေးဟာ အမွေတွေ အများကြီးရဖို့ သေချာနေပါပြီ။ သူ့သခင်က သူမရှိတဲ့နောက်ပိုင်းမှာလည်း သူ့ခွေးလေး ကောင်းကောင်းနေ၊ ကောင်းကောင်း စားရအောင်ဆိုပြီး မကြာခင်ကမှ သေတမ်းစာကို ပြင်ရေးလိုက်တာလေ။ ဒါကြောင့် ဘယ်လာမီယာဆိုတဲ့ ဒီခွေးလေးဟာ ဒေါ်လာတစ်သန်းအပြင် အပန်းဖြေအိမ်နဲ့ စိန်ရွှေရတနာတွေပါ အမွေရမှာပါတဲ့။ ခွေးလေးရဲ့ အမွေတွေကို စိတ်ချရတဲ့ ရှေ့နေက စီမံခန့်ခွဲပေးမှာပါ။

zawgyi version
ေခြးေလး ဘယ္လာမီယာ ( Bella Mia ) ဆိုတဲ့ ေခြးေလးဟာ အေမြေတြ အမ်ားႀကီးရဖို႔ ေသခ်ာေနပါၿပီ။ သူ႔သခင္က သူမရွိတဲ့ေနာက္ပိုင္းမွာလည္း သူ႔ေခြးေလး ေကာင္းေကာင္းေန၊ ေကာင္းေကာင္း စားရေအာင္ဆိုၿပီး မၾကာခင္ကမွ ေသတမ္းစာကို ျပင္ေရးလိုက္တာေလ။ ဒါေၾကာင့္ ဘယ္လာမီယာဆိုတဲ့ ဒီေခြးေလးဟာ ေဒၚလာတစ္သန္းအျပင္ အပန္းေျဖအိမ္နဲ႔ စိန္ေ႐ႊရတနာေတြပါ အေမြရမွာပါတဲ့။ ေခြးေလးရဲ႕ အေမြေတြကို စိတ္ခ်ရတဲ့ ေရွ႕ေနက စီမံခန႔္ခြဲေပးမွာပါ။

ရွာတစ်ရွာလုံးကို အမွေရသွားတဲ့ မောင်နှမ
သူများတွေက အိမ်ကို အမွေရလေ့ရှိပေမယ့် ဒီမောင်နှမကတော့ ဖခင်ဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်းမှာ ရွာတစ်ရွာလုံးကို အမွေရလိုက်ပါသတဲ့။ အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ ရွာလေးကို သူတို့အဖေက ၁၉၄၈ ခုနှစ်မှာ ဝယ်လိုက်တာပါ။ သူတို့အဖေ ဝယ်တုန်းကတော့ ဒီရွာလေးဟာ ရွာပျက်ကြီးပေါ့။ ဒီနေ့ခေတ်မှာတော့ အဲဒီရွာလေးမှာ လူဦးရေ ၆ဝ လောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မောင်နှမတတွေက ရွာပိုင်ရှင်အဖြစ် ဆက်မနေချင်တော့ပါဘူး။ ဒါကြောင့် ရွာကို ရောင်းပစ်ဖို့ စဉ်းစားနေကြပြီး ဒေါ်လာ ၁ ဒသမ ၅ သန်း ဈေးခေါ်ထားပါတယ်။ ရောင်းစွံသွားရင်တော့ နောက်ဝယ်သူက တစ်ရွာလုံးကို ဖျက်ပစ်ပြီး စီမံကိန်းကြီးတစ်ခု လုပ်ပစ်မယ့်ပုံပါပဲ။

zawgyi version
႐ြာတစ္႐ြာလုံးကို အေမြရသြားတဲ့ ေမာင္ႏွမ
သူမ်ားေတြက အိမ္ကို အေမြရေလ့ရွိေပမယ့္ ဒီေမာင္ႏွမကေတာ့ ဖခင္ျဖစ္သူ ဆုံးသြားၿပီးေနာက္ပိုင္းမွာ ႐ြာတစ္႐ြာလုံးကို အေမြရလိုက္ပါသတဲ့။ အေမရိကန္ျပည္ေထာင္စု ပင္ဆယ္လ္ေဗးနီးယားျပည္နယ္မွာရွိတဲ့ ႐ြာေလးကို သူတို႔အေဖက ၁၉၄၈ ခုႏွစ္မွာ ဝယ္လိုက္တာပါ။ သူတို႔အေဖ ဝယ္တုန္းကေတာ့ ဒီ႐ြာေလးဟာ ႐ြာပ်က္ႀကီးေပါ့။ ဒီေန႔ေခတ္မွာေတာ့ အဲဒီ႐ြာေလးမွာ လူဦးေရ ၆ဝ ေလာက္ရွိေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ သူတို႔ေမာင္ႏွမတေတြက ႐ြာပိုင္ရွင္အျဖစ္ ဆက္မေနခ်င္ေတာ့ပါဘူး။ ဒါေၾကာင့္ ႐ြာကို ေရာင္းပစ္ဖို႔ စဥ္းစားေနၾကၿပီး ေဒၚလာ ၁ ဒသမ ၅ သန္း ေဈးေခၚထားပါတယ္။ ေရာင္းစြံသြားရင္ေတာ့ ေနာက္ဝယ္သူက တစ္႐ြာလုံးကို ဖ်က္ပစ္ၿပီး စီမံကိန္းႀကီးတစ္ခု လုပ္ပစ္မယ့္ပုံပါပဲ။

သေတမ်းစာကို လက်နက်သဖွယ် အသုံးပြုခဲ့သူ
ဗယ်လ်မီယာရိုချီဆိုတဲ့အမျိုးသမီးဟာ သူ့သမီးတွေကို သေတဲ့အထိ မကျေမနပ်ဖြစ်နေခဲ့ပုံရပါတယ်။ ဒါကြောင့် သူ သေဆုံးချိန်မှာ ဒေါ်လာ ၃ ဒသမ ၅ သန်း ကျန်ရစ်ခဲ့ပေမယ့် သူက သမီးတွေကို ငွေတန်ဖိုး အနည်းတကာ့ အနည်းဆုံး ဒင်္ဂါးပြား ၃ဝ စီပဲ ပေးမယ်လို့ သေတမ်းစာမှာရေးထားခဲ့ပါတယ်။ သမီးတွေက သူ့ဒိုင်ယာရီ စာအုပ်ကို သေသေချာချာဖတ်ပြီး ပဟေဋိကို အဖြေဖော်နိုင်မှ သူ့စိန်ရွှေရတနာတွေကို ရပိုင်ခွင့်ရှိမယ်လို့လည်း သူက ထည့်ရေးထားပါ သေးသတဲ့။ သူ့အမေ သေဆုံးသွားတဲ့ကိစ္စမှာ သမီးတွေရဲ့ ပယောဂမကင်းဘူးလို့ သူကယူဆလို့ သမီးတွေကို ဒီလိုအပြစ်ပေးခဲ့ပုံရပါတယ်။ ဒါပေမဲ့ သမီးတွေက ဒီကိစ္စကို တရားရုံးမှာ အယူခံဝင်လိုက်တော့ အောင်မြင်သွားပြီး အမွေတွေကို ပိုင်ဆိုင်ခွင့်ရသွားပါတယ်။

zawgyi version
ေသတမ္းစာကို လက္နက္သဖြယ္ အသုံးျပဳခဲ့သူ
ဗယ္လ္မီယာ႐ိုခ်ီဆိုတဲ့အမ်ိဳးသမီးဟာ သူ႔သမီးေတြကို ေသတဲ့အထိ မေက်မနပ္ျဖစ္ေနခဲ့ပုံရပါတယ္။ ဒါေၾကာင့္ သူ ေသဆုံးခ်ိန္မွာ ေဒၚလာ ၃ ဒသမ ၅ သန္း က်န္ရစ္ခဲ့ေပမယ့္ သူက သမီးေတြကို ေငြတန္ဖိုး အနည္းတကာ့ အနည္းဆုံး ဒဂၤါးျပား ၃ဝ စီပဲ ေပးမယ္လို႔ ေသတမ္းစာမွာေရးထားခဲ့ပါတယ္။ သမီးေတြက သူ႔ဒိုင္ယာရီ စာအုပ္ကို ေသေသခ်ာခ်ာဖတ္ၿပီး ပေဟဋိကို အေျဖေဖာ္ႏိုင္မွ သူ႔စိန္ေ႐ႊရတနာေတြကို ရပိုင္ခြင့္ရွိမယ္လို႔လည္း သူက ထည့္ေရးထားပါ ေသးသတဲ့။ သူ႔အေမ ေသဆုံးသြားတဲ့ကိစၥမွာ သမီးေတြရဲ႕ ပေယာဂမကင္းဘူးလို႔ သူကယူဆလို႔ သမီးေတြကို ဒီလိုအျပစ္ေပးခဲ့ပုံရပါတယ္။ ဒါေပမဲ့ သမီးေတြက ဒီကိစၥကို တရား႐ုံးမွာ အယူခံဝင္လိုက္ေတာ့ ေအာင္ျမင္သြားၿပီး အေမြေတြကို ပိုင္ဆိုင္ခြင့္ရသြားပါတယ္။

ထင်မှတ်မထားလောက်တဲ့ အမွေတွေ ထားရစ်ခဲ့သူ
ရော်နယ်ရိဒ်ဆိုတဲ့ အမျိုးသားဟာ အမေရိကန်ပြည်ထောင်စုက ဓာတ်ဆီ ဆိုင်တစ်ခုမှာ အစောင့်လည်းလုပ်၊ သန့်ရှင်းရေးလည်း လုပ်ပါတယ်။ သူက အမြဲ ခြိုးခြိုးခြံခြံ ချွေချွေတာတာ နေပါတယ်။ ကားအဟောင်းတွေပဲ ဝယ်စီးတယ်၊ မီးဖိုဖို့အတွက် ထင်းကို ကိုယ်တိုင်ခွဲတယ် စသဖြင့်ပေါ့။ ဒါပေမဲ့ သူ ဆုံးသွားတော့ ပိုက်ဆံ ဒေါ်လာ ၈ သန်း ကျန်ရစ်ခဲ့ပါသတဲ့။ ပိုပြီး အံ့သြစရာကောင်းတဲ့အချက်ကတော့ သူက ဒေါ်လာ ၆ သန်းကို စာကြည့်တိုက်နဲ့ ဆေးရုံအတွက် လှူဒါန်းခဲ့တာပါပဲ။ သူဟာ အမြဲခြိုးခြံချွေတာပြီး နေလို့ ဝင်ငွေက ထွက်ငွေ ထက် အမြဲတမ်း ပိုများတယ်၊ ပိုလျှံငွေတွေကို နှစ်ပေါင်း လေး၊ ငါးဆယ် လုံးလုံး စုဆောင်းလာတဲ့အခါ နောက်ဆုံးမှာတော့ ဒေါ်လာ ၈ သန်း စုဆောင်းမိသွားတာပဲလို့ ကျွမ်းကျင်သူက တွက်ချက်ပြပါတယ်။

zawgyi version
ထင္မွတ္မထားေလာက္တဲ့ အေမြေတြ ထားရစ္ခဲ့သူ
ေရာ္နယ္ရိဒ္ဆိုတဲ့ အမ်ိဳးသားဟာ အေမရိကန္ျပည္ေထာင္စုက ဓာတ္ဆီ ဆိုင္တစ္ခုမွာ အေစာင့္လည္းလုပ္၊ သန႔္ရွင္းေရးလည္း လုပ္ပါတယ္။ သူက အၿမဲ ၿခိဳးၿခိဳးၿခံၿခံ ေခြၽေခြၽတာတာ ေနပါတယ္။ ကားအေဟာင္းေတြပဲ ဝယ္စီးတယ္၊ မီးဖိုဖို႔အတြက္ ထင္းကို ကိုယ္တိုင္ခြဲတယ္ စသျဖင့္ေပါ့။ ဒါေပမဲ့ သူ ဆုံးသြားေတာ့ ပိုက္ဆံ ေဒၚလာ ၈ သန္း က်န္ရစ္ခဲ့ပါသတဲ့။ ပိုၿပီး အံ့ၾသစရာေကာင္းတဲ့အခ်က္ကေတာ့ သူက ေဒၚလာ ၆ သန္းကို စာၾကည့္တိုက္နဲ႔ ေဆး႐ုံအတြက္ လႉဒါန္းခဲ့တာပါပဲ။ သူဟာ အၿမဲၿခိဳးၿခံေခြၽတာၿပီး ေနလို႔ ဝင္ေငြက ထြက္ေငြ ထက္ အၿမဲတမ္း ပိုမ်ားတယ္၊ ပိုလွ်ံေငြေတြကို ႏွစ္ေပါင္း ေလး၊ ငါးဆယ္ လုံးလုံး စုေဆာင္းလာတဲ့အခါ ေနာက္ဆုံးမွာေတာ့ ေဒၚလာ ၈ သန္း စုေဆာင္းမိသြားတာပဲလို႔ ကြၽမ္းက်င္သူက တြက္ခ်က္ျပပါတယ္။

တမလွန်ဘဝရောက်တဲ့အထိ သမီးတွေကိစ္စကို လိုက်စီမံခန့်ခွဲတဲ့အဖေ
သန်းပေါင်းများစွာ ကြွယ်ဝတဲ့ သူဋ္ဌေးကြီး မော်ရီစီလဘို့ဇ် ( Maurice Laboz ) က တမလွန်ဘဝရောက်တဲ့အထိကို သမီးတွေကိစ္စကို စီမံခန့်ခွဲချင်နေပါသေးတယ်။ ဒါကြောင့် သူက သေတမ်းစာမှာ အတိအကျ ရေး ထားခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ဒီသူဋ္ဌးကြီး ဆုံးပါးသွားတော့ သမီးတွေအတွက် တစ်ယောက် ဒေါ်လာ ၁ဝ သန်းစီ ချန်ထားရစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးတွေ အသက် ၃၅ နှစ်ပြည့်မှ ဒီအမွေကို ခံစားခွင့်ရမယ်ဆိုတဲ့အချက်ကို အတိအလင်း ဖော်ပြထားပါတယ်။ တကယ်လို့ အသက် ၃၅ နှစ်မပြည့်ခင် အမွေတွေ ရချင်တယ်ဆိုရင် သူချမှတ်ထားတဲ့ စည်းကမ်းတွေကို အတိအကျ လိုက်နာရပါမယ်တဲ့။ သူချမှတ်ထားတဲ့ စည်းကမ်းတွေကတော့ သမီးတွေဟာ နာမည်ကြီးတက္ကသိုလ်တွေကနေ ဘွဲ့ရ ရမယ်၊ လက်မထပ်ရသေးခင် ကလေး မယူရဘူး၊ သူတို့ရမယ့် အမွေတွေကို လက်ဖျားနဲ့တောင် မတို့ပါဘူးလို့ ကတိပေးတဲ့ ယောကျ်ားကောင်းတွေကိုပဲ ရှာယူရမယ် ဆိုတဲ့ အချက်တွေပါပဲ။ သူဋ္ဌးကြီးတွေဟာ ဒီလိုပဲ တမလွန်ဘဝရောက်တာတောင် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို အမွေပစ္စည်းနဲ့ လိုက်ချုပ်ချယ်တာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ရှေ့နေတွေက ပြောပြပါတယ်။

zawgyi version
တမလြန္ဘဝေရာက္တဲ့အထိ သမီးေတြကိစၥကို လိုက္စီမံခန႔္ခြဲတဲ့အေဖ
သန္းေပါင္းမ်ားစြာ ႂကြယ္ဝတဲ့ သူေ႒းႀကီး ေမာ္ရီစီလဘို႔ဇ္ ( Maurice Laboz ) က တမလြန္ဘဝေရာက္တဲ့အထိကို သမီးေတြကိစၥကို စီမံခန႔္ခြဲခ်င္ေနပါေသးတယ္။ ဒါေၾကာင့္ သူက ေသတမ္းစာမွာ အတိအက် ေရး ထားခဲ့ပါတယ္။ ၂ဝ၁၅ ခုႏွစ္မွာ ဒီသူ႒းႀကီး ဆုံးပါးသြားေတာ့ သမီးေတြအတြက္ တစ္ေယာက္ ေဒၚလာ ၁ဝ သန္းစီ ခ်န္ထားရစ္ခဲ့ပါတယ္။ ဒါေပမဲ့ သမီးေတြ အသက္ ၃၅ ႏွစ္ျပည့္မွ ဒီအေမြကို ခံစားခြင့္ရမယ္ဆိုတဲ့အခ်က္ကို အတိအလင္း ေဖာ္ျပထားပါတယ္။ တကယ္လို႔ အသက္ ၃၅ ႏွစ္မျပည့္ခင္ အေမြေတြ ရခ်င္တယ္ဆိုရင္ သူခ်မွတ္ထားတဲ့ စည္းကမ္းေတြကို အတိအက် လိုက္နာရပါမယ္တဲ့။ သူခ်မွတ္ထားတဲ့ စည္းကမ္းေတြကေတာ့ သမီးေတြဟာ နာမည္ႀကီးတကၠသိုလ္ေတြကေန ဘြဲ႕ရ ရမယ္၊ လက္မထပ္ရေသးခင္ ကေလး မယူရဘူး၊ သူတို႔ရမယ့္ အေမြေတြကို လက္ဖ်ားနဲ႔ေတာင္ မတို႔ပါဘူးလို႔ ကတိေပးတဲ့ ေယာက်္ားေကာင္းေတြကိုပဲ ရွာယူရမယ္ ဆိုတဲ့ အခ်က္ေတြပါပဲ။ သူ႒းႀကီးေတြဟာ ဒီလိုပဲ တမလြန္ဘဝေရာက္တာေတာင္ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ေတြကို အေမြပစၥည္းနဲ႔ လိုက္ခ်ဳပ္ခ်ယ္တာမ်ိဳးေတြ လုပ္ေလ့ရွိတယ္လို႔ ေရွ႕ေနေတြက ေျပာျပပါတယ္။

Related news

© 2021. All rights reserved.