ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် အရေးယူမှုပြုလုပ်ရန် သင့်၊မသင့် ဆွေးနွေးညှိနှိုင်းနေဟုဆို

 1756

ရဲပြည့် (NP News) - ဧပြီ ၂၉
ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် အရေးယူမှုပြုလုပ်ရန် သင့်၊မသင့် ဆွေးနွေးညှိနှိုင်းနေပြီး တရားလွှတ် တော်ရှေ့နေများကောင်စီအနေဖြင့် ကန့်ကွက်ရန် ရှိ၊မရှိကို ပြည်ထောင် စုတရားလွှတ်တော်ချုပ်သို့ သဘောထားပြန်ကြားပေးရမည်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦးမှ ပြောသည်။

တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂ဝ၂၂ ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1၊ တိုက်အမှတ် (၆)ရှိ တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးတွင် ဧပြီလ ၂၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် ၎င်းက အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၂၁ ဦးတို့ကို Enroll စိစစ်ပြီးဖြစ်၍ အစည်း အဝေးတွင် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ပြီး ကန့်ကွက်ရန် ရှိ၊ မရှိကို ပြည် ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထားပြန်ကြားပေးရမည်ဖြစ်ကြောင်း ၎င်းမှ ပြောသည်။

၎င်းက ကောင်စီဝင်များအနေဖြင့် သုတေသနစာတမ်းများ တင်ပြရန်ရှိပါက တင်ပြနိုင်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ရှေ့နေကျင့် ဝတ်ဆိုင်ရာများ၊ ဥပဒေ လက်တွေ့အသုံးချမှုများ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးဌာနများ၏ ဥပဒေအကောင်အထည်ဖော်ဆောင်ခဲ့မှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ကိစ္စများအတွက် သင် တန်းများ ပို့ချပေးရန် ကောင်စီ၌ စီစဉ်သင့်ကြောင်း၊ တရားလွှတ်တော်ရှေ့နေ ဟုတ်၊ မဟုတ် စိစစ်ပြန်ကြားပေးရန် ကိစ္စများလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခါအားလျော်စွာ မေးမြန်းစုံစမ်းမှုများရှိ၍ စိစစ်ပြန်ကြားပေးခဲ့ရခြင်းများလည်းရှိကြောင်း ထည့်သွင်းပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းရှေ့နေ လိုင်စင်သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ပြီး(နှစ်လွန်) အထက်တန်းရှေ့နေလိုင်စင် သက်တမ်းတိုးခွင့်ပြုရန် အသနားခံစာများကို တရားလွှတ်တော်ရှေ့နေများ ကောင် စီက လက်ခံရရှိခဲ့၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။ တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်ကတ် (Smart Card) များကိုလည်း တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ေရွ႕ေနက်င့္ဝတ္ေဖာက္ဖ်က္သည့္ တရားလႊတ္ေတာ္ေရွ႕ေနမ်ားအေပၚ အေရးယူမႈျပဳလုပ္ရန္ သင့္၊မသင့္ ေဆြးေႏြးညႇိႏႈိင္းေနဟုဆို
ရဲျပည့္ (NP News) - ဧၿပီ ၂၉

ေရွ႕ေနက်င့္ဝတ္ေဖာက္ဖ်က္သည့္ တရားလႊတ္ေတာ္ေရွ႕ေနမ်ားအေပၚ အေရးယူမႈျပဳလုပ္ရန္ သင့္၊မသင့္ ေဆြးေႏြးညႇိႏႈိင္းေနၿပီး တရားလႊတ္ ေတာ္ေရွ႕ေနမ်ားေကာင္စီအေနျဖင့္ ကန႔္ကြက္ရန္ ရွိ၊မရွိကို ျပည္ေထာင္ စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ သေဘာထားျပန္ၾကားေပးရမည္ျဖစ္ေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ျပည္ေထာင္စုေရွ႕ေန ခ်ဳပ္၊ တရားလႊတ္ေတာ္ေရွ႕ေနမ်ားေကာင္စီဥကၠ႒ ေဒါက္တာသီတာဦးမွ ေျပာသည္။

တရားလႊတ္ေတာ္ေရွ႕ေနမ်ား ေကာင္စီအစည္းအေဝး အမွတ္စဥ္ ၂/၂ဝ၂၂ ကို ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ ဝဏၰသိဒၶိရပ္ကြက္ရွိ ေနျပည္ေတာ္ အားကစားေလ့က်င့္ေရးစခန္း၊ Cluster–1၊ တိုက္အမွတ္ (၆)ရွိ တရားလႊတ္ေတာ္ေရွ႕ေနမ်ား ေကာင္စီ႐ုံးတြင္ ဧၿပီလ ၂၈ ရက္က က်င္းပခဲ့ျခင္းျဖစ္ၿပီး အဆိုပါအစည္းအေဝးတြင္ ၎က အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

တရားလႊတ္ေတာ္ေရွ႕ေနအျဖစ္ စာရင္းတင္သြင္းခြင့္ျပဳရန္ ေလွ်ာက္ထားသည့္ အထက္တန္းေရွ႕ေန ၁၂၁ ဦးတို႔ကို Enroll စိစစ္ၿပီးျဖစ္၍ အစည္း အေဝးတြင္ ေဆြးေႏြးညႇိႏႈိင္းဆုံးျဖတ္ၿပီး ကန႔္ကြက္ရန္ ရွိ၊ မရွိကို ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ သေဘာထားျပန္ၾကားေပးရမည္ျဖစ္ေၾကာင္း ၎မွ ေျပာသည္။

၎က ေကာင္စီဝင္မ်ားအေနျဖင့္ သုေတသနစာတမ္းမ်ား တင္ျပရန္ရွိပါက တင္ျပႏိုင္ပါေၾကာင္း၊ တရားလႊတ္ေတာ္ေရွ႕ေနမ်ား၏ ေရွ႕ေနက်င့္ ဝတ္ဆိုင္ရာမ်ား၊ ဥပေဒ လက္ေတြ႕အသုံးခ်မႈမ်ား၊ ျပည္ေထာင္စုအစိုးရ အဖြဲ႕ဝန္ႀကီးဌာနမ်ား၏ ဥပေဒအေကာင္အထည္ေဖာ္ေဆာင္ခဲ့မႈမ်ား၊ တရားဥပေဒစိုးမိုးေရးႏွင့္ တရားမွ်တမႈဆိုင္ရာ ကိစၥမ်ားအတြက္ သင္ တန္းမ်ား ပို႔ခ်ေပးရန္ ေကာင္စီ၌ စီစဥ္သင့္ေၾကာင္း၊ တရားလႊတ္ေတာ္ေရွ႕ေန ဟုတ္၊ မဟုတ္ စိစစ္ျပန္ၾကားေပးရန္ ကိစၥမ်ားလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က အခါအားေလ်ာ္စြာ ေမးျမန္းစုံစမ္းမႈမ်ားရွိ၍ စိစစ္ျပန္ၾကားေပးခဲ့ရျခင္းမ်ားလည္းရွိေၾကာင္း ထည့္သြင္းေျပာသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အထက္တန္းေရွ႕ေန လိုင္စင္သက္တမ္းတိုးရန္ ပ်က္ကြက္ခဲ့ၿပီး(ႏွစ္လြန္) အထက္တန္းေရွ႕ေနလိုင္စင္ သက္တမ္းတိုးခြင့္ျပဳရန္ အသနားခံစာမ်ားကို တရားလႊတ္ေတာ္ေရွ႕ေနမ်ား ေကာင္ စီက လက္ခံရရွိခဲ့၍ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ လႊဲေျပာင္းေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။ တရားလႊတ္ေတာ္ေရွ႕ေန မွတ္ပုံတင္ကတ္ (Smart Card) မ်ားကိုလည္း တစ္ကတ္လွ်င္ ေငြက်ပ္ ၁၅ဝဝ ႏႈန္းျဖင့္ ေဈးႏႈန္းသက္သာစြာ ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

Picture

L Mone

29/04/2022 12:50

တရားရေး မဏ္ဍိုင်က မြန်မာပြည်မှာ ရစရာ သိက္ခာနည်း လွန်းနေပါပြိ။ဥပမာ တစ်ခု တရားရုံးမှာ အမှူ့စတိုင်အမှူ့စစ်ပြီး အမိန့်ချပြီးတိုင်း ရှူံးသူဘက်က သူမှန်တယ် ‌‌ဟိုဘက်ကလာဘ်ပေးလို့ သူရှူံးတာပါလို့ ပဲ အမြဲပတ်ဝန်းကျင်ကို အဖြေပေးနေကြတယ်။သူခိုးကတောင် ကျွန်တော်မတရားခံရတာပါ လူမှားဖမ်းတာပါ။ဒါကိုရဲက မတရားသဖြင့် မသိပဲ ဇွတ်ဖမ်းတယ် ‌‌တရားသူကြီးကအမိန့်ချတယ်လို့ ပြန်ပြီး အစွပ်စွဲခံနေရကြရတယ်။မူးယစ်ဆေး ပိုဆိုးသေးတယ် အစားထိုး ပြစ်ဒဏ်တို့ လူတစားလဲတာတွေ လွတ်ငြိမ်းခွင့်တင်တာတွေမှာ မပါပဲ အစားထိုး ထည့်တာပေါ့လေ။

Picture

L Mone

29/04/2022 12:51

ပါးစပ်သရမ်းမှူ့တွေကိုပါ ပွင့်ပွင့်လင်းလင်း ကိုယ်တွယ်ကြရမှာပါ။

Related news

© 2021. All rights reserved.