သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်း နှင့် တိရစ္ဆာန်ဥယျာဉ်အပါအဝင် နေရာ ၃ ခုတွင် ဖောက်ခွဲရန် စီစဉ်ထားမှုများအား ဖော်ထုတ်ရမိ

1589

NP News - ဧပြီ ၁၅
ရန်ကုန်တိုင်းရှိ၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု ၁ လမ်းထောင့်၊ မြန်မာ ပလာဇာ၊ မြေညီထပ်ရှိ Harry’s Bar ဝင်/ထွက်ပေါက်အနီး ဗုံးပေါက်ကွဲမှု၊ YBS ယာဉ်တစ်စီး မီးလောင်မှုအပါ အဝင် နှင့် KBZ ဘဏ်၏ ATM စက်အား မီးရှို့ခဲ့သည့် ကျူးလွန်သူများနှင့် သင်္ကြန်ကာလအတွင်း ဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်ထားသည်များကိုပါ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းပြန်ကြားရေးအဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်လိုက်သည်။
အတိုက်အခံသမားများသည် သင်္ကြန်ကာလအတွင်း ပြည်သူများထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာသုံးနေရာတွင် ဖောက်ခွဲမှုများပြုလုပ်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါနေရာများမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် နှင့် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ လျှပ်စစ်ရုံးတို့ဖြစ်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Harry’s Bar ဗုံးပေါက်ကွဲမှုဖြစ်စဉ်အား စုံးစမ်းဖော်ထုတ်နေစဉ် ဧပြီလ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် မသင်္ကာဖွယ်ရာ လူ ၃ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့မှ အသင့်ယူဆောင်လာသော သေနတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပြန်လည်ပစ်ခတ်ထွက်ပြေးခဲ့ကြသဖြင့် တရားခံများအား လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ ရာ အသက် ၂၅ နှစ်အရွယ် ခန့်ကြည်သာ၊ အသက် ၁၇ နှစ်အရွယ် ဟိန်းထက်နိုင် နှင့် အသက် ၁၈ နှစ်အရွယ် တင့်ထူးနိုင်(ခ)ဂူးဂူး တို့ သုံးဦးအား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံးတို့နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာရရှိထားသော တရားခံ တင့်ထူးနိုင်(ခ)ဂူးဂူး အား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ ဟိန်းထက်နိုင်၏ထွက်ဆိုချက်အရ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီတာလမ်း သွယ်(၅)ရှိ ၎င်း၏ နေအိမ်၌ လက်လုပ်မိုင်းများ သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ Remote လက်လုပ်မိုင်း ၃ လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့သည့်အပြင် ကျူးလွန်သူနှစ်ဦး အား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ Remote လက်လုပ်မိုင်း ၃ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဟိန်းထက်နိုင်သည် အစ်မဖြစ်သူ ဖမ်းဆီးရန်ကျန် တရားခံ ဟန်နီဝင်း နှင့်အတူ KNLA တပ်မဟာ(၇)၊ ရင်း(၁ဝ၁)၌ ဧပြီလတွင် ၁ ကြိမ်၊ ဇွန်လတွင် ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ယင်းအပြင် ၎င်းတို့၏ထွက်ဆိုချက်အရ CRPH၊ NUG အဖွဲ့များ၏စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် မဟာသင်္ကြန်ပွဲတော်အကြိုကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည် ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ ၃ နေရာတွင် အကြမ်းဖက် ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၌ YBS ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၂၅ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃)မှ ATM စက် ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလ ၁၁ ရက်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊ မြန်မာပလာဇာ၊ မြေညီထပ်ရှိ Harry’s Bar အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သည်ကို ဝန်ခံထွက်ဆိုထားကြောင်း နစကဘက်မှ ဖော်ပြ သည်။
ထို့ကြောင့် ဖမ်းဆီးရမိထားသည့် ကျူးလွန်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကွင်းဆက်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
သၾကၤန္ကာလအတြင္း ရန္ကုန္တိုင္းရွိ ေအာင္မဂၤလာအေဝးေျပးကားဝင္း ႏွင့္ တိရစာၦန္ဥယ်ာဥ္အပါအဝင္ ေနရာ ၃ ခုတြင္ ေဖာက္ခြဲရန္ စီစဥ္ထားမႈမ်ားအား ေဖာ္ထုတ္ရမိ
NP News - ဧၿပီ ၁၅
ရန္ကုန္တိုင္းရွိ၊ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံရပ္ကြက္၊ ကမာၻေအးဘုရားလမ္းႏွင့္ စက္မႈ ၁ လမ္းေထာင့္၊ ျမန္မာ ပလာဇာ၊ ေျမညီထပ္ရွိ Harry’s Bar ဝင္/ထြက္ေပါက္အနီး ဗုံးေပါက္ကြဲမႈ၊ YBS ယာဥ္တစ္စီး မီးေလာင္မႈအပါ အဝင္ ႏွင့္ KBZ ဘဏ္၏ ATM စက္အား မီးရႈိ႕ခဲ့သည့္ က်ဴးလြန္သူမ်ားႏွင့္ သၾကၤန္ကာလအတြင္း ေဖာက္ခြဲမႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားသည္မ်ားကိုပါ ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက သတင္းျပန္ၾကားေရးအဖြဲ႕မွ ဧၿပီလ ၁၄ ရက္ေန႔ ညပိုင္းက သတင္းထုတ္ျပန္လိုက္သည္။
အတိုက္အခံသမားမ်ားသည္ သၾကၤန္ကာလအတြင္း ျပည္သူမ်ားထိတ္လန႔္မႈျဖစ္ေစရန္ရည္႐ြယ္၍ ရန္ကုန္တိုင္း အတြင္းရွိ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ ေနရာသုံးေနရာတြင္ ေဖာက္ခြဲမႈမ်ားျပဳလုပ္ရန္ စီစဥ္ခဲ့ၾကျခင္းျဖစ္ၿပီး အဆိုပါေနရာမ်ားမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေအာင္မဂၤလာအေဝးေျပးကားဝင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕ နယ္ရွိ ရန္ကုန္တိရစာၦန္ဥယ်ာဥ္ ႏွင့္ တာေမြၿမိဳ႕နယ္၊ ဖိုးစိန္လမ္းရွိ လွ်ပ္စစ္႐ုံးတို႔ ျဖစ္ေၾကာင္း သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ Harry’s Bar ဗုံးေပါက္ကြဲမႈျဖစ္စဥ္အား စုံးစမ္းေဖာ္ထုတ္ေနစဥ္ ဧၿပီလ ၁၃ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ နတ္ေမာက္ရပ္ကြက္၊ ဖိုးစိန္လမ္းတြင္ မသကၤာဖြယ္ရာ လူ ၃ ဦးအား ေတြ႕ရွိသျဖင့္ စစ္ေဆးေမးျမန္းရန္ ရပ္တန႔္ခိုင္းစဥ္ ၎တို႔မွ အသင့္ယူေဆာင္လာေသာ ေသနတ္ျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားအား ျပန္လည္ပစ္ခတ္ထြက္ေျပးခဲ့ၾကသျဖင့္ တရားခံမ်ားအား လိုက္လံပစ္ခတ္ဖမ္းဆီးခဲ့ ရာ အသက္ ၂၅ ႏွစ္အ႐ြယ္ ခန႔္ၾကည္သာ၊ အသက္ ၁၇ ႏွစ္အ႐ြယ္ ဟိန္းထက္ႏိုင္ ႏွင့္ အသက္ ၁၈ ႏွစ္အ႐ြယ္ တင့္ထူးႏိုင္(ခ)ဂူးဂူး တို႔ သုံးဦးအား Sig Sauer အမ်ိဳးအစား ပစၥတို ၂ လက္၊ က်ည္အိမ္ ၂ ခု၊ ၉ မမက်ည္ ၁၆ ေတာင့္၊ လက္ပစ္ဗုံး ၃ လုံးတို႔ႏွင့္အတူ ဒဏ္ရာမ်ားျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ဒဏ္ရာရရွိထားေသာ တရားခံ တင့္ထူးႏိုင္(ခ)ဂူးဂူး အား နီးစပ္ရာေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဖမ္းဆီးရမိသူ ဟိန္းထက္ႏိုင္၏ထြက္ဆိုခ်က္အရ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္၊ သီတာလမ္း သြယ္(၅)ရွိ ၎၏ ေနအိမ္၌ လက္လုပ္မိုင္းမ်ား သိမ္းဆည္းထားေၾကာင္း ေဖာ္ထုတ္သိရွိရသျဖင့္ သြားေရာက္ ရွာေဖြခဲ့ရာ Remote လက္လုပ္မိုင္း ၃ လုံးအား ထပ္မံသိမ္းဆည္းရမိခဲ့သည့္အျပင္ က်ဴးလြန္သူႏွစ္ဦး အား Sig Sauer အမ်ိဳးအစား ပစၥတို ၂ လက္၊ က်ည္အိမ္ ၂ ခု၊ ၉ မမက်ည္ ၁၆ ေတာင့္၊ လက္ပစ္ဗုံး ၃ လုံး၊ Remote လက္လုပ္မိုင္း ၃ လုံး တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ဟိန္းထက္ႏိုင္သည္ အစ္မျဖစ္သူ ဖမ္းဆီးရန္က်န္ တရားခံ ဟန္နီဝင္း ႏွင့္အတူ KNLA တပ္မဟာ(၇)၊ ရင္း(၁ဝ၁)၌ ဧၿပီလတြင္ ၁ ႀကိမ္၊ ဇြန္လတြင္ ၁ ႀကိမ္၊ စုစုေပါင္း ၂ ႀကိမ္ အၾကမ္းဖက္ ေဖာက္ခြဲေရး သင္တန္းမ်ား တက္ေရာက္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရေၾကာင္း သိရသည္။
ယင္းအျပင္ ၎တို႔၏ထြက္ဆိုခ်က္အရ CRPH၊ NUG အဖြဲ႕မ်ား၏ေစခိုင္းမႈျဖင့္ ႏိုင္ငံေတာ္၏ အုပ္ခ်ဳပ္မႈယႏၲရား ပ်က္ျပားေစရန္ႏွင့္ မဟာသၾကၤန္ပြဲေတာ္အႀကိဳကာလအတြင္း အျပစ္မဲ့ျပည္သူမ်ား ထိတ္လန႔္မႈျဖစ္ေစရန္ရည္ ႐ြယ္၍ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာေနရာ ၃ ေနရာတြင္ အၾကမ္းဖက္ ေဖာက္ခြဲမႈမ်ားႏွင့္ မီးရႈိ႕ဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ ၂ဝ၂၂ ခုႏွစ္၊ မတ္လ ၂၃ ရက္တြင္ အလုံၿမိဳ႕နယ္၊ သခင္ျမပန္းၿခံအနီး၌ YBS ယာဥ္ ၁ စီးအား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း၊ မတ္လ ၂၅ ရက္တြင္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ KBZ ဘဏ္ခြဲ(၃)မွ ATM စက္ ၁ လုံးအား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း၊ ဧၿပီလ ၁၁ ရက္တြင္ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံရပ္ကြက္၊ ကမာၻေအးဘုရားလမ္းႏွင့္ စက္မႈ(၁)လမ္းေထာင့္၊ ျမန္မာပလာဇာ၊ ေျမညီထပ္ရွိ Harry’s Bar အား လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ေဖာက္ခြဲခဲ့သည္ကို ဝန္ခံထြက္ဆိုထားေၾကာင္း နစကဘက္မွ ေဖာ္ျပ သည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိထားသည့္ က်ဴးလြန္သူမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ကြင္းဆက္တရားခံမ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။