တရုတ်ထံမှ ရေငုပ်သင်္ဘောလွှဲပြောင်းရယူရေးမှာ ဂျာမနီကြောင့် ထိုင်းတို့ အခက်ကြုံနေ

1346

ဂျန်ဇက် (NP News) - မေ ၉
ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘောလွှဲပြောင်းရယူရေးနဲ့ပတ်သက်ပြီး ရေငုပ်သင်္ဘောမှာ အသုံးပြုရမယ့် ဂျာမနီနိုင်ငံထုတ် အင်ဂျင်ဝယ်ယူလို့မရတဲ့အတွက် အခက်အခဲဖြစ်နေကြောင်း သတင်းတွေကဖော်ပြပါတယ်။
တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောကို အမေရိကန်ဒေါ်လာ ၃၉၂ သန်းနဲ့ ဝယ်ယူဖို့အတွက် ထိုင်းနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ရေငုပ်သင်္ဘာထုတ်လုပ်နိုင်ရေးအတွက် တပ်ဆင်ရမယ့် ဂျာမနီနိုင်ငံထုတ် ဒီဇယ်အင်ဂျင် ဝယ်ယူလို့ မ ရနိုင်တဲ့အတွက် ရေငုပ်သင်္ဘောအရောင်းအဝယ်စာချုပ်ကိစ္စဟာ နှောင့်နှေးမှုများ
ဖြစ်နေကြောင်း သိရပါတယ်။ ဂျာမန်နိုင်ငံထုတ် MTU engines နဲ့အသုံးပြုရတဲ့ S26T အမျိုးအစား ဒီဇယ်သုံး ရေငုပ်သင်္ဘောသုံးစင်းကို တရုတ်နိုင်ငံထံမှ ဝယ်ယူဖို့ ထိုင်းဘက်က စီစဉ်ထားတာဖြစ်ပြီး တကယ်တမ်းလက်ဝယ်ရရှိတော့မယ့်အချိန်မှာတော့ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မှာယူထားတဲ့ ရေငုပ်သင်္ဘောသုံးစင်းအနက် ပထမဆုံးရေငုပ်သင်္ဘောကို ၂၀၂၄ ခုနှစ်မှာ လွှဲပြောင်းရယူဖို့ ထိုင်းဘက်က မျှော်လင့်လျက် ရှိနေကြောင်း သိရပါတယ်။ အင်ဂျင်ဝယ်ယူရေးအခက်အခဲများကြောင့် ရေငုပ်သင်္ဘော လွှဲပြောင်းရေးဟာ အချိန်နောက်ကျဖွယ်ရှိနေကြောင်းလည်း ဆိုနိုင်ပါတယ်။
ဂျာမနီနိုင်ငံဟာ တရုတ်နိုင်ငံကို ကာကွယ်ရေးနည်းပညာများနဲ့ပတ်သက်တဲ့ပစ္စည်းများ တင်ပို့မှု ကန့်သတ်ထားကြောင်း သိရပါတယ်။ တရုတ်အစိုးရဟာ ထိုင်းနိုင်ငံနဲ့ ၂၀၁၇ ခုနှစ်တုန်းက ရေငုပ်သင်္ဘော အရောင်းအဝယ်စာချုပ် လက်မှတ်မရေးထိုးခင် ရေငုပ်သင်္ဘောကိစ္စနဲ့ပတ်သက်ပြီး ဂျာမနီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေမရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ဂျာမနီသံရုံးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ထိုင်းနိုင်ငံဟာရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူဖို့ပြင်သစ်၊ ဆွီဒင်၊ ရုရှား၊ တောင်ကိုရီးယား၊ဂျာမနီတို့ရဲ့ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားခဲ့ပေမယ့် တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို မက်လုံးမျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်။
ရေငုပ်သင်္ဘောသုံးစင်းအတွက် ထိုင်းနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံပေးရမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်အတွင်း တရုတ်ဘက်ကို အပြီးသတ်ပေးချေရမှာ ဖြစ်ပါတယ်။
https://dantri-com-vn.translate.goog/the-gioi/be-tac-thuong-vu-mua-tau-ngam-trung-quoc-cua-thai-lan-20220508221020716.htm?_x_tr_sl=vi&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc
Zawgyi Version
တ႐ုတ္ထံမွ ေရငုပ္သေဘၤာလႊဲေျပာင္းရယူေရးမွာ ဂ်ာမနီေၾကာင့္ ထိုင္းတုိ႔ အခက္ၾကဳံေန
ဂ်န္ဇက္ (NP News) - ေမ ၉
ထိုင္းႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံထံမွ ေရငုပ္သေဘၤာလႊဲေျပာင္းရယူေရးနဲ႔ပတ္သက္ျပီး ေရငုပ္သေဘၤာမွာ အသုံးျပဳရမယ့္ ဂ်ာမနီႏုိင္ငံထုတ္ အင္ဂ်င္ဝယ္ယူလို႔မရတဲ့အတြက္ အခက္အခဲျဖစ္ေနေၾကာင္း သတင္းေတြကေဖာ္ျပပါတယ္။
တ႐ုတ္ႏိုင္ငံကထုတ္လုပ္တဲ့ ေရငုပ္သေဘၤာကို အေမရိကန္ေဒၚလာ ၃၉၂ သန္းနဲ႔ ၀ယ္ယူဖို႔အတြက္ ထိုင္းႏိုင္ငံဟာ ၂၀၁၇ ခုႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမဲ့ ေရငုပ္သဘၤာထုတ္လုပ္ႏိုင္ေရးအတြက္ တပ္ဆင္ရမယ့္ ဂ်ာမနီႏုိင္ငံထုတ္ ဒီဇယ္အင္ဂ်င္ ၀ယ္ယူလို႔ မ ရႏိုင္တဲ့အတြက္ ေရငုပ္သေဘၤာအေရာင္းအဝယ္စာခ်ဳပ္ကိစၥဟာ ေႏွာင့္ေႏွးမႈမ်ား
ျဖစ္ေနေၾကာင္း သိရပါတယ္။ ဂ်ာမန္ႏိုင္ငံထုတ္ MTU engines နဲ႔အသုံးျပဳရတဲ့ S26T အမ်ိဳးအစား ဒီဇယ္သုံး ေရငုပ္သေဘၤာသုံးစင္းကုိ တ႐ုတ္ႏိုင္ငံထံမွ ၀ယ္ယူဖို႔ ထုိင္းဘက္က စီစဥ္ထားတာျဖစ္ျပီး တကယ္တမ္းလက္၀ယ္ရရွိေတာ့မယ့္အခ်ိန္မွာေတာ့ နည္းပညာပုိင္းဆုိင္ရာအခက္အခဲေတြနဲ႔ ရင္ဆုိင္ရတာလည္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက မွာယူထားတဲ့ ေရငုပ္သေဘၤာသုံးစင္းအနက္ ပထမဆုံးေရငုပ္သေဘၤာကို ၂၀၂၄ ခုႏွစ္မွာ လႊဲေျပာင္းရယူဖို႔ ထုိင္းဘက္က ေမွ်ာ္လင့္လ်က္ ရွိေနေၾကာင္း သိရပါတယ္။ အင္ဂ်င္ဝယ္ယူေရးအခက္အခဲမ်ားေၾကာင့္ ေရငုပ္သေဘၤာ လႊဲေျပာင္းေရးဟာ အခ်ိန္ေနာက္က်ဖြယ္ရွိေနေၾကာင္းလည္း ဆိုႏုိင္ပါတယ္။
ဂ်ာမနီႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံကို ကာကြယ္ေရးနည္းပညာမ်ားနဲ႔ပတ္သက္တဲ့ပစၥည္းမ်ား တင္ပို႔မႈ ကန႔္သတ္ထားေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္းႏိုင္ငံနဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ေရငုပ္သေဘၤာ အေရာင္းအဝယ္စာခ်ဳပ္ လက္မွတ္မေရးထိုးခင္ ေရငုပ္သေဘၤာကိစၥနဲ႔ပတ္သက္ၿပီး ဂ်ာမနီနဲ႔ ပူးေပါင္းေဆာင္႐ြက္တာမ်ိဳးေတြမရွိခဲ့ေၾကာင္း ထိုင္းႏိုင္ငံရွိ ဂ်ာမနီသံ႐ုံးတာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။ ထိုင္းႏိုင္ငံဟာေရငုပ္သေဘၤာႏွစ္စင္း ၀ယ္ယူဖို႔ျပင္သစ္၊ ဆြီဒင္၊ ႐ုရွား၊ ေတာင္ကိုရီးယား၊ဂ်ာမနီတို႔ရဲ႕ကမ္းလွမ္းမႈမ်ားကို လက္ခံစဥ္းစားခဲ့ေပမယ့္ တ႐ုတ္ႏိုင္ငံက ထိုင္းႏိုင္ငံကို မက္လုံးမ်ိဳးနဲ႔ ဆြဲေဆာင္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
ေရငုပ္သေဘၤာသုံးစင္းအတြက္ ထိုင္းႏိုင္ငံဟာ အေမရိကန္ေဒၚလာ ၁ ဒသမ ၀၅ ဘီလီယံေပးရမွာျဖစ္ၿပီး ၂၀၂၇ ခုႏွစ္အတြင္း တရုတ္ဘက္ကုိ အၿပီးသတ္ေပးေခ်ရမွာ ျဖစ္ပါတယ္။