ဗိုလ်ချုပ်ဈေးနှင့် Junction City ကို ဆက်သွယ်ထားသော လူကူးဂုံးကျော်တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်

1355

မျိုးကြီး (NP News) - ဧပြီ ၂၅
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်ဈေးနှင့် Junction City တို့ကို ဆက်သွယ်ထားသော လူကူးဂုံးကျော် တံတားပေါ်တွင် ယနေ့ ဧပြီ ၂၅ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။
အဆိုပါ လူကူးဂုံးကျော်တံတားပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူထိဒဏ်ရာရရှိခဲ့မှု မရှိ ကြောင်း သိရသည်။
“ဂုံးကျော်တံတားအပေါ်မှာ ပေါက်ကွဲတာ။ ဖြစ်တာက မနက်အစောပိုင်းမှာဖြစ်တာဆိုတော့ လူသွားလူလာက သိပ်မရှိဘူး။ လူတွေ ထိခိုက်တာတော့ မတွေ့ဘူး” ဟု ဗိုလ်ချုပ်ဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
၎င်းပေါက်ကွဲမှုဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လုပ်ကိုင်ဆောင်ရွက်သည်ကို လတ်တလောတွင် ထုတ်ဖော် ပြောလာ ခြင်းမျိုး မတွေ့ရသေးပေ။
ထို့ပြင် ပြီးခဲ့သောရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ကမာရွတ်မြို့မရဲစခန်း လက်လုပ်ဗုံးဖြင့် နှစ်ကြိမ်ပစ် ခံခဲ့ရပြီး ရဲစခန်းမှလုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

Zawgyi Version;
ဗိုလ္ခ်ဳပ္ေဈးႏွင့္ Junction City ကို ဆက္သြယ္ထားေသာ လူကူးဂုံးေက်ာ္တံတားေပၚတြင္ ေပါက္ကြဲမႈျဖစ္
မ်ဳိးႀကီး (NP News) - ဧၿပီ ၂၅
ရန္ကုန္တိုင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ ဗိုလ္ခ်ဳပ္ေဈးႏွင့္ Junction City တို႔ကို ဆက္သြယ္ထားေသာ လူကူးဂုံးေက်ာ္ တံတားေပၚတြင္ ယေန႔ ဧၿပီ ၂၅ ရက္ နံနက္အေစာပိုင္းက ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။
အဆိုပါ လူကူးဂုံုးေက်ာ္တံတားေပၚတြင္ ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ လူထိဒဏ္ရာရရွိခဲ့မႈ မရွိ ေၾကာင္း သိရသည္။
“ဂုံးေက်ာ္တံတားအေပၚမွာ ေပါက္ကြဲတာ။ ျဖစ္တာက မနက္အေစာပိုင္းမွာျဖစ္တာဆိုေတာ့ လူသြားလူလာက သိပ္မရွိဘူး။ လူေတြ ထိခိုက္တာေတာ့ မေတြ႕ဘူး” ဟု ဗိုလ္ခ်ဳပ္ေဈးအနီးတြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။
ထိုသို႔ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
၎ေပါက္ကြဲမႈျဖစ္စဥ္ကို မည္သည့္အဖြဲ႕အစည္းက လုပ္ကိုင္ေဆာင္႐ြက္သည္ကို လတ္တေလာတြင္ ထုတ္ေဖာ္ ေျပာလာ ျခင္းမ်ိဳး မေတြ႕ရေသးေပ။
ထို႔ျပင္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္းက ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ကမာ႐ြတ္ၿမိဳ႕မရဲစခန္း လက္လုပ္ဗုံးျဖင့္ ႏွစ္ႀကိမ္ပစ္ ခံခဲ့ရၿပီး ရဲစခန္းမွလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေသာ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္။