အမေရိကန်-အာဆီယံထိပ်သီးအစည်းဝေးသို့ မြန်မာမှနိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားမည်ဟုဆို

 983

မျိုးကြီး (NP News) - မေ ၁၁
အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ပြော သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ (မေလ ၁၁ ရက်)တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်၏ ပြောကြားချက်များကို အသိပေးထုတ်ပြန်ထားပြီး ၎င်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ထားခြင်းဖြစ်သည်။

အာဆီယံအဖွဲ့အစည်းက အတည်ပြုသတ်မှတ်ပေးထားသော ဘုံသ ဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အတွက် အာဆီယံ၏ ထိပ်တန်းအဆင့်အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း နက်ဒ်ပရိုက်စ်က ဆိုသည်။

မကြာခင် ကျင်းပမည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အာဆီယံ၏လမ်းစဉ်ကို ကျင့်သုံးမည်ဖြစ်ပြီး အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် အဆိုပါလမ်းစဉ်ကို ဆက်လက်ကျင့်သုံးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျွန်တော် သိသလောက် ဖိတ်ကြားထားတာမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ဖိတ်ကြားတယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့သူတက်ရောက်ခွင့်ရမှပဲ တက်ရောက်သွားမှာဖြစ်ပါတယ်” ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို မေလ ၉ ရက်က ပြောကြားထားသည်။

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးကို ဝါရှင်တန်မြို့တွင် မေလ ၁၂ ရက်မှ ၁၃ ရက်အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး အစည်း အဝေးအတွင်း မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန် လည်ရောက်ရေးတို့ကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း နက်ဒ်ပရိုက်စ်က ဆိုထားသည်။

https://npnewsmm.com/news/627b8c5b36c4bb401f631aa8

zawgyi version
အေမရိကန္-အာဆီယံထိပ္သီးအစည္းေဝးသို႔ ျမန္မာမွႏိုင္ငံေရးႏွင့္မပတ္သက္သည့္ ကိုယ္စားလွယ္မ်ားကိုသာ ဖိတ္ၾကားမည္ဟုဆို
မ်ိဳးႀကီး (NP News) - ေမ ၁၁

အေမရိကန္-အာဆီယံထိပ္သီးအစည္းအေဝးတြင္ ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးႏွင့္မပတ္သက္သည့္ ကိုယ္စားလွယ္မ်ားကိုသာ ဖိတ္ၾကားမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ေျပာခြင့္ရ နက္ဒ္ပ႐ိုက္စ္က ေျပာ သည္။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ယေန႔ (ေမလ ၁၁ ရက္)တြင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ နက္ဒ္ပ႐ိုက္စ္၏ ေျပာၾကားခ်က္မ်ားကို အသိေပးထုတ္ျပန္ထားၿပီး ၎ထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ထားျခင္းျဖစ္သည္။

အာဆီယံအဖြဲ႕အစည္းက အတည္ျပဳသတ္မွတ္ေပးထားေသာ ဘုံသ ေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ အာဆီယံ၏ ထိပ္တန္းအဆင့္အစည္းအေဝးမ်ားတြင္ ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးႏွင့္မပတ္သက္ေသာ ကိုယ္စားလွယ္မ်ားကိုသာ ဖိတ္ၾကားရန္ ဆုံးျဖတ္သည့္ အာဆီယံ၏ ဆုံးျဖတ္ခ်က္ကို ေထာက္ခံေၾကာင္း နက္ဒ္ပ႐ိုက္စ္က ဆိုသည္။

မၾကာခင္ က်င္းပမည့္ အေမရိကန္-အာဆီယံထိပ္သီးအစည္းအေဝးတြင္လည္း အာဆီယံ၏လမ္းစဥ္ကို က်င့္သုံးမည္ျဖစ္ၿပီး အာဆီယံဘုံသေဘာ တူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ရန္ ပ်က္ကြက္ခဲ့ျခင္းႏွင့္ ျမန္မာျပည္သူမ်ားအေပၚ အၾကမ္းဖက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနျခင္းေၾကာင့္ အဆိုပါလမ္းစဥ္ကို ဆက္လက္က်င့္သုံးျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ကြၽန္ေတာ္ သိသေလာက္ ဖိတ္ၾကားထားတာမရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ရပ္တည္ခ်က္က ဖိတ္ၾကားတယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံကို ကိုယ္စားျပဳတဲ့သူတက္ေရာက္ခြင့္ရမွပဲ တက္ေရာက္သြားမွာျဖစ္ပါတယ္” ဟု နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ေမလ ၉ ရက္က ေျပာၾကားထားသည္။

အေမရိကန္-အာဆီယံထိပ္သီးအစည္းအေဝးကို ဝါရွင္တန္ၿမိဳ႕တြင္ ေမလ ၁၂ ရက္မွ ၁၃ ရက္အထိျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရၿပီး အစည္း အေဝးအတြင္း ျမန္မာႏိုင္ငံအား ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ျပန္ လည္ေရာက္ေရးတို႔ကို ထည့္သြင္းေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း နက္ဒ္ပ႐ိုက္စ္က ဆိုထားသည္။

https://npnewsmm.com/news/627b8c5b36c4bb401f631aa8

Related news

© 2021. All rights reserved.