မြန်မာနှင့် အင်ဒိုသင်္ဘောသားများလိုက်ပါလာသည့် ဆီတင်သင်္ဘောတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံး၊ အများအပြားဒဏ်ရာ

 1034

NP News – ဧပြီ ၁၇
ဟောင်ကောင်ရေပြင်အလွန်တွင် မြန်မာနှင့် အင်ဒိုသင်္ဘောသားများလိုက်ပါလာသည့် ဆီတင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Seamen Union(MSU) မှ သတင်းရရှိသည်။

အဆိုပါသင်္ဘောပေါ်တွင် မြန်မာနိုင်ငံသားများနှင့် အင်ဒိုနီးရှားနိုင်ငံသားများ အများအပြားပါဝင်ကြောင်း သိရကာ သင်္ဘောပေါက်ကွဲမှုဖြစ်စဉ်သည် ဧပြီလ ၁၆ ရက်၊ စနေနေ့ (သင်္ကြန်အတက်နေ့) ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဆီတင်သင်္ဘော၏ နာမည်မှာ Chuang Yi ဟု သိရကာ၊ ပနားမားအလံတင်သင်္ဘော ဖြစ်ပြီး၊ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရသည်။ ဒဏ်ရာရှိထားသည့် သင်္ဘောသား များကို ဟယ်လီကော်မတာဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ဦးသေဆုံးသွားကာ လေးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။

သေဆုံးသူ တစ်ဦးသည် မည်သည့်နိုင်ငံသားဖြစ်သည်ကို ယခုချိန်ထိ ဖော်ပြထားခြင်းမရှိသကဲ့သို့ အခြားသော ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

သတင်းများအရ သေဆုံးသွားသော သင်္ဘောသားသည် အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသားဖြစ်နိုင်ခြေများပြီး စိုးရိမ်ရသည့် သင်္ဘောသားများသည်လည်း အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြောင်း MSU မှ ဆိုသည်။

ထပ်မံသိရှိထားသည့် သတင်းအချက်အလက်များအရ အခြားသော အင်ဒိုနီးရှားနိုင်ငံသားသင်္ဘောသားများနှင့် မြန်မာသင်္ဘောသားများသည် ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏွင့္ အင္ဒိုသေဘၤာသားမ်ားလိုက္ပါလာသည့္ ဆီတင္သေဘၤာတစ္စီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး တစ္ဦး ေသဆုံး၊ အမ်ားအျပားဒဏ္ရာ
NP News – ဧၿပီ ၁၇
ေဟာင္ေကာင္ေရျပင္အလြန္တြင္ ျမန္မာႏွင့္ အင္ဒိုသေဘၤာသားမ်ားလိုက္ပါလာသည့္ ဆီတင္သေဘၤာတစ္စင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း Myanmar Seamen Union(MSU) မွ သတင္းရရွိသည္။

အဆိုပါသေဘၤာေပၚတြင္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ အင္ဒိုနီးရွားႏိုင္ငံသားမ်ား အမ်ားအျပားပါဝင္ေၾကာင္း သိရကာ သေဘၤာေပါက္ကြဲမႈျဖစ္စဥ္သည္ ဧၿပီလ ၁၆ ရက္၊ စေနေန႔ (သၾကၤန္အတက္ေန႔) ညပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ဆီတင္သေဘၤာ၏ နာမည္မွာ Chuang Yi ဟု သိရကာ၊ ပနားမားအလံတင္သေဘၤာ ျဖစ္ၿပီး၊ ျဖစ္စဥ္အေသးစိတ္ကို ဆက္လက္စုံစမ္းလ်က္ရွိေၾကာင္းသိရသည္။ ဒဏ္ရာရွိထားသည့္ သေဘၤာသား မ်ားကို ဟယ္လီေကာ္မတာျဖင့္ နီးစပ္ရာေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေသာ္လည္း တစ္ဦးေသဆုံးသြားကာ ေလးဦးမွာ စိုးရိမ္ရသည့္အေျခအေနတြင္ ရွိေၾကာင္း သိရသည္။

ေသဆုံးသူ တစ္ဦးသည္ မည္သည့္ႏိုင္ငံသားျဖစ္သည္ကို ယခုခ်ိန္ထိ ေဖာ္ျပထားျခင္းမရွိသကဲ့သို႔ အျခားေသာ ဒဏ္ရာရရွိသူမ်ား၏ အေသးစိတ္အခ်က္အလက္မ်ားကိုလည္း ထုတ္ျပန္ျခင္းမရွိေသးေၾကာင္း သိရသည္။

သတင္းမ်ားအရ ေသဆုံးသြားေသာ သေဘၤာသားသည္ အင္ဒိုနီးရွားႏိုင္ငံသား သေဘၤာသားျဖစ္ႏိုင္ေျခမ်ားၿပီး စိုးရိမ္ရသည့္ သေဘၤာသားမ်ားသည္လည္း အင္ဒိုနီးရွားႏိုင္ငံသားမ်ားျဖစ္ေၾကာင္း MSU မွ ဆိုသည္။

ထပ္မံသိရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ အျခားေသာ အင္ဒိုနီးရွားႏိုင္ငံသားသေဘၤာသားမ်ားႏွင့္ ျမန္မာသေဘၤာသားမ်ားသည္ ဒဏ္ရာအနည္းငယ္စီသာ ရရွိခဲ့ၿပီး မစိုးရိမ္ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.