မန္တလေးသင်္ကြန်တွင် အလှပြလှည်းယာဉ်များအား ချီးမြှင့်ခဲ့သည့်ဆုငွေများကို ပြန်တောင်းသည်မှာ မဟုတ်ဟုဆို

1213

ဟိန်း (NP News) - ဧပြီ ၁၉
မန္တလေးသင်္ကြန်တွင် အလှပြလှည်းယာဉ်များအား ချီးမြှင့်ခဲ့သည့်ဆုငွေများကို ပြန်တောင်းသည်မှာ မဟုတ် ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဧပြီလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေရှင်း လိုက်သည်။
မန္တလေးသင်္ကြန်ဖွင့်ပွဲတွင် မြို့နယ်ကိုယ်စားပြု အလှပြလှည်းယာဉ်များကို ချီးမြှင့်ခဲ့သည့်ဆုငွေများအား မန္တလေး စည်ပင်မှ ပြန်လည်တောင်းယူသွားကြောင်း လူမှုကွန်ယက်ပေါ်တွင် သတင်းများထွက်ပေါ်နေသည့်အပေါ် ယခု ကဲ့သို့ ထုတ်ပြန်လာခြင်းမျိုးဖြစ်သည်။
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် အလှပြလှည်းယာဉ်များကို ချီးမြှင့်ခဲ့သည့်ဆုငွေများအား ပြန်တောင်းခံရ သည်ဆိုသည့်သတင်းကို တွေ့ရသည့်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူ တစ်ဦးအား မေးမြန်းခဲ့ကြောင်း၊ ၎င်းမှ “ မြို့တော်စည်ပင်အနေနဲ့ ဆုရအသင်းက ပြိုင်ပွဲဝင်သူတွေနဲ့ တာဝန်ရှိသူ တွေကို ဆုပေးပြီးတာနဲ့ မဏ္ဍုပ်ပေါ်မှာ တစ်ခါတည်း ငွေသား ချက်ခြင်း ထုတ်ပေးခဲ့ပါတယ်။ ပြန်တောင်းတာ မလုပ်ခဲ့သလို ဖြတ်တောက်တာလည်း လုံးဝ မရှိခဲ့ပါဘူး။ ဒီသတင်းဟာ မြို့တော်စည်ပင်ရဲ့ ကောင်းသတင်းတွေ ကို ဖျက်လိုဖျက်ဆီးလုပ်လိုသူတွေရဲ့ သတင်းအမှားပါ။ တကယ်ဆို ပြိုင်ပွဲဝင်အသင်းတွေက တာဝန်ရှိသူတွေကို မေးမြန်းပြီး မှန်ကန်မှ တင်သင့်တာပေါ့။ အခုဟာက ဒီသတင်းထုတ်တဲ့ သတင်းဌာနအနေနဲ့ ဂုဏ်သိက္ခာမဲ့သွား တာပေါ့ဗျာ" ဟု ရှင်းပြခဲ့ကြောင်းနှင့် ဆုရသူတစ်ဦးကလည်း “မဟုတ်ပါဘူး။ ဆုငွေတွေကို ဆုယူပြီးတာနဲ့ ချက်ခြင်း စင်ပေါ်မှာ ထုတ်ပေးတာဗျ။ တစ်ပြားတစ်ချပ်မှ ပြန်တောင်းတာမျိုး မရှိပါဘူး။ သတင်းအမှားပါ ” ဟု ရှင်းပြခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် အလှပြလှည်းယာဉ်များအား ပထမဆု ကျပ်သိန်း(၅ဝ)၊ ဒုတိယဆု ကျပ်(၄၅)သိန်းနှင့် တတိယဆု ကျပ်သိန်း(၄ဝ) တို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးသၾကၤန္တြင္ အလွျပလွည္းယာဥ္မ်ားအား ခ်ီးျမႇင့္ခဲ့သည့္ဆုေငြမ်ားကို ျပန္ေတာင္းသည္မွာ မဟုတ္ဟုဆို
ဟိန္း (NP News) - ဧၿပီ ၁၉
မႏၲေလးသၾကၤန္တြင္ အလွျပလွည္းယာဥ္မ်ားအား ခ်ီးျမႇင့္ခဲ့သည့္ဆုေငြမ်ားကို ျပန္ေတာင္းသည္မွာ မဟုတ္ ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ဧၿပီလ ၁၉ ရက္ေန႔တြင္ ျပန္လည္ေျဖရွင္း လိုက္သည္။
မႏၲေလးသၾကၤန္ဖြင့္ပြဲတြင္ ၿမိဳ႕နယ္ကိုယ္စားျပဳ အလွျပလွည္းယာဥ္မ်ားကို ခ်ီးျမႇင့္ခဲ့သည့္ဆုေငြမ်ားအား မႏၲေလး စည္ပင္မွ ျပန္လည္ေတာင္းယူသြားေၾကာင္း လူမႈကြန္ယက္ေပၚတြင္ သတင္းမ်ားထြက္ေပၚေနသည့္အေပၚ ယခု ကဲ့သို႔ ထုတ္ျပန္လာျခင္းမ်ိဳးျဖစ္သည္။
မႏၲေလးၿမိဳ႕ေတာ္ မဟာသၾကၤန္ပြဲေတာ္ အလွျပလွည္းယာဥ္မ်ားကို ခ်ီးျမႇင့္ခဲ့သည့္ဆုေငြမ်ားအား ျပန္ေတာင္းခံရ သည္ဆိုသည့္သတင္းကို ေတြ႕ရသည့္အတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက တာဝန္ရွိသူ တစ္ဦးအား ေမးျမန္းခဲ့ေၾကာင္း၊ ၎မွ “ ၿမိဳ႕ေတာ္စည္ပင္အေနနဲ႔ ဆုရအသင္းက ၿပိဳင္ပြဲဝင္သူေတြနဲ႔ တာဝန္ရွိသူ ေတြကို ဆုေပးၿပီးတာနဲ႔ မ႑ဳပ္ေပၚမွာ တစ္ခါတည္း ေငြသား ခ်က္ျခင္း ထုတ္ေပးခဲ့ပါတယ္။ ျပန္ေတာင္းတာ မလုပ္ခဲ့သလို ျဖတ္ေတာက္တာလည္း လုံးဝ မရွိခဲ့ပါဘူး။ ဒီသတင္းဟာ ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ေကာင္းသတင္းေတြ ကို ဖ်က္လိုဖ်က္ဆီးလုပ္လိုသူေတြရဲ႕ သတင္းအမွားပါ။ တကယ္ဆို ၿပိဳင္ပြဲဝင္အသင္းေတြက တာဝန္ရွိသူေတြကို ေမးျမန္းၿပီး မွန္ကန္မွ တင္သင့္တာေပါ့။ အခုဟာက ဒီသတင္းထုတ္တဲ့ သတင္းဌာနအေနနဲ႔ ဂုဏ္သိကၡာမဲ့သြား တာေပါ့ဗ်ာ" ဟု ရွင္းျပခဲ့ေၾကာင္းႏွင့္ ဆုရသူတစ္ဦးကလည္း “မဟုတ္ပါဘူး။ ဆုေငြေတြကို ဆုယူၿပီးတာနဲ႔ ခ်က္ျခင္း စင္ေပၚမွာ ထုတ္ေပးတာဗ်။ တစ္ျပားတစ္ခ်ပ္မွ ျပန္ေတာင္းတာမ်ိဳး မရွိပါဘူး။ သတင္းအမွားပါ ” ဟု ရွင္းျပခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
မႏၲေလးၿမိဳ႕ေတာ္ မဟာသၾကၤန္ပြဲေတာ္တြင္ အလွျပလွည္းယာဥ္မ်ားအား ပထမဆု က်ပ္သိန္း(၅ဝ)၊ ဒုတိယဆု က်ပ္(၄၅)သိန္းႏွင့္ တတိယဆု က်ပ္သိန္း(၄ဝ) တို႔ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။