လာမည့်ပညာသင်နှစ်တွင် Grade - 5 ၊ 8 နှင့် 11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ သင်ရိုးသစ် TOT သင်တန်းများကို စတင်ပို့ချနေ

 1540

ဟိန်း (NP News) - ဧပြီ ၂၄
လာမည့် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိတွင် သင်ရိုးသစ် TOT သင်တန်းများကို စတင်ဖွင့်လှစ်ပို့ချနေကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ဒုဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာတွင် KG+12 စနစ်သစ် သင်ရိုးတန်းများ ကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကိုလည်း ဧပြီ ၄ ရက် မှစ၍ ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်းနှင့် ပညာရေးမှူးများအနေဖြင့်လည်း သက်ဆိုင်ရာဒေသအလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြော ကြားသည်။

ထို့အပြင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ၁/၂ဝ၁၇၊ ၃၅/ ၂ဝ၁၇ နှင့် ၁/၂ဝ၂၂ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆရာ ဆရာမကြီးများအပေါ်တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာကဏ္ဍများကို ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက မှာကြားသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးကို ယခင် သူငယ်တန်း+၁ဝ တန်း စနစ်ကို ကျင့်သုံးခဲ့ရာမှ ၂ဝ၁၆-၁၇ ပညာသင်နှစ်ကစကာ သူငယ်တန်း+၁၂ တန်းစနစ်သစ်ကို စတင်ပြောင်းလဲခဲ့သည်။ စနစ်သစ်အရ ၂ဝ၁၆-၁၇ ပညာသင်နှစ်ကစတင်ကာ သူငယ်တန်း (KG)၊ ၂ဝ၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း (Grade-1)၊ ၂ဝ၁၈-၁၉ ပညာသင်နှစ်၌ ဒုတိယတန်း (Grade- 2)၊ ၂ဝ၁၉-၂ဝ ပညာသင်နှစ်တွင် တတိယတန်း (Grade-3) နှင့် စတုတ္ထတန်း(Grade-6) တွင် ကျောင်းသားကျောင်းသူများအား သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားခဲ့ သည်။ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် အထက်တန်းအဆင့်အတန်းများ ကျောင်းတစ်လကျော် ဖွင့်လှစ်ခဲ့စဉ်က ဒသမတန်း (Grade-10) ကို သင်ရိုးသစ် ပြောင်းလဲသင်ကြားခဲ့ပြီး လာမည့် ၂ဝ၂၂-၂၃ ပညာသင်နှစ်တွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လာမည့္ပညာသင္ႏွစ္တြင္ Grade - 5 ၊ 8 ႏွင့္ 11 သင္႐ိုးသစ္တန္းမ်ားကို ဖြင့္လွစ္မည္ျဖစ္ၿပီး၊ သင္႐ိုးသစ္ TOT သင္တန္းမ်ားကို စတင္ပို႔ခ်ေန
ဟိန္း (NP News) - ဧၿပီ ၂၄
လာမည့္ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္ တြင္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္႐ိုးသစ္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ သင္႐ိုးသစ္ TOT သင္တန္းမ်ားကို စတင္ဖြင့္လွစ္ပို႔ခ်ေနေၾကာင္း ပညာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေျပာသည္။

တိုင္းေဒသႀကီး/ ျပည္နယ္ပညာေရးမွဴးမ်ားႏွင့္ ခ႐ိုင္ပညာေရးမွဴးမ်ားအတြက္ ဖြင့္လွစ္ပို႔ခ်သည့္ စီမံခန႔္ခြဲမႈ စြမ္းေဆာင္ရည္ျမင့္မားေရး အလုပ္႐ုံေဆြးေႏြးပြဲအား ဧၿပီလ ၂၃ ရက္ေန႔တြင္ က်င္းပခဲ့ၿပီး အဆိုပါေဆြးေႏြးပြဲတြင္ ဒုဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိရာတြင္ KG+12 စနစ္သစ္ သင္႐ိုးတန္းမ်ား ကို ႏွစ္အလိုက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လာမည့္ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္ တြင္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္႐ိုးသစ္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္႐ိုးသစ္ TOT သင္တန္းမ်ားကိုလည္း ဧၿပီ ၄ ရက္ မွစ၍ ဖြင့္လွစ္ပို႔ခ် လ်က္ရွိေၾကာင္းႏွင့္ ပညာေရးမွဴးမ်ားအေနျဖင့္လည္း သက္ဆိုင္ရာေဒသအလိုက္ ဆင့္ပြားသင္တန္းမ်ားကို စနစ္တက် ဆက္လက္ဖြင့္လွစ္ပို႔ခ်ႏိုင္ေရးအတြက္ ပံ့ပိုးေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက ေျပာ ၾကားသည္။

ထို႔အျပင္ ဘ႑ာေရးလုပ္ထုံးလုပ္နည္းမ်ားႏွင့္ပတ္သက္၍ ၁/၂ဝ၁၇၊ ၃၅/ ၂ဝ၁၇ ႏွင့္ ၁/၂ဝ၂၂ ၫႊန္ၾကားခ်က္ မ်ားႏွင့္အညီ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အေျခခံပညာေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ ဆရာ ဆရာမႀကီးမ်ားအေပၚတြင္ မ်ားစြာမူတည္သည့္အတြက္ လက္ရွိတာဝန္ယူေဆာင္႐ြက္ေနသည့္ တိုင္းေဒသႀကီး/ ျပည္နယ္ပညာေရးမွဴးမ်ား၊ ခ႐ိုင္ပညာေရးမွဴးမ်ား၊ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားႏွင့္ ေက်ာင္းအုပ္ႀကီးမ်ားအေနျဖင့္ စီမံ/ဘ႑ာ/ပညာက႑မ်ားကို ၫႊန္ၾကားခ်က္ႏွင့္အညီ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းလည္း ဒုဝန္ႀကီးက မွာၾကားသည္။

ပညာေရးဝန္ႀကီးဌာနသည္ အေျခခံပညာေရးကို ယခင္ သူငယ္တန္း+၁ဝ တန္း စနစ္ကို က်င့္သုံးခဲ့ရာမွ ၂ဝ၁၆-၁၇ ပညာသင္ႏွစ္ကစကာ သူငယ္တန္း+၁၂ တန္းစနစ္သစ္ကို စတင္ေျပာင္းလဲခဲ့သည္။ စနစ္သစ္အရ ၂ဝ၁၆-၁၇ ပညာသင္ႏွစ္ကစတင္ကာ သူငယ္တန္း (KG)၊ ၂ဝ၁၇-၁၈ ပညာသင္ႏွစ္၌ ပထမတန္း (Grade-1)၊ ၂ဝ၁၈-၁၉ ပညာသင္ႏွစ္၌ ဒုတိယတန္း (Grade- 2)၊ ၂ဝ၁၉-၂ဝ ပညာသင္ႏွစ္တြင္ တတိယတန္း (Grade-3) ႏွင့္ စတုတၳတန္း(Grade-6) တြင္ ေက်ာင္းသားေက်ာင္းသူမ်ားအား သင္႐ိုးၫႊန္းတမ္းအသစ္ျဖင့္ စတင္သင္ၾကားခဲ့ သည္။ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင္ႏွစ္တြင္ အထက္တန္းအဆင့္အတန္းမ်ား ေက်ာင္းတစ္လေက်ာ္ ဖြင့္လွစ္ခဲ့စဥ္က ဒသမတန္း (Grade-10) ကို သင္႐ိုးသစ္ ေျပာင္းလဲသင္ၾကားခဲ့ၿပီး လာမည့္ ၂ဝ၂၂-၂၃ ပညာသင္ႏွစ္တြင္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္႐ိုးသစ္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.