ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး မြဝတီဘက်ခြမ်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သူမရှိသော်လည်း စစ်ဆေးရေးဂိတ်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီး

897

NP News - ဧပြီ ၂၄
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး မြဝတီမြို့ဘက်ခြမ်းတွင် ဧပြီလ ၂၃ ရက် ည ၁၁ နာရီခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော် လည်း တံတားအနီးရှိ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေး ဂိတ်၊ ဈေးဆိုင်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“ဗုံးပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တာဗျ။ တော်တော်ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ လူလည်းတော်တော် လန့်သွားတယ်။ အိမ်တွေပါ တုန်သွားတာကိုး။ ဗုံးပေါက်ပြီး သိပ်မကြားဘူး သေနတ်သံတွေလည်း ကြားရတယ်။ ဘာတွေဖြစ်နေတာလည်းဆိုတာတော့ အတိအကျမသိဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တံတားအနီးရှိ အိမ်စီးကားတစ်စီး လည်း မီးလောင်ပျက်စီးနေသည်ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၁ဝ မိနစ်ခန့်အကြာ ချစ်ကြည်ရေးတံ တားအနီးတွင် သေနတ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ဆိုသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အမှတ် (၁)ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေစဉ် ည ၁ဝ နာရီခွဲ ခန့်တွင် Probox အမျိုးအစားမော်တော်ယာဉ်တစ်စီးသည် လမ်းအတိုင်းအရှိန်ဖြင့် မောင်းနှင်လာပြီး ဂိတ်အဝင်ရှိ စာရွက်စာတမ်းများ စစ်ဆေးသည့် အဆောက်အအုံ အား ဝင်တိုက်မိကာ မော်တော်ယာဉ်ပေါ်တွင်ပါရှိသည့် မိုင်းပေါက်ကွဲခဲ့ပြီး မီး လောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(ဧပြီလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်က ပြန်လည် ဖြေကြားထားသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် စာရွက်စာတမ်းစစ်ဆေးသည့် အဆောက်အအုံ၏ အမိုး၊ အကာများပျက်စီးခြင်း၊ ၎င်းအဆောက်အအုံ၏ ယာဘက်ရှိ လူနေ ၄ ထပ်တိုက် လေကာမှန်များ ပျက်စီးခြင်းနှင့် လူနေ ၄ ထပ်တိုက်၏ အရှေ့ဘက်တွင် ရပ် တန့်ထားသည့် Crown အမျိုးအစား အဖြူရောင်းမော်တော်ယာဉ် တစ်စီး မိုင်းစထိ မှန်မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတားအနီး ျမဝတီဘက္ျခမ္းတြင္ ဗုံးေပါက္ကြဲခဲ့ၿပီး ထိခိုက္သူမရွိေသာ္လည္း စစ္ေဆးေရးဂိတ္ႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီး
NP News - ဧၿပီ ၂၄
ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတားအနီး ျမဝတီၿမိဳ႕ဘက္ျခမ္းတြင္ ဧၿပီလ ၂၃ ရက္ ည ၁၁ နာရီခန႔္တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
အဆိုပါ ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမရွိခဲ့ေသာ္ လည္း တံတားအနီးရွိ လူဝင္မႈႀကီးၾကပ္ေရးစစ္ေဆးေရး ဂိတ္၊ ေဈးဆိုင္ႏွင့္ အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
“ဗုံးေပါက္ကြဲတဲ့အသံက ေတာ္ေတာ္က်ယ္တာဗ်။ ေတာ္ေတာ္ျပင္းထန္တယ္လို႔ ေျပာလို႔ရတယ္။ လူလည္းေတာ္ေတာ္ လန႔္သြားတယ္။ အိမ္ေတြပါ တုန္သြားတာကိုး။ ဗုံးေပါက္ၿပီး သိပ္မၾကားဘူး ေသနတ္သံေတြလည္း ၾကားရတယ္။ ဘာေတြျဖစ္ေနတာလည္းဆိုတာေတာ့ အတိအက်မသိဘူး”ဟု ေဒသခံတစ္ဦးက ဆိုသည္။
အဆိုပါဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ တံတားအနီးရွိ အိမ္စီးကားတစ္စီး လည္း မီးေလာင္ပ်က္စီးေနသည္ကိုေတြ႕ရေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
ထို႔ျပင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီး ၁ဝ မိနစ္ခန႔္အၾကာ ခ်စ္ၾကည္ေရးတံ တားအနီးတြင္ ေသနတ္ပစ္ခတ္သံမ်ားၾကားရေၾကာင္း ေဒသခံမ်ားက ဆိုသည္။
လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားသည္ ဧၿပီလ ၂၃ ရက္က အမွတ္ (၁)ရပ္ကြက္၊ ျမန္မာ-ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတား၌ လုံၿခဳံေရးတာဝန္မ်ား ထမ္းေဆာင္ေနစဥ္ ည ၁ဝ နာရီခြဲခန႔္တြင္ Probox အမ်ိဳးအစားေမာ္ေတာ္ယာဥ္တစ္စီးသည္ လမ္းအတိုင္းအရွိန္ျဖင့္ ေမာင္းႏွင္လာၿပီး ဂိတ္အဝင္ရွိ စာ႐ြက္စာတမ္းမ်ား စစ္ေဆးသည့္ အေဆာက္အအုံ အား ဝင္တိုက္မိကာ ေမာ္ေတာ္ယာဥ္ေပၚတြင္ပါရွိသည့္ မိုင္းေပါက္ကြဲခဲ့ၿပီး မီးေလာင္ပ်က္စီးခဲ့ျခင္းျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔(ဧၿပီလ ၂၄ ရက္) ညေန ၅ နာရီခြဲေက်ာ္က ျပန္လည္ေျဖၾကားထားသည္။
အဆိုပါ မိုင္းေပါက္ကြဲမႈေၾကာင့္ စာ႐ြက္စာတမ္းစစ္ေဆးသည့္ အေဆာက္အအုံ၏ အမိုး၊ အကာမ်ားပ်က္စီးျခင္း၊ ၎အေဆာက္အအုံ၏ ယာဘက္ရွိ လူေန ၄ ထပ္တိုက္ ေလကာမွန္မ်ား ပ်က္စီးျခင္းႏွင့္ လူေန ၄ ထပ္တိုက္၏ အေရွ႕ဘက္တြင္ ရပ္ တန႔္ထားသည့္ Crown အမ်ိဳးအစား အျဖဴေရာင္းေမာ္ေတာ္ယာဥ္ တစ္စီးမိုင္းစထိ မွန္မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။