လေကြောင်းပိုင်နက်ချိုးဖောက်လာတဲ့ အီဂျစ်နိုင်ငံက ဒရုန်းကို အစ္စရေးလေတပ် ပစ်ချ

 989

ဂျန်ဇက် (NP News) - ဇွန် ၃
အစ္စရေး စစ်လေယာဉ်များဟာ လေကြောင်းပိုင်နက်ချိုးဖောက်လာတဲ့ အီဂျစ်ဒရုန်းကို ပစ်ချခဲ့ကြောင်း အစ္စရေး စစ်ဘက်ကဆိုပါတယ်။

အစ္စရေးလေကြောင်းပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက်လာတဲ့ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းဒေသမှ လွှတ်လိုက်တဲ့ ဒရုန်းကို အစ္စရေးစစ်လေယာဉ်များ ပစ်ချခဲ့ကြောင်း၊ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက "အစ္စရေး တိုက်လေယာဉ်တွေဟာ မေလ ၃ဝ ရက်၊ တနင်္လာနေ့ နံနက်ပိုင်း မှာ အစ္စရေးနိုင်ငံ Saggi တောင်အနီးရှိ Negev ဒေသရဲ့ဝေဟင်မှာပျံသန်းနေတဲ့ UAVs ဒရုန်းတစ်စင်းကို ပစ်ချခဲ့ တယ်။ အစ္စရေးလေကြောင်းပိုင်နက်ထဲကို ဒရုန်းလေယာဉ် ချိုးဖောက်ဝင်ရောက်လာပြီးနောက် အစ္စရေးတိုက် လေယာဉ်တွေဟာ စောင့်ကြည့်လေ့လာခဲ့ပြီး ပစ်ချခဲ့တာဖြစ်တယ်" လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ Kan TVကတော့ အီဂျစ်ဒရုန်းမှာ လက်နက်တပ်ဆင်ထားတာမျိုး မရှိ ကြောင်း၊ ဒရုန်းဟာ စစ်ချို့ယွင်းမှုများကြောင့် ထိန်းချုပ်လို့မရဘဲဖြစ်နေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒရုန်း လေယာဉ် ပစ်ချခံရမှုနဲ့ပတ်သက်ပြီး အီဂျစ်အစိုးရကတော့ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အစ္စရေးနဲ့ အီဂျစ်တို့ဟာ ရန်သူဟောင်းတွေဖြစ်ပြီး ၁၉၇၉ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေဟာ လေကြောင်းပိုင်နက်အတွင်းချိုးဖောက်လာတဲ့ ဒရုန်းများ ကို မကြာခဏ ပစ်ချလေ့ရှိနေပြီး ပြီးခဲ့တဲ့မတ်လတုန်းကလည်း လေကြောင်းချိုးဖောက်လာတဲ့ အီရန်နိုင်ငံရဲ့ ဒရုန်းများကို ပစ်ချခဲ့ဖူးတယ်လို့ သိရပါတယ်။

https://dap--news-com.translate.goog/international/2022/06/02/250663/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Zawgyi Version;
ေလေၾကာင္းပိုင္နက္ခ်ိဳးေဖာက္လာတဲ့ အီဂ်စ္ႏိုင္ငံက ဒ႐ုန္းကို အစၥေရးေလတပ္ ပစ္ခ်
ဂ်န္ဇက္ (NP News) - ဇြန္ ၃
အစၥေရး စစ္ေလယာဥ္မ်ားဟာ ေလေၾကာင္းပိုင္နက္ခ်ိဳးေဖာက္လာတဲ့ အီဂ်စ္ဒ႐ုန္းကို ပစ္ခ်ခဲ့ေၾကာင္း အစၥေရး စစ္ဘက္ကဆိုပါတယ္။

အစၥေရးေလေၾကာင္းပိုင္နက္ထဲကို ခ်ိဳးေဖာက္ဝင္ေရာက္လာတဲ့ အီဂ်စ္ႏိုင္ငံ ဆိုင္းႏိုင္းေဒသမွ လႊတ္လိုက္တဲ့ ဒ႐ုန္းကို အစၥေရးစစ္ေလယာဥ္မ်ား ပစ္ခ်ခဲ့ေၾကာင္း၊ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထား ပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက "အစၥေရး တိုက္ေလယာဥ္ေတြဟာ ေမလ ၃ဝ ရက္၊ တနလၤာေန႔ နံနက္ပိုင္း မွာ အစၥေရးႏိုင္ငံ Saggi ေတာင္အနီးရွိ Negev ေဒသရဲ႕ေဝဟင္မွာပ်ံသန္းေနတဲ့ UAVs ဒ႐ုန္းတစ္စင္းကို ပစ္ခ်ခဲ့ တယ္။ အစၥေရးေလေၾကာင္းပိုင္နက္ထဲကို ဒ႐ုန္းေလယာဥ္ ခ်ိဳးေဖာက္ဝင္ေရာက္လာၿပီးေနာက္ အစၥေရးတိုက္ ေလယာဥ္ေတြဟာ ေစာင့္ၾကည့္ေလ့လာခဲ့ၿပီး ပစ္ခ်ခဲ့တာျဖစ္တယ္" လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အစၥေရးႏိုင္ငံပိုင္သတင္းဌာနျဖစ္တဲ့ Kan TVကေတာ့ အီဂ်စ္ဒ႐ုန္းမွာ လက္နက္တပ္ဆင္ထားတာမ်ိဳး မရွိ ေၾကာင္း၊ ဒ႐ုန္းဟာ စစ္ခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ ထိန္းခ်ဳပ္လို႔မရဘဲျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒ႐ုန္း ေလယာဥ္ ပစ္ခ်ခံရမႈနဲ႔ပတ္သက္ၿပီး အီဂ်စ္အစိုးရကေတာ့ တစ္စုံတစ္ရာတုံ႔ျပန္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္။

အစၥေရးနဲ႔ အီဂ်စ္တို႔ဟာ ရန္သူေဟာင္းေတြျဖစ္ၿပီး ၁၉၇၉ ခုႏွစ္က ၿငိမ္းခ်မ္းေရးစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့တဲ့ ႏိုင္ငံေတြျဖစ္ပါတယ္။ အစၥေရးတိုက္ေလယာဥ္ေတြဟာ ေလေၾကာင္းပိုင္နက္အတြင္းခ်ိဳးေဖာက္လာတဲ့ ဒ႐ုန္းမ်ား ကို မၾကာခဏ ပစ္ခ်ေလ့ရွိေနၿပီး ၿပီးခဲ့တဲ့မတ္လတုန္းကလည္း ေလေၾကာင္းခ်ိဳးေဖာက္လာတဲ့ အီရန္ႏိုင္ငံရဲ႕ ဒ႐ုန္းမ်ားကို ပစ္ခ်ခဲ့ဖူးတယ္လို႔ သိရပါတယ္။

https://dap--news-com.translate.goog/international/2022/06/02/250663/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Related news

© 2021. All rights reserved.