ရခိုင်တွင် ဖိနှိပ်ချုပ်ချယ်မှုများချုပ်ငြိမ်းပြီး နယ်ပယ်အသီးသီးကို အာမခံချက်ရှိစွာ လုပ်ကိုင်နိုင်ရေးဆောင်ရွက်ရမည်ဟု ANP ဆို

 890

မျိုးကြီး (NP News) - မေ ၁၅
ရခိုင်ပြည်နယ်တွင် မည်သည့်ဖိနှိပ်ချုပ်ချယ်မှုမဆိုချုပ်ငြိမ်းပြီး နယ်ပယ်အသီးသီးကို အာမခံချက်ရှိစွာလုပ်ကိုင်နိုင်ရေး ဆောင်ရွက်ရမည်ဟု ရခိုင်အမျိုးသားပါတီ(ANP) က ပြောသည်။

ရခိုင်အမျိုးသားပါတီက ယနေ့ (မေလ ၁၅ ရက်)တွင် ကျရောက်သည့် ရခိုင်အမျိုးသားနေ့သို့ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောဆိုထားခြင်းဖြစ်သည်။

ရခိုင်လူမျိုးတို့သည် သမိုင်းအစဉ်အလာထွန်းပြောင်ပြီး မိမိတို့ပိုင်နက်တိုင်းပြည်၊ ရခိုင်ဘုရင်မင်းအဆက်ဆက်နှင့် ထွန်းပြောင်သော ရိုးရာယဉ်ကျေးမှုကို ပိုင်ဆိုင်သော လူမျိုးဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ရခိုင်အမျိုးသားပါတီက ရခိုင်တို့၏ သမိုင်းတကွေ့ပြောင်း လဲ၍ ယခုကာလအခြေအနေတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ် ပယ်အသီးသီးတွင် အဖက်ဖက်မှယိုယွင်းပျက်စီးပြီး မိမိတို့၏ လူမှုဘဝတိုးတက်ရေးအတွက် မိမိတို့လက်ဖြင့် မဖန်တီးနိုင်သော၊ မိမိကံကြမ္မာကို မိမိတို့မဆုံးဖြတ်နိုင်သော ဘဝမျိုးနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆိုထားသည်။

ထို့ကြောင့် ရခိုင်တို့၏ ဂုဏ်သိက္ခာပြန်လည်ထွန်းပြောင်ရေး၊ ရခိုင်ပြည်တွင် မည်သည့်ဖိနှိပ်ချုပ်ချယ်မှုမဆို ချုပ်ငြိမ်းပြီး သဟဇာတကျသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်ရေး၊ အေးချမ်းသာယာပြီး စီးပွားရေး၊ လူမှုရေးစသော နယ်ပယ်အသီးသီးကို အာမခံချက်ရှိစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးတို့သည် မဖြစ်မနေဆောင်ရွက်ရမည့် အကြောင်းအရာများဖြစ်ကြောင်း ၎င်းပါတီက ဆိုထားသည်။

https://npnewsmm.com/news/628082ae4bb8604ed413e965

zawgyi version
ရခိုင္တြင္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားခ်ဳပ္ၿငိမ္းၿပီး နယ္ပယ္အသီးသီးကို အာမခံခ်က္ရွိစြာ လုပ္ကိုင္ႏိုင္ေရးေဆာင္႐ြက္ရမည္ဟု ANP ဆို
မ်ိဳးႀကီး (NP News) - ေမ ၁၅

ရခိုင္ျပည္နယ္တြင္ မည္သည့္ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမဆိုခ်ဳပ္ၿငိမ္းၿပီး နယ္ပယ္အသီးသီးကို အာမခံခ်က္ရွိစြာလုပ္ကိုင္ႏိုင္ေရး ေဆာင္႐ြက္ရမည္ဟု ရခိုင္အမ်ိဳးသားပါတီ(ANP) က ေျပာသည္။

ရခိုင္အမ်ိဳးသားပါတီက ယေန႔ (ေမလ ၁၅ ရက္)တြင္ က်ေရာက္သည့္ ရခိုင္အမ်ိဳးသားေန႔သို႔ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာဆိုထားျခင္းျဖစ္သည္။

ရခိုင္လူမ်ိဳးတို႔သည္ သမိုင္းအစဥ္အလာထြန္းေျပာင္ၿပီး မိမိတို႔ပိုင္နက္တိုင္းျပည္၊ ရခိုင္ဘုရင္မင္းအဆက္ဆက္ႏွင့္ ထြန္းေျပာင္ေသာ ႐ိုးရာယဥ္ေက်းမႈကို ပိုင္ဆိုင္ေသာ လူမ်ိဳးျဖစ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

ဆက္လက္ၿပီး ရခိုင္အမ်ိဳးသားပါတီက ရခိုင္တို႔၏ သမိုင္းတေကြ႕ေျပာင္း လဲ၍ ယခုကာလအေျခအေနတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးနယ္ ပယ္အသီးသီးတြင္ အဖက္ဖက္မွယိုယြင္းပ်က္စီးၿပီး မိမိတို႔၏ လူမႈဘဝတိုးတက္ေရးအတြက္ မိမိတို႔လက္ျဖင့္ မဖန္တီးႏိုင္ေသာ၊ မိမိကံၾကမၼာကို မိမိတို႔မဆုံးျဖတ္ႏိုင္ေသာ ဘဝမ်ိဳးႏွင့္ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း ဆိုထားသည္။

ထို႔ေၾကာင့္ ရခိုင္တို႔၏ ဂုဏ္သိကၡာျပန္လည္ထြန္းေျပာင္ေရး၊ ရခိုင္ျပည္တြင္ မည္သည့္ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမဆို ခ်ဳပ္ၿငိမ္းၿပီး သဟဇာတက်ေသာ လူ႔အသိုင္းအဝိုင္းျဖစ္ေပၚေရး၊ ေအးခ်မ္းသာယာၿပီး စီးပြားေရး၊ လူမႈေရးစေသာ နယ္ပယ္အသီးသီးကို အာမခံခ်က္ရွိစြာ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေရးတို႔သည္ မျဖစ္မေနေဆာင္႐ြက္ရမည့္ အေၾကာင္းအရာမ်ားျဖစ္ေၾကာင္း ၎ပါတီက ဆိုထားသည္။

https://npnewsmm.com/news/628082ae4bb8604ed413e965

Picture

Koaung

16/05/2022 00:43

စာလုံးကမှောင်နေတယ်

Related news

© 2021. All rights reserved.