ခြိမ်းခြောက်အကျပ်ကိုင်မှု နဲ့ အင်ပါယာတည်ဆောက်နေတဲ့ အမေရိကန် (ဘာသာပြန်ဆောင်းပါး)

 3293

NP News - မေ ၃ဝ

အကျပ်ကိုင်မှုများနှင့် အမေရိကန်
ရောမမှသည် ဗြိတိန်အထိ အင်ပါယာတိုင်းသည် ၎င်းတို့ သိမ်းပိုက်ထားသော အဖွဲ့အစည်းများ၊ ဘာသာစကားများနှင့် အတွေးအခေါ် အယူအ ဆများကို လက်ခံနားလည်ပေးကြသည်။ အကြောင်းမှာ ၎င်းတို့၏အုပ် ချုပ်မှု ပိုမိုလွယ်ကူစေရန်နှင့် ၎င်းတို့၏ အင်အားကြီးမားမှုနှင့် အကျိုးစီး ပွားကို မြှင့်တင်ရန်အတွက် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည်လည်း အလားတူပင် ဖြစ်သည်။ ၁၉ဝ၂ ခုနှစ်၊ ဗင်နီဇွဲလား ဆိပ်ကမ်းတွင် ပိတ်ဆို့ထားသော ဥရောပတိုက်ရေ ယာဉ်များကို အမေရိကန်ကတွေ့ရှိခဲ့သည့်အချိန်တွင် အမေရိကန်အ နေဖြင့် အေးအေးဆေးဆေးမနေဘဲ အနောက်ကမ္ဘာခြမ်းတွင် နိုင်ငံတကာ လုံခြုံရေးအင်အားကို ကျင့်သုံးရန်ဆုံးဖြတ်ခဲ့ပြီး တခြားနိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်လာသည်။ (Roosevelt Corollary 1904)

အမေရိကန်က တစ်ကမ္ဘာလုံးကို ထိန်းချုပ်လာ
လွှမ်းမိုးမှု ထိန်းချုပ်မှုကို စီမံခန့်ခွဲရန် မလွယ်ကူပေ။ ကူးဘား၊ အီရန်၊ ဆီးရီးယား၊ ကိုရီးယား၊ ဗင်နီးဇွဲလားနှင့် ရုရှားကဲ့သို့ ၎င်း၏လွှမ်းမိုးမှုကိုလက် ခံရန် ခေါင်းမာလွန်းသည့် နိုင်ငံများအပေါ် အမေရိကန်သည် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ၊ သံတမန်ရေးအရ အထီးကျန်မှုနှင့် စစ်ရေးအရ အကျပ်ကိုင်မှုများအပါအဝင် ပြင်းထန်သော အကျပ်ကိုင်မှုများကို ပြု လုပ်သည်။ အကျပ်ကိုင်မှုမှာ ပုံစံအမျိုးမျိုးဖြစ်နိုင်သော်လည်း အမေရိကန်၏ ရည်မှန်းချက်မှာ တစ်သတ်မတ်တည်းဖြစ်သည်။ ၎င်း၏ မဟာဗျူ ဟာ၊ သံတမန်ရေးနှင့် စီးပွားရေး ရည်မှန်းချက်များကို ဖယ်ရှားရန်အတွက် နိုင်ငံရေးစနစ်တွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေသည်။ ယင်းနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းလေ့ရှိပြီး "အမေရိကန်အင်ပါယာ"ကို ခိုင်မြဲစေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ က အမေရိကန်သည် ကိုရီးယား၊ ဗီယက်နမ်၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် စစ်ပွဲကြီးများဆင်နွှဲခဲ့သည်။ စစ်ရေးကုန်ကျစရိတ်နှင့် စစ်၏နောက်ဆက်တွဲ အကျိုးဆက်ကို ကျေနပ်မှုမရှိသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုသည် အမေရိကန်၏ အနှစ်မြို့ဆုံးအ ကျပ်ကိုင်မှုဖြစ်လာခဲ့သည်။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၏ ပထမဆုံးသက်တမ်းတွင် အမေရိကန်သည် နှစ်စဉ်ပျမ်းမျှအဖွဲ့အ စည်း ၅ဝဝ ကို ဒဏ်ခတ်အရေးယူပိတ်ဆို့ခဲ့သည်။ ယခင်သမ္မတ ဒေါ်နယ်ထရန့် သက်တမ်းတွင် ယခင်အရေအတွက်ထက် နှစ်ဆတိုးလာခဲ့သည်။

လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်သည်လည်း ယခင်သမ္မတများနည်းတူအတင်း အကျပ်ပြုမူမှုများနှင့် အရေးယူပိတ်ဆို့မှု သံခင်းတမန်ခင်းများကို သစ္စာရှိရှိ အမွေဆက်ခံခဲ့ပြီး ၎င်းသမ္မတ တာဝန်ထမ်းဆောင်သည့် ပထမကာလများတွင် မြန်မာ၊ နီကာရာဂွါနှင့် ရုရှားအတို့ပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေသည့် နှစ်လအတွင်း အမေရိကန်သည် ရုရှားအပေါ် အရေးယူပိတ်ဆို့မှု ၈ဝဝ ကျော်ပြုလုပ်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများသည် စစ်ရေးဆိုင်ရာလုပ်ဆောင်မှုများမှလွဲ၍ ဝါရှင်တန်၏ တရားဝင်ရွေးချယ်မှု ဖြစ်လာသည်။ အမေရိကန်သည် ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်ဖြင့် နိုင်ငံကြီးတစ်ခုကို ၎င်း၏လက် အောက်သို့ ရောက်ရှိအောင် အတင်းအကြပ်လုပ်ဆောင်နိုင်သည်ဟု ယုံကြည်မှုရှိနေပုံရသည်။

အမေရိကန်သည် အကျပ်ကိုင်မှုကို လက်နက်သဖွယ် အသုံးပြုနေသည်မှာ သိသာထင်ရှားလှသည်။ အမေရိကန်က ၎င်း၏ ဒဏ်ခတ်ပိတ်ဆို့မှုကို လက်ခံသော နိုင်ငံများကို သစ္စာရှိသော မိတ်ဆွေနိုင်ငံများအဖြစ် သတ်မှတ်ပြီး ၎င်း၏ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အကျပ်ကိုင်မှုများဘက်မှ ရပ်တည်ခြင်းမရှိဘဲ မျှတအောင်ဆောင်ရွက်ရန် ကြိုးပမ်းသော နိုင်ငံများမှာ "ပြင်းထန်သော အကျိုးဆက်များ" ဖြင့် ကြုံတွေ့ရမည်ဖြစ်သည်။ အ မေရိကန်၏ အကြပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ သက်ရောက်မှုများမှာ အချေအတင် ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်နေသည်။ သို့သော် အမေရိကန်က ပစ်မှတ်ထားသော နိုင်ငံများရှိ နိုင်ငံသူ နိုင်ငံသားများသည် ပျက်စီးဆုံးရှုံးမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။ ဥပမာအနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ကျူးဘားနိုင်ငံသည် နှစ်ပေါင်း ၆ဝ ကျော်ကာလအတွင်း စီးပွားရေးတန်ဖိုး အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၃ဝ ဘီလျံခန့် (ကျူးဘား၏ နှစ်စဉ် GDP တစ်ဆခွဲခန့်ရှိသည် ) ဆုံးရှုံးမှု ဖြစ်စေခဲ့သည်။ ပိတ်ဆို့အရေးယူမှုများ သည် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တိုးမြင့်လာစေရန်နှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကိန်းအချို့ ကျဆင်းလာစေရန် အထောက်အ ကူဖြစ်စေကြောင်း လေ့လာတွေ့ရှိရသည်။

အီရန်အပေါ် အမေရိကန်၏ဒဏ်ခတ်အရေးယူမှုများကို ကြည့်မည်ဆိုပါက နှစ်စဉ်ငွေကြေးဖောင်းပွမှု ၄၂ ရာခိုင်နှုန်းကို ဖြစ်ပေါ်စေခဲ့ရာ အီရန်နိုင်ငံသားများ၏ သုံးပုံတစ်ပုံကျော်သည် လူနေမှုအဆင့်အတန်းတွင် အခြေခံအနိမ့်ဆုံးအဆင့်ဖြင့် ရှင်သန်နေကြရသည်။

စီးပွားရေးထိခိုက်မှုနှင့် လူသေဆုံးမှုများရှိသော်လည်း အကြပ်ကိုင်ခြင်းဟူသော အသုံးအနှုန်းသည် အမေရိကန် အဘိဓာန်တွင် အနုတ်လက္ခ ဏာအဖြစ် ယူဆထားခြင်းမရှိပေ။ ၁၉၉ဝ ပြည့်လွန်နှစ် အစောပိုင်းက သီအိုကရက်တစ်မူဘောင်တွင် "အကျပ်ကိုင်သော သံတမန်ရေးရာ" ကို ပထမဆုံး ထည့်သွင်းရေးသားခဲ့သူလည်းဖြစ်သော အလက်ဇန်းဒါးဂျော့ဂ်ျ၏ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းအကြောင်းကို ဖတ်ရသည့်အချိန်တွင် အမေရိကန်သည် အကြပ်ကိုင်ခြင်း ဟူသော ဝေါဟာရကို စစ်ပွဲအတွက် ရွေးချယ်မှုအဖြစ် ဂုဏ်ယူစွာ တံဆိပ်ရိုက်နှိပ်ခဲ့ကြောင်း သိလိုက်ရသည်။

တရုတ်သို့ ဦးတည်မှု
ထရန့်အစိုးရမှသည် ဘိုင်ဒန်အစိုးရအထိ အမေရိကန်နိုင်ငံရေးသမားများသည် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို ဖော်ပြရန်အတွက် တရုတ်မကြိုက်နှစ်သက်သော "အကျပ်ကိုင်ခြင်း" ဟူသော ဝေါဟာရကို အသုံးပြုလာခဲ့သည်။ အကြပ်ကိုင်မှုအနေဖြင့် တရုတ်သည် လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်သည်။ ကနေဒါသူလျှိုများအား တရုတ်က ဖမ်းဆီးလိုက်သည်။ ကိုရီးယားသမ္မတနိုင်ငံ၌ အမေရိကန်၏ နည်းပညာမြင့်လက်နက်များ ဖြန့်ကျက်ချထားမှုကို တရုတ်က ကန့်ကွက်လိုက်သည်။

အကျပ်ကိုင်မှုသည် အမေရိကန်၏ ဝါဒဖြန့်မှုအတွက် အဆင်ပြေသော စကားလုံး ဖြစ်လာသည်။ တရုတ်တို့အပေါ် အဆိုးမြင်လေ အမေရိကန်၏ ရန်လိုသော တရုတ်မူဝါဒကို ထောက်ခံမှုရရှိရန် လွယ်ကူလေဖြစ်သည်။ အမှီအခိုကင်းပြီး တာဝန်သိသော နိုင်ငံရေး လေ့လာ သုံးသပ်သူကသာ နိုင်ငံတစ်နိုင်ငံ၏ လုပ်ဆောင်မှုသဘောသဘာဝကို ဆန်းစစ်နိုင်မည်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်လူမျိုးများ၏ လုပ်ဆောင်ပုံမှာ ကွဲပြားခြားနား သည်။ ပထမအချက်မှာ ဘေဂျင်း၏ လုပ်ရပ်များသည် ခုခံကာကွယ်မှုအသွင်ရှိသော်လည်း အမေရိကန်၏ ထိုးစစ်နှင့် အကြပ်ကိုင်မှုများရှိနေ သည်။ ထိုင်ဝမ်ကို လစ်သူယေးနီးယားနိုင်ငံ ဗွီနီးယက်စ်တွင် သံရုံးဖွင့်ခွင့်ပေးခြင်းဖြင့် တရုတ်၏ One-China မူဝါဒကို ချိုးဖောက်ခဲ့သည့်အ တွက် ၂ဝ၂၁ ခုနှစ်တွင် လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့သည်။ တရုတ်၏လုပ်ဆောင်မှုကို အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက "အကျပ်ကိုင်မှု" လုပ်ရပ်အဖြစ် တံဆိပ်တပ်ခဲ့သည်။

နိုင်ငံရေးသမားများက မည်သို့ပင် ကြိုးစားတင်ပြစေကာမူ One-China မူဝါဒမှာ ကျိုးကြောင်းထင်ရှားသည်။ One-China မူဝါဒကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်များတွင် ထည့်သွင်းရေးသားထားပြီး တရုတ်နှင့် အခြားနိုင်ငံများအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု ကြေညာချက်များတွင်လည်း ဖော်ပြထားသည်။ တရားဝင်ချုပ်ဆိုထားသော နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းနှင့် ၎င်း၏ ပိုင်နက်နယ်မြေ ဂုဏ် သိက္ခာကို ကာကွယ်ရန် ကြိုးပမ်းမှုတွင် လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ကျိုးကြောင်းဆီလျော်မှုရှိသည်။

အမေရိကန်၏ စစ်လက်နက်အင်အား ပိတ်ဆို့အရေးယူမှုများ
၂ဝ၁၈ ခုနှစ်တွင် အမေရိကန်သည် ဒိုမီနီကန်၊ အယ်လ်ဆာဗေဒိုနှင့် ပနားမားမှ ၎င်း၏ ထိပ်တန်းသံတမန်များကို ပြန်လည်ခေါ်ယူခဲ့ပြီး သံတမန်ဆက်ဆံရေးလျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဘာကြောင့်လဲ။ ထိုင်ဝမ်နှင့်လည်းသက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပါသည်။ ဗဟိုအမေရိက သုံးနိုင်ငံသည် တရုတ်နှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ထိုင်ဝမ်နှင့် ၎င်းတို့၏ တရားဝင်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းကြောင့် အမေရိကန်သည် အမျက်ချောင်းချောင်း ထွက်နေသည်။ မဟာမိတ်ထူထောင်ရန်ဆုံးဖြတ်သော နိုင်ငံများသည် ၎င်းတို့၏ အချုပ် အခြာအာဏာပိုင်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ရာ အမေရိကန်အနေဖြင့် အနေသာကြီးဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂမှ ထောက်ခံထားသော တရုတ်နိုင်ငံ တရားဝင်အစိုးရနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းကို နိုင်ငံအများစုအပေါ် လွှမ်းမိုးခြယ်လှယ်နေသော "နိုင်ငံကြီး (သို့) သူဋ္ဌေးကြီး"က ဝင်ရောက်စွက်ဖက်ခြင်းမျိုးလုပ်ဆောင်ရန် မသင့်လျော်ပေ။

သို့သော်လည်း အမေရိကန်သည် ဗဟိုအမေရိကသုံးနိုင်ငံ၏ လုပ်ဆောင် ချက်ကိုပြောင်းလဲရန် အလွန်စိတ်အားထက်သန်နေပြီး ၎င်းတို့အား အကူ အညီ ဖြတ်တောက်ရန်အထိ ခြိမ်းခြောက်ခဲ့သည်။ အချုပ်အခြာအာဏာပိုင်သည့် ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်သည့်သဘောဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို လျှော့ချခြင်းသည် ဂန္ထဝင်မြောက်လုပ်ဆောင်မှုတစ် ရပ်ဖြစ်ပြီး ရိုးရှင်းစွာဆိုရလျှင် အနိုင်ကျင့်ခြင်းပင်ဖြစ်သည်။

အမေရိကန်သည် ၎င်း၏ပြည်တွင်းဥပဒေများကို တရားမဝင် ကမ္ဘာတစ်ဝန်းလုံး၌ ကျင့်သုံးနေချိန်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သြစတြေးလျနိုင်ငံသည် တရုတ်၏ အကျပ်ကိုင်မှုကို ကြွေးကြော်ခဲ့ဖူးသည်။ အကြောင်းမှာ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှု ကျဆင်းမှုခြင်းမှာ COVID-19 ဇာစ်မြစ်ကို ခြေရာခံခြင်းနှင့် တရုတ်နိုင်ငံ၏ လူ့အခွင့် အရေးဆိုင်ရာ နိုင်ငံရေးထုတ်ပြန်ချက်များနှင့် သက်ဆိုင်သည်ဟု ကင်ဘာရာနိုင်ငံသားအချို့က ယူဆသောကြောင့်ဖြစ်သည်။ တရုတ်သည် ခိုင်မာမှုမရှိသော အမြင်ယူဆချက်များကို စမ်းစစ်မှုမလုပ်ဘဲ စာရွက်စာ တမ်းဖြင့်သာ သက်သေပြခဲ့သည်။

သြစတြေးလျထွက်ကုန်များဖြစ်သော မုယောစပါး၊ ဝိုင်၊ သကြားနှင့် အခြားထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအ တိုင်း အရေးယူခဲ့ခြင်းသာ ဖြစ်သည်။ ဩစတေးလျသည်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လက်နက်ကို အသုံးပြုခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ မည်သည့်ပါတီမဆို ၎င်းတို့၏ မကျေနပ်ချက်များကို နိုင်ငံတကာသ ဘောတူညီချက်ဖြင့် အုပ်ချုပ်သော ဘက်မလိုက်သည့် ခုံသမာဓိလူကြီးထံ တိုင်ကြားနိုင်သည်။

သို့သော် နိုင်ငံတစ်နိုင်ငံသည် အမေရိကန်ကို တစ်နည်းနည်းဖြင့် ထိမိလျှင် ပြင်းထန်သော အကျိုးဆက်များထွက်ပေါ်လာနိုင်ပြီး အမေရိကန်တရားရုံးများမှလွဲ၍ အယူခံဝင်ရန်နေရာမရှိပေ။ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအများစုကို ပြည်တွင်းဥပဒေများဖြင့် ခွင့်ပြုထားသည်။ ဆိုလို သည်မှာ အမေရိကန်ကွန်ဂရက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံပေါင်း ၁၉၃ ခု၏ စုပေါင်းလုပ်ပိုင်ခွင့်များရှိသော ကုလသမဂ္ဂထက် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို လုပ်ဆောင်ရာတွင် ပိုမိုသွက်လက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ်ကတည်းက နှစ်စဉ် အမေရိကန်၏ ကျူးဘားအပေါ် တရားမ ဝင် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ရာ ကုလသမဂ္ဂ အထွေထွေညီလာခံက တခဲနက်မဲခွဲဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ တရားဥပဒေစိုးမိုးမှုအပေါ် အမေရိကန်၏ ဂန္ထဝင်မြောက်ချုပ်ကိုင်မှုပင် ဖြစ် သည်။ တစ်နည်းဆိုသော် သူဋ္ဌေးကျင့် သူဋ္ဌေးကြံခြင်းပင် ဖြစ်သည်။

မည်သည့်နိုင်ငံက အကျပ်ကိုင်မှုကို လက်ကိုင်တုတ်ကဲ့သို့ သုံးသနည်း၊ မည်သည့်နိုင်ငံက အနိုင်ကျင့်သနည်းဆိုသည်ကို စာဖတ်သူများအတွက် အတွေးတစ်စချန်ထားပေးခဲ့ပါသည်။

China Daily တွင် ဖော်ပြထားသည့် US-an empire of coercion ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

https://global.chinadaily.com.cn/a/202205/23/WS628afb28a310fd2b29e5e631.html

zawgyi version
ၿခိမ္းေျခာက္အက်ပ္ကိုင္မႈ နဲ႔ အင္ပါယာတည္ေဆာက္ေနတဲ့ အေမရိကန္ (ဘာသာျပန္ေဆာင္းပါး)
NP News - ေမ ၃ဝ

အက်ပ္ကိုင္မႈမ်ားႏွင့္ အေမရိကန္
ေရာမမွသည္ ၿဗိတိန္အထိ အင္ပါယာတိုင္းသည္ ၎တို႔ သိမ္းပိုက္ထားေသာ အဖြဲ႕အစည္းမ်ား၊ ဘာသာစကားမ်ားႏွင့္ အေတြးအေခၚ အယူအ ဆမ်ားကို လက္ခံနားလည္ေပးၾကသည္။ အေၾကာင္းမွာ ၎တို႔၏အုပ္ ခ်ဳပ္မႈ ပိုမိုလြယ္ကူေစရန္ႏွင့္ ၎တို႔၏ အင္အားႀကီးမားမႈႏွင့္ အက်ိဳးစီး ပြားကို ျမႇင့္တင္ရန္အတြက္ ျဖစ္သည္။

အေမရိကန္ ျပည္ေထာင္စုသည္လည္း အလားတူပင္ ျဖစ္သည္။ ၁၉ဝ၂ ခုႏွစ္၊ ဗင္နီဇြဲလား ဆိပ္ကမ္းတြင္ ပိတ္ဆို႔ထားေသာ ဥေရာပတိုက္ေရ ယာဥ္မ်ားကို အေမရိကန္ကေတြ႕ရွိခဲ့သည့္အခ်ိန္တြင္ အေမရိကန္အ ေနျဖင့္ ေအးေအးေဆးေဆးမေနဘဲ အေနာက္ကမာၻျခမ္းတြင္ ႏိုင္ငံတကာ လုံၿခဳံေရးအင္အားကို က်င့္သုံးရန္ဆုံးျဖတ္ခဲ့ၿပီး တျခားႏိုင္ငံ၏ ျပည္ တြင္းေရးကို ဝင္ေရာက္စြက္ဖက္လာသည္။ (Roosevelt Corollary 1904)

အေမရိကန္က တစ္ကမာၻလုံးကို ထိန္းခ်ဳပ္လာ
လႊမ္းမိုးမႈ ထိန္းခ်ဳပ္မႈကို စီမံခန႔္ခြဲရန္ မလြယ္ကူေပ။ ကူးဘား၊ အီရန္၊ ဆီးရီးယား၊ ကိုရီးယား၊ ဗင္နီးဇြဲလားႏွင့္ ႐ုရွားကဲ့သို႔ ၎၏လႊမ္းမိုးမႈကိုလက္ ခံရန္ ေခါင္းမာလြန္းသည့္ ႏိုင္ငံမ်ားအေပၚ အေမရိကန္သည္ စီးပြားေရး ပိတ္ဆို႔အေရးယူမႈမ်ား၊ သံတမန္ေရးအရ အထီးက်န္မႈႏွင့္ စစ္ေရးအရ အက်ပ္ကိုင္မႈမ်ားအပါအဝင္ ျပင္းထန္ေသာ အက်ပ္ကိုင္မႈမ်ားကို ျပဳ လုပ္သည္။ အက်ပ္ကိုင္မႈမွာ ပုံစံအမ်ိဳးမ်ိဳးျဖစ္ႏိုင္ေသာ္လည္း အေမရိကန္၏ ရည္မွန္းခ်က္မွာ တစ္သတ္မတ္တည္းျဖစ္သည္။ ၎၏ မဟာဗ်ဴ ဟာ၊ သံတမန္ေရးႏွင့္ စီးပြားေရး ရည္မွန္းခ်က္မ်ားကို ဖယ္ရွားရန္အတြက္ ႏိုင္ငံေရးစနစ္တြင္ ႀကီးမားေသာ အေျပာင္းအလဲကို ျဖစ္ေပၚေစသည္။ ယင္းနည္းလမ္းျဖင့္ ျပႆနာမ်ားကို ေျဖရွင္းေလ့ရွိၿပီး "အေမရိကန္အင္ပါယာ"ကို ခိုင္ၿမဲေစသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇ဝ က အေမရိကန္သည္ ကိုရီးယား၊ ဗီယက္နမ္၊ အီရတ္ႏွင့္ အာဖဂန္နစၥတန္တို႔တြင္ စစ္ပြဲႀကီးမ်ားဆင္ႏႊဲခဲ့သည္။ စစ္ေရးကုန္က်စရိတ္ႏွင့္ စစ္၏ေနာက္ဆက္တြဲ အက်ိဳးဆက္ကို ေက်နပ္မႈမရွိေသာ္လည္း ဒဏ္ခတ္ပိတ္ဆို႔မႈသည္ အေမရိကန္၏ အႏွစ္ၿမိဳ႕ဆုံးအ က်ပ္ကိုင္မႈျဖစ္လာခဲ့သည္။ အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမား၏ ပထမဆုံးသက္တမ္းတြင္ အေမရိကန္သည္ ႏွစ္စဥ္ပ်မ္းမွ်အဖြဲ႕အ စည္း ၅ဝဝ ကို ဒဏ္ခတ္အေရးယူပိတ္ဆို႔ခဲ့သည္။ ယခင္သမၼတ ေဒၚနယ္ထရန႔္ သက္တမ္းတြင္ ယခင္အေရအတြက္ထက္ ႏွစ္ဆတိုးလာခဲ့သည္။

လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္သည္လည္း ယခင္သမၼတမ်ားနည္းတူအတင္း အက်ပ္ျပဳမူမႈမ်ားႏွင့္ အေရးယူပိတ္ဆို႔မႈ သံခင္းတမန္ခင္းမ်ားကို သစၥာရွိရွိ အေမြဆက္ခံခဲ့ၿပီး ၎သမၼတ တာဝန္ထမ္းေဆာင္သည့္ ပထမကာလမ်ားတြင္ ျမန္မာ၊ နီကာရာဂြါႏွင့္ ႐ုရွားအတို႔ေပၚ အေရးယူပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့သည္။ ႐ုရွား-ယူကရိန္း ပဋိပကၡျဖစ္ပြားေနသည့္ ႏွစ္လအတြင္း အေမရိကန္သည္ ႐ုရွားအေပၚ အေရးယူပိတ္ဆို႔မႈ ၈ဝဝ ေက်ာ္ျပဳလုပ္ခဲ့သည္။ ပိတ္ဆို႔အေရးယူမႈမ်ားသည္ စစ္ေရးဆိုင္ရာလုပ္ေဆာင္မႈမ်ားမွလြဲ၍ ဝါရွင္တန္၏ တရားဝင္ေ႐ြးခ်ယ္မႈ ျဖစ္လာသည္။ အေမရိကန္သည္ ကမာၻ႔စီးပြားေရးႏွင့္ ဘ႑ာေရးစနစ္ျဖင့္ ႏိုင္ငံႀကီးတစ္ခုကို ၎၏လက္ ေအာက္သို႔ ေရာက္ရွိေအာင္ အတင္းအၾကပ္လုပ္ေဆာင္ႏိုင္သည္ဟု ယုံၾကည္မႈရွိေနပုံရသည္။

အေမရိကန္သည္ အက်ပ္ကိုင္မႈကို လက္နက္သဖြယ္ အသုံးျပဳေနသည္မွာ သိသာထင္ရွားလွသည္။ အေမရိကန္က ၎၏ ဒဏ္ခတ္ပိတ္ဆို႔မႈကို လက္ခံေသာ ႏိုင္ငံမ်ားကို သစၥာရွိေသာ မိတ္ေဆြႏိုင္ငံမ်ားအျဖစ္ သတ္မွတ္ၿပီး ၎၏ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားႏွင့္ အက်ပ္ကိုင္မႈမ်ားဘက္မွ ရပ္တည္ျခင္းမရွိဘဲ မွ်တေအာင္ေဆာင္႐ြက္ရန္ ႀကိဳးပမ္းေသာ ႏိုင္ငံမ်ားမွာ "ျပင္းထန္ေသာ အက်ိဳးဆက္မ်ား" ျဖင့္ ႀကဳံေတြ႕ရမည္ျဖစ္သည္။ အ ေမရိကန္၏ အၾကပ္ကိုင္မႈေၾကာင့္ ျဖစ္ေပၚလာေသာ ေနာက္ဆက္တြဲ သက္ေရာက္မႈမ်ားမွာ အေခ်အတင္ ေဆြးေႏြးစရာ အေၾကာင္းအရာတစ္ခု ျဖစ္ေနသည္။ သို႔ေသာ္ အေမရိကန္က ပစ္မွတ္ထားေသာ ႏိုင္ငံမ်ားရွိ ႏိုင္ငံသူ ႏိုင္ငံသားမ်ားသည္ ပ်က္စီးဆုံးရႈံးမႈမ်ားကို ျပင္းျပင္းထန္ထန္ ခံစားေနရသည္။ ဥပမာအေနျဖင့္ အေမရိကန္၏ ပိတ္ဆို႔မႈေၾကာင့္ က်ဴးဘားႏိုင္ငံသည္ ႏွစ္ေပါင္း ၆ဝ ေက်ာ္ကာလအတြင္း စီးပြားေရးတန္ဖိုး အၾကမ္းဖ်င္းအားျဖင့္ ေဒၚလာ ၁၃ဝ ဘီလ်ံခန႔္ (က်ဴးဘား၏ ႏွစ္စဥ္ GDP တစ္ဆခြဲခန႔္ရွိသည္ ) ဆုံးရႈံးမႈ ျဖစ္ေစခဲ့သည္။ ပိတ္ဆို႔အေရးယူမႈမ်ား သည္ က်န္းမာေရးဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ား တိုးျမင့္လာေစရန္ႏွင့္ က်န္းမာေရးဆိုင္ရာ ၫႊန္ကိန္းအခ်ိဳ႕ က်ဆင္းလာေစရန္ အေထာက္အ ကူျဖစ္ေစေၾကာင္း ေလ့လာေတြ႕ရွိရသည္။

အီရန္အေပၚ အေမရိကန္၏ဒဏ္ခတ္အေရးယူမႈမ်ားကို ၾကည့္မည္ဆိုပါက ႏွစ္စဥ္ေငြေၾကးေဖာင္းပြမႈ ၄၂ ရာခိုင္ႏႈန္းကို ျဖစ္ေပၚေစခဲ့ရာ အီရန္ႏိုင္ငံသားမ်ား၏ သုံးပုံတစ္ပုံေက်ာ္သည္ လူေနမႈအဆင့္အတန္းတြင္ အေျခခံအနိမ့္ဆုံးအဆင့္ျဖင့္ ရွင္သန္ေနၾကရသည္။

စီးပြားေရးထိခိုက္မႈႏွင့္ လူေသဆုံးမႈမ်ားရွိေသာ္လည္း အၾကပ္ကိုင္ျခင္းဟူေသာ အသုံးအႏႈန္းသည္ အေမရိကန္ အဘိဓာန္တြင္ အႏုတ္လကၡ ဏာအျဖစ္ ယူဆထားျခင္းမရွိေပ။ ၁၉၉ဝ ျပည့္လြန္ႏွစ္ အေစာပိုင္းက သီအိုကရက္တစ္မူေဘာင္တြင္ "အက်ပ္ကိုင္ေသာ သံတမန္ေရးရာ" ကို ပထမဆုံး ထည့္သြင္းေရးသားခဲ့သူလည္းျဖစ္ေသာ အလက္ဇန္းဒါးေဂ်ာ့ဂ္်၏ ၁၉၆၂ ခုႏွစ္ က်ဴးဘားဒုံးက်ည္ အက်ပ္အတည္းအေၾကာင္းကို ဖတ္ရသည့္အခ်ိန္တြင္ အေမရိကန္သည္ အၾကပ္ကိုင္ျခင္း ဟူေသာ ေဝါဟာရကို စစ္ပြဲအတြက္ ေ႐ြးခ်ယ္မႈအျဖစ္ ဂုဏ္ယူစြာ တံဆိပ္႐ိုက္ႏွိပ္ခဲ့ေၾကာင္း သိလိုက္ရသည္။

တ႐ုတ္သို႔ ဦးတည္မႈ
ထရန႔္အစိုးရမွသည္ ဘိုင္ဒန္အစိုးရအထိ အေမရိကန္ႏိုင္ငံေရးသမားမ်ားသည္ တ႐ုတ္ႏိုင္ငံ၏ လႈပ္ရွားမႈမ်ားကို ေဖာ္ျပရန္အတြက္ တ႐ုတ္မႀကိဳက္ႏွစ္သက္ေသာ "အက်ပ္ကိုင္ျခင္း" ဟူေသာ ေဝါဟာရကို အသုံးျပဳလာခဲ့သည္။ အၾကပ္ကိုင္မႈအေနျဖင့္ တ႐ုတ္သည္ လစ္သူေယးနီးယားႏွင့္ သံတမန္ဆက္ဆံေရးကို အဆင့္ေလွ်ာ့ခ်လိုက္သည္။ ကေနဒါသူလွ်ိဳမ်ားအား တ႐ုတ္က ဖမ္းဆီးလိုက္သည္။ ကိုရီးယားသမၼတႏိုင္ငံ၌ အေမရိကန္၏ နည္းပညာျမင့္လက္နက္မ်ား ျဖန႔္က်က္ခ်ထားမႈကို တ႐ုတ္က ကန႔္ကြက္လိုက္သည္။

အက်ပ္ကိုင္မႈသည္ အေမရိကန္၏ ဝါဒျဖန႔္မႈအတြက္ အဆင္ေျပေသာ စကားလုံး ျဖစ္လာသည္။ တ႐ုတ္တို႔အေပၚ အဆိုးျမင္ေလ အေမရိကန္၏ ရန္လိုေသာ တ႐ုတ္မူဝါဒကို ေထာက္ခံမႈရရွိရန္ လြယ္ကူေလျဖစ္သည္။ အမွီအခိုကင္းၿပီး တာဝန္သိေသာ ႏိုင္ငံေရး ေလ့လာ သုံးသပ္သူကသာ ႏိုင္ငံတစ္ႏိုင္ငံ၏ လုပ္ေဆာင္မႈသေဘာသဘာဝကို ဆန္းစစ္ႏိုင္မည္ျဖစ္သည္။

အေမရိကန္ႏွင့္ တ႐ုတ္လူမ်ိဳးမ်ား၏ လုပ္ေဆာင္ပုံမွာ ကြဲျပားျခားနား သည္။ ပထမအခ်က္မွာ ေဘဂ်င္း၏ လုပ္ရပ္မ်ားသည္ ခုခံကာကြယ္မႈအသြင္ရွိေသာ္လည္း အေမရိကန္၏ ထိုးစစ္ႏွင့္ အၾကပ္ကိုင္မႈမ်ားရွိေန သည္။ ထိုင္ဝမ္ကို လစ္သူေယးနီးယားႏိုင္ငံ ဗြီနီးယက္စ္တြင္ သံ႐ုံးဖြင့္ခြင့္ေပးျခင္းျဖင့္ တ႐ုတ္၏ One-China မူဝါဒကို ခ်ိဳးေဖာက္ခဲ့သည့္အ တြက္ ၂ဝ၂၁ ခုႏွစ္တြင္ လစ္သူေယးနီးယားႏွင့္ သံတမန္ဆက္ဆံေရးကို အဆင့္ေလွ်ာ့ခ်ခဲ့သည္။ တ႐ုတ္၏လုပ္ေဆာင္မႈကို အေမရိကန္ႏွင့္ ၎၏ မဟာမိတ္မ်ားက "အက်ပ္ကိုင္မႈ" လုပ္ရပ္အျဖစ္ တံဆိပ္တပ္ခဲ့သည္။

ႏိုင္ငံေရးသမားမ်ားက မည္သို႔ပင္ ႀကိဳးစားတင္ျပေစကာမူ One-China မူဝါဒမွာ က်ိဳးေၾကာင္းထင္ရွားသည္။ One-China မူဝါဒကို ကုလသမဂၢ ဆုံးျဖတ္ခ်က္မ်ားတြင္ ထည့္သြင္းေရးသားထားၿပီး တ႐ုတ္ႏွင့္ အျခားႏိုင္ငံမ်ားအၾကား သံတမန္ဆက္ဆံေရး ထူေထာင္မႈ ေၾကညာခ်က္မ်ားတြင္လည္း ေဖာ္ျပထားသည္။ တရားဝင္ခ်ဳပ္ဆိုထားေသာ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ျခင္းႏွင့္ ၎၏ ပိုင္နက္နယ္ေျမ ဂုဏ္ သိကၡာကို ကာကြယ္ရန္ ႀကိဳးပမ္းမႈတြင္ လစ္သူေယးနီးယားႏွင့္ သံတမန္ဆက္ဆံေရး အဆင့္ေလွ်ာ့ခ်ရန္ တ႐ုတ္ႏိုင္ငံ၏ ဆုံးျဖတ္ခ်က္သည္ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိသည္။

အေမရိကန္၏ စစ္လက္နက္အင္အား ပိတ္ဆို႔အေရးယူမႈမ်ား
၂ဝ၁၈ ခုႏွစ္တြင္ အေမရိကန္သည္ ဒိုမီနီကန္၊ အယ္လ္ဆာေဗဒိုႏွင့္ ပနားမားမွ ၎၏ ထိပ္တန္းသံတမန္မ်ားကို ျပန္လည္ေခၚယူခဲ့ၿပီး သံတမန္ဆက္ဆံေရးေလွ်ာ့ခ်မည္ဟု ၿခိမ္းေျခာက္ခဲ့သည္။ ဘာေၾကာင့္လဲ။ ထိုင္ဝမ္ႏွင့္လည္းသက္ဆိုင္ေကာင္း သက္ဆိုင္ႏိုင္ပါသည္။ ဗဟိုအေမရိက သုံးႏိုင္ငံသည္ တ႐ုတ္ႏွင့္ သံတမန္ဆက္ဆံေရးထူေထာင္ရန္ ဆုံးျဖတ္ခဲ့ၿပီး ထိုင္ဝမ္ႏွင့္ ၎တို႔၏ တရားဝင္ဆက္ဆံေရးကို ျဖတ္ေတာက္လိုက္ျခင္းေၾကာင့္ အေမရိကန္သည္ အမ်က္ေခ်ာင္းေခ်ာင္း ထြက္ေနသည္။ မဟာမိတ္ထူေထာင္ရန္ဆုံးျဖတ္ေသာ ႏိုင္ငံမ်ားသည္ ၎တို႔၏ အခ်ဳပ္ အျခာအာဏာပိုင္မႈျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ရာ အေမရိကန္အေနျဖင့္ အေနသာႀကီးျဖစ္သည္။ ထို႔ျပင္ ကုလသမဂၢမွ ေထာက္ခံထားေသာ တ႐ုတ္ႏိုင္ငံ တရားဝင္အစိုးရႏွင့္ သံတမန္ဆက္ဆံေရး ထူေထာင္ျခင္းကို ႏိုင္ငံအမ်ားစုအေပၚ လႊမ္းမိုးျခယ္လွယ္ေနေသာ "ႏိုင္ငံႀကီး (သို႔) သူေ႒းႀကီး"က ဝင္ေရာက္စြက္ဖက္ျခင္းမ်ိဳးလုပ္ေဆာင္ရန္ မသင့္ေလ်ာ္ေပ။

သို႔ေသာ္လည္း အေမရိကန္သည္ ဗဟိုအေမရိကသုံးႏိုင္ငံ၏ လုပ္ေဆာင္ ခ်က္ကိုေျပာင္းလဲရန္ အလြန္စိတ္အားထက္သန္ေနၿပီး ၎တို႔အား အကူ အညီ ျဖတ္ေတာက္ရန္အထိ ၿခိမ္းေျခာက္ခဲ့သည္။ အခ်ဳပ္အျခာအာဏာပိုင္သည့္ ဆုံးျဖတ္ခ်က္ကို လက္တုံ႔ျပန္သည့္သေဘာျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး အကူအညီကို ေလွ်ာ့ခ်ျခင္းသည္ ဂႏၴဝင္ေျမာက္လုပ္ေဆာင္မႈတစ္ ရပ္ျဖစ္ၿပီး ႐ိုးရွင္းစြာဆိုရလွ်င္ အႏိုင္က်င့္ျခင္းပင္ျဖစ္သည္။

အေမရိကန္သည္ ၎၏ျပည္တြင္းဥပေဒမ်ားကို တရားမဝင္ ကမာၻတစ္ဝန္းလုံး၌ က်င့္သုံးေနခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံတကာ သေဘာတူညီခ်က္မ်ားႏွင့္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္သည္။

ထို႔ျပင္ ၾသစေၾတးလ်ႏိုင္ငံသည္ တ႐ုတ္၏ အက်ပ္ကိုင္မႈကို ေႂကြးေၾကာ္ခဲ့ဖူးသည္။ အေၾကာင္းမွာ တ႐ုတ္ႏိုင္ငံသို႔ ကုန္ပစၥည္းတင္ပို႔မႈ က်ဆင္းမႈျခင္းမွာ COVID-19 ဇာစ္ျမစ္ကို ေျခရာခံျခင္းႏွင့္ တ႐ုတ္ႏိုင္ငံ၏ လူ႔အခြင့္ အေရးဆိုင္ရာ ႏိုင္ငံေရးထုတ္ျပန္ခ်က္မ်ားႏွင့္ သက္ဆိုင္သည္ဟု ကင္ဘာရာႏိုင္ငံသားအခ်ိဳ႕က ယူဆေသာေၾကာင့္ျဖစ္သည္။ တ႐ုတ္သည္ ခိုင္မာမႈမရွိေသာ အျမင္ယူဆခ်က္မ်ားကို စမ္းစစ္မႈမလုပ္ဘဲ စာ႐ြက္စာ တမ္းျဖင့္သာ သက္ေသျပခဲ့သည္။

ၾသစေၾတးလ်ထြက္ကုန္မ်ားျဖစ္ေသာ မုေယာစပါး၊ ဝိုင္၊ သၾကားႏွင့္ အျခားထုတ္ကုန္ပစၥည္းမ်ားကို တ႐ုတ္ႏိုင္ငံက သြင္းကုန္ပစၥည္းစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕၏ စည္းမ်ဥ္းမ်ားအ တိုင္း အေရးယူခဲ့ျခင္းသာ ျဖစ္သည္။ ဩစေတးလ်သည္လည္း ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕၏ လက္နက္ကို အသုံးျပဳျခင္းျဖင့္ တုံ႔ျပန္ခဲ့သည္။ မည္သည့္ပါတီမဆို ၎တို႔၏ မေက်နပ္ခ်က္မ်ားကို ႏိုင္ငံတကာသ ေဘာတူညီခ်က္ျဖင့္ အုပ္ခ်ဳပ္ေသာ ဘက္မလိုက္သည့္ ခုံသမာဓိလူႀကီးထံ တိုင္ၾကားႏိုင္သည္။

သို႔ေသာ္ ႏိုင္ငံတစ္ႏိုင္ငံသည္ အေမရိကန္ကို တစ္နည္းနည္းျဖင့္ ထိမိလွ်င္ ျပင္းထန္ေသာ အက်ိဳးဆက္မ်ားထြက္ေပၚလာႏိုင္ၿပီး အေမရိကန္တရား႐ုံးမ်ားမွလြဲ၍ အယူခံဝင္ရန္ေနရာမရွိေပ။ အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈအမ်ားစုကို ျပည္တြင္းဥပေဒမ်ားျဖင့္ ခြင့္ျပဳထားသည္။ ဆိုလို သည္မွာ အေမရိကန္ကြန္ဂရက္သည္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံေပါင္း ၁၉၃ ခု၏ စုေပါင္းလုပ္ပိုင္ခြင့္မ်ားရွိေသာ ကုလသမဂၢထက္ ကမာၻလုံးဆိုင္ရာ အေရးကိစၥမ်ားကို လုပ္ေဆာင္ရာတြင္ ပိုမိုသြက္လက္သည္ဟု ဆိုလိုျခင္းျဖစ္သည္။

၁၉၉၂ ခုႏွစ္ကတည္းက ႏွစ္စဥ္ အေမရိကန္၏ က်ဴးဘားအေပၚ တရားမ ဝင္ ပိတ္ဆို႔အေရးယူမႈ ႐ုပ္သိမ္းေပးရန္ ေတာင္းဆိုခဲ့ရာ ကုလသမဂၢ အေထြေထြညီလာခံက တခဲနက္မဲခြဲဆုံးျဖတ္ခဲ့သည္။ ဤသည္မွာ တရားဥပေဒစိုးမိုးမႈအေပၚ အေမရိကန္၏ ဂႏၴဝင္ေျမာက္ခ်ဳပ္ကိုင္မႈပင္ ျဖစ္ သည္။ တစ္နည္းဆိုေသာ္ သူေ႒းက်င့္ သူေ႒းႀကံျခင္းပင္ ျဖစ္သည္။

မည္သည့္ႏိုင္ငံက အက်ပ္ကိုင္မႈကို လက္ကိုင္တုတ္ကဲ့သို႔ သုံးသနည္း၊ မည္သည့္ႏိုင္ငံက အႏိုင္က်င့္သနည္းဆိုသည္ကို စာဖတ္သူမ်ားအတြက္ အေတြးတစ္စခ်န္ထားေပးခဲ့ပါသည္။

China Daily တြင္ ေဖာ္ျပထားသည့္ US-an empire of coercion ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုထားျခင္းျဖစ္ပါသည္။

https://global.chinadaily.com.cn/a/202205/23/WS628afb28a310fd2b29e5e631.html

Related news

© 2021. All rights reserved.