ပြည်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို လူအင်အားအများအပြားဖြင့် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ပြုလုပ်

 1382

မျိုးကြီး (NP News) - မေ ၁၆
ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို လူအင်အား အများအပြားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲကို ပြည်ခိုင်ဖြိုးပါတီက ယနေ့ မေ ၁၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်းတွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးသည် လတ်တလောတွင် အရေးကြီးသောကိစ္စရပ်တစ်ခုဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ရောက်ရှိရန်အတွက် ငြိမ်းချမ်းရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက NP News ကို ပြောသည်။

“ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေပေါ့နော်။ နောက်ဒီမိုကရေစီလမ်းကြောင်းကို ရောက်ဖို့ဆိုတဲ့ဟာက ငြိမ်းချမ်းမှဖြစ်ပါမှာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ငြိမ်းချမ်းရေးဟာ လတ်တလော အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်းပဲ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ကို ဆောင်ရွက်ခဲ့တယ်။ အဲဒီလိုဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ဒီဟာကို နိုင်ငံအတွက် လိုအပ်ချက်ကို ဆောင်ရွက် ခြင်းဖြစ်လို့ ထောက်ခံခြင်းဖြစ်တယ်” ဟု ဦး သိန်းထွန်းဦးက ပြောသည်။

ထို့ပြင် ပါတီဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးက “နောက်တစ်ချက်ကလည်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြည်ပက နည်းနည်းအမျိုးမျိုးနဲ့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေမှုတွေကိုလည်းပဲ ကျွန်တော်တို့ ဒီပွဲကြီးက ဆန့်ကျင်ရှုတ်ချတဲ့ ပွဲဖြစ်ပါတယ်” ဟု ဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးရရှိရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး စိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လည်း ဦးသိန်းထွန်းဦးက တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို လူဦးရေ ၆ဝဝဝ ကျော်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအသိုင်းအဝိုင်းက ဆို ထား သည်။

ထို့ပြင် နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းတွင် အထက်ပါထောက်ခံပွဲသွားရန် ပြည်ခိုင်ဖြိုးပါတီဝင်များက ကားစောင့်နေစဉ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသိန်းထွန်းဦးက “တပေါင်းကွင်းနဲ့ ဖြစ်တယ်ဆိုတဲ့နေရာနဲ့ အဝေးကြီးဗျ။ ကျွန်တော်တို့ လုပ်နေတဲ့ကွင်းကလည်း မကြားရဘူး။ သို့သော်လည်းပဲ အဲဒီနားပတ်ဝန်းကျင်ကေ တာ့ ဒီအသံတော့ ကြားလိုက်တယ်ဆိုတဲ့ဟာလောက်ပဲ သိရပါတယ်။ တိတိကျကျကြီး တော့ မသိဘူး” ဟု မှတ်ချက်ပြုသည်။

https://npnewsmm.com/news/62820ca246bee5542911d3f3

Zawgyi Version;
ျပည္ပစြက္ဖက္မႈမ်ားအား ဆန႔္က်င္ရႈတ္ခ်ပြဲကို လူအင္အားအမ်ားအျပားျဖင့္ ျပည္ခိုင္ၿဖိဳးပါတီ ဦးေဆာင္ျပဳလုပ္
မ်ိဳးႀကီး (NP News) - ေမ ၁၆
ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈမ်ားကို ေထာက္ခံျခင္းႏွင့္ ျပည္ပစြက္ဖက္မႈမ်ားအား ဆန႔္က်င္ရႈတ္ခ်ပြဲကို လူအင္အား အမ်ားအျပားျဖင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက ဦးေဆာင္ကာ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါပြဲကို ျပည္ခိုင္ၿဖိဳးပါတီက ယေန႔ ေမ ၁၆ ရက္ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တေပါင္းကြင္းတြင္ ျပဳလုပ္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿငိမ္းခ်မ္းေရးသည္ လတ္တေလာတြင္ အေရးႀကီးေသာကိစၥရပ္တစ္ခုျဖစ္ၿပီး ဒီမိုကေရစီလမ္းေၾကာင္းကို ေရာက္ရွိရန္အတြက္ ၿငိမ္းခ်မ္းရန္လိုအပ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီမွ ဗဟိုေကာ္မတီဝင္၊ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက NP News ကို ေျပာသည္။

“ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕လက္ရွိျဖစ္ေပၚေနတဲ့ အေနအထားေတြေပါ့ေနာ္။ ေနာက္ဒီမိုကေရစီလမ္းေၾကာင္းကို ေရာက္ဖို႔ဆိုတဲ့ဟာက ၿငိမ္းခ်မ္းမွျဖစ္ပါမွာေပါ့။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ၿငိမ္းခ်မ္းေရးဟာ လတ္တေလာ အေရးႀကီးတဲ့ ကိစၥတစ္ခုျဖစ္တယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ကလည္းပဲ ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈ ကို ေဆာင္႐ြက္ခဲ့တယ္။ အဲဒီလိုေဆာင္႐ြက္ခဲ့တဲ့အေပၚမွာ ဒီဟာကို ႏိုင္ငံအတြက္ လိုအပ္ခ်က္ကို ေဆာင္႐ြက္ ျခင္းျဖစ္လို႔ ေထာက္ခံျခင္းျဖစ္တယ္” ဟု ဦး သိန္းထြန္းဦးက ေျပာသည္။

ထို႔ျပင္ ပါတီဗဟိုေကာ္မတီဝင္ ဦးသိန္းထြန္းဦးက “ေနာက္တစ္ခ်က္ကလည္းပဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ျပည္ပက နည္းနည္းအမ်ိဳးမ်ိဳးနဲ႔ ဝင္ေရာက္စြက္ဖက္ေႏွာင့္ယွက္ေနမႈေတြကိုလည္းပဲ ကြၽန္ေတာ္တို႔ ဒီပြဲႀကီးက ဆန႔္က်င္ရႈတ္ခ်တဲ့ ပြဲျဖစ္ပါတယ္” ဟု ဆက္လက္ေျပာသည္။

ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ျပည္ေထာင္စုျမန္မာႏိုင္ငံသားအားလုံးတြင္ တာဝန္ရွိၿပီး စိတ္ရင္းအမွန္ျဖင့္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္လည္း ဦးသိန္းထြန္းဦးက တိုက္တြန္းခဲ့သည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို ႀကိဳဆိုေထာက္ခံျခင္းႏွင့္ ျပည္ပစြက္ဖက္မႈမ်ားအား ဆန႔္က်င္ရႈတ္ခ်ပြဲကို လူဦေးရ ၆ဝဝဝ ေက်ာ္ျဖင့္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီအသိုင္းအဝိုင္းက ဆို ထား သည္။

ထို႔ျပင္ ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္အတြင္းတြင္ အထက္ပါေထာက္ခံပြဲသြားရန္ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ားက ကားေစာင့္ေနစဥ္အခ်ိန္တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု သတင္းမ်ားထြက္ေပၚေနခဲ့သည္။

အဆိုပါ ဗုံးေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးသိန္းထြန္းဦးက “တေပါင္းကြင္းနဲ႔ ျဖစ္တယ္ဆိုတဲ့ေနရာနဲ႔ အေဝးႀကီးဗ်။ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ကြင္းကလည္း မၾကားရဘူး။ သို႔ေသာ္လည္းပဲ အဲဒီနားပတ္ဝန္းက်င္ေက တာ့ ဒီအသံေတာ့ ၾကားလိုက္တယ္ဆိုတဲ့ဟာေလာက္ပဲ သိရပါတယ္။ တိတိက်က်ႀကီး ေတာ့ မသိဘူး” ဟု မွတ္ခ်က္ျပဳသည္။

https://npnewsmm.com/news/62820ca246bee5542911d3f3

Picture

Ag Naing Moe

16/05/2022 16:25

Good

Picture

Wai Phyo

16/05/2022 19:46

မကြာမီလာမည်မျော်ပေါ့

Related news

© 2021. All rights reserved.