ဂျပန်ဝန်ကြီးချုပ်က ထိုင်းနဲ့ ကာကွယ်ရေး သဘောတူညီချက်များပြုလုပ်

 607

ရောင်နီ (NP News) - မေ ၃
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အရှေ့တောင်အာရှသုံးနိုင်ငံ ခရီးစဉ် နောက်ဆုံးအကျော့မှာ ကာကွယ်ရေး သဘောတူညီချက်သစ်ကို မေလ ၂ ရက်၊ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသဘောတူညီချက်ဟာ ဒေသတွင်း အကြီးဆုံးနဲ့ အများဆုံးတပ်များအတွက် အမေရိကန်စစ်တပ်နဲ့ ရှည်လျားသော သမိုင်းကြောင်းရှိတဲ့ ကာကွယ်ရေးပစ္စည်းကိရိယာများ၊ နည်းပညာများကို ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ သဘောတူညီချက်ရဲ့ နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ် ဖော်ပြောကြားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

"ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ရည်မှန်းချက်ဖြစ်တဲ့ ဒီလှုပ်ရှားမှုမှာ ဂျပန်နိုင်ငံရဲ့အမျိုးသားကာကွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင် ကူညီပေးမှာပါ" လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက Mr Kishida နဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားပါတယ်။ ထောက်ပံ့ရေးကွင်းဆက်များမှာ တိုးတက်မှုများအနေနဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဂျပန်နိုင်ငံနဲ့ ငါးနှစ်ကြာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူကြမ်းရေးဆွဲရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်များစွာကြာ ဂျပန်နိုင်ငံအတွက် အရေးပါသော ဒေသတစ်ခုဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ အင်ဂျင်နီယာစက်မှုဇုန်များ၊ မော်တော်ကားနဲ့ အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ် ရေးအထိ တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ထိုင်းနိုင်ငံဟာ အမေရိကန်၊ ဂျပန်ရဲ့ရင်းနှီးတဲ့ မဟာမိတ်နဲ့ အရှေ့တောင်အာရှ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံတို့ကြား တိုက်ပွဲဖြစ်နေ ဆဲဖြစ်ပါတယ်။

မစ္စတာ ကီရှီဒါဟာ ၎င်းရဲ့သုံးရက်ကြာခရီးစဉ်မှာ ဂျပန်ကုမ္ပဏီများ အများအပြားတည်ရှိရာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ Seven Group (G7) ရဲ့ အာရှ တစ်ဦးတည်းသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ် မစ္စတာကီရှီဒါဟာ ၎င်းရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ရုရှားနိုင်ငံရဲ့ ယူကရိန်းသို့ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီလည်း ဆွေးနွေးခဲ့ပါတယ်။ အရှေ့ တောင်အာရှ ၉ နိုင်ငံဟာ ကျူးကျော်မှုကို ရှုတ်ချကာ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ကျောထောက် နောက်ခံပြုခဲ့ပြီး မစ္စတာကီရှီဒါက ထိုင်းနိုင်ငံရဲ့ ပံ့ပိုးကူညီမှုအတွက် ဗိုလ်ချုပ်ကြီးပရာယွတ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ Covid-19 လျော့ပါး သက်သာစေရေးကြိုးပမ်းမှုများကို ပံ့ပိုးရန်အတွက် တိုကျိုက ယန်း ၅ဝ ဘီလျံ (ဘတ် ၁၃ ဘီလျံ) ချေးငွေ တိုးမြှင့်ပေးမှာဖြစ်ကြောင်း ဂျပန်ပြည်သူ့ရေးရာ အစိုးရအဖွဲ့အတွင်းဝန် Noriyuki Shikata က မေလ ၂ ရက်၊ တနင်္လာနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

https://www.bangkokpost.com/thailand/general/2303674/japan-pm-agrees-defence-deal-with-thailand?fbclid=IwAR3WtTkzLDapfZ_a1vDGdM5y9oJP6ayJsHxmVpKVzpYciBQ__iw_0gUUpFo

Zawgyi Version;
ဂ်ပန္ဝန္ႀကီးခ်ဳပ္က ထိုင္းနဲ႔ ကာကြယ္ေရး သေဘာတူညီခ်က္မ်ားျပဳလုပ္
ေရာင္နီ (NP News) - ေမ ၃
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွီဒါက အေရွ႕ေတာင္အာရွသုံးႏိုင္ငံ ခရီးစဥ္ ေနာက္ဆုံးအေက်ာ့မွာ ကာကြယ္ေရး သေဘာတူညီခ်က္သစ္ကို ေမလ ၂ ရက္၊ တနလၤာေန႔က ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါသေဘာတူညီခ်က္ဟာ ေဒသတြင္း အႀကီးဆုံးနဲ႔ အမ်ားဆုံးတပ္မ်ားအတြက္ အေမရိကန္စစ္တပ္နဲ႔ ရွည္လ်ားေသာ သမိုင္းေၾကာင္းရွိတဲ့ ကာကြယ္ေရးပစၥည္းကိရိယာမ်ား၊ နည္းပညာမ်ားကို ဂ်ပန္ႏိုင္ငံမွ ထိုင္းႏိုင္ငံ သို႔ လႊဲေျပာင္းေပးမွာျဖစ္ပါတယ္။ သေဘာတူညီခ်က္ရဲ႕ ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ ေဖာ္ေျပာၾကားျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။

"ထိုင္းႏိုင္ငံအတြက္ အေရးႀကီးတဲ့ရည္မွန္းခ်က္ျဖစ္တဲ့ ဒီလႈပ္ရွားမႈမွာ ဂ်ပန္ႏိုင္ငံရဲ႕အမ်ိဳးသားကာကြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးတက္လာေအာင္ ကူညီေပးမွာပါ" လို႔ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက Mr Kishida နဲ႔ ပူးတြဲေၾကညာခ်က္မွာ ေျပာၾကားပါတယ္။ ေထာက္ပံ့ေရးကြင္းဆက္မ်ားမွာ တိုးတက္မႈမ်ားအေနနဲ႔ ထိုင္းႏိုင္ငံရဲ႕ အႀကီးဆုံးရင္းႏွီးျမႇဳပ္ႏွံသူ ဂ်ပန္ႏိုင္ငံနဲ႔ ငါးႏွစ္ၾကာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မူၾကမ္းေရးဆြဲေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္က ေျပာၾကားပါတယ္။

ထိုင္းႏိုင္ငံဟာ ဆယ္စုႏွစ္မ်ားစြာၾကာ ဂ်ပန္ႏိုင္ငံအတြက္ အေရးပါေသာ ေဒသတစ္ခုျဖစ္ခဲ့ၿပီး စက္မႈလုပ္ငန္း၊ အေျခခံအေဆာက္အအုံ၊ အင္ဂ်င္နီယာစက္မႈဇုန္မ်ား၊ ေမာ္ေတာ္ကားနဲ႔ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ား ထုတ္လုပ္ ေရးအထိ တြဲဖက္လုပ္ေဆာင္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း ထိုင္းႏိုင္ငံဟာ အေမရိကန္၊ ဂ်ပန္ရဲ႕ရင္းႏွီးတဲ့ မဟာမိတ္နဲ႔ အေရွ႕ေတာင္အာရွ အႀကီးမားဆုံးကုန္သြယ္ေရးမိတ္ဖက္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံတို႔ၾကား တိုက္ပြဲျဖစ္ေန ဆဲျဖစ္ပါတယ္။

မစၥတာ ကီရွီဒါဟာ ၎ရဲ႕သုံးရက္ၾကာခရီးစဥ္မွာ ဂ်ပန္ကုမၸဏီမ်ား အမ်ားအျပားတည္ရွိရာ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားတို႔ကိုလည္း သြားေရာက္လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။ Seven Group (G7) ရဲ႕ အာရွ တစ္ဦးတည္းေသာ အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္ မစၥတာကီရွီဒါဟာ ၎ရဲ႕ အေရွ႕ေတာင္အာရွ ခရီးစဥ္အတြင္း ႐ုရွားႏိုင္ငံရဲ႕ ယူကရိန္းသို႔က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ပတ္သက္ၿပီလည္း ေဆြးေႏြးခဲ့ပါတယ္။ အေရွ႕ ေတာင္အာရွ ၉ ႏိုင္ငံဟာ က်ဴးေက်ာ္မႈကို ရႈတ္ခ်ကာ ကုလသမဂၢရဲ႕ဆုံးျဖတ္ခ်က္ကို ေက်ာေထာက္ ေနာက္ခံျပဳခဲ့ၿပီး မစၥတာကီရွီဒါက ထိုင္းႏိုင္ငံရဲ႕ ပံ့ပိုးကူညီမႈအတြက္ ဗိုလ္ခ်ဳပ္ႀကီးပရာယြတ္ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ထိုင္းႏိုင္ငံရဲ႕ Covid-19 ေလ်ာ့ပါး သက္သာေစေရးႀကိဳးပမ္းမႈမ်ားကို ပံ့ပိုးရန္အတြက္ တိုက်ိဳက ယန္း ၅ဝ ဘီလ်ံ (ဘတ္ ၁၃ ဘီလ်ံ) ေခ်းေငြ တိုးျမႇင့္ေပးမွာျဖစ္ေၾကာင္း ဂ်ပန္ျပည္သူ႔ေရးရာ အစိုးရအဖြဲ႕အတြင္းဝန္ Noriyuki Shikata က ေမလ ၂ ရက္၊ တနလၤာေန႔အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

https://www.bangkokpost.com/thailand/general/2303674/japan-pm-agrees-defence-deal-with-thailand?fbclid=IwAR3WtTkzLDapfZ_a1vDGdM5y9oJP6ayJsHxmVpKVzpYciBQ__iw_0gUUpFo

Related news

© 2021. All rights reserved.