MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို

190

ချယ်ရီ (NP News) - ဇူလိုင် ၁၅
MSME လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန‒ ၃၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်)က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်‒၃ ၌ ကျင်းပသည့် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ငလျင်ကြီးကြောင့် ရုံးများ၊ လူနေအိမ်အဆောက်အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီး အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ (MSME) ၊ စက်ရုံ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိခဲ့ရပြီးနောက် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကာ (MSME) လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သဘာဝဘေးကြုံတွေ့ရမှုများ
ကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်၍ ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ပြောကြားသည်။

Zawgyi Version:
MSME လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ရန္ က႑အလိုက္ တာဝန္ယူရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဆို
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၅
MSME လုပ္ငန္းမ်ား ပုံမွန္ျပန္လည္လည္ပတ္ႏိုင္ရန္ သက္ဆိုင္ရာက႑အလိုက္ တာဝန္ယူပံ့ပိုးေဆာင္႐ြက္ေပးၾကရန္ လိုအပ္ေၾကာင္း အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာ အစိုးရ‒ပုဂၢလိက ပို႔ကုန္ျမႇင့္တင္ေရးေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး ဝန္ႀကီးဌာန‒ ၃၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္တင့္က ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဇူလိုင္လ ၁၄ ရက္)က ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ႐ုံးအမွတ္‒၃ ၌ က်င္းပသည့္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာ အစိုးရ‒ပုဂၢလိက ပို႔ကုန္ျမႇင့္တင္ေရးေကာ္မတီ၏ (၂/၂၀၂၅) ႀကိမ္ေျမာက္ အစည္းအေဝး၌ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ငလ်င္ႀကီးေၾကာင့္ ႐ုံးမ်ား၊ လူေနအိမ္အေဆာက္အအုံမ်ား၊ လမ္းမ်ား၊ တံတားမ်ားၿပိဳက်ခဲ့ရၿပီး အေသးစား၊ အငယ္စားႏွင့္ အလတ္ စားစီးပြားေရးလုပ္ငန္းမ်ား (MSME) ၊ စက္႐ုံ အလုပ္႐ုံမ်ား၊ စီးပြားေရးလုပ္ငန္းႀကီးမ်ား ထိခိုက္ပ်က္စီးခဲ့သည္ကို ေတြ႕ရွိခဲ့ရၿပီးေနာက္ ငလ်င္ေဘးအလြန္ ျမန္မာ့စီးပြားေရး ျပန္လည္ကုစားျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း သုံးသပ္ေဆြးေႏြးပြဲကို က်င္းပခဲ့ကာ (MSME) လုပ္ငန္းမ်ား ပုံမွန္ျပန္လည္လည္ပတ္လာႏိုင္ရန္ သက္ဆိုင္ရာက႑မ်ားအလိုက္ တာဝန္ယူပံ့ပိုးေဆာင္႐ြက္ေပးၾကရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာ (၂၀၂၀-၂၀၂၅) အေကာင္အထည္ေဖာ္မႈကာလ ၿပီးဆုံးေတာ့မည္ ျဖစ္သည့္အတြက္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာ (၂၀၂၆-၂၀၃၀) ကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး သဘာဝေဘးႀကဳံေတြ႕ရမႈမ်ား
ကိုလည္း ႀကံ့ႀကံ့ခံရင္ဆိုင္၍ ပို႔ကုန္တိုးျမႇင့္တင္ပို႔ေရးကို ဆက္လက္ျမႇင့္တင္ေဆာင္႐ြက္ၾကရန္ႏွင့္ ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ားအေပၚ လိုအပ္သလို ေပါင္းစပ္ေျဖရွင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္တင့္က ေျပာၾကားသည္။