ကချင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေ

694

NP News - ဇွန် ၁
မြန်မာနိုင်ငံမြေပုံ အပေါ်ပိုင်းဒေသရှိ ကချင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိနေကြောင်း မိုးဇလဝသနှင့်ဇလဗေဒပညာရှင် ဦးဝင်းနိုင်က NP News သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ အပါအဝင် ဆွမ်ပရာဘွန်၊ ချီဖွေမြို့ စသော မြို့များနှင့် မေခ၊ မလိခမြစ် ကြောင်းတစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ၎င်းကဆိုသည်။
“အခုလောလောဆယ်က ကချင်မှာ ရေကြီးတာတွေဖြစ်နေတယ်။ချင်းတွင်းမြစ်ဖျားပိုင်းမှာ ရေမြင့်တက်လာတာ တွေရှိနေပေမယ့် အတိအကျမသိရဘူး။ ဒါပေမယ့် မြစ်ကြီးနားလောက်တော့ မဆိုးနိုင်ပါဘူး။ မြစ်ကြီးနားက စိုးရိမ် ရေမှတ် ရောက်ခါနီးနေပြီဖြစ်တယ်။ သူရဲ့အထက်ပိုင်းက မေခ၊မလိခ မြစ်ကြောင်းတစ်လျှောက်မှာဆိုရင် ရေစီးနဲ့ အိမ်တွေပါ သွားတာတွေပါ တွေ့မြင်နေရတယ်” ဟု ဦးဝင်းနိုင်က ရှင်းပြသည်။
ယချင်ပြည်နယ်တွင် ယခုကဲ့သို့ ရေကြီးရေလျှံဖြစ်ပွားရခြင်းမှာ ပြီးခဲ့သော ၂၇ ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းငယ် ကြောင့်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုးရှိခဲ့ကာ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ယခုဖြစ်စဉ်ထက် ပိုမိုဆိုးရွားခဲ့ကြောင်း ၎င်းကဆိုသည်။
“ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်က ဆိုင်ကလုန်း(ရီမာလ်)ဖြစ်တုန်းကလည်း အခုလိုမြန်မာပြည်အပေါ်ပိုင်းမှာ မိုးကြီးတာတွေ ကြုံခဲ့တယ်။ အဲဒီတုန်းက ဆိုင်ကလုန်းအဆင့်ဆိုတော့ အခုထက်ပိုဆိုးခဲ့တယ်။ အခုတစ်ခေါက်က မုန်တိုင်းငယ်ပဲ ဖြစ်ခဲ့လို့ အခုဒီလောက်ပဲဖြစ်တာ” ဟု ၎င်းက ရှင်းပြသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် ဖြစ်ပွားခဲ့ရသော မိုးကြီးပြီး ရေကြီးရေလျှံမှုများမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် မဖြစ်ပွားနိုင်ကြောင်း နှင့် ဧရာဝတီမြစ်အောက်ပိုင်းဒေသဖြစ်သည့် ကသာမြို့၊ သပိတ်ကျင်းမြို့တို့အထိ ရေမြင့်လာ နိုင်ပြီး စိုးရိမ်ရေမှတ်ရောက်နိုင်ခြေ မတွေ့ရကြောင်း ဦးဝင်းနိုင်က ခန့်မှန်းပြောသည်။

Zawgyi Version:
ကခ်င္ျပည္နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားေန
NP News - ဇြန္ ၁
ျမန္မာႏိုင္ငံေျမပုံ အေပၚပိုင္းေဒသရွိ ကခ်င္ျပည္နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားလ်က္ရွိေနေၾကာင္း မိုးဇလဝသႏွင့္ဇလေဗဒပညာရွင္ ဦးဝင္းႏိုင္က NP News သတင္းဌာနသို႔ ေျပာသည္။
ကခ်င္ျပည္နယ္၏ ၿမိဳ႕ေတာ္ ျမစ္ႀကီးနားၿမိဳ႕ အပါအဝင္ ဆြမ္ပရာဘြန္၊ ခ်ီေဖြၿမိဳ႕ စေသာ ၿမိဳ႕မ်ားႏွင့္ ေမခ၊ မလိချမစ္ ေၾကာင္းတစ္ေလွ်ာက္တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနေၾကာင္း ၎ကဆိုသည္။
“အခုေလာေလာဆယ္က ကခ်င္မွာ ေရႀကီးတာေတြျဖစ္ေနတယ္။ခ်င္းတြင္းျမစ္ဖ်ားပိုင္းမွာ ေရျမင့္တက္လာတာ ေတြရွိေနေပမယ့္ အတိအက်မသိရဘူး။ ဒါေပမယ့္ ျမစ္ႀကီးနားေလာက္ေတာ့ မဆိုးႏိုင္ပါဘူး။ ျမစ္ႀကီးနားက စိုးရိမ္ ေရမွတ္ ေရာက္ခါနီးေနၿပီျဖစ္တယ္။ သူရဲ႕အထက္ပိုင္းက ေမခ၊မလိခ ျမစ္ေၾကာင္းတစ္ေလွ်ာက္မွာဆိုရင္ ေရစီးနဲ႔ အိမ္ေတြပါ သြားတာေတြပါ ေတြ႕ျမင္ေနရတယ္” ဟု ဦးဝင္းႏိုင္က ရွင္းျပသည္။
ယခ်င္ျပည္နယ္တြင္ ယခုကဲ့သို႔ ေရႀကီးေရလွ်ံျဖစ္ပြားရျခင္းမွာ ၿပီးခဲ့ေသာ ၂၇ ရက္က ျဖစ္ပြားခဲ့ေသာ မုန္တိုင္းငယ္ ေၾကာင့္ျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ကလည္း ယခုကဲ့သို႔ ျဖစ္စဥ္မ်ိဳးရွိခဲ့ကာ ၂၀၂၄ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ျဖစ္စဥ္မွာ ယခုျဖစ္စဥ္ထက္ ပိုမိုဆိုး႐ြားခဲ့ေၾကာင္း ၎ကဆိုသည္။
“ၿပီးခဲ့တဲ့ ၂ဝ၂၄ ခုႏွစ္က ဆိုင္ကလုန္း(ရီမာလ္)ျဖစ္တုန္းကလည္း အခုလိုျမန္မာျပည္အေပၚပိုင္းမွာ မိုးႀကီးတာေတြ ႀကဳံခဲ့တယ္။ အဲဒီတုန္းက ဆိုင္ကလုန္းအဆင့္ဆိုေတာ့ အခုထက္ပိုဆိုးခဲ့တယ္။ အခုတစ္ေခါက္က မုန္တိုင္းငယ္ပဲ ျဖစ္ခဲ့လို႔ အခုဒီေလာက္ပဲျဖစ္တာ” ဟု ၎က ရွင္းျပသည္။
မုန္တိုင္းငယ္အရွိန္ေၾကာင့္ ျဖစ္ပြားခဲ့ရေသာ မိုးႀကီးၿပီး ေရႀကီးေရလွ်ံမႈမ်ားမွာ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသတြင္ မျဖစ္ပြားႏိုင္ေၾကာင္း ႏွင့္ ဧရာဝတီျမစ္ေအာက္ပိုင္းေဒသျဖစ္သည့္ ကသာၿမိဳ႕၊ သပိတ္က်င္းၿမိဳ႕တို႔အထိ ေရျမင့္လာ ႏိုင္ၿပီး စိုးရိမ္ေရမွတ္ေရာက္ႏိုင္ေျခ မေတြ႕ရေၾကာင္း ဦးဝင္းႏိုင္က ခန႔္မွန္းေျပာသည္။