အစ္စရေးဝန်ကြီးချုပ်နဲ့ မိသားစုထံ ကျည်ဆံပေးပို့ပြီး ခြိမ်းခြောက်ခဲ့သူ (၆၅)နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

 810

ဂျန်ဇက် (NP News) - မေ ၉

အစ္စရေးရဲတပ်ဖွဲ့ဟာ ဝန်ကြီးချုှပ် နက်ဖ်တာလီ ဘန်နက်ရဲ့မိသားစုကို ကျည်ဆံပေးပို့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့တယ်လို့ သံသယရှိတဲ့အမျိုးသမီးကို မေလ ၉ ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ မိသားစုဟာ ပြီးခဲ့တဲ့လမှာ ကျည်ဆံနဲ့ စာပေးပို့ပြီး အသက်အန္တရာယ်
ခြိမ်းခြောက်ခံခဲ့ရကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ ဝန်ကြီးချုပ်ရဲ့မိသားစုကို ခြိမ်းခြောက်ခဲ့တဲ့အသက် ၆၅ နှစ်အရွယ်ရှိ အမျိုးသမီးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်နဲ့မိသားစုအပေါ် အသက်အန္တရာယ်
ခြိမ်းခြောက်ခဲ့တဲ့ အစ္စရေးတောင်ပိုင်းက အမျိုးသမီးကိုဖမ်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့်အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ သံသယရှိသူအမျိုးသမီးကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်းတော့ ဆိုပါတယ်။ အဆိုပါအမျိုးသမီးဟာ ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်နဲ့မိသားစုကို ခြိမ်းခြောက်စာနှစ်စောင်ပေးပို့ခဲ့ပြီး ကျည်ဆံကိုလည်းတွဲပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်အသိပေးထားသလို အစ္စရေးနိုင်ငံ Ashkelon,ဒေသမှာနေထိုင် အဆိုပါအမျိုးသမီးကြီးဟာ အစ္စရေးဝန်ကြီးချုပ်ကို လူမူကွန်ရက်မှာ မကြာခဏပြစ်တင်ဝေဖန်နေသူဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့ကပြောပါတယ်။

အသက် ၆၅နှစ်အရွယ်ရှိအမျိုးသမီးကြီးက " ဝန်ကြီးချုပ် ဘန်နက်ရဲ့ နှလုံးသားကိုရပ်တန့်လိုက်ရုံနဲ့ ကယ်တင်ခြင်းရလိမ့်မယ် " လို့ လူမူကွန်ရက်မှာ ရေးသားခဲ့ဖူးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

https://www.bnnbloomberg.ca/israel-arrests-woman-suspected-of-sending-threat-to-pm-s-family-1.1763051

Zawgyi Version
အစၥေရးဝန္ႀကီးခ်ဳပ္နဲ႔ မိသားစုထံ က်ည္ဆံေပးပို႔ၿပီး ၿခိမ္းေျခာက္ခဲ့သူ(၆၅)ႏွစ္အရြယ္ အမ်ဳိးသမီးကို ရဲတပ္ဖြဲ႕ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ေမ ၉
အစၥေရးရဲတပ္ဖြဲ႕ဟာ ၀န္ႀကီးခ်ဳွပ္ နက္ဖ္တာလီ ဘန္နက္ရဲ႕မိသားစုကို က်ည္ဆံေပးပို႔ၿပီး အသက္အႏၲရာယ္ၿခိမ္းေျခာက္ခဲ့တယ္လို႔ သံသယရွိတဲ့အမ်ိဳးသမီးကို ေမလ ၉ ရက္ေန႔မွာ ဖမ္းဆီးလိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

၀န္ႀကီးခ်ဳပ္နဲ႔ မိသားစုဟာ ၿပီးခဲ့တဲ့လမွာ က်ည္ဆံနဲ႔ စာေပးပို႔ၿပီး အသက္အႏၲရာယ္
ျခိမ္းေျခာက္ခံခဲ့ရကာ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈမ်ားအရ ၀န္ႀကီးခ်ဳပ္ရဲ႕မိသားစုကို ၿခိမ္းေျခာက္ခဲ့တဲ့အသက္ ၆၅ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ ၀န္ႀကီးခ်ဳပ္နဲ႔မိသားစုအေပၚ အသက္အႏၲရာယ္
ျခိမ္းေျခာက္ခဲ့တဲ့ အစၥေရးေတာင္ပိုင္းက အမ်ိဳးသမီးကိုဖမ္ဆီးႏိုင္ခဲ့တယ္လို႔ အစၥေရးရဲတပ္ဖြဲ႕ဘက္က သတင္းထုတ္ျပန္ခဲ့ေပမယ့္အေသးစိတ္ ထုတ္ျပန္ျခင္းမရွိေသးပါဘူး။ သံသယရွိသူအမ်ိဳးသမီးကို အေသးစိတ္ စုံစမ္းစစ္ေဆးလ်က္ရွိေနေၾကာင္းေတာ့ ဆိုပါတယ္။ အဆိုပါအမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့လက ၀န္ႀကီးခ်ဳပ္နဲ႔မိသားစုကို ၿခိမ္းေျခာက္စာႏွစ္ေစာင္ေပးပို႔ခဲ့ၿပီး က်ည္ဆံကိုလည္းတြဲပို႔ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ဘက္က ထုတ္ေဖာ္အသိေပးထားသလုိ အစၥေရးႏိုင္ငံ Ashkelon,ေဒသမွာေနထိုင္ အဆိုပါအမ်ိဳးသမီးႀကီးဟာ အစၥေရးဝန္ႀကီးခ်ဳပ္ကို လူမူကြန္ရက္မွာ မၾကာခဏျပစ္တင္ေဝဖန္ေနသူျဖစ္ေၾကာင္း အစၥေရးရဲတပ္ဖြဲ႕ကေျပာပါတယ္။

အသက္ ၆၅ႏွစ္အ႐ြယ္ရွိအမ်ိဳးသမီးႀကီးက " ၀န္ႀကီးခ်ဳပ္ ဘန္နက္ရဲ႕ ႏွလုံးသားကိုရပ္တန႔္လိုက္႐ုံနဲ႔ ကယ္တင္ျခင္းရလိမ့္မယ္ " လို႔ လူမူကြန္ရက္မွာ ေရးသားခဲ့ဖူးသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုပါတယ္။

Related news

© 2021. All rights reserved.