တစ်သောင်းကျပ်တန်နှင့်ငါးထောင်ကျပ်တန် ငွေစက္ကူအတု အရွက်ရေ (၉ဝဝ)ကျော် ရန်ကုန်၌ ဖမ်းဆီးရမိ

2079
NP News - မေ ၂၅
တစ်သောင်းကျပ်တန်နှင့် ငါးထောင်ကျပ်တန် ငွေစက္ကူအတု အရွက်ရေ (၉ဝဝ) ကျော်ကို မေလ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇) ရပ်ကွက်တွင် ကိုမင်းမင်း ဆိုသူအား ငွေစက္ကူအတုများနှင့်အတူတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက NP News ကိုပြောသည်။
တစ်သောင်းကျပ်တန် ငွေက္ကူအတု ၂၈၇ ရွက်နှင့် ငါးထောင်ကျပ်တန် ငွေက္ကူအတု ၆၃၇ ရွက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်၊ ဒုဌဝတီလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဆိုက်ကားစီးလာသူ သုံးဦးအား တားဆီးစစ်ဆေးရာတွင် နှစ်ဦးမှာထွက်ပြေးသွားခဲ့ပြီး ကိုမင်းမင်းဆိုသူအား ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်း ငွေစက္ကူအတု ဖမ်းဆီးရမိသောဖြစ်စဉ်များသည် ယခင်ကထက် ပိုမိုများပြားလာသည်ကို သတင်းအချက်အလက်များအရ တွေ့ရှိရသည်။
https://npnewsmm.com/news/628ddc16fd9c996ebc5034ff

zawgyi version
တစ္ေသာင္းက်ပ္တန္ႏွင့္ငါးေထာင္က်ပ္တန္ ေငြစကၠဴအတု အ႐ြက္ေရ (၉ဝဝ)ေက်ာ္ ရန္ကုန္၌ ဖမ္းဆီးရမိ
NP News - ေမ ၂၅
တစ္ေသာင္းက်ပ္တန္ႏွင့္ ငါးေထာင္က်ပ္တန္ ေငြစကၠဴအတု အ႐ြက္ေရ (၉ဝဝ) ေက်ာ္ကို ေမလ ၂၄ ရက္ ညေနပိုင္းက ရန္ကုန္ၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ (၆၇) ရပ္ကြက္တြင္ ကိုမင္းမင္း ဆိုသူအား ေငြစကၠဴအတုမ်ားႏွင့္အတူေတြ႕ရွိ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ရပ္ကြက္အတြင္း ေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။
တစ္ေသာင္းက်ပ္တန္ ေငြကၠဴအတု ၂၈၇ ႐ြက္ႏွင့္ ငါးေထာင္က်ပ္တန္ ေငြကၠဴအတု ၆၃၇ ႐ြက္ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ (၆၇) ရပ္ကြက္၊ ဒုဌဝတီလမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ဆိုက္ကားစီးလာသူ သုံးဦးအား တားဆီးစစ္ေဆးရာတြင္ ႏွစ္ဦးမွာထြက္ေျပးသြားခဲ့ၿပီး ကိုမင္းမင္းဆိုသူအား ေငြစကၠဴအတုမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေကျာင္းသိရသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ ေနာက္ပိုင္းမွစ၍ ျမန္မာႏိုင္ငံအတြင္း ေငြစကၠဴအတု ဖမ္းဆီးရမိေသာျဖစ္စဥ္မ်ားသည္ ယခင္ကထက္ ပိုမိုမ်ားျပားလာသည္ကို သတင္းအခ်က္အလက္မ်ားအရ ေတြ႕ရွိရသည္။
https://npnewsmm.com/news/628ddc16fd9c996ebc5034ff