ပြည်တွင်း၌ ကော်ဖီစိုက်ဧက(၅ဝဝဝဝ)ကျော်ရှိသော်လည်း ကော်ဖီစေ့တန်ချိန်(၁ဝဝဝဝ)ခန့်သာ နှစ်စဉ်ထုတ်လုပ်နိုင်

 1420

ဖူးပြည့် (NP News) - မေ ၆
ပြည်တွင်း၌ ကော်ဖီစိုက်ဧက ၅ဝဝဝဝ ကျော်ရှိသော်လည်း နှစ် စဉ်ကော်ဖီစေ့တန်ချိန် ၁ဝဝဝဝ ခန့်သာ ထုတ်လုပ်နိုင်ကြောင်း မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရသိရသည်။

ထို့ကြောင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ ကုန်းမြင့်ကော်ဖီမျိုးများစိုက်ပျိုးရန် ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသများသည် ရေမြေရာသီဥတုသင့်တော်ပြီး မြေပြန့်ကော်ဖီနှင့် သင့်တော်သည့် ဒေသများ လည်းရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် Robusta နှင့် Arabica ကော်ဖီမျိုးတို့ကိုစိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက် ပျိုးမှု အများအပြားရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသမှ အထူး တန်းဝင် ကော်ဖီ (Specialty Coffee)ကို ထုတ်လုပ်ပြီး ဈေး ကောင်းရရှိသဖြင့် ကော်ဖီစိုက်တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်း လျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ကော်ဖီ(Myanmar Coffee) Brand ကို တစ်ကမ္ဘာလုံးက လက်ခံကြိုက် နှစ်သက်ပြီး အားပေးရသည်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားရန်လည်း နစက ဥက္ကဋ္ဌက ကော်ဖီစိုက်တောင်သူများကို ပြောကြားခဲ့ဖူးသည်။

ယခင်က ဥရောပနိုင်ငံများတွင်သာ ကော်ဖီစိုက်ပျိုးမှုနှင့် သောက်သုံးမှုများပြားခဲ့သော်လည်း လက်ရှိအချိန်တွင် အာရှနိုင်ငံများ၌လည်း အဓိကထား စိုက်ပျိုးသောက်သုံးလာကြကြောင်း သိရသည်။

ပြည်ပသို့ မြန်မာ့ကော်ဖီတင်ပို့မှုသည် နှစ်စဉ်တန်ချိန် (၄ဝဝ) ခန့်ရှိပြီး အမေရိကန်၊ ဥရောပ၊ အင်္ဂလန်တို့ အပါအဝင်နိုင် ငံ (၁၆) နိုင်ငံသို့ တင်ပို့လျက်ရှိကာ ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုကြောင့် တင်ပို့မှုလျော့နည်းလျက်ရှိကြောင်း ကော်ဖီစိုက်လုပ်ငန်းရှင်များထံမှသိရသည်။

ပြည်တွင်း၌ ကော်ဖီကို နှစ်စဉ်ဒီဇင်ဘာလမှ နောက်နှစ်မတ်လအထိ ခူး ဆွတ်ထုတ်လုပ်ပြီး ဧပြီလနောက်ပိုင်းမှစတင်ကာ တစ်နှစ်ပတ်လုံး ရောင်းချရကြောင်းသိရသည်။

https://npnewsmm.com/news/6274db99442954098937af84

zawgyi version
ျပည္တြင္း၌ ေကာ္ဖီစိုက္ဧက(၅ဝဝဝဝ)ေက်ာ္ရွိေသာ္လည္း ေကာ္ဖီေစ့တန္ခ်ိန္(၁ဝဝဝဝ)ခန႔္သာ ႏွစ္စဥ္ထုတ္လုပ္ႏိုင္
ဖူးျပည့္ (NP News) - ေမ ၆

ျပည္တြင္း၌ ေကာ္ဖီစိုက္ဧက ၅ဝဝဝဝ ေက်ာ္ရွိေသာ္လည္း ႏွစ္ စဥ္ေကာ္ဖီေစ့တန္ခ်ိန္ ၁ဝဝဝဝ ခန႔္သာ ထုတ္လုပ္ႏိုင္ေၾကာင္း ေမြးျမဴ ေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။

ထို႔ေၾကာင့္ ေကာ္ဖီသီးႏွံတိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ေရးကိုလည္း ႏိုင္ငံေတာ္အစိုးရက အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ျမန္မာႏိုင္ငံ၌ ကုန္းျမင့္ေကာ္ဖီမ်ိဳးမ်ားစိုက္ပ်ိဳးရန္ ရွမ္းျပည္နယ္၊ ခ်င္း ျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ေဒသမ်ားသည္ ေရေျမရာသီဥတုသင့္ေတာ္ၿပီး ေျမျပန႔္ေကာ္ဖီႏွင့္ သင့္ေတာ္သည့္ ေဒသမ်ား လည္းရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ Robusta ႏွင့္ Arabica ေကာ္ဖီမ်ိဳးတို႔ကိုစိုက္ပ်ိဳးလ်က္ရွိၿပီး ျပင္ဦးလြင္ေဒသတြင္ ေကာ္ဖီစိုက္ ပ်ိဳးမႈ အမ်ားအျပားရွိေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ ျပင္ဦးလြင္ေဒသႏွင့္ ရွမ္းျပည္နယ္ ႐ြာငံေဒသမွ အထူး တန္းဝင္ ေကာ္ဖီ (Specialty Coffee)ကို ထုတ္လုပ္ၿပီး ေဈး ေကာင္းရရွိသျဖင့္ ေကာ္ဖီစိုက္ေတာင္သူမ်ား၊ လုပ္ငန္းရွင္မ်ား အက်ိဳးျဖစ္ထြန္း လ်က္ရွိေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ျမန္မာ့ေကာ္ဖီ(Myanmar Coffee) Brand ကို တစ္ကမာၻလုံးက လက္ခံႀကိဳက္ ႏွစ္သက္ၿပီး အားေပးရသည္အထိ ထိုးေဖာက္ႏိုင္ေအာင္ ေဆာင္႐ြက္သြားရန္လည္း နစက ဥကၠ႒က ေကာ္ဖီစိုက္ေတာင္သူမ်ားကို ေျပာၾကားခဲ့ဖူးသည္။

ယခင္က ဥေရာပႏိုင္ငံမ်ားတြင္သာ ေကာ္ဖီစိုက္ပ်ိဳးမႈႏွင့္ ေသာက္သုံးမႈမ်ားျပားခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အာရွႏိုင္ငံမ်ား၌လည္း အဓိကထား စိုက္ပ်ိဳးေသာက္သုံးလာၾကေၾကာင္း သိရသည္။

ျပည္ပသို႔ ျမန္မာ့ေကာ္ဖီတင္ပို႔မႈသည္ ႏွစ္စဥ္တန္ခ်ိန္ (၄ဝဝ) ခန႔္ရွိၿပီး အေမရိကန္၊ ဥေရာပ၊ အဂၤလန္တို႔ အပါအဝင္ႏိုင္ ငံ (၁၆) ႏိုင္ငံသို႔ တင္ပို႔လ်က္ရွိကာ ကိုဗစ္-၁၉ ေရာဂါ၏ ႐ိုက္ခတ္မႈေၾကာင့္ တင္ပို႔မႈေလ်ာ့နည္းလ်က္ရွိေၾကာင္း ေကာ္ဖီစိုက္လုပ္ငန္းရွင္မ်ားထံမွသိရသည္။

ျပည္တြင္း၌ ေကာ္ဖီကို ႏွစ္စဥ္ဒီဇင္ဘာလမွ ေနာက္ႏွစ္မတ္လအထိ ခူး ဆြတ္ထုတ္လုပ္ၿပီး ဧၿပီလေနာက္ပိုင္းမွစတင္ကာ တစ္ႏွစ္ပတ္လုံး ေရာင္းခ်ရေၾကာင္းသိရသည္။

https://npnewsmm.com/news/6274db99442954098937af84

Related news

© 2021. All rights reserved.