ချင်းပြည်နယ်၊ထန်တလန်မြို့တွင် နေအိမ် ၅၂ လုံးနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တစ်ကျောင်း ထပ်မံမီးရှို့ဖျက်ဆီးခံရ

1763

NP News - မေ ၂၄
ချင်းပြည်နယ် ထန်တလန်မြို့အမှတ် (၁) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ် ၅၂ လုံးနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တစ်ကျောင်း ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစက၏ မေလ(၂၃)ရက် ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်သည် ချင်းပြည်နယ် ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်အတွင်း မေလ(၂၃)ရက်၊ နံနက် ၁၁နာရီ မိနစ်(၄ဝ)ခန့်တွင် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား (၁၅)ခန့်မှ လက်နက်ငယ်များ၊ တစ်လုံးထိုးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် စစ်တပ်နှင့် အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် ၄င်းတို့ သည် အမှတ် (၁) ရပ်ကွက်၏ မြောက်ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ယင်းသို့ ဆုတ်ခွါထွက်ပြေးစဉ်အတွင်း အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့သွားသဖြင့် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်အရ သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်နေရာများအား သွားရောက်စစ်ဆေးခဲ့ရာတွင် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး တစ်ထပ်နေအိမ် အလုံး ၃ဝ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်နေအိမ် ၂၂ လုံးနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း စုစုပေါင်း နေအိမ် ၅၂ လုံးနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တစ်ကျောင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၃၈၅ဝ ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင်စစ်တပ်ဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် အကြမ်းဖက်သမား များထံမှ Super Mag တံဆိပ်ပါ ပြောင်းချောသေနတ် တစ်လက်၊ ၁၂ ဗို့ကျည်ငါးတောင့်၊ လက်လုပ် မိုင်းလေးလုံးနှင့်အတူ CDF ထန်တလန် လက်မောင်းတံဆိပ်ပါ ပြောက်ကျားဝတ် အမျိုးသားအလောင်း နှစ်လောင်းတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထန်တလန်မြို့တွင် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလကစပြီး စစ် တပ်နှင့် CDF တပ်ဖွဲ့များ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ယခုလို မီးလောင်မှုများမကြာခဏဖြစ်ပွားနေပြီး လူဦးရေသောင်းနဲ့ချီသော ဒေ သခံများသည်လည်း မြို့ကိုစွန့်ခွာနေကြရကြောင်း သတင်းများအရ သိရသည်။
ထို့ပြင် ထန်တလန်မြို့ပေါ်မှ မီးလောင်မှုများနှင့်ပတ်သက်ပြီး စစ်တပ်မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စွပ်စွဲထားမှုမျာရှိခဲ့ပြီး စစ်တပ်ဘက်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း အပြန်အလှန်စွပ်စွဲထားမှုများရှိကြသည်ကို တွေ့ရသည်။
ထန်တလန်မြို့အတွင်း၌ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှယ နေ့အထိ မီးရှို့မှုဖြစ်စဉ်အနေဖြင့် (၁၆) ကြိမ်ဖြစ်ပွားခဲ့ကာ လူနေအိမ် ၃၂၁ လုံး၊ ဆေးရုံတစ်ခု၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း လေးကျောင်းနှင့် ဈေးဆိုင်ခန်း ခုနစ်ခန်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁ဝ၁၁၃ သိန်းကျော် ပျက်စီးဆုံးရှုးခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
https://npnewsmm.com/news/628c7dbcda55ac299e39c8d9

zawgyi version
ခ်င္းျပည္နယ္၊ထန္တလန္ၿမိဳ႕တြင္ ေနအိမ္ ၅၂ လုံးႏွင့္ ခရစ္ယာန္ဘုရား ရွိခိုးေက်ာင္း တစ္ေက်ာင္း ထပ္မံမီးရႈိ႕ဖ်က္ဆီးခံရ
NP News - ေမ ၂၄
ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕အမွတ္ (၁) ရပ္ကြက္အတြင္းရွိ ေဒသခံျပည္သူမ်ား၏ ေနအိမ္ ၅၂ လုံးႏွင့္ ခရစ္ယာန္ဘုရား ရွိခိုးေက်ာင္း တစ္ေက်ာင္း ထပ္မံမီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း နစက၏ ေမလ(၂၃)ရက္ ညပိုင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါျဖစ္စဥ္သည္ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္အတြင္း ေမလ(၂၃)ရက္၊ နံနက္ ၁၁နာရီ မိနစ္(၄ဝ)ခန႔္တြင္ ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္သမား (၁၅)ခန႔္မွ လက္နက္ငယ္မ်ား၊ တစ္လုံးထိုးေသနတ္မ်ားျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္တိုက္ခိုက္သျဖင့္ စစ္တပ္ႏွင့္ အျပန္အ လွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး နံနက္ ၁၁ နာရီ မိနစ္ ၅ဝ ခန႔္တြင္ ၄င္းတို႔ သည္ အမွတ္ (၁) ရပ္ကြက္၏ ေျမာက္ဘက္သို ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္းႏွင့္ ယင္းသို႔ ဆုတ္ခြါထြက္ေျပးစဥ္အတြင္း အမွတ္(၁)ရပ္ကြက္ရွိ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားအား မီးရႈိ႕သြားသျဖင့္ မြန္းလြဲ ၁၂ နာရီခြဲခန႔္တြင္ မီးစတင္ေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္အရ သိရသည္။
မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့သည့္ေနရာမ်ားအား သြားေရာက္စစ္ေဆးခဲ့ရာတြင္ ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သြပ္မိုး တစ္ထပ္ေနအိမ္ အလုံး ၃ဝ၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သြပ္မိုး ႏွစ္ထပ္ေနအိမ္ ၂၂ လုံးႏွင့္ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္း တစ္ေက်ာင္း စုစုေပါင္း ေနအိမ္ ၅၂ လုံးႏွင့္ ခရစ္ယာန္ဘုရား ရွိခိုးေက်ာင္း တစ္ေက်ာင္း (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ သိန္းေပါင္း ၃၈၅ဝ ခန႔္) မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။
ထို႔ျပင္စစ္တပ္ဘက္မွ ထိခိုက္မႈမရွိေၾကာင္းႏွင့္ အၾကမ္းဖက္သမား မ်ားထံမွ Super Mag တံဆိပ္ပါ ေျပာင္းေခ်ာေသနတ္ တစ္လက္၊ ၁၂ ဗို႔က်ည္ငါးေတာင့္၊ လက္လုပ္ မိုင္းေလးလုံးႏွင့္အတူ CDF ထန္တလန္ လက္ေမာင္းတံဆိပ္ပါ ေျပာက္က်ားဝတ္ အမ်ိဳးသားအေလာင္း ႏွစ္ေလာင္းတို႔ကိုသိမ္းဆည္းရမိခဲ့ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထန္တလန္ၿမိဳ႕တြင္ လြန္ခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလကစၿပီး စစ္ တပ္ႏွင့္ CDF တပ္ဖြဲ႕မ်ား တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၿပီး ယခုလို မီးေလာင္မႈမ်ားမၾကာခဏျဖစ္ပြားေနၿပီး လူဦးေရေသာင္းနဲ႔ခ်ီေသာ ေဒ သခံမ်ားသည္လည္း ၿမိဳ႕ကိုစြန႔္ခြာေနၾကရေၾကာင္း သတင္းမ်ားအရ သိရသည္။
ထို႔ျပင္ ထန္တလန္ၿမိဳ႕ေပၚမွ မီးေလာင္မႈမ်ားႏွင့္ပတ္သက္ၿပီး စစ္တပ္မွ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း စြပ္စြဲထားမႈမ်ာရွိခဲ့ၿပီး စစ္တပ္ဘက္ကလည္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ လက္ခ်က္ျဖစ္ေၾကာင္း အျပန္အလွန္စြပ္စြဲထားမႈမ်ားရွိၾကသည္ကို ေတြ႕ရသည္။
ထန္တလန္ၿမိဳ႕အတြင္း၌ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၉ ရက္မွယ ေန႔အထိ မီးရႈိ႕မႈျဖစ္စဥ္အေနျဖင့္ (၁၆) ႀကိမ္ျဖစ္ပြားခဲ့ကာ လူေနအိမ္ ၃၂၁ လုံး၊ ေဆး႐ုံတစ္ခု၊ ခရစ္ယာန္ဘုရား ရွိခိုးေက်ာင္း ေလးေက်ာင္းႏွင့္ ေဈးဆိုင္ခန္း ခုနစ္ခန္း စုစုေပါင္း ကာလတန္ဖိုးေငြက်ပ္ သိန္းေပါင္း ၁ဝ၁၁၃ သိန္းေက်ာ္ ပ်က္စီးဆုံးရႈးခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။
https://npnewsmm.com/news/628c7dbcda55ac299e39c8d9