ဗင်နီဇွဲလားကမ်းလွန်က သင်္ဘောတစ်စီးကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မူးယစ်ဆေးဝါးမှောင်ခိုကူးသူ(၆)ဦးသေဆုံး

 132

Pika(NP News) အောက်တိုဘာ ၁၆
ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးကို အမေရိကန်တပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ မူးယစ်ဆေးဝါးမှောင်ခိုကူးသူ(၆)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”အဲ့ဒီသင်္ဘောဟာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးဖြစ်တယ်ဆိုတာကို ထောက်လှမ်းရေးတွေက တရားဝင်အတည်ပြုခဲ့ပြီးနောက် အမေရိကန်ရေတပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီသင်္ဘောဟာ မူးယစ်အကြမ်းဖက်သမားတွေရဲ့ ကွန်ရက်တွေနဲ့ဆက်စပ်နေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။အမေရိကန်ရေတပ်ရဲ့ တိုက်ခိုက်မှုအတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးသူ(၆)ဦးသေဆုံးခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ သင်္ဘောတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးစီးဆင်းမှုတွေကို ရပ်တန့်စေခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်ဟာ မြေပြင်မှာရှာဖွေမှုတွေကို စတင်လုပ်ဆောင်ရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့တွေကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့လတွေအတွင်း ဗင်နီဇွဲလားကမ်းလွန်မှာ စစ်သင်္ဘောတွေကို အမေရိကန်က ဖြန့်ကျက်ချထားခဲ့ပြီးနောက် ဗင်နီဇွဲလားနဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားကမ္းလြန္က သေဘၤာတစ္စီးကို အေမရိကန္ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ မူးယစ္ေဆးဝါးေမွာင္ခိုကူးသူ(၆)ဦးေသဆုံး
Pika(NP News) ေအာက္တိုဘာ ၁၆
ဗင္နီဇြဲလားကမ္းလြန္ပင္လယ္ျပင္မွာ မူးယစ္ေဆးဝါးေတြသယ္ေဆာင္လာတဲ့ သေဘၤာတစ္စီးကို အေမရိကန္တပ္ဖြဲ႕ေတြက တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ရာ မူးယစ္ေဆးဝါးေမွာင္ခိုကူးသူ(၆)ဦးေသဆုံးခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”အဲ့ဒီသေဘၤာဟာ မူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာတဲ့ သေဘၤာတစ္စီးျဖစ္တယ္ဆိုတာကို ေထာက္လွမ္းေရးေတြက တရားဝင္အတည္ျပဳခဲ့ၿပီးေနာက္ အေမရိကန္ေရတပ္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။အဲ့ဒီသေဘၤာဟာ မူးယစ္အၾကမ္းဖက္သမားေတြရဲ႕ ကြန္ရက္ေတြနဲ႔ဆက္စပ္ေနတယ္ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။အေမရိကန္ေရတပ္ရဲ႕ တိုက္ခိုက္မႈအတြင္း မူးယစ္ေဆးဝါးေမွာင္ခိုကူးသူ(၆)ဦးေသဆုံးခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဗင္နီဇြဲလားကမ္းလြန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့ သေဘၤာေတြကို အေမရိကန္ရဲ႕ တိုက္ခိုက္မႈေတြဟာ ပင္လယ္ေရေၾကာင္းကေန မူးယစ္ေဆးဝါးစီးဆင္းမႈေတြကို ရပ္တန႔္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေျမျပင္မွာရွာေဖြမႈေတြကို စတင္လုပ္ေဆာင္ရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္တပ္ဖြဲ႕ေတြကို ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့လေတြအတြင္း ဗင္နီဇြဲလားကမ္းလြန္မွာ စစ္သေဘၤာေတြကို အေမရိကန္က ျဖန႔္က်က္ခ်ထားခဲ့ၿပီးေနာက္ ဗင္နီဇြဲလားနဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈေတြ စတင္ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.