AA ထိန်းချုပ်ရာ ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြည်သူများအခက်တွေ့

424

သက်ပိုင် (NP News) - ဇူလိုင်လ ၁၅
ရခိုင်ပြည်နယ်မှ AA ထိန်းချုပ်ရာဒေသ များတွင် အခြေခံစားသောက်ကုန်အပါအဝင် လူသုံး ကုန်ပစ္စည်းများအားလုံး အဆမတန်ဈေးမြင့်တက် လျက်ရှိကြောင်း ဒေသခံများက NP News သို့ ပြောသည်။
လက်ရှိတွင် အခြေခံစားသောက်ကုန်များ မှာ ပြည်မနှင့်နှိုင်းယှဉ်ပါက သုံးဆကျော်လေးဆခန့် အထိ မြင့်တက်လျက်ရှိကြောင်းနှင့် ထိုသို့ မြင့်တက် မှုကြောင့် ဒေသခံပြည်သူများမှာ ကျပ်တည်းမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
" ဒီမှာက အလုပ်အကိုင်တွေကလည်း ဒီလောက်ထိမရှိဘူး။ ဒီကြားထဲ ကုန်ဈေးတွေကလည်း အရမ်းကြီးလာတော့ တော်တော်ဒုက္ခရောက်ကြရ တယ်။ တခြားမပြောနဲ့ ငရုတ်သီးစိမ်းလိုဟာတောင် တစ်ဆယ်သားကို ငါးထောင်လောက်ပေးနေရတယ်။ ငွေသုံးသောင်းရှိရင်တောင် မိသားစုထမင်းဝိုင်း တစ်နပ်စာအတွက် ကောင်းကောင်းမွန်မွန် မစားရ သေးတဲ့ အခြေအနေဖြစ်နေတာ" ဟု မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးကဆိုသည်။
AA ထိန်းချုပ်ရာဒေသများတွင် ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ်(၂၀ဝဝဝ၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၃၀ဝဝဝ)ကျပ်မှ (၃၅၀ဝဝ) ကျပ် အကြား၊ ငရုတ်သီးစိမ်း တစ်ပိသာလျှင် (၅၀ဝဝဝ) ကျပ်မှ (၆၀ဝဝဝ)ကျပ်အကြား၊ ကြက်သွန်နီ တစ် ပိဿာလျှင် (၂၅၀ဝဝ) နှင့် (၃၀ဝဝဝ) ကျပ်အကြား၊ ကြက်ဥတစ်လုံးလျှင် (၁၅၀ဝ)ကျပ်၊ ခေါက်ဆွဲ ခြောက်တစ်ထုပ်လျှင် (၅၀ဝဝ)ကျပ်နှင့် ဆရာခို လိမ်းဆေး တစ်ဘူးလျှင် ငွေကျပ် (၅ဝဝဝ)အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အနေဖြင့် ယခင်က ကုန် စည်စီးဆင်းရေးအတွက် ပြည်မကို (၉၈) ရာခိုင်နှုန်း အထိ မှီခိုနေခဲ့ရခြင်းဖြစ်သည့်အတွက် AA ထိန်းချုပ်ပြီးနောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှုပြတ် တောက်ကာ အဆမတန်ဈေးနှုန်းမြင့်တက်လာ ရခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
" လက်ရှိမှာ အဲဒီဘက်က ကုန်သည်တွေ က မီဇိုရမ်ဘက်ကနေပြီး ကုန်တွေကို သယ်ကြတယ် လို့ သိရတယ်။ နောက်ပြီးတော့ အိန္ဒိယတို့ ဘင်္ဂလား ဒေ့ရှ်တို့ဘက်ကလည်း ရသလောက်သယ်ပြီး ပြန် ရောင်းနေကြတယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်က တရားဝင်သယ်လို့မရတော့ အခု မီဇိုရမ်ဘက် ကို အားကိုးနေရတယ်ကြားတာပဲ။ ဒီတော့ ကုန်ကျ စရိတ်တွေများပြီး ကုန်တွေကလည်း ဈေးတက်မှာ အသေအချာပဲ" ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ထို့ပြင် AA ထိန်းချုပ်ထားသည့် အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မအီနှင့် သံတွဲမြို့နယ်များတွင် အခြေခံစားသောက်ကုန်များရှားပါးနေပြီး ဒေသခံ များမှာ စားဝတ်နေရေးအတွက် ပြင်ပအလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်စားသောက်နေကြရကြောင်း ဒေသခံများထံမှသိရသည်။

Zawgyi Version:
AA ထိန္းခ်ဳပ္ရာ ရခိုင္ေဒသတြင္ ကုန္ေဈးႏႈန္း အဆမတန္ ျမင့္တက္မႈေၾကာင့္ ျပည္သူမ်ားအခက္ေတြ႕
သက္ပိုင္ (NP News) - ဇူလိုင္လ ၁၅
ရခိုင္ျပည္နယ္မွ AA ထိန္းခ်ဳပ္ရာေဒသ မ်ားတြင္ အေျခခံစားေသာက္ကုန္အပါအဝင္ လူသုံး ကုန္ပစၥည္းမ်ားအားလုံး အဆမတန္ေဈးျမင့္တက္ လ်က္ရွိေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
လက္ရွိတြင္ အေျခခံစားေသာက္ကုန္မ်ား မွာ ျပည္မႏွင့္ႏႈိင္းယွဥ္ပါက သုံးဆေက်ာ္ေလးဆခန႔္ အထိ ျမင့္တက္လ်က္ရွိေၾကာင္းႏွင့္ ထိုသို႔ ျမင့္တက္ မႈေၾကာင့္ ေဒသခံျပည္သူမ်ားမွာ က်ပ္တည္းမႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
" ဒီမွာက အလုပ္အကိုင္ေတြကလည္း ဒီေလာက္ထိမရွိဘူး။ ဒီၾကားထဲ ကုန္ေဈးေတြကလည္း အရမ္းႀကီးလာေတာ့ ေတာ္ေတာ္ဒုကၡေရာက္ၾကရ တယ္။ တျခားမေျပာနဲ႔ င႐ုတ္သီးစိမ္းလိုဟာေတာင္ တစ္ဆယ္သားကို ငါးေထာင္ေလာက္ေပးေနရတယ္။ ေငြသုံးေသာင္းရွိရင္ေတာင္ မိသားစုထမင္းဝိုင္း တစ္နပ္စာအတြက္ ေကာင္းေကာင္းမြန္မြန္ မစားရ ေသးတဲ့ အေျခအေနျဖစ္ေနတာ" ဟု ေျမပုံၿမိဳ႕နယ္မွ ေဒသခံတစ္ဦးကဆိုသည္။
AA ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ဆန္ၾကမ္း တစ္အိတ္လွ်င္ ေငြက်ပ္(၂၀ဝဝဝ၀)က်ပ္၊ စားအုန္းဆီ တစ္ပိႆာလွ်င္ (၃၀ဝဝဝ)က်ပ္မွ (၃၅၀ဝဝ) က်ပ္ အၾကား၊ င႐ုတ္သီးစိမ္း တစ္ပိသာလွ်င္ (၅၀ဝဝဝ) က်ပ္မွ (၆၀ဝဝဝ)က်ပ္အၾကား၊ ၾကက္သြန္နီ တစ္ ပိႆာလွ်င္ (၂၅၀ဝဝ) ႏွင့္ (၃၀ဝဝဝ) က်ပ္အၾကား၊ ၾကက္ဥတစ္လုံးလွ်င္ (၁၅၀ဝ)က်ပ္၊ ေခါက္ဆြဲ ေျခာက္တစ္ထုပ္လွ်င္ (၅၀ဝဝ)က်ပ္ႏွင့္ ဆရာခို လိမ္းေဆး တစ္ဘူးလွ်င္ ေငြက်ပ္ (၅ဝဝဝ)အထိ ေဈးႏႈန္းျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္အေနျဖင့္ ယခင္က ကုန္ စည္စီးဆင္းေရးအတြက္ ျပည္မကို (၉၈) ရာခိုင္ႏႈန္း အထိ မွီခိုေနခဲ့ရျခင္းျဖစ္သည့္အတြက္ AA ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္းတြင္ ကုန္စည္စီးဆင္းမႈျပတ္ ေတာက္ကာ အဆမတန္ေဈးႏႈန္းျမင့္တက္လာ ရျခင္းျဖစ္ေၾကာင္း စစ္ေတြၿမိဳ႕မွ အမည္မေဖာ္လိုသည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
" လက္ရွိမွာ အဲဒီဘက္က ကုန္သည္ေတြ က မီဇိုရမ္ဘက္ကေနၿပီး ကုန္ေတြကို သယ္ၾကတယ္ လို႔ သိရတယ္။ ေနာက္ၿပီးေတာ့ အိႏၵိယတို႔ ဘဂၤလား ေဒ့ရွ္တို႔ဘက္ကလည္း ရသေလာက္သယ္ၿပီး ျပန္ ေရာင္းေနၾကတယ္လို႔ သိရတယ္။ ဘဂၤလားေဒ့ရွ္ ဘက္က တရားဝင္သယ္လို႔မရေတာ့ အခု မီဇိုရမ္ဘက္ ကို အားကိုးေနရတယ္ၾကားတာပဲ။ ဒီေတာ့ ကုန္က် စရိတ္ေတြမ်ားၿပီး ကုန္ေတြကလည္း ေဈးတက္မွာ အေသအခ်ာပဲ" ဟု ၎က သုံးသပ္ေျပာဆိုသည္။
ထို႔ျပင္ AA ထိန္းခ်ဳပ္ထားသည့္ အမ္း၊ ေတာင္ကုတ္၊ ရမ္းၿဗဲ၊ မအီႏွင့္ သံတြဲၿမိဳ႕နယ္မ်ားတြင္ အေျခခံစားေသာက္ကုန္မ်ားရွားပါးေနၿပီး ေဒသခံ မ်ားမွာ စားဝတ္ေနေရးအတြက္ ျပင္ပအလႉရွင္မ်ား၏ အကူအညီျဖင့္ ရပ္တည္စားေသာက္ေနၾကရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။