အောင်လအန်ဆန်နဲ့ တတိယအကြိမ်မြောက် မကျေပွဲ ထိုး/မထိုး ဆိုတဲ့အချက်ကို ချန်ပီယံ ရိုင်နီယာဒီရစ်ဒါ ထုတ်ဖော်ပြောဆို

1080

ဂျန်ဇက် (NP News) – ဧပြီ ၁၉
မြန်မာ့စပါးအုံးမြွေ လို့ တင်စားခေါ်ဆိုခံရတဲ့ အောင်လအန်ဆန်ကို နှစ်ကြိမ်တိုင်တိုင် အနိုင်ရထားတဲ့ One Championship မစ်ဒယ်ဝိတ်တန်း နဲ့ လိုက်ဟဲဗီးဝိတ်တန်း လက်ရှိချန်ပီယံ ရိုင်နီယာ ဒီရစ်ဒါဟာအောင်လအန် ဆန်နဲ့အတူ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Sanford MMA လေ့ကျင့်ရေးရုံမှာ အတူ လေ့ကျင့်နေတယ်လို့ သိရပါတယ်။
နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါဟာ အောင်လအန်ဆန်ကို နှစ်ကြိမ်စလုံးအနိုင်ရပြီး One Championship မစ်ဒယ်ဝိတ်တန်း နဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေကို ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ နဲ့ ၂ဝ၂၁ ခုနှစ် ဧပြီလတို့မှာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ပြိုင်ဘက်ဟောင်းများဖြစ်ပေမယ့် လက်ရှိ အချိန်မှာ အတူတကွလေ့ကျင့်လျက်ရှိနေတယ်လို့ သိရပါတယ်။
ဒီရစ်ဒါက " အောင်လအန်ဆန်နဲ့တွေ့ဆုံ ပြောဆိုခဲ့တယ်။ အောင်လအန်ဆန်ဟာ ဂန္တဝင်တစ်ဦးဖြစ်ပြီး ဂရိတ်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်ဟာ အောင်လအန်ဆန်ကို လေးစားမှု အပြည့်ရှိပါ တယ်။ ကျွန်တော်အနေနဲ့ အောင်လအန်ဆန်နဲ့ တတိယကြိမ်မြောက်မကျေပွဲ ထိုးသတ်မှာ မဟုတ်တော့ဘူး။ ကျွန်တော်ဟာ အောင်လအန်ဆန်ကိုယှဉ်ပြိုင်ခဲ့တဲ့ နှစ်ကြိမ်စလုံးမှ နှစ်ကြိမ်စလုံး အနိုင်ရထားတဲ့အတွက် နောက်ထပ် ယှဉ်ပြိုင်မှာမဟုတ်တော့ဘူး" လို့ပြောပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ အောင်လအန်ဆန်ဟာ One Championship ပွဲစဉ်နောက်ဆုံး ငါးပွဲမှာ သုံးပွဲရှုံးနိမ့်ထား ပြီး ဒီရစ်ဒါကို နှစ်ကြိမ်၊ ဗစ်တာလီဘစ်ဒက်ချ်ကို ရှုံးနိမ့်ခဲ့သလို ဘရမ်ဒန်ဗီရာ ၊ အက်တိုင်းဒက်စ်တို့ကို အနိုင်ရ ထားပါတယ်။ အောင်လအန်ဆန်ဟာ ကစားသမားဘဝအတွင်း MMA ပွဲပေါင်း ၄၁ ပွဲယှဉ်ပြိုင်ခဲ့ရာ ၂၈ ပွဲနိုင်၊ ၁၃ ပွဲ ရှုံးနိမ့်ထားပြီး One Championship မစ်ဒယ်ဝိတ်တန်း နဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ဖူးပြီး လာမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ေအာင္လအန္ဆန္ နဲ႔ တတိယအႀကိမ္ေျမာက္ မေက်ပြဲ ထိုး/မထိုး ဆိုတဲ့အခ်က္ကို ခ်န္ပီယံ ႐ိုင္နီယာဒီရစ္ဒါ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) – ဧၿပီ ၁၉
ျမန္မာ့စပါးအုံးေႁမြ လို႔ တင္စားေခၚဆိုခံရတဲ့ ေအာင္လအန္ဆန္ကို ႏွစ္ႀကိမ္တိုင္တိုင္ အႏိုင္ရထားတဲ့ One Championship မစ္ဒယ္ဝိတ္တန္း နဲ႔ လိုက္ဟဲဗီးဝိတ္တန္း လက္ရွိခ်န္ပီယံ ႐ိုင္နီယာ ဒီရစ္ဒါဟာေအာင္လအန္ ဆန္နဲ႔အတူ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ရွိ Sanford MMA ေလ့က်င့္ေရး႐ုံမွာ အတူ ေလ့က်င့္ေနတယ္လို႔ သိရပါတယ္။
နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါဟာ ေအာင္လအန္ဆန္ကို ႏွစ္ႀကိမ္စလုံးအႏိုင္ရၿပီး One Championship မစ္ဒယ္ဝိတ္တန္း နဲ႔ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံဆုေတြကို ၂ဝ၂ဝ ျပည့္ႏွစ္ ေအာက္တိုဘာလ နဲ႔ ၂ဝ၂၁ ခုႏွစ္ ဧၿပီလတို႔မွာ ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ ၎တို႔ႏွစ္ဦးဟာ ၿပိဳင္ဘက္ေဟာင္းမ်ားျဖစ္ေပမယ့္ လက္ရွိ အခ်ိန္မွာ အတူတကြေလ့က်င့္လ်က္ရွိေနတယ္လို႔ သိရပါတယ္။
ဒီရစ္ဒါက " ေအာင္လအန္ဆန္နဲ႔ေတြ႕ဆုံ ေျပာဆိုခဲ့တယ္။ ေအာင္လအန္ဆန္ဟာ ဂႏၲဝင္တစ္ဦးျဖစ္ၿပီး ဂရိတ္ဖိုက္တာတစ္ဦးျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ ေအာင္လအန္ဆန္ကို ေလးစားမႈ အျပည့္ရွိပါ တယ္။ ကြၽန္ေတာ္အေနနဲ႔ ေအာင္လအန္ဆန္နဲ႔ တတိယႀကိမ္ေျမာက္မေက်ပြဲ ထိုးသတ္မွာ မဟုတ္ေတာ့ဘူး။ ကြၽန္ေတာ္ဟာ ေအာင္လအန္ဆန္ကိုယွဥ္ၿပိဳင္ခဲ့တဲ့ ႏွစ္ႀကိမ္စလုံးမွ ႏွစ္ႀကိမ္စလုံး အႏိုင္ရထားတဲ့အတြက္ ေနာက္ထပ္ ယွဥ္ၿပိဳင္မွာမဟုတ္ေတာ့ဘူး" လို႔ေျပာပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ေအာင္လအန္ဆန္ဟာ One Championship ပြဲစဥ္ေနာက္ဆုံး ငါးပြဲမွာ သုံးပြဲရႈံးနိမ့္ထား ၿပီး ဒီရစ္ဒါကို ႏွစ္ႀကိမ္၊ ဗစ္တာလီဘစ္ဒက္ခ်္ကို ရႈံးနိမ့္ခဲ့သလို ဘရမ္ဒန္ဗီရာ ၊ အက္တိုင္းဒက္စ္တို႔ကို အႏိုင္ရ ထားပါတယ္။ ေအာင္လအန္ဆန္ဟာ ကစားသမားဘဝအတြင္း MMA ပြဲေပါင္း ၄၁ ပြဲယွဥ္ၿပိဳင္ခဲ့ရာ ၂၈ ပြဲႏိုင္၊ ၁၃ ပြဲ ရႈံးနိမ့္ထားၿပီး One Championship မစ္ဒယ္ဝိတ္တန္း နဲ႔ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့ဖူးၿပီး လာမယ့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေလ့က်င့္လ်က္ရွိေနတယ္လို႔ သိရပါတယ္။