စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Yangon- Bago Smart City Bus ကားလိုင်းပြေးဆွဲမှု ယာယီရပ်ဆိုင်းမည်

 1681

ဖူးပြည့် (NP News) - ဇွန် ၃
စက်သုံးဆီဈေးနှုန်းများထပ်မံမြင့်တက်လာမှုကြောင့် ရန်ကုန်-ပဲခူးပြေးဆွဲနေသည့် Yangon- Bago Smart City Bus ကားလိုင်းကို ဇွန်လ ၁ဝ ရက်မှစတင်ကာ ပြေးဆွဲမှုယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း အဆိုပါ ဘတ်စ်ကားလိုင်းမှ ယနေ့ (ဇွန်လ ၃ ရက်)တွင် အသိပေးထုတ်ပြန်လိုက်သည်။

Myanmar Trade Center Co.,Ltd ၏အများပြည်သူသယ်ယူပို့ဆောင်ရေးက ရန်ကုန်-ပဲခူး ယာဉ်လိုင်းကို ကိုရီးယားနိုင်ငံ၏ နံပါတ်(၁)ဖြစ်သည့် Daewoo Bus လေးစီးဖြင့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်တွင် စတင် ပြေးဆွဲခဲ့သည်။

“ရန်ကုန်-ပဲခူး ယာဉ်လိုင်း ပဏာမစတင်ပြေးဆွဲသည့် (၅)လလုံးမှာ ပြည်သူများအဆင်ပြေစေရေး အတွက်အရှုံးခံပြေးဆွဲခဲ့သော်လည်း ယခုအခါမှာစက်သုံးဆီဆေး ထပ်မံမြင့်တက်လာမှုကြောင့် ဇွန်လ ၁ဝ ရက် (သော ကြာနေ့)မှ စတင်၍ ယာဉ်လိုင်းပြေးဆွဲမှု ခေတ္တ ရပ်နားပါမည်။ အ ကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် မကြာမီအချိန်မှာ ပြန်လာခဲ့မှာမို့ ပြည်သူများက တခဲနက်အားပေးပြီး ကြိုဆိုစေချင်ပါတယ်”ဟု အဆိုပါ ယာဉ်လိုင်းက ထုတ်ပြန်ထားသည်။

ယာဉ်လိုင်းအနေဖြင့် ပဲခူး(ကလိ) မှ ရန်ကုန်သို့ BS 106 Intercity Bus များဖြင့် အသွားအပြန်ပြေးဆွဲလျက်ရှိပြီး တစ်နေ့လျှင် (၅)စီးထွက်ရှိကြောင်းသိရသည်။ BS 106 Intercity Bus များသည် ကိုရီးယားနိုင်ငံ၏ နည်းပညာ အတိုင်း မြန်မာနိုင်ငံတွင် မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက်သီးသန့်ထုတ်လုပ်ထားသည့်ကား ဖြစ်ကြောင်းသိရသည်။

ယာဉ်လိုင်းအနေဖြင့် ဇွန်လ ၉ ရက်အထိလည်း ယခင်ယာဉ်ထွက်ချိန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

"ဈေးပိုယူပါလား သင့်တင့်သလောက်ပေါ့ air con bus ဖြစ်ပြီး လိုရာခရီး ရောက်အောင်ပို့တာဆိုတော့ မရပ်နားစေချင်ဖူး"ဟု အဆိုပါ ယာဉ်လိုင်းကို အမြဲစီးနင်းနေသည့်ခရီးသွားပြည်သူတစ်ဦးကပြောသည်။

ယာဉ်လိုင်းအနေဖြင့် ပဲခူး(ကလိ)မှရန်ကုန်သို့ နံနက် ၆နာရီ/ ၆နာရီခွဲ/ ၇နာရီ/ နေ့လည် ၂နာရီ၁၅မိနစ်/ နေ့လည် ၃နာရီတွင်စတင်ထွက်ခွါပြီး ရန်ကုန်မှပဲခူး(ကလိ)သို့ နံနက် ၇နာရီ၁၅မိနစ်/ ၈နာရီ/ နေ့လည် ၃နာရီ/ ၃နာရီခွဲ/ ၄နာ ရီ၁၅မိနစ်တို့တွင် စတင်ထွက်ခွါကြောင်းသိရသည်။

ငွေပေးချေမှုပုံစံသည် ပိုက်ဆံပုံးထဲယာဉ်စီးခထည့်ရခြင်းဖြစ်ပြီး ရပ်/တင်/ချ စနစ်ဖြင့်ပြေးဆွဲကာ မောင်းနှင်ရာတွင်လည်း အမြန်နှုန်းကို တသမှတ်တည်းသတ်မှတ်ထားကြောင်းသိရသည်။

https://npnewsmm.com/news/6299f4602c4a027c3b2a582a

zawgyi version
စက္သုံးဆီေဈးႏႈန္းျမင့္တက္လာမႈေၾကာင့္ Yangon- Bago Smart City Bus ကားလိုင္းေျပးဆြဲမႈ ယာယီရပ္ဆိုင္းမည္
ဖူးျပည့္ (NP News) - ဇြန္ ၃

စက္သုံးဆီေဈးႏႈန္းမ်ားထပ္မံျမင့္တက္လာမႈေၾကာင့္ ရန္ကုန္-ပဲခူးေျပးဆြဲေနသည့္ Yangon- Bago Smart City Bus ကားလိုင္းကို ဇြန္လ ၁ဝ ရက္မွစတင္ကာ ေျပးဆြဲမႈယာယီရပ္ဆိုင္းမည္ျဖစ္ေၾကာင္း အဆိုပါ ဘတ္စ္ကားလိုင္းမွ ယေန႔ (ဇြန္လ ၃ ရက္)တြင္ အသိေပးထုတ္ျပန္လိုက္သည္။

Myanmar Trade Center Co.,Ltd ၏အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက ရန္ကုန္-ပဲခူး ယာဥ္လိုင္းကို ကိုရီးယားႏိုင္ငံ၏ နံပါတ္(၁)ျဖစ္သည့္ Daewoo Bus ေလးစီးျဖင့္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ(၁၅)ရက္တြင္ စတင္ ေျပးဆြဲခဲ့သည္။

“ရန္ကုန္-ပဲခူး ယာဥ္လိုင္း ပဏာမစတင္ေျပးဆြဲသည့္ (၅)လလုံးမွာ ျပည္သူမ်ားအဆင္ေျပေစေရး အတြက္အရႈံးခံေျပးဆြဲခဲ့ေသာ္လည္း ယခုအခါမွာစက္သုံးဆီေဆး ထပ္မံျမင့္တက္လာမႈေၾကာင့္ ဇြန္လ ၁ဝ ရက္ (ေသာ ၾကာေန႔)မွ စတင္၍ ယာဥ္လိုင္းေျပးဆြဲမႈ ေခတၱ ရပ္နားပါမည္။ အ ေကာင္းဆုံးဝန္ေဆာင္မႈေပးႏိုင္ရန္ မၾကာမီအခ်ိန္မွာ ျပန္လာခဲ့မွာမို႔ ျပည္သူမ်ားက တခဲနက္အားေပးၿပီး ႀကိဳဆိုေစခ်င္ပါတယ္”ဟု အဆိုပါ ယာဥ္လိုင္းက ထုတ္ျပန္ထားသည္။

ယာဥ္လိုင္းအေနျဖင့္ ပဲခူး(ကလိ) မွ ရန္ကုန္သို႔ BS 106 Intercity Bus မ်ားျဖင့္ အသြားအျပန္ေျပးဆြဲလ်က္ရွိၿပီး တစ္ေန႔လွ်င္ (၅)စီးထြက္ရွိေၾကာင္းသိရသည္။ BS 106 Intercity Bus မ်ားသည္ ကိုရီးယားႏိုင္ငံ၏ နည္းပညာ အတိုင္း ျမန္မာႏိုင္ငံတြင္ ၿမိဳ႕တြင္းသယ္ယူပို႔ေဆာင္ေရးအတြက္သီးသန႔္ထုတ္လုပ္ထားသည့္ကား ျဖစ္ေၾကာင္းသိရသည္။

ယာဥ္လိုင္းအေနျဖင့္ ဇြန္လ ၉ ရက္အထိလည္း ယခင္ယာဥ္ထြက္ခ်ိန္အတိုင္း ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

"ေဈးပိုယူပါလား သင့္တင့္သေလာက္ေပါ့ air con bus ျဖစ္ၿပီး လိုရာခရီး ေရာက္ေအာင္ပို႔တာဆိုေတာ့ မရပ္နားေစခ်င္ဖူး"ဟု အဆိုပါ ယာဥ္လိုင္းကို အၿမဲစီးနင္းေနသည့္ခရီးသြားျပည္သူတစ္ဦးကေျပာသည္။

ယာဥ္လိုင္းအေနျဖင့္ ပဲခူး(ကလိ)မွရန္ကုန္သို႔ နံနက္ ၆နာရီ/ ၆နာရီခြဲ/ ၇နာရီ/ ေန႔လည္ ၂နာရီ၁၅မိနစ္/ ေန႔လည္ ၃နာရီတြင္စတင္ထြက္ခြါၿပီး ရန္ကုန္မွပဲခူး(ကလိ)သို႔ နံနက္ ၇နာရီ၁၅မိနစ္/ ၈နာရီ/ ေန႔လည္ ၃နာရီ/ ၃နာရီခြဲ/ ၄နာ ရီ၁၅မိနစ္တို႔တြင္ စတင္ထြက္ခြါေၾကာင္းသိရသည္။

ေငြေပးေခ်မႈပုံစံသည္ ပိုက္ဆံပုံးထဲယာဥ္စီးခထည့္ရျခင္းျဖစ္ၿပီး ရပ္/တင္/ခ် စနစ္ျဖင့္ေျပးဆြဲကာ ေမာင္းႏွင္ရာတြင္လည္း အျမန္ႏႈန္းကို တသမွတ္တည္းသတ္မွတ္ထားေၾကာင္းသိရသည္။

https://npnewsmm.com/news/6299f4602c4a027c3b2a582a

Related news

© 2021. All rights reserved.