ဝေဖန်မှုတွေကြားမှ မြန်မာလက်ရွေးစင်ဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲမှာ အုပ်စုတက်ဖို့ အခြေအနေကောင်းများရှိနေ

9464

ရဲပြည့် (NP News) - မေ ၁၁
မြန်မာ U 23 ဘောလုံးအသင်းဟာ အခုဆိုရင် ဖိလစ်ပိုင်အသင်းကို အနိုင်ယူကျော်ဖြတ်ပြီး (၂)ပွဲကစား(၂)ပွဲနိုင်ရမှတ် (၆)မှတ်နဲ့အတူ အုပ်စုတက်ဖို့အတွက် အခြေအနေကောင်းတစ်ရပ်မှာ ရှိနေပါတယ်။
ဒီစွမ်းဆောင်ရည်တွေဟာ မြန်မာအသင်းရဲ့တော်တော်လေးကောင်းမွန်တဲ့ ခြေစွမ်းလို့တောင်ပြောလို့ရပြီး ကန်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲစလုံးမှာလဲ နောက်ကျအနိုင်ဂိုးတွေနဲ့ တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အရှေ့တီမောအသင်းကို အနိုင်ရခဲ့တဲ့ လူစာရင်းအ တိုင်းပွဲထွက်ကစားခဲ့ပြီးတော့ ပွဲစကတည်းက ဖိလစ်ပိုင်းအသင်းဘက်ကို ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ရာမှာတော့ ပွဲချိန် ၂ မိနစ်မှာပဲ မြန်မာအသင်းဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာတော့ ဖိလစ်ပိုင်အသင်းက ချေပဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၃၈ မိနစ်မှာတော့ ပင်နယ်တီကနေတဆင့် ဖိလစ်ပိုင်အသင်းက ဦးဆောင်ဂိုးရသွားပြီး ပထမပိုင်းအပြီးမှာ ၂-၁ ဂိုးနဲ့ ဖိလစ်ပိုင်က ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ၅၁ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ ဆက်တိုက်သွင်းယူနိုင်ခဲ့တဲ့အတွက် မြန်မာအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရရှိပြီးတော့ အုပ်စု(က)မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီးတော့ ဆီမီးဖိုင်နယ်တက်ရောက်ဖို့အခွင့်အလမ်းကောင်းတွေပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းကတော့ အုပ်စုရဲ့ထိပ်ဆုံးနေရာမှရပ်တည်နေပြီး (၂)ပွဲကစား (၂)ပွဲနိုင် ရမှတ်(၆)မှတ်နဲ့ရပ်တည်ထားနိုင်ကာ ဖိလစ်ပိုင်အသင်းကတော့ (၃)ပွဲကစားထားရာမှာ (၁)ပွဲနိုင်(၁)ပွဲရှုံး(၁)သရေရလဒ်နဲ့အုပ်စုဒုတိယနေရာမှာရှိနေပြီး ဗီယက်နမ်အသင်းကတော့ (၂)ပွဲကစားထားပြီး (၁)ပွဲနိုင်(၁)ပွဲသရေ ရလဒ်နဲ့ အုပ်စုတတိယနေရာမှာရှိနေပါတယ်။ အင်ဒိုနီးရှားအသင်းကတော့ (၂)ပွဲကစားထားရာမှာ (၁)ပွဲနိုင် (၁)ပွဲရှုးရလဒ်နဲ့ အဆင့် (၄)နေရာမှာ ရပ်တည်နေပြီး တီမောအသင်းကတော့ (၃)ပွဲကစားထားရာမှာ နိုင်ပွဲမရရှိသေးဘဲ အုပ်စုအောက်ဆုံးမှာကျရောက်နေပါတယ်။
မြန်မာအသင်းအနေနဲ့ နောက်ထပ်ပွဲစဉ်အနေဖြင့် မေလ(၁၃)ရက်နေ့မှာ အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ကစားရမှာဖြစ်ပြီး မေလ(၁၅)ရက်နေ့မှာတော့ အင်ဒိုနီးရှားအသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။
အိမ်ရှင် ဗီယက်နမ်အသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဗီာက်နမ်အသင်းက(၃-ဝ)အနိုင်ရရှိထားခဲ့တာကြောင့် မြန်မာအ သင်းအနေနဲ့ သတိထားပြီး ရင်ဆိုင်သွားရဖို့လည်းရှိနေပါတယ်။ မြန်မာအသင်းအနေနဲ့ လက်ကျန်ပွဲစဉ်(၂)ပွဲကို သရေလောက်ကစားနိုင်ရုံနဲ့ နောက်တစ်ဆင့်တက်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဝေဖန်မှုတွေကြားက မြန်မာလက်ရွှေးစင်ဘောလုံးအသင်းအနေနဲ့ ဘယ်လောက်အထိ စွမ်းဆောင်ပြသွားနိုင်မလဲဆိုတာကို ကျွန်တော်တို့ဆက်လက်စောင့်ကြည့် အားပေးဖို တိုက်တွန်းလိုက်ရပါတယ်။
https://npnewsmm.com/news/627b7e494a224e48eb039643

zawgyi version
ေဝဖန္မႈေတြၾကားမွ ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္း ဆီးဂိမ္းၿပိဳင္ပြဲမွာ အုပ္စုတက္ဖို႔ အေျခအေနေကာင္းမ်ားရွိေန
ရဲျပည့္ (NP News) - ေမ ၁၁
ျမန္မာ U 23 ေဘာလုံးအသင္းဟာ အခုဆိုရင္ ဖိလစ္ပိုင္အသင္းကို အႏိုင္ယူေက်ာ္ျဖတ္ၿပီး (၂)ပြဲကစား(၂)ပြဲႏိုင္ရမွတ္ (၆)မွတ္နဲ႔အတူ အုပ္စုတက္ဖို႔အတြက္ အေျခအေနေကာင္းတစ္ရပ္မွာ ရွိေနပါတယ္။
ဒီစြမ္းေဆာင္ရည္ေတြဟာ ျမန္မာအသင္းရဲ႕ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ ေျခစြမ္းလို႔ေတာင္ေျပာလို႔ရၿပီး ကန္ခဲ့တဲ့ ပြဲစဥ္ႏွစ္ပြဲစလုံးမွာလဲ ေနာက္က်အႏိုင္ဂိုးေတြနဲ႔ တက္လွမ္းထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ျမန္မာအသင္းဟာ အေရွ႕တီေမာအသင္းကို အႏိုင္ရခဲ့တဲ့ လူစာရင္းအ တိုင္းပြဲထြက္ကစားခဲ့ၿပီးေတာ့ ပြဲစကတည္းက ဖိလစ္ပိုင္းအသင္းဘက္ကို ဖိအားေပးတိုက္စစ္ဆင္ကစားခဲ့ရာမွာေတာ့ ပြဲခ်ိန္ ၂ မိနစ္မွာပဲ ျမန္မာအသင္းဦးေဆာင္ဂိုးရခဲ့ၿပီး တိုက္စစ္မႉး ဝင္းႏိုင္ထြန္းက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဖိလစ္ပိုင္အသင္းက ေခ်ပဂိုးသြင္းယူႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ပင္နယ္တီကေနတဆင့္ ဖိလစ္ပိုင္အသင္းက ဦးေဆာင္ဂိုးရသြားၿပီး ပထမပိုင္းအၿပီးမွာ ၂-၁ ဂိုးနဲ႔ ဖိလစ္ပိုင္က ဦးေဆာင္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ျမန္မာအသင္းက ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို ပြဲခ်ိန္ ၅၁ မိနစ္နဲ႔ ၅၄ မိနစ္ေတြမွာ ဆက္တိုက္သြင္းယူႏိုင္ခဲ့တဲ့အတြက္ ျမန္မာအသင္းက ၃-၂ ဂိုးနဲ႔ အႏိုင္ရရွိၿပီးေတာ့ အုပ္စု(က)မွာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့ၿပီးေတာ့ ဆီမီးဖိုင္နယ္တက္ေရာက္ဖို႔အခြင့္အလမ္းေကာင္းေတြပိုင္ဆိုင္သြားခဲ့တာျဖစ္ပါတယ္။
ျမန္မာအသင္းကေတာ့ အုပ္စုရဲ႕ထိပ္ဆုံးေနရာမွရပ္တည္ေနၿပီး (၂)ပြဲကစား (၂)ပြဲႏိုင္ ရမွတ္(၆)မွတ္နဲ႔ရပ္တည္ထားႏိုင္ကာ ဖိလစ္ပိုင္အသင္းကေတာ့ (၃)ပြဲကစားထားရာမွာ (၁)ပြဲႏိုင္(၁)ပြဲရႈံး(၁)သေရရလဒ္နဲ႔အုပ္စုဒုတိယေနရာမွာရွိေနၿပီး ဗီယက္နမ္အသင္းကေတာ့ (၂)ပြဲကစားထားၿပီး (၁)ပြဲႏိုင္(၁)ပြဲသေရ ရလဒ္နဲ႔ အုပ္စုတတိယေနရာမွာရွိေနပါတယ္။ အင္ဒိုနီးရွားအသင္းကေတာ့ (၂)ပြဲကစားထားရာမွာ (၁)ပြဲႏိုင္ (၁)ပြဲရႈးရလဒ္နဲ႔ အဆင့္ (၄)ေနရာမွာ ရပ္တည္ေနၿပီး တီေမာအသင္းကေတာ့ (၃)ပြဲကစားထားရာမွာ ႏိုင္ပြဲမရရွိေသးဘဲ အုပ္စုေအာက္ဆုံးမွာက်ေရာက္ေနပါတယ္။
ျမန္မာအသင္းအေနနဲ႔ ေနာက္ထပ္ပြဲစဥ္အေနျဖင့္ ေမလ(၁၃)ရက္ေန႔မွာ အိမ္ရွင္ ဗီယက္နမ္အသင္းနဲ႔ကစားရမွာျဖစ္ၿပီး ေမလ(၁၅)ရက္ေန႔မွာေတာ့ အင္ဒိုနီးရွားအသင္းနဲ႔ကစားရမွာပဲျဖစ္ပါတယ္။
အိမ္ရွင္ ဗီယက္နမ္အသင္းနဲ႔အင္ဒိုနီးရွားအသင္းတို႔ ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ ဗီာက္နမ္အသင္းက(၃-ဝ)အႏိုင္ရရွိထားခဲ့တာေၾကာင့္ ျမန္မာအ သင္းအေနနဲ႔ သတိထားၿပီး ရင္ဆိုင္သြားရဖို႔လည္းရွိေနပါတယ္။ ျမန္မာအသင္းအေနနဲ႔ လက္က်န္ပြဲစဥ္(၂)ပြဲကို သေရေလာက္ကစားႏိုင္႐ုံနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ရွိေနတာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ ေဝဖန္မႈေတြၾကားက ျမန္မာလက္ေ႐ႊးစင္ေဘာလုံးအသင္းအေနနဲ႔ ဘယ္ေလာက္အထိ စြမ္းေဆာင္ျပသြားႏိုင္မလဲဆိုတာကို ကြၽန္ေတာ္တို႔ဆက္လက္ေစာင့္ၾကည့္ အားေပးဖို တိုက္တြန္းလိုက္ရပါတယ္။
https://npnewsmm.com/news/627b7e494a224e48eb039643