“အလှည့်အပြောင်းတစ်ခုရဲ့နောက်ဆုံးနေရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်မိလျက်သားဖြစ်နေတယ်”

 8993

NP News - ဇွန် ၆
မေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - ရဲထက်

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း နဲ့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးနေမှုအပေါ် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရဲ့အမြင်ကို NP News ရဲ့အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက အခုလိုတွေ့ဆုံဆွေးနွေးထားပါတယ်။

မေး ။ ။ ဆရာရေ မင်္ဂလာပါ။ ဧပြီ (၂၂) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်ချမ်းရေးဖိတ်လိုက်မှု အပေါ် တက်မယ့်အဖွဲ့တွေလည်း ထွက်လာပြီ။ မတက်မယ့်အဖွဲ့တွေလည်း ထွက်လာပြီဆိုတော့ ဆရာ့အနေနဲ့ ဒါကိုကြည့်ပြီးတော့ ပထမဆုံးအနေနဲ့ ဘာကိုစပြီးတော့ စဉ်းစားမိတာရှိလဲ။
ဖြေ ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဘက်ကို တစ်ခေါက်ကြည့်၊ တိုင်းရင်သားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေဘက်ကို တစ်ခေါက်ကြည့်ပြီးမှ ဒီဖြစ်စဉ်ကြီးကို ကျွန်တော်တို့က ပြန်သုံးသပ်ကြည့်ရမှာပေါ့။ အဲဒီတော့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းက လက်ရှိအနေအထားကို သုံးသပ်တာပါ။ အခန့်မသင့်ရင် ပြိုကွဲနိုင် တဲ့အနေအထား၊ အဲဒီလိုအနည်းဆုံး ကာတိုလေးကိုရောက်နေပြီ။ ဒါက ပထမဆုံး မြန်မာ့နိုင်ငံရေးအခင်း အကျင်း လက်ရှိအနေအထားကိုသုံးသပ်တာပေါ့နော်။ အခန့်မသင့်ရင် အချိန်တိုအတွင်းမှာ မြန်မာနိုင်ငံ ပြိုကွဲ သွားနိုင်တဲ့အနေအထားရှိတယ်လို့ ကျွန်တော့်ဘက်က သုံးသပ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံ ပြိုကွဲနိုင်တဲ့အနေ အထား ဟုတ်၊ မဟုတ်ကို ကျွန်တော်တို့ပြန်သုံးသပ်ရမယ်။ ဒါက လက်ရှိအနေအထားပေါ့။ နှစ်ဖက်စလုံးက ဒါကြီးကို ဘယ်လိုရွှေ့ကြမလဲဆိုတော့ မြန်မာနိုင်ငံရဲ့လက်ရှိ SAC ဥက္ကဋ္ဌကြီးကလည်း သူ့ရဲ့ဒီကာလလေးမှာ ဒီလိုတစ်ခုတော့ ဖြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုရင် ဘယ်လိုမပြိုမပျက်အောင် ရွှေ့မှာလဲဆိုတာကို သူကတော့ ရွှေ့မှာပေါ့။ ဆိုတော့ ကျွန်တော်တို့သုံးသပ်တာပါ။ အကြောင်းအရာတစ်ခု၊ ဖြစ်စဉ်တစ်ခုဆိုတာ နောက်ကြောင်း သမိုင်း နဲ့ကိုချီပြီးမှ ခြေရာခံလာတဲ့အနေအထားရှိတာပေါ့။ လက်ရှိမှာ ဒီလို အနေအထားရှိတယ်ဆိုတာကို သုံးသပ်ရင် ဘယ်လိုမျိုး ကျွန်တော်တို့ကျိုးကြောင်းဆီလျော်စွာ ဒီလိုမျိုး မဖြစ်အောင် တားဆီးကြမှာလဲဆိုတဲ့ အချက်တစ်ချက်ဖြစ်လာတာပေါ့။ အဲဒီတော့ ခုနက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာကြောင့် ဒီအရွေ့လေးကိုရွေ့အောင် စရွှေ့နေတာလဲ။ ဘာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က လာသင့်တဲ့ပုဂ္ဂိုလ်တွေက တချို့လာပြီးမှ လာသင့်တဲ့ ပုဂ္ဂိုလ်တချို့က မလာဘဲနဲ့ ဖြစ်နေတာလဲဆိုတာလေးကို ကျွန်တော်တို့ သုံးသပ်ဖို့လိုတယ်။ ခုနကအခြေအနေကို သုံးသပ်ပြီးတော့ လာပြီးတွေ့ဆုံဆွေးနွေးတာကတော့ အဖြေတစ်ခု ရနိုင်တာပေါ့။ အဲဒီတော့ မလာရတဲ့ အကြောင်းအရင်းလည်း ရှိမှာပေါ့ဗျာ။ ခပ်ရှည်ရှည်တော့ မဟုတ်ဘူး၊ တိုတိုလေးသုံးသပ်ရမယ်ဆိုရင် ကျွန်တော် တို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းအမှန်ကို စိစစ်သုံးသပ်မှပဲ လက်ရှိအနေအထား ဒီတိုင်းဖြစ်တော့မယ်။ ဖြစ်ခါနီး နေပြီဆိုတာကို ဆင်ခြင်ရမှာဖြစ်တယ်။ တချို့က ဒါမျိုးသုံးသပ်ချင်မှ သုံးသပ်မယ်။ သမိုင်းအမှန်နဲ့ ဖြစ်စဉ် အမှန်ကို ပြန်ပြီးစိစစ်ဝေဖန်ဖို့ လိုတာပေါ့။ မြန်မာနိုင်ငံ ဘာကြောင့် လက်ရှိအနေအထားကို ရောက်ခါနီးပြီလဲ၊ မြန်မာနိုင်ငံရဲ့ ဇစ်မြစ်ပြဿနာက ဘာလဲ။ ဒီဇစ်မြစ်ပြဿနာဆိုတာကို နှစ်ဖက်အမြင်တူပြီးမှ ဒီပြဿနာရဲ့ အရင်းအမြစ်ကိုသဘောတူပြီးမှ ဒီဟာကြီးကြောင့်ဖြစ်တယ်ဆိုတာကို သဘောတူမှ ဒါကြီးကိုဘယ်လိုလုပ်ရင် ကျွန်တော်တို့က မဖြစ်အောင်တားဆီးနိုင်မှာလဲ၊ ကာကွယ်နိုင်မှာလဲ။ ကျွန်တော်တို့ လိုချင်တဲ့လမ်းကြောင်း အမှန်ကိုရောက်မှာလဲဆိုတာကို ဆက်ပြီးတော့ ဆွေးနွေးရမှာပေါ့။ အဲဒီတော့ ဇစ်မြစ်ပြဿနာကိုဖြေရှင်းဖို့ အတွက် ဖိတ်ခေါ်တဲ့ ဗိုလ်ချုပ်မှူးကြီးမှာ ဘယ်လောက်အထိ ရည်မှန်းချက်၊ ရည်သန်ချက်ရှိသလဲဆိုတာကို ခုနက ဖိတ်ခေါ်ခံရတဲ့ပုဂ္ဂိုလ်များ ဘက်ကလည်း သုံးသပ်ကြရမှာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံရဲ့လက်ရှိ အနေ အထားအမှန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဘက်က သုံးသပ်ထားချက်က ဘာဆိုတာနဲ့ အဲဒီဇစ်မြစ် ပြဿနာဆိုတဲ့အဖြေဟာ တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက သတ်မှတ်ထားတဲ့ ဇစ်မြစ်ပြဿနာနဲ့တူသလား၊ ပြဿနာက ဒါဖြစ်တယ်ဆိုတာကို နှစ်ဖက်ထပ်တူကျသလား၊ ထပ်တူကျရင် ဖြေရှင်းဖို့လာရမှာပေါ့။ အဲဒီတော့ အဲဒီပြဿနာလေးက ဘာဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ပထမဆုံး စိစစ်သုံးသပ်ပြီးမှ ဒါကြောင့် ဒါဖြစ်တယ်။ ဒါထပ်မဖြစ်ဖို့အတွက် ဒါတွေကို သူ့ဘက်က ပြင်ဆင်ထားတယ်ဆိုတာမျိုးနဲ့ဖိတ်ခေါ်နိုင် ရင်ပိုကောင်းတာပေါ့။ ဒါက ပထမဆုံး ကျွန်တော်သုံးသပ်တာပါ။ ကျွန်တော်တို့က သမိုင်းကိုပြန်ပြီး နည်းနည်းလေး စိစစ်ကြည့်တာပေါ့ဗျာ။ သမိုင်းပညာရှင်တော့ မဟုတ်ပါဘူး။ အဲဒီတော့ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားကိုပြန်ကြည့်ရင် အမှန်က နိုင်ငံတစ်ခုဆိုတာ စီပွားဖွံ့ဖြိုးတိုးတက် မှုရဲ့အဓိကပင်မသည် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ တိုက်ရိုက်ပတ်သက်နေတာကိုး။ တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခါမှာ စီးပွားရေးပြိုပျက်တယ်။ စီးပွားရေးဆိုတာ တစ်နိုင်ငံလုံးရဲ့ ထုတ်ကုန် GDP နဲ့ တစ်ဦးချင်း prcapital income နဲ့ ပတ်သက်တာကိုး၊ အဲဒီတော့ သာမန်လူထုကအစ ဝမ်းစာ ရှာမှီးတာကအစ အကုန်လုံးအဆင်ပြေတယ်ဆိုရင် တည်ငြိမ်အေးချမ်းတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးတိုးတက်တယ်။ မတည်ငြိမ်မအေးချမ်းဘူးဆိုရင် မဖွံ့ဖြိုးမတိုးတက်ဘူးဆိုရင် အဲဒီစီးပွားရေးမဏ္ဍိုင်က အဓိကက ကျွန်တော်တို့ နိုင်ငံတစ်ခုရဲ့ပုံရိပ်ကို လွှမ်းမိုးတာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံဘာကြောင့် ဒီလိုအနေ အထားမျိုးအထိဖြစ်လာလဲ ဆိုတာ အုပ်ချုပ်နေတဲ့၊ ဆက်စပ်တဲ့ပုဂ္ဂိုလ်တွေရဲ့အုပ်ချုပ်နည်းစနစ်မမှန်ကန်တာတို့ တခြားကိစ္စတွေရှိမှာပေါ့။ အဲဒီမှာ နိုင်ငံရေးအလွန်အကျွံ ကစားတာတွေ တွေ့မြင်ရတယ်။ နိုင်ငံရေးအလွန်အကျွံ ကျွန်တော်တို့ ဒီနေ့အထိ ကစားနေကြတဲ့အခါမှာ ဒါကြောင့် ဒါဖြစ်လာသလားပေါ့။ လက်ရှိပြိုကွဲလုနီးပါအခြေ အနေကာလနဲ့ အနီးစပ်ဆုံး ကိုရောက်နေသလား။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံရော အလွန်အကျွံကစားတာကို သမိုင်းနဲ့ချီ လုပ်ခဲ့ကြ သလား။ ဒါကြောင့် ဒီနေ့ ဒီပြဿနာ ဇစ်မြစ်ကြီးကို ဇစ်မြစ်က ဒါပါဆိုတာကိုတောင် ကျွန်တော်တို့က သဘောတူ ညီချက်မယူနိုင်ဘဲနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းအရင်းကို ချာလည်ပတ်လည်နေကြတယ်။ အဲဒီတော့ ကျွန်တော်တို့သမိုင်းက ပြန်ကြည့် ရင် လွတ်လပ်ရေးမရခင်က ခင်ဗျားတို့ ကျွန်တော်တို့အမြဲတမ်းပြောတဲ့ ပင်လုံကတိကဝတ်နဲ့ အဲဒီတုန်းက ဖဆပလ ဘုရင်ခံရဲ့ကြားဖြတ်အစိုးရ ဒုတိယဥက္ကဋ္ဌလုပ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့သဘောတူပြီးခါမှ ပင်လုံ စာချုပ်ချုပ်တဲ့ပထမဆုံးအရင်အမြစ်ကိုပြန်ကြည့်ရင် ပေးခဲ့တဲ့ကတိကဝတ်တွေနဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြန်ပြီးတော့ ကျွန်တော်တို့ အမှန်ကိုချပြဖို့၊ အမှန်ကိုလေ့လာဖို့၊ အမှန်ကိုသုံးသပ်ဖို့ လိုအပ်လာတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ကနဦး တည်ခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံရဲ့ မူ(၁၄) ချက်၊ ဗိုလ်ချုပ်အောင်ဆန်း အဲဒီကတည်းက မူ(၇) ချက်ထုတ်ပြီးမှ တည်ခဲ့တယ်။ ဒါပေမယ့် အဲဒီမူ(၇) ချက်အရ တကယ်တမ်း ပင်လုံကတိကဝတ်နဲ့ ပင်လုံ စာချုပ်ကို အခြေခံပြီး တိုင်းရင်းသားခေါင်းဆောင်များနဲ့ ပြည်မဗမာခေါင်းဆောင်များ သဘောထားထပ်တူကျပြီး မှ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးခဲ့မယ်ဆိုရင် ဒီနေ့ ပြဿနာဖြစ်မလာဘူး။ တစ်ပြည်ထောင် စနစ်ကိုသွားပြီးမှ ပြည်ထောင်စုယောင်ယောင်ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ။ အမှန်အတိုင်းသာ၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မူ(၇) ချက်၊ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံက သဘောတူခဲ့တဲ့ မူ(၁၄) ချက်တို့ကို သေသေ ချာချာသုံးသပ်ပြီးတော့မှ ပင်လုံကတိနဲ့ ပင်လုံစာချုပ်ပါအချက်များကို သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ တန်းတူအခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု အဲဒီတုန်းကဆိုရင် Confederate တောင်သုံးလို့ရတယ်။ ပြည်ထောင်လို့သုံးခဲ့တာကိုး၊ သက်ဆိုင်ရာပြည်နယ်တွေမှာ သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တရားလွှတ် တော်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နဲ့ပေါ့။ အဲဒီလိုမျိုးသာသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒီနေ့အခင်းအကျင်းမဖြစ် လာဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့၊ ပြည်ထောင်စုတည်ငြိမ်အေးချမ်းတဲ့ ပြည်ထောင်စုဖြစ်နိုင်ချေရှိတယ်။ အဲဒီတုန်းက နိုင်ငံရဲ့အလွန်အကျွံနဲ့ (over confidence) ဖြစ်သွားတဲ့အခါမှာ ဒါလုပ်လိုက်ရင် ဒါဖြစ်တယ်ဆိုတဲ့ဟာမျိုး ဦးသျှံထွန်းတို့ရေးခဲ့တဲ့ ဒီနေ့ဖွဲ့စည်းပုံ(၄၇) ဟာ တစ်ပြည်ထောင်ဖြစ်သွားတယ်။ ဒါကို ပထမတစ်ချက် ဖော်ပြဖို့ လိုတယ်။ ဒုတိယတစ်ချက်အနေနဲ့ပြန်ကြည့်ရင် (၁၉၆၁) ကစတဲ့ တောင်ကြီးညီလာခံ၊ ဒါတွေကို သမိုင်းအရပြန်ပြောဖို့ လိုအပ်ပါတယ်။ တောင်ကြီးညီလာခံကစတဲ့ ကျွန်တော်တို့ (၄၇) ဖွဲ့စည်းပုံ (၁ဝ) နှစ်အကြာမှာ ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ အခန်း (၁ဝ)၊ ပုဒ်မ (၂ဝ၁) ပါ ပြဋ္ဌာန်းချက်ကို တိုင်းရင် သားတွေက သေချာဆိုးကျောလာကြတာပေါ့။ တစ်ပြည်ထောင်ကိုသွားနေတာ။ တို့ပင်လုံကတိကဝတ်နဲ့ ပင်လုံစာချုပ်သည် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတဲ့ဟာကို မေ့ပစ်လိုက်ကြပြီ။ ဗမာခေါင်းဆောင်များ ခင်ဗျားတို့သွားကြ ရှမ်းတွေကိုဖြုတ်ခဲ့ပါ ဆိုတာမျိုး၊ ခင်ဗျားတို့ အဲဒီကာလမှာ ရေးခဲ့ကြပြီလေ။ အဲဒီတော့ပြန် ကြည့်ရင်ဗျာ ပြည်ထောင်စုကြီးကိုခွဲမထွက်ချင်လို့ ရှမ်းခေါင်းဆောင်များ၊ တိုင်းရင်သားခေါင်းဆောင်များက တောင်ကြီးမှာ စုပြီးကာမှ ဖဆပလ နဲ့ အစိုးရလက်ထက်မှာ တင်တာပေါ့ဗျာ။ အဲဒီတော့ ပြည်လမ်း ခင်ဗျားတို့ ကျွန်တော်တို့တွေ့ကြတဲ့ ဆွေးနွေးမှုကြီးဖြစ်လာတာပေါ့။ အဲဒီမှာ ခဏခဏလည်းပြောပါတယ်။ ဝိသူရ သခင်ချစ် မောင်တို့၊ ဘာတို့ဆိုတာ ပမညတ ဗျ။ ဆိုရှယ်လစ်အခြေခံတဲ့ဟာ ဒါပေမယ့် တကယ့်တကယ်က ဗမာအမျိုးသားရေးဝါဒီ ဘက်ကို သွားပြီးကာမှ သူတို့ဘက်က တင်တယ်။ အဲဒီမှာ ပြည်နယ်(၇) ခု ပေါ်လာမှာဗျ။ အဲဒီတော့ ဗမာတစ်ယူနစ်ကိုယူပါဆိုတာမျိုးကို မပြောသော်လည်းပဲ စစ်ပြည်ထောင်ဆိုတဲ့မူလို့ပဲ ကျွန်တော် ထင်ပါတယ်။ တောင်ကြီးညီလာခံ ထွက်လာတဲ့ ပြည်ထောင်စုစစ်စစ် ရှမ်းမူက အဲဒီဘက်ကိုသွားတယ်။ အဲဒီအခါကလည်း တစ်ပြည်ထောင် ဘာညာဆိုပြီးကာမှ နောက်ပြည်မက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ခုနက စစ်ခေါင်းဆောင်တွေ ပေါင်းလိုက်တဲ့အခါမှာ ဒီအကွက်ကိုရွှေ့လိုက်တဲ့အခါမှာ ချောက်ကြီးထဲကို တစ်ခါထပ်ကျ တယ်။ အဲဒီမှာ (၁၉၆၂) အာဏာသိမ်းတာတို့၊ ဘာတို့ဖြစ်ပြီးကာမှ ခင်ဗျားကြည့်တဲ့အတိုင်း တစ်ပါတီအာဏာရှင် စနစ်နဲ့ ဆိုရှယ်လစ်စနစ်ကိုသွားပြီးမှ တိုင်းပြည်စီပွားရေးချွတ်ခြုံကျလို့ (၈၈) အရေးအခင်းဖြစ်တယ်။ သမိုင်း ကို ကျွန်တော်တို့က ပြန်သုံးသပ်ဖို့လိုတာကိုး၊ အဲဒီတော့(၈၈) အရေးအခင်းဖြစ်လာပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ဟာ က နဝတ၊ နဝတ လက်ထက်မှာ အခြေအနေအကုန်ပြန်ကြည့်ရင် (၁၉၉ဝ) ရွေးကောက်ပွဲ၊ အဲဒီရွေးကောက်ပွဲနဲ့ အတူဖြစ်လာတဲ့ခဏ နိုင်ငံရေးအကြပ်အတည်း အဲဒီနောက်မှ နရက ပေါ်လာပြီး၊ ကျွန်တော်တို့ အမျိုးသားညီလာခံ၊ နောက်ထပ် အမျိုးသားညီလာခံမှာ ချမှတ်လိုက်တဲ့ အခြေခံမူ(၁ဝ၄) ချက် အဲဒီကဖြစ်လာတဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ။ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြဋ္ဌာန်းထားတာတွေကိုပြန်ကြည့်ရင် လက်ရှိအနေအထားမှာ တပ်မတော်၊ တပ်မတော်ကို ဒီနိုင်ငံရေးနွံထဲကို နစ်မှန်းမသိနစ်အောင် တမင်ကို ဥပဒေပြဋ္ဌာန်းပေးခဲ့တာ။ ဒါကျွန်တော်တို့တပ်မတော်ရဲ့ လက်ရှိအနေအထားကိုပြန်ကြည့်လိုရှိရင် နိုင်ငံရေးနွံထဲ မှာ တမင်ကိုနစ်သွား အောင် (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြဋ္ဌာန်းပေးပြီးပြီ။ အဲဒီတော့ ဒါဟာ ရည်ရွယ် ချက်ရှိလား၊ မရည်ရွယ်ဘဲ နဲ့ ထည့်မိရက်သားဖြစ်သွားတာလား။ ဒါကို ပထမကျွန်တော်တို့သုံးသပ်ရမယ်။ အဲဒီတော့ လက်ရှိနိုင်ငံက ကြုံတွေ့နေရတဲ့ ၁၉၄၇ ဖွဲ့စည်းပုံကြောင့် ဖြစ်လာတဲ့ တိုင်းရင်းသားပဋိပက္ခ၊ တစ်နည်း အားဖြင့် လက်နက်ကိုင် အမျိုးသားတော်လှန်ရေးနဲ့ မြန်မာ့တပ်မတော်ရဲ့ထိပ်တိုက်ရင်ဆိုင်မှု၊ သွေးမြေကျမှု နယ်မြေနယ်ခြားဒေသ အကုန်လုံးပေါ့ဗျာ၊ ဒါတွေအကုန်လုံးရဲ့ပင်ရင်းသည် ကျွန်တော်တို့ရဲ့တိုင်းရင်းသား အားလုံးလည်းဖြစ်တယ်။ ပြည်ထောင်စုရဲ့ပဋိပက္ခပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပြောရမှာလား၊ တိုင်းရင်သားတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းချက်တွေကြောင့်ပဲပြောရမလား၊ ဒီပြည်တွင်း စစ်သံသရာက အမှန်က တပ်မတော်က နောက်ကိုဆုတ်ချင်တယ်။ ဒါပေမယ့် နှုတ်ထွက်လို့မရလောက်အောင် ဘာနဲ့ကိုင်ထားသလဲဆိုရင် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ကို ပါဝင်တယ်ဆိုတဲ့၊ တာဝန်ပေးထားတဲ့ဥစ္စာ၊ တာဝန်ကိုထမ်းဆောင်ရင်းနဲ့ပိပိလာတာ၊ အဲဒီတော့ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရပဲ တပ်မတော်က ဒီနိုင်ငံရေးနွံထဲမှာ နစ်လို့နွံထဲက ရုန်းထွက်လိုတဲ့ အင်အားစုရှိပေမယ့်လည်း မရုန်းထွက်နိုင်တဲ့အနေအထား၊ တာဝန်ပိုပိ၊ တာဝန်ပိုပေးတဲ့အခါမှာ ဒီအကြပ် အတည်းဖြစ်လာတာပေါ့။ အဲဒီမှာ ခင်ဗျားတို့ ကျွန်တော်တို့လက်ရှိအနေအထားကိုပြန်ကြည့်၊ ဟုတ်ပြီလား။ ဗမာပြည်မပြိုကွဲတာပေါ့။ ဗမာပြည်မပြိုကွဲရတဲ့အကြောင်းကလည်း လက်ရှိမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတဲ့ ခုနက ကျွန်တော်ပြောခဲ့တဲ့ အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါအတိုင်း ဒီတာဝန်အရ သူတို့ဘက်က လုပ်ရတဲ့ကာလမျိုးမှာဖြစ်လာတဲ့ အတင်အချနဲ့ ခုနကလို နိုင်ငံရေးကိုအလွန်အကျွံကစားကြတဲ့အခါမှာ လက်ရှိအနေအထားဟာ ကျွန်တော်တို့သုံးသပ်ရင် ပြဿနာက နှစ်ခုဖြစ်တာပေါ့။ ကျွန်တော်တို့မှာ ဟိုးကတည်းကဖြစ်လာတဲ့ အနာဟောင်းပေါ့ဗျာ။ ပြည်ထောင်စုရဲ့နာတာရှည်ရောဂါကို ဘယ်လိုကုကြမလဲ။ ပထမတစ်ကြိမ် ကုသင့်ပါလျက်နဲ့ ပေးခဲ့သင့်ပါလျက်နဲ့ မပေးခဲ့တာမို့လို့ဖြစ်လာတဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာပြဿနာ၊ ဒုတိယအချက်ပြန်ကြည့်ရင် ၁၉၆၂ ခုနှစ်မှာ ကျွန်တော်တို့တိုင်းရင်းသားတွေက ခွဲမထွက်ဘူး။ ဒါပေမယ့် ဒီစစ်မှန်တဲ့ပြည်ထောင်စုကို ခင်ဗျားတို့ ပြဋ္ဌာန်းခဲ့လို့ရှိရင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ ပေးထားတဲ့ကတိကဝတ်တွေ၊ ပင်လုံစာချုပ်မတိုင်ခင်ပေးထားတဲ့ကတိကဝတ်တွေကို ပြန်စောင့်စည်းပြီးကာမှ ပြည်ထောင်စုက ဒီအတိုင်း စစ်မှန်တဲ့ပြည်ထောင်စုနဲ့သွားရင် ခွဲထွက်စရာလည်းမလိုဘူး။ ပြည်ထောင်စုက ဒီအတိုင်းပဲ ရှိသင့်တယ်ဆိုတာကို တင်ပြခဲ့တာကိုနားယောင်ပြီးမှ ပြည်ထောင်စုက ဖက်ဒရယ်ဆိုတာ ခွဲထွက် တော့မယ်ဆိုတဲ့ မြန်မာနိုင်ငံရေးသမားတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေပေါင်းပြီးမှဖြစ်လာတဲ့ ၁၉၆၂ အာဏာသိမ်းမှုအရေးအခင်း၊ လက်ရှိအနေအထား ၂ဝဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေမှာ ရည်ရွယ်သည်ပဲဖြစ်ဖြစ်၊ မရည်ရွယ်သည်ပဲဖြစ်ဖြစ် တပ်မတော်ကို နိုင်ငံရေးနွံထဲမှာနစ်အောင်ကို ရေးမိလျက်သားဖြစ်နေတဲ့ပြဋ္ဌာန်းချက် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုပေးထားပြီးသားအချိန် ဒါတွေ အကုန်လုံးဟာ လက်ရှိနိုင်ငံရေး အကြပ်အတည်းကိုဖြစ်လာစေတဲ့ နိုင်ငံရေးအလွန်အကျွံရွှေ့ခဲ့မှုလို့သမိုင်းအရ ပြန်သုံးသပ်ရင် ကျွန်တော်တို့ အဖြေတစ်ခုရမှာလား။ အဲဒီတော့ ကျွန်တော်တို့ဒီအကြပ်အတည်းဟာ ဘာကြောင့်လဲ။ ဇစ်မြစ်ပြဿနာကို ဒီဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကလည်း မြင်ဖို့လိုတယ်။ ဒီဘက်က တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကလည်း မြင်ဖို့လိုတယ်။ ပြည်သူများဘက်ကလည်း မြင်ဖို့လိုတယ်။ နိုင်ငံရေး ပါတီတွေဘက်ကလည်း မြင်ဖို့လိုတယ်။ ဇစ်မြစ်က ဒါပဲ။ အဲဒီတော့ ကျွန်တော်တို့ဇစ်မြစ် ပြဿနာကိုစဉ်းစားတဲ့ အခါမှာ သမိုင်းရှိရာ သမိုင်းဆိုင်ရာ ခုနကသုံးသပ်ချက်တွေကိုပြန်ပြီးတော့၊ သုံးသပ်ပြီးမှ လက်ရှိအမှန်ဖြစ်နေတဲ့ ဖြစ်ပျက်မှုတွေကို အခြေခံထားပြီးတော့မှ သချာဆွေနွေးကြည့်ရင် အခြေခံဥပဒေဆိုင်ရာပြဿနာဗျ။ မြန်မာနိုင်ငံ ကို ဘယ်လိုဖွဲ့စည်းကြမယ်။ ဘယ်လိုကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူခွင့်နဲ့ ကိုယ့်ဒေသမှာ ကိုယ့်ဥပဒေပြဋ္ဌာန်းပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့် လွတ်လွတ်လပ်လပ်အတူပူးပေါင်းပြီး တော့ ဒီပြည်ထောင်စုကြီးကို စုပြီးဖွဲ့မယ်ဆိုတဲ့ရည်မှန်းချက်သည် အခြေခံဥပဒေဆိုင်ရာကြောင့်ဖြစ်လာတဲ့ လက်နက်ကိုင်တော်လှန်မှု၊ အဲဒီ တော့ အခြေခံဥပဒေဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်ခဲ့လို့ရှိရင် ဇစ်မြစ်ပြဿနာဟာ ဖြေရှင်းပြီးသားဖြစ်မယ်လို့ သုံးသပ်တဲ့အခါမှာ ခုနက ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဘက်က ဒီပြဿနာသည် ဘာကြောင့်ဖြစ်တယ်ဆိုတာ ကိုပြန်ပြီး ဆိုးကျိုးဝေဖန်ဖို့လိုတယ်။ ဒီပြဿနာသည် ဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းပဲ လက်နက်ကိုင် ခေါင်းဆောင်များဘက်က သုံးသပ်ဖို့လိုတယ်။ နိုင်ငံရေးထဲက တပ်မတော်ကို ပြန်နုတ်ဖို့လိုအပ်တဲ့ အချိန်ကာလ ကိုရောက်ပြီလား။ တိုင်းပြည်က တကယ်တမ်း ကျွန်တော်တို့သုံးသပ်သလို ပြိုကွဲလု၊ ကာလတစ်ခုနဲ့ အနီးစပ်ဆုံး အခြေအနေကို ရောက်မှန်းမသိရောက်နေပြီလား။ အချိန်ဘယ်လောက်ကျန်သေးသလဲ။ ကိုယ်ကျွံတဲ့ဘက်ကို ပြန်နုတ်ဖို့လိုလား။ ကိုယ်တို့ဒီလက်နက်ကိုင်ပဋိပက္ခကို ပြန်ချုပ်ငြိမ်းနိုင်အောင် ဘာနဲ့အစားထိုးရမှာလဲ။ တပ်မတော်က နိုင်ငံရေးဘက်က နောက်ကိုဆုတ်မယ်။ လက်နက်ကိုင်ပဋိပက္ခငြိမ်းချမ်းအောင် လက်နက်ကို စွန့်မယ်၊ အဲဒီလိုစွန့်နိုင်တဲ့အကြောင်းတရားသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာလား။ အဲဒါဆို ကျွန်တော်တို့ အကောင်းဆုံးပြန်စုစည်းပြီး ဖွဲ့စည်းနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အချိန်တိုအတွင်းမှာ ကျွန်တော်တို့ ပြန်လည်ရေးဆွဲပြဋ္ဌာန်းနိုင်မှာလား။ အဲဒီဖွဲ့စည်းပုံက ဒီပြဿနာအားလုံးကို ပြေငြိမ်းနိုင်တဲ့အထိ စွမ်းဆောင်နိုင်မှာလား။ ဒါကျွန်တော်တို့ပြန်စဉ်းစားရမယ့်ကာလ၊ အဲဒီကာလကို ကျွန်တော်တို့ အခုလျှောက်နေ တဲ့အခါမှာ ခုနက ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဘက်ရဲ့ဖိတ်ကြားချက်ကို တိုင်းရင်းသားခေါင်းဆောင်တွေက တချို့လာကြတယ်။ တချို့ထိပ်ပိုင်းခေါင်းဆောင်တွေ မလာကြဘူး။ ဥပမာ- “ဝ” ပေါ့။ ကျွန်တော်တို့ ကြားပါတယ်။ ဥက္ကဋ္ဌကြီးပေါက်ယူချန်း ကတော့ နေမကောင်းဘူး။ ဒါပေမယ့် ZOOM နဲ့ပြောကြမယ်လို့တော့ ကြားပါတယ်။ ဒုဥက္ကဋ္ဌ ပေါက်ယွီ ထင်ပါတယ်။ သူကတော့ တက်မယ်လို့ကြားပါတယ်။ နောက်ပြီး ဒီဘက်က ဦးစိုင်းငင်းတို့ တက်မယ်ဆိုတဲ့အခါ FENCC (၇) ဖွဲ့မှာ ထိပ်ကြီးပိုင်း (၃) ဖွဲ့တက်တာပေါ့။ SSPP ဆိုတာ ရှမ်းပြည်၊ ရှမ်းပြည်မှာ နိုင်ငံပဋိပက္ခပိုများတာပေါ့ဗျာ။ ဒီဘက်က RCSS တက်မယ်လို့လည်း ကျွန်တော်တို့ကြားပါတယ်။ KNU ကို ပထမပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက (Virtual) တက်မယ်၊ ဥက္ကဋ္ဌအနေနဲ့တက် မယ်လို့ကြားပေမယ့် အခုအချိန်မှာတော့ KNU က မတက်ဘူး။ KIA က မတက်ဘူးဆိုတာကတော့ မြောက်ပိုင်းက ထိပ်သီးအဖွဲ့တွေထဲမှာ မှ KIA သည် “ဝ” ပြီးရင် ဒုတိယသွားတာကိုး။ KIA ဆိုတာ one plus three လို့ ကျွန်တော်တို့က ပြောကြတာ။ Three ကတော့ မဟာမိတ်(၃) ဖွဲ့ပေါ့ဗျာ။ ဒါပေမယ့် one plus three ဖြစ်တဲ့အခါမှ (၁) အခြေအနေကို (၃) ကလည်း ကြည့်ရမှာပေါ့။ အဲဒါကြောင့် (၃) ဘက်က ULA/AA တို့ဘက်က ထုတ်ပြန်ချက်တွေကိုပြန်ကြည့်တဲ့အခါမှာ သူတို့စောင့်ကြည့်နေမယ်။ လက်ရှိအခင်းအကျင်းကို တက်စေချင်ရင် သူတို့နဲ့ဆက်နွယ်မှုဆိုတဲ့စွဲဆိုချက်နဲ့ ဖမ်းဆီးထားတဲ့ပုဂ္ဂိုလ်တွေကို ကနဦးလွှတ်ပေးဖို့လိုတယ်။ တစ်နည်းအား ဖြင့် ယုံကြည်မှုကို ပထမဆုံး တည်ဆောက်ပြပါ။ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ပေးပါ။ ဒါလေးတွေကိုကြိုပြီးတော့ သတင်းမီဒီယာတွေမှာ ဦးခိုင်သုခ ဘက်က ပြောထားဆိုထားတာလေးတွေ ကြားပါတယ်။ ဒါပေမယ့် မတက်ဘူးလို့ ယတိပြတ်လည်း ပြောတာမဟုတ်ဘူး။ ဒီကြားထဲမှာ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ပြောတာကိုကြားပါတယ်။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့်ပြည်တွင်းသားအချင်း ချင်းနဲ့ပဲဖြေရှင်းလို့ရတယ်။ နိုင်ငံတကာစွက်ဖက်မှုနဲ့မရဘူး။ နိုင်ငံတကာက စွက်ဖက်နေတဲ့အရိပ်အယောင်အနေ အထားကို ပြောသွားတာတွေ့ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနကပြောတဲ့ ကျွန်တော်ပြောတာလည်း ရှည်သွား ပါပြီ။ ဒီဇစ်မြစ်ပြဿနာကို SAC ဘက်က ဘာဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့လိုမယ်။ ကျွန်တော်တို့တိုင်းရင်သား လက်နက်ကိုင်တော်လှန်ရေးအင်အားစုဘက်ကလည်း ဘာဆိုတာကိုဖြင့် အဲဒီဇစ်မြစ်ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ ပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းတွေကို ရှာရတော့မှာပေါ့။ တစ်ဦးကိုတစ်ဦးယုံကြည်တာတို့၊ ဘက်နှစ်ဖက်ကို ဟုတ်လား။ ညှိနှိုင်းဆွဲဆောင်ပေးနိုင်တဲ့ ကြားခံပေါ့။ အကျိုးတော်ဆောင်တွေပေါ့။ ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်တွေရဲ့ ကဏ္ဍအလွန် လိုအပ်လာတယ်။ အဲဒီတော့ နောက်ဆုတ်ရင် အကုန်ဆုတ်မှာ ပေါ့။ ဘယ်လိုဖွဲ့စည်းအခြေခံ ဥပဒေအထိ လက်ရှိတပ်မတော်ဘက်က ရည်မှန်းထားသလဲ။ တလောကတော့ ကျွန်တော်တို့ကြားပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ထင်ပါတယ်။ သူဦးဆောင်ပြီးမှ အိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နီပေါရဲ့ အခြေခံဥပဒေ၊ သြစတြေးလျရဲ့အခြေခံဥပဒေတွေကိုလေ့လာပြီးတော့မှ မြန်မာနိုင်ငံနဲ့ အသင့်လျော်ဆုံး မြန်မာ့ရေမြေသဘာဝပေါ့ဗျာ။ လက်ရှိပြဿနာရဲ့အလိုက်လျောနိုင်ဆုံးအခြေခံဥပဒေတစ်ခုကို သူတို့ကြိုးစားပြီး ရွေးဆွဲ တည်ဆောက်မယ်ဆိုတဲ့အထိလည်း သွားနိုင်ပါတယ်။ အဲဒီနောက် NCA လမ်းကြောင်း အရလည်း မြှင့်ထားတာ ဆိုတော့ ဗိုလ်ချုပ်ကြီးရာပြည့်တို့ရဲ့ National Solidarity and Peace Negotiation Committee (အမျိုးသား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီ) ဘက်က UPDJC တို့ ဘာတို့ကို ပြန်ပြီးတော့ ဖွဲ့ဖို့ လုပ်လာပါတယ်။ ဒါပေမယ့် ပါတီတွေကတော့ ဖွဲ့တယ်။ အစိုးရဘက်က UPDJC ကို မဖွဲ့သေး ဘူး။ ခုနကလို NCA စာချုပ်ချုပ်လည်း PPST ဘက်က UPDJC ကို မဖွဲ့သေးဘူးဆိုတဲ့အနေအထားကို တွေ့တာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရွေ့ကတော့ ပါတီတွေနဲ့ စရွှေ့တာပေါ့။ ဒါပေမယ့် ခင်ဗျားပြောတဲ့ကိစ္စ မှာ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်မှုက ဒါတတိယအကြိမ်မြောက်၊ ပထမအကြိမ် က ဟွန်ဆန်နဲ့တွေ့တဲ့အချိန်မှာ ၂ဝ၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် SAC ဘက်က သတ်မှတ်တယ်ဆိုတာ မျိုးကို ကြေညာလိုက်တယ်။ အဲဒီလိုကြေညာချက်မတိုင်ခင်မှာ ပြီးခဲ့တဲ့နှစ်ကိုပြန်ကြည့်ရင် တပ်မတော်နေ့ဟာ စိန်ရတု (၇၅) နှစ် မြောက်စိန်ရတုနေ့ဗျ။ အဲဒီနေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က လူထုကိုရော တပ်မတော်သားတွေကိုရော နိုင်ငံတကာကိုရော ပြောခဲ့တာရှိမှာပေါ့။ အဲဒီတော့ (၇၅) နှစ်ရှိပြီ သွေးမြေကျနေ ဆဲဖြစ်တယ်။ တပ်မတော်ရဲ့မူရင်းတာဝန်သည် ဒီနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ဖြစ်တယ်။ ပြည်ပရန်ကိုကာကွယ်ဖို့ဖြစ်တဲ့အခါမှာ ကိုယ်တို့အချင်းချင်းဖြစ်တဲ့ပဋိပက္ခတွေကြောင့် တပ်မတော်သားတွေ ဘယ်လောက် အသက်စွန့်သွားရပြီလဲ။ အဲဒီလိုပဲ ကိုယ်တို့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကလည်း ဘယ်လောက်များစွန့်သွားခဲ့ကြရပြီးပြီလဲ။ ဘယ်လောက်အထိများ တိုင်းပြည်ရဲ့တိုင်းရင်းသားဒေသတွေမှာ မငြိမ်မသက်ဖြစ်ပြီး ဘယ်လောက်အထိ အိုးအိမ်စည်းစိမ်တွေ ပျက်စီးပြိုယွင်းသွားရပြီးပြီလဲဆိုတာကို (၇၅) နှစ်မြောက် စိန်ရတုနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ဆင်ခြင် သုံးသပ်နိုင်ခဲ့တယ်ထင်တယ်။ အဲဒါကြောင့်လည်း ဟွန်ဆန်နဲ့တွေ့တဲ့အခါမှာ ခုနကလို အာဆီယံအစည်းအဝေးမှာ နည်းနည်းလေး Five point consensus (ဘုံသဘောတူညီချက် ငါးချက်) တို့ဘာတို့ ဖြစ်လာတာပေါ့။ အဲဒီကဏ္ဍတွေကိုပြန်ကြည့်ရင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဘက်က စိန်ရတု တပ်မတော်နေ့မှာ နောက်စိန်ရတု(၂) ခုကို ဖြတ်သန်းရတော့မယ်။ ဘယ်လိုဒီအရွေ့ကို ရွှေ့အောင် ကျွန်တော်တို့ ကြိုးစားပြီးတော့ တည်ဆောက်မှာလဲဆိုတဲ့ Idea နဲ့ သံန္နိဋ္ဌာန်တစ်ခုချခဲ့ပုံပေါက်တယ်။ ဒါကြောင့်လည်းပဲ ပြည်ထောင်စုနေ့မှာ ကြိုတင်သတ်မှတ်ချက်မရှိဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ဖိတ်ခေါ်တယ်။ မမျှော်မှန်းနိုင်တဲ့ ဖိတ်ခေါ်မှုဖြစ်တဲ့အခါမှာ ပြင်ဆင်မထားတဲ့အခါမှာ တချို့ကလည်း လာမတက်ဘူး။ တချို့ကလည်း လာတက်တာပေါ့ဗျာ။ ဒါပေမယ့် အငယ်တန်းခေါင်းဆောင်တွေ တက်တာပေါ့။ အဲဒီအခါမှာ သူမျှော်မှန်းတဲ့တွေ့ဆုံဆွေးနွေးပြီးတော့မှ အဓိကပြဿနာရဲ့မူရင်းကို အဲဒီတွေ့ဆုံမှုကနေ အဖြေရလိုက်ပုံမပေါက်ဘူး။ အဲဒီတော့ ပြန်ကြည့်ရင်ပေါ့ဗျာ ရခိုင်ဘက်ကတောင်မှပဲ လေယာဉ်စီးလုံးနဲ့ လာတက်ပေးတာပဲလေ။ အဲဒီတော့ အခုကျွန်တော်ထင်ပါတယ် NSPNC ရဲ့ UPDJC ကဏ္ဍလှုပ်ရှားမှုတွေကို ကြည့်မှာပေါ့။ သူရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာလသည် (၁) နှစ်နဲ့ (၆) လထဲကို ဝင်လာပြီ။ နောက်(၆) လပေါ့။ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက် ဆိုရင် သူ့ရဲ့ကာလက (၂) နှစ်ပြည့်ပြီ။ အဲဒီတော့ ၂ဝ၂၂ ခုနှစ်ကို သူတို့က ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားတယ်။ လာမယ့် ၂ဝ၂၃ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီ (၄) ရက်နေ့ကလည်း စိန်ရတုလွတ်လပ်ရေးနေ့လည်း ဖြစ်ပြန်တယ်။ အဲဒါကြောင့် NCA ဆိုတဲ့စာချုပ်အရ အခု လက်ရှိသွားနေတဲ့ကိစ္စအားလုံးရဲ့အခြေခံအားလုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပ အနေနဲ့ ပြင်ဖို့အတွက် မူတည်တာပဲ။ NCA စာချုပ်သူရဲ့ ရည်မှန်းချက်ပင်မက နောက်ဆုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွေးနွေးပြီးမှ ပြင်ဖို့။ အဲဒီလိုပြင်ပြီး ထည့်မယ့် အချက်အလက် တွေအားလုံးကိုလည်း (National Record) အဖြစ် လွှတ်တော်မှာအတည်ပြုမယ်၊ ဖွဲ့စည်းပုံကိုပါ ပြင်မယ်။ အဲဒီတော့ လွှတ်တော် အတွင်းကပြင်တာ၊ လွှတ်တော်ပြင်ပက ပြင်တာဆိုတဲ့နှစ်ခုနည်းကို ကြည့်တဲ့အခါမှာ အခု NCA စာချုပ်ချုပ်ဖို့ အတွက် (၂)နှစ်နီးပါးလောက်ကျန်သေးတယ်။ NCA စာချုပ်ချုပ်ပြီးခါမှ လွှတ်တော်ပြင်ပပြင်တာ (၆) နှစ်နီးပါးမှာ (၅၁) ချက်ရတယ်။ ဘယ်လိုမှမရွေ့ဘူး။ လာမယ် ၂ဝ၂၃ ဇန်နဝါရီ (၄) ရက်နေ့ကလည်း လွတ်လပ်ရေးနေ့ စိန်ရတုနေ့ဖြစ်တယ်။ အဲဒါကြောင့် (၂၂) ရက်နေ့ (၄) လပိုင်း ၂ဝ၂၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးက လွတ်လပ်ရေးရဲ့အရဿာကို နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး မခံစားရသေးဘူး။ လွတ်လပ်ရေးရဲ့ အရသာကိုပြည့်ပြည့်ဝဝခံစားရအောင် ပေးဖို့တာဝန်ကတော့ လက်ရှိ SAC ဥက္ကဋ္ဌ နိုင်ငံတော်အကြီးအကဲမှာ ရှိနေတယ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်တယ်။ (၇၅) နှစ်နီးပါးချီလာခဲ့တဲ့ နိုင်ငံရေးပြဿနာ၊ ဇစ်မြစ် ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့စွမ်းအား သူ့မှာရှိတယ်။ ဖြေရှင်းလိုတဲ့ဆန္ဒရှိတယ်။ နည်းလမ်းပဲ လိုတယ်။ အဲဒီနည်းလမ်းကို နှစ်ဖက်တွေ့ဆုံပြီးမှ ဒီပြဿနာဒီတင်ရပ်အောင် ကာလတို ၂ဝ၂၂ ခုနှစ်အတွင်းမှာသာ တွေ့ဆုံညှိနှိုင်းအဖြေရှာနိုင်ခဲ့လို့ရှိရင် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးအရသာကို တိုင်းရင်းသားအားလုံး ခံစားနိုင်တဲ့အနေအထားကိုပေးလို့ရပြီ။ အဲဒီတော့ ဒီကာလ ဒီဇင်ဘာ(၃၁) ရက်နေ့ ဒီကာလက သူတို့ တောင်းတောင်းဆိုဆိုလေးလည်းပဲ အလွန်လိုအပ်တယ်။ အဲဒီအခြေအနေတွေကတော့ ရှိတာပေါ့။ ရှိတော့ ကျွန်တော်တို့စဉ်းစားတာပေါ့။ ဘယ်လိုရွှေ့ကြမှာလဲဆိုတဲ့အခါမှာ NCA လမ်းကြောင်းအရ ဆိုရင် ကြာမယ်။ (၆) လဆိုတဲ့ကာလမှာ ပေးခဲ့ပြီးပြီ။ ကာလကလဲ တစ်နှစ်မရှိသေးတဲ့ကာလလေးမှာ ဗိုလ်ချုပ်မှူးကြီးက ဒီအရွေ့ကို ရွှေ့အောင် သူကြိုးစားရတော့မယ်။ လွတ်လပ်ရေးနေ့မတိုင်ခင်လေးမှာပေါ့။ ဆိုတဲ့အခါမှာ NCA ကိုကျော်ပြီးခါမှ ၂ဝ၂၂ ခုနှစ် ဧပြီ (၂၂) ရက် ကြေညာချက်က ၂ဝဝ၈ ဖွဲ့စည်းပုံကိုကျော်ပြီး သူစဉ်စားတာ။ အဲဒီလိုပဲ NCA လမ်းကြောင်းကို သူကျော်ပြီးသူစဉ်းစာတာ။ အဲဒါကြောင့် ထိပ်သီးဆွေးနွေးပွဲ ဆိုတဲ့ဥစ္စာဟာ နိုင်ငံရေးအရဿာနဲ့ ပြည့်စုံတယ်။ ပြည်ထောင်စုတစ်ခုလုံးကိုဖြေရှင်းလိုတဲ့ဆန္ဒက SAC မှာ ရှိတယ်ဆိုတဲ့ဥစ္စာလေးကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များဘက်က သဘောပေါက်ခဲ့မယ်ဆိုလို့ရှိရင် လာပြီးတော့ တွေ့ဆုံဆွေးနွေးပြီးမှ ပြည်ထောင်စုပြဿနာကို အဖြေထုတ် သင့်တယ်။ အဲဒီတော့ ခင်ဗျားခုနက အစမှာ မေးတဲ့အခါမှာလည်း ပါပါတယ်။ ဆန္ဒပဲလိုတာ။ ပြည်ထောင်စုရဲ့ အရွေ့ကိုရွှေ့လိုတဲ့ဆန္ဒ ပါလို့ရှိရင် ခုနကပြောသလို ပြေလည်နိုင်တယ်။ အဲဒီတော့ တစ်ခုပဲလိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင် များအားလုံး လာနိုင်အောင် သူ့ဘက်က ငြိမ်းချမ်းရေး Road Map ကို ကြေညာပေးဖို့ လိုပါတယ်။ အဲဒီတော့ ဒီပြဿနာကြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာပြဿနာလို့ သတ်မှတ်ခဲ့လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အဲဒီအသစ်ဟာ ကျွန်တော်အားလုံးနဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုလည်း ကာလတစ်ခု အတွင်းမှ အချိန်တိုအတွင်းမှ ကျွန်တော်တို့ဖွဲ့စည်းပုံလွှတ်တော်(Constitudion Assembly) သွားပြီးမှ ဆွေးနွေး မယ်၊ ဖြေရှင်းမယ်၊ ညှိနှိုင်းမယ်၊ ရယူမယ်၊ ကျွန်တော်တို့လိုချင်တဲ့ဥပဒေအကုန်လုံးကို ပြဋ္ဌာန်းပေးမယ်။ အဲဒီမှာ မြန်မာ့တပ်မတော်သည်လည်း နိုင်ငံရေးနွံထဲကနေ နှုတ်မယ်၊ နောက်ကို ဆုတ်မယ်။ အဲဒီလိုပဲ လက်နက်ကိုင် တော်လှန်ရေးအင်အားစုအားလုံးသည်လည်း လက်နက်ကိုစွန့်ပြီးခါမှ ဒီပဋိပက္ခနွံထဲကနေ ဆုတ်ပေးမယ်၊ ကျွန်တော်တို့အားလုံးသည် Zero ကို သွားပြီးခါမှ ပြည်ထောင်စု တပ်မတော်ကို ဘယ်လိုစုပေါင်းဖွဲ့စည်းကြမလဲ၊ ပြည်ထောင်စုကို ဘယ်လိုကာကွယ်ကြမလဲ၊ ပြည်ထောင်စုပဋိပက္ခအကုန်လုံး ဒီမှာချုပ်ငြိမ်းအောင် ကျွန်တော်တို့ ဒီသဘောတူညီချက်၊ ဒီဖွဲ့စည်းပုံကြီးနဲ့ ဒီအခြေခံမူနဲ့သွားမယ်ဆိုတဲ့ သံန္နိဋ္ဌာန်၊ အဲဒီနိုင်ငံရေးအစိတ် အပိုင်း(Political Part) ထိရောက်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီအတိုင်းသွားမယ်ဆိုတာကို ကမ္ဘာကိုရော၊ ပြည်သူတွေကိုရော၊ နိုင်ငံရေး ပါတီအားလုံးကိုလည်းသိအောင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးလည်းသိအောင်၊ ဗိုလ်ချုပ်မှူးကြီးဘက်က ကြေညာပေးဖို့ ဒီအခန်းကဏ္ဍမှာ လိုတယ်။ ဖိတ်ခေါ်နိုင်အောင် သူ့ဘက်က ဒါမျိုးသွားမယ်ဆိုတာမျိုးကို ကြေညာပေးခြင်းအားဖြင့် အခုတစ်ကြိမ်ပြီးရင် နောက်တစ်ကြိမလုပ်လာနိုင်တဲ့ ဆွေးနွေးပွဲတွေအားလုံးမှာ ထိပ်သီးခေါင်းဆောင်တွေအားလုံး တက်လာနိုင်တယ်။ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်လောက်တဲ့ အထိ၊ အဖြေရတဲ့အထိ နက်နက်နဲနဲအချိန်တိုအတွင်းမှာ ကျွန်တော်တို့ယုံကြည်မှုနဲ့ ခေါင်းဆောင်များအားလုံး ဒီပြည်ထောင်စုကို ညီညှီညွတ်ညွတ်တည်ဆောက်ချင်တဲ့ နိုင်ငံရေးအာသီသ ရှိတယ်ဆိုရင်ပေါ့ဗျာ။ မဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာမရှိဘူး။ အဲဒီလိုမျိုး တော့ ကျွန်တော် ကနဦးဖြေချင်ပါတယ်။


မေး ။ ။ နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့နေရာမှာ တစ်ဖက်တည်းကပဲ ပြီးသွားလို့လည်း မရဘူးပေါ့လေ။ ဆိုလို တာက NCA ကိစ္စတွေ၊ နောက်တစ်ခါ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးမယ်ဆိုတဲ့ကိစ္စတွေဟာ သူတို့က (၁ဝ) ဖွဲ့ပဲ တက်မယ်ဆိုတဲ့ကိစ္စပေါ်လာတယ်။ (၁ဝ) ဖွဲ့မှာ (၁)ဖွဲ့က ဒုတိယပြန်ဖြစ်နေတယ်ဆိုတော့ မတက်တဲ့အဖွဲ့တွေက သက်သက်ရှိနေနိုင်တယ်။ ဆိုတော့ မတက်တဲ့အဖွဲ့တွေကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ သူပြောတာ မတက်တဲ့အဖွဲ့တွေကလည်း PDFတွေကို မွေးထုတ်တဲ့အထဲမှာပါနေတယ်။ အဲဒီတော့ သူတို့ကြားထဲမှာ ရှုပ်ထွေးနေတဲ့ကိစ္စတွေကြောင့် မတက်တာဖြစ်နိုင်တယ်လို့ ပြောသွားတာတွေ့ရတယ်။ အဲဒီတော့ မတက်တဲ့အဖွဲ့တွေရဲ့အနေအထားကိုကြည့်တော့လည်း ထူခြားတာပေါ့နော်။ ထူးခြားတာကို ကြည့် တော့လည်း ကျွန်တော်တို့ တက်တဲ့အဖွဲ့နဲ့ မတက်တဲ့အဖွဲ့ကို ကျွန်တော် ခွဲခြားကြည့်လိုက်တဲ့အခါမှာ ထူးထူးခြား ခြားဖြစ်နေတဲ့ Point လေးတွေ့ကို တွေ့မိတာရှိပါတယ်။ အဲဒါကတော့ တက်တဲ့အဖွဲ့အများစုက ဗုဒ္ဓဘာသာဝင် တွေဖြစ်တယ်။ မတက်တဲ့အဖွဲ့တွေက ခရစ်ယာန်တွေဖြစ်နေတယ်။ ပြီးရင် PDF တွေကို မွေးထုတ်ပေးတဲ့ သူတွေ လည်း ဖြစ်နေတယ်။ အဲဒီလို ထူးခြားတာလေးသွားတွေ့ရတယ်။ ပြီးတော့ နိုင်ငံတကာအဝင်/အထွက် တွေများတဲ့နေရာတွေဖြစ်တာကိုလည်း သွားတွေ့ရတယ်။ အဲဒီတော့ ဒါတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ မသိနိုင်တာရဲ့နောက်ကွယ်မှာ မြုပ်နေတာတွေများ ရှိမလား။ ဆရာအနေနဲ့တွေးမိလား။ ဒါကို ဆရာ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ ကမ္ဘာကြီးကလည်း ပြောင်းလဲနေတာကိုဗျ။ ကမ္ဘာ့နိုင်ငံရေး ရာသီဥတုကလည်း ပြောင်းတာပေါ့။ အဲဒီ အခါမှာ စစ်အေးခေတ်ကြီးမှာ အကြောင်းကြောင်းကြောင့်ပေါ့။ ဆိုဗီယက်ပြည်ထောင်စုကြီးက ပြိုကွဲသွားတာ ပေါ့။ ပြိုသွားတဲ့အခါမှာ အားလုံးသိတဲ့အတိုင်းပဲ ရုရှားဖက်ဒရေးရှင်းကြီးက ကျန်ခဲ့တာပေါ့ဗျာ။ နေတိုး Expanse လုပ်တဲ့ဟာမှာလည်း ဘယ်လောက်အထိဖြစ်နေလဲဆိုတာကို ကျွန်တော်တို့အားလုံး အခုဆိုရင် နား၊ မျက်စိ ဖွင့်ထားရင် သိလာပြီပေါ့။ အခုဆိုရင် ဖင်လန်တို့၊ ဆွီဒင်တို့ဘက်ကိုတောင် အာရုံစိုက်လာပြီလေ။ ယူကရိန်း အပြင်ပေါ့ဗျာ။ အဲဒီတော့ ရုရှားဘယ်လိုကြံ့ကြံ့ခံနေသလဲ၊ ဘာကြောင့်လဲဆိုတာကို ရုရှားပဲသိတယ်။ ကျွန်တော် တို့လည်း ကိုယ်ချင်းစာတယ်။ ဒါ နေတိုးဘက်က တိုးသင့်သလား၊ မသင့်လားဆိုတာကိုလေ။ အဲဒီလိုပဲ ကျွန်တော်တို့နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကွန်ပြူနစ်ပါတီနဲ့ တရုတ်ပြည်အစိုးရကိုပြန်ကြည့်ရင် မြန်မာ နိုင်ငံကို တည်ငြိမ်အေးချမ်းစေချင်တာပေါ့။ သူရဲ့နယ်စပ်ဖြစ်တဲ့ ဒါပြောရရင် မိုင်းပေါင်း(၂ဝဝဝ)လောက်ရှိ တာပေါ့။ စဉ်စားကြည့်ရင်လေ၊ တည်ငြိမ်အေးချမ်းတဲ့၊ မြန်မာနိုင်ငံအခင်းအကျင်းကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကလည်း လိုလားတယ်၊ လိုအပ်တယ်လို့ သုံးသပ်တယ်။ ကျွန်တော်တို့လည်း ဒီလိုပဲသုံးသပ်တယ်။ တစ်ဖက် အိန္ဒိယဘက်ကလည်း ဒီအတိုင်းပဲ။ မြန်မာနိုင်ငံနယ်စပ်ဒေသကြီး တည်ငြိမ်အေးချမ်းမှဖြစ်မယ်။ သူတို့ရဲ့အရှေ့မြောက်ပေါ့နော်။ 7 Sisters of India လို့သတ်မှတ်ပါတယ်။ ထရီပူရတို့၊ မဏိပူရတို့၊ မီဇိုရမ်တို့ပြန်ကြည့်ရင် အဲဒီ (၇) ပြည် တည်ငြိမ်အေးချမ်းဖို့ဟာ မြန်မာနိုင်ငံနဲ့တိုက်ရိုက်နိုင်ငံရေး ယောင်ပြန်ဟပ်ကြတယ်ဗျ။ Vice Versa ဖြစ်ကြတယ်။ အဲဒီတော့ မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့ နိုင်ငံကြီး တွေရဲ့အနေအထားကိုကြည့်ရင် မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းစေချင်တာပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့တွေ သုံးသပ်ပါတယ်။ ခုနက ဘာသာတွေနဲ့ပတ်သက်လို့ လေ။ အဲဒါကြောင့်လည်း KNU ဘက်မှာ နှစ်ဖက်ပြိုကွဲ သွားခဲ့တာပေါ့။ ပြီးခဲ့တဲ့ကာလမှာလေ နဝတ၊ နယက လက်ထက်မှာလေ။ DKBA တို့ KNU တို့ သီးသန့် ဖြစ်သွားကြတယ်။ PC ဖြစ်သွားကြတယ်။ တဖက်မှာလည်း ကျွန်တော်တို့မြန်မာပြည်ရဲ့မြောက်ပိုင်းမှာလည်း KIA ဆိုရင် ခရစ်ယာန်များတာပေါ့။ များတယ်လေ။ ဂျိန်းဖော်တွေလည်း များတယ်လေ။ Plus(3) ဖြစ်တဲ့ (3) ကတော့ ဗုဒ္ဓဘာသာတွေများကြတယ်။ Plus (1) ကတော့ ခရစ်ယာန်တွေများတာပေါ့။ အဲဒီတော့ ခုနက မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးကိုကြည့်တဲ့အခါမှာ ပထမတော့ ဒါ ဦးနုတို့လက်ထက်မှာ ဘက်မလိုက်တဲ့ ကျွန်တော် တို့အာဆီယံပေါ်လာကတည်းက တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တစ်နိုင်ငံက မစွက်ဖက်ဘူးဆိုတာဖြစ်တယ်။ နောက်တော့ အားလုံးသိတဲ့အတိုင်းပဲ ဦးနေဝင်းလက်ထက်မှာက ဘက်မလိုက်လှုပ်ရှားမှုမှာ ပါလာခဲ့တာပေါ့။ အဲဒီနောက်မှာပြန်ကြည့်ရင်လည်း ဒီလိုပဲ။ ကျွန်တော်တို့လွတ်လွတ်လပ်လပ်နေခဲ့ပေမယ့်လို့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးသွားလောက်အောင် လုပ်ခဲ့တဲ့ အင်္ဂလိပ်လက်ထက်မှာ ခင်ဗျားတို့ Missionary တွေ အများကြီးလာတာပဲ။ Missionary တွေရဲ့လွှမ်းမိုးမှုနဲ့ ဒီဘက်က ဗုဒ္ဓဘာသာအဓိကဖြစ်တဲ့ ဗမာစာသည် အဓိက ဆိုတဲ့ YNDA တွေ ပြန်ပေါ်လာတာပေါ့။ အဲဒီတော့ ခုနကလို့နိုင်ငံတစ်ခုရဲ့အနေအထားမှာ ဘာသာရေး သာသနာပြုဖို့ဆိုတာ အဲဒီခေတ်ကတည်းက ရှိပါတယ်။ Missionary တွေရဲ့ သွားတာ၊ လာတာ၊ ဗြိတိသျှ ဘာမားပေါ့နော်။ ဆိုတော့ ဒါကိုလည်း ကျွန်တော်တို့နိုင်ငံကြီးတွေ တည်ငြိမ်စေလိုတဲ့ ခုနကလို ကမ္ဘာ့စစ် အင်အားကြီးတဲ့နိုင်ငံတွေက သူ့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေရဲ့အခြေအနေကို သူသုံးသပ်ကြမယ်ထင်တယ်။ အဲဒီ တော့ တရုတ်ပြည်ဘက်က ကျွန်တောိတို့ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းစေချင်တယ်။ မြန်မာနိုင်ငံမတည်ငြိမ်မှုသည် သူတို့နိုင်ငံတွေနဲ့ တိုက်ရိုက်ပတ် သက်တယ်ဆိုတဲ့အခါမှာ သူတို့ရဲ့နယ်စပ် တစ်လျှောက်ကိုလည်း သူတို့ကြည့်ပုံပေါ်ပါတယ်။ အဲဒီတော့ FPNCC နဲ့ ပတ်သက်လို့လည်း တရုတ်ပြည်အစိုးရ၊ တရုတ်ပြည်ကွန်ပြူနစ်ပါတီဘက်က သုံးသပ်ချက်တွေ ရှိမှာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်း စေချင်တဲ့အခါမှာ ဒုတိယအကြိမ်(၂၁) ရာစု ပင်လုံမှာတောင်မှ ဒီဘက်က တင်းမာနေသော်လည်းပဲ မစ္စတာ ဆုန့်ကောရှင်းတို့ဘက်က လေယာဉ်စီးလုံးငှားပြီးတော့ ကူမင်းကနေ နေပြည်တော်အထိ ပို့ပေးခဲ့ကြတယ်။ အကုန်လုံးတက်ရအောင်ပေါ့။ ဆိုတော့ အဲဒီလိုလွှမ်းမိုးမှုတွေက ရှိနိုင် တယ်။ ဟိုတလောကတောင် ဗိုလ်ချုပ်မှူး ကြီးဘက်က CIA ပါလာတယ်လို့ပြောဖူးတယ်။ မြန်မာ့နိုင်ငံ ရေးနဲ့ပတ်သက်လို့ ခင်ဗျားပြန်ကြည့် ပြည်ပမှာ NUG ဘက်က ဒေါ်ဇင်မာအောင်တို့ဘက်က အာရပ်ဘက်ကို သွားတယ်၊ လုံခြုံရေးအပြည့်ယူပေးတယ်ဆိုတဲ့ သတင်း တက်လာတယ်လေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ တွေ့ကြတယ်။ အဲဒီမှာ အာဆီယံ ခေါင်းဆောင်တွေက ရောက်နေတယ်။ သမ္မတဘိုင်ဒန်နဲ့ တွေ့တယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း အကုန်လုံးမှာလှုပ်ရှားရင် ပြည်ပမှာ လှုပ်ရှားမှုတစ်ခုလုံးနဲ့ ပြီးတော့ သူ့ရဲ့ဆဲလ်တွေ ရှိနိုင်တာပေါ့။ PDF တွေနဲ့ ပတ်သက်လို့ကြည့်မယ်ဆိုရင်လည်း KIA နယ်မြေမှာဆိုတာမျိုး သတင်းတွေမှာ ပါတယ်။ ဟုတ်၊ မဟုတ်တော့ ကျွန်တော်တို့မပြောနိုင်ဘူးပေါ့။ အဲဒီတော့ KNU ဘက်ကလည်း တပ်မဟာ ၅၊ ၆ (ဘောကျော်ဟဲ၊ နော်မေထူး) တို့ဘက်ကဆိုတာမျိုး တွေ့နေကြတာပေါ့။ ဂျာနယ်တွေထဲမှာပေါ့။ အဲဒီတော့ KNU ဘက်မှာလည်း လေ့ကျင့် ပေးနေတဲ့နယ်မြေတွေရှိနိုင်တယ်။ အဲဒီဘက်က လွှမ်းမိုးမှုတွေရှိနိုင်တယ်။ ဒါအမှန်ကို ကျွန်တော်တို့ သုံးသပ်တာပါ။ အဲဒီတော့ ရခိုင်ဘက်ကိုပြန်ကြည့်ရင်လည်းပဲ အဲဒီဘက်က မကွေးတို့ ဘာတို့ဘက်က တချို့ PDF တွေ၊ ပအို့ဝ်ဘက်က ချင်းဘက်က PDF တွေက ရခိုင်တပ်မတော် ULA ဘက်မှာ သင်တန်းလာ တက်နေကြတယ်ဆိုတာကို (၁၃) နှစ်မြောက် ရခိုင့်တပ်မတော်နေ့အခမ်းအနားမှာပေးပို့တဲ့ သဝဏ်လွှာသုံး၊ လေးစောင်ကိုကြည့်ရင် သူတို့ဘက်က လေ့ကျင့်ပေးတယ်ဆိုတဲ့ ဥစ္စာလေးကို အတည်ပြုတာပေါ့ဗျာ။ ULA ကတော့ မပြောဘူး။ ဒါပေမယ့် အလေ့ကျင့်ခံလိုက်ရတဲ့ PDF တွေက ကျေးဇူးတင်ကြောင်းသဝဏ်လွှာနဲ့ သူတို့လည်းပဲ ဒီလိုမျိုး လေ့ကျင့်ပေးပါတယ်ဆိုတာမျိုးနဲ့ ကမ္ဘာသိအောင်၊ နစကသိအောင်၊ တစ်နိုင်ငံလုံး သိအောင် သူတို့ဘက်က သတင်းပို့တာပေါ့။ အဲဒီတော့ လွှမ်းမိုးမှုကတော့ ရှိနိုင်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကတော့ မြန်မာနိုင်ငံရဲ့ဇစ်မြစ်ပြဿနာကို ကျွန်တော်တို့ အချင်းချင်း ဖြေရှင်းမှ ပဲရမယ်။ နိုင်ငံတကာ စွက်ဖက်မှုကြောင့် မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိကို သုံးသပ်ရမယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ပြောင်းဖို့ အင်မတန်ခက်ပါတယ်။ အဲဒီတော့ NCGUB လက်ထက် ဒေါက်တာ စိန်မောင်တို့လက်ထက်ကို ကျွန်တော်တို့ပြန်ကြည့်တယ်။ အခု ဦးလရှီးလတို့ အခုလက်ရှိ CRPH တို့ NUG တို့ဘက်ကို ကြည့်ပြန်တဲ့အခါမှာ မီဒီယာကတော့ အရင် ထက်ပိုပွင့်လာတာပေါ့။ အနောက်နိုင်ငံတွေနဲ့ပတ်သက်တဲ့ နိုင်ငံတွေတော်တော်များများက Zoom Meeting တွေ လုပ်ကြတယ်လို့ကြား ပါတယ်။ NUG နဲ့ ညှိကြတယ်၊ ပြုကြတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို သံတမန်ရေးအရ ဝင်ရောက်စွက်ဖက်လို့တော့ မရဘူးဗျ။ ဝင်ရောက်စွက်ဖက်ခြင်းရှိရင်လည်းပဲ ပြည်တွင်း မှာသာ ကိုယ့်တွေရဲ့မညီညွတ်မှုကို ဒီဇစ်မြစ်ပြဿနာကို သေသေချာချာရှာပြီးမှ တို့ပြည်တွင်းပြဿနာကို တို့ရ အောင်ဖြေရှင်းမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ပြည်တွင်းအင်အားနဲ့ သေသေချာချာညီညီညွတ်ညွတ် ခုခံနိုင်လို့ရှိရင် ပြည်ပရဲ့ဝင်ရောက်စွက်ဖက်မှုနဲ့လွှမ်းမိုးမှုက ဘယ်လိုမှကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးရယ်။ အဲဒါကြောင့် ဒီကာလ မှာ ဇစ်မြစ်ပြဿနာကို ဗိုလ်ချုပ်မှူးကြီးဘက်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ပြီးခါမှ ဒို့သွေးမြေကျတာ များနေပြီ။ ဘယ်လို ပြည်တွင်းစစ်ကို ရပ်မှာလဲ။ ဒို့သွေးကွဲခဲ့တာ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာဆိုရင် တို့နဲ့လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အဲဒီမှာ ပါလာ သင့်တာက ဗမာသည် ဘာလုပ်ပေးမှာလဲ။ တစ်ယူနစ် ယူပေးမှာလား၊ အခု NUG တို့ဘက်က ကြေညာတဲ့ Charter (ပဍိညာဉ်စာချုပ်) ရယ် သူတို့ဖက်ဒရယ်ဖွဲ့စည်းပုံကိုကြည့်တဲ့အခါမှာ စစ်လင်းပြည်ထောင် ဆိုတာကို သွားတယ်။ အဲဒီတော့ ပြည်မက ဗမာသည် တစ်ယူနစ် မယူပေးဘူး။ သူတို့က မရေးဘူး။ အဲဒီအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ ဆိုးကျိုးဝေဖန်တာပေါ့။ NUG သွားတဲ့လမ်းကြောင်းသည် တစ်ခါသပ်လျှိုပြီးမှ ထပ်ပြီးတော့တစ်ခါ ပဋိပက္ခပြန်ဖြစ် နိုင်အောင်သွားနေတာ လား။ ဘယ်ကာလမှာတောင်မှ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုမသွားချင်ရတာလဲ။ ဘာကြောင့် ကိုယ်သည် တစ်ယူနစ်မယူရဲတာလဲဆိုတာကို ဝေဖန်ကြတာပေါ့။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘက်က ခုနကကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ။ ကိုယ်ဘက်ကတော့ များများ၊ ဒီပြဿနာတွေကို ဒီလိုဖြေရှင်းဖို့ ရည်မှန်းထားပါတယ်ဆိုတဲ့အစီအစဉ်လေးတွေကို ချပြဖို့သင့်တာပေါ့။ အဲဒီအခါမှ ကျွန်တော် ခဏခဏပြော တယ်ဗျ။ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ရဲ့ NSPIC မှာလည်း ပြောခဲ့တယ်။ ကင်ဆာရောဂါနဲ့ဥပမာပေးကြတာပေါ့။ အဲဒီ တော့ သဘောပေါက်အောင်ပြောရရင် ကင်ဆာကိုစတွေ့ပြီဆိုတာနဲ့ စရွေ့နေပြီ။ ဥပမာ- ရန်ကုန်မှာ စတွေ့ပြီဆိုရင် ပဲခူးက ဖြတ်လို့မရ တော့ဘူး။ ဆရာရဲ့အသက်ဟာ မန္တလေးမှာ ရှိတယ်ဆိုရင် ဆရာရန်ကုန်မှာ စပြီး ဒီတက်လုပ် ဒီပြဿနာဇစ်မြစ်က ဒါပဲလို့သုံးသပ်တဲ့အချိန်မှာ ရန်ကုန်မှာ မရှိတော့ဘူး။ အဲဒီတော့ဆရာ ပဲခူးက မဖြတ်နိုင်ဘူး။ ပျဉ်းမနားကဖြတ်မှပဲ မန္တလေးက အသက်ကို မကူးတော့မှာ။ အဲဒါကြောင့် ကိုယ်က ဒီဇစ်မြစ်ကို စတွေ့ပြီဆိုရင် ဘယ်လောက်ပေးမှာလဲ၊ ဘယ်နေရာက ဖြတ်ရမှာလဲ။ မစို့မပို့ဖြတ်ရင် အသက်ပေးရ တော့မယ်။ အဲဒါကြောင့် ကျွန်တော်တို့ပြောတယ် ပြိုကွဲလုနီးနီးကာလနဲ့အနီးဆုံးအချိန်ကို ချဉ်းကပ်နေပြီလို့ တကယ်တမ်းသုံးသပ်ခဲ့မယ်ဆိုရင် မန္တလေးမှာရှိတဲ့အသက်ကို ကယ်ဖို့အတွက်ပြန့်နေတဲ့ကင်ဆာကို ဆာဂျင် တစ်ယောက်အနေနဲ့ ပဲခူးလောက်က ဖြတ်ပြီးတော့ ကုရင် (Radiotion) နဲ့ Chemotherapy (ဓါတုကုထုံး) လောက်နဲ့မရတော့ဘူး။ မန္တလေးလောက်က ဖြတ်နိုင်မှ ဆဲလ်တွေက မပြန့်တော့ဘူးလေ။ အဲဒီတော့ မန္တလေး က ဖြတ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ပြည်ထောင်စု တစ်ပြည်ထောင်နဲ့သွားတဲ့ဥစ္စာက ပြည်ထောင်စုယောင် ယောင်နဲ့ဟုတ်လား၊ ခုနကလို ရှစ်ပြည်ထောင် ဆိုတာကို ၁၉၆၂ ခုနှစ်က ဖက်ဒရယ်ပြည်ထောင်စုအစစ်မှာ သူတို့တောင်းခဲ့တဲ့ ရှမ်းမူနဲ့ အဲဒီတုန်းက ခုနှစ် ပြည်နယ်တစ်ယူနစ်သည် မြန်မာယူမှာလားဆိုတဲ့ပြဿနာဖြစ်ခဲ့တယ်။ ဒီကာလမှာ (၁၄) ပြည်ထောင်မှာလို့ သတ်မှတ်တဲ့ NUG ၊ (၇)ပြည်၊ (၇)တိုင်း လို့သတ်မှတ်ခဲ့တဲ့ ဦးနေဝင်း၊ အဲဒီအတိုင်းလက်ခံခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တစ်ခု ပိုသွားတာ က နေပြည်တော်နယ်မြေ သီးသန့်ယူသွားတယ်။ အဲဒီတော့ (၁၅) ခုဖြစ်သွားတယ်။ ပိုတောင်မှ (၁) ခုယူသွားတယ်။ အဲဒီတော့ ဒီပြဿနာကို ဘယ်လိုပြန်ပြီးတော့ တည်ဆောက် ကြမှာလဲ။ ကိုယ့်ဘက်က ဘယ်လောက်အထိပေးမှ ဒီပြဿနာပြေလည်မှာလဲ။ ခုနကလို ကျွန်တော်ပြောတဲ့ မပြိုကွဲရအောင်ပေါ့ဆိုတဲ့အခါမှာ ဆက်ပြောရမယ်ဆိုရင် ကျွန်တော်က ဒီပြဿနာအားလုံးကို သုံးသပ်တဲ့အခါမှာ မြင်းကွင်း(၃) ခုကို ကျွန်တော် ရှင်းရှင်းလင်းလင်းတွေ့လာတယ်ဗျ။ ဆိုတော့ ဒီပြည်ထောင်စုကို ဒီအတိုင်းပဲသွား မယ်။ တစ်ပြည်ထောင်နဲ့သွားမယ်ဆိုတဲ့ (Hard liner) အုပ်စုကတော့ ဒီတပ်မတော်ကို အာဏာသိမ်းစေချင် တယ်။ ဒီအတိုင်းဘာမှမဖြစ်ဘူး၊ ကမ္ဘာကြီးကိုလည်း မကြည့်ဘူး၊ ဗမာပြည်ရဲ့နယ်စပ်အနှံ့မှာရှိတဲ့ တိုင်ရင်းသား တွေရဲ့ပဋိပက္ခ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ရေချိန်နဲ့ အမျိုးသားတော်လှန်ရေးစိတ်ဓာတ်၊ အင်အားဘာမှမသိဘဲ ဒီအတိုင်းပဲလို့ထင်ပြီးကာမှ အာဏာဆက်သိမ်းစေချင်တယ်။ ဒီအတိုင်းတစ်ပြည်ထောင်နဲ့ သွားမယ်။ ဒီအတိုင်းအုပ်ချုပ်မယ်၊ ဖွဲ့စည်းပုံကိုဖျက်သိမ်းမယ်။ အဲဒီလိုအင်အားစုတစ်ခုကလည်း ရှိတယ်။ ဒုတိယ တစ်ခုပြန်ကြည့်ရင် တို့ပြည်ထောင်စုကိုပြန်ပြီး ချင့်ချိန်စဉ်းစားပြီးမှ ဇစ်မြစ်ပြဿနာကိုဖြေရှင်းနိုင်မှသာ ဒီပြည်ထောင်စုရဲ့ပြိုကွဲနိုင်မယ့်အန္တရာယ်ကို ကယ်တင်နိုင်မယ်။ တို့ပြည်ထောင်စုကိုစစ်မှန်တဲ့ပြည်ထောင်စုသွား မယ်ဆိုရင် Soft Liner ဆိုတဲ့အုပ်စုပေါ့။ အဲဒီလိုဆိုရင်တော့ ခုနက ကျွန်တော်ပြောတဲ့အတိုင်း ပါပဲ။ ရှစ်ပြည် ထောင်ဆိုတဲ့ ၁၉၆၂ ခုနှစ်က တွေးခဲ့တဲ့ ဥစ္စာလေးတွေကိုလည်း သုံးသပ်ပြီး ဒီကနေ့အသစ်တွေ လည်းပေါ်ထွန်း လာပြီးမှ တို့ပြည်ထောင်စုကို ဘယ်လိုမျိုး ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် အနည်းဆုံးဗျာ၊ ရှမ်းမူမှာ ၁၉၆၂ ခုနှစ်မှာပါတယ်။ ပြည်နယ်တစ်ခုရဲ့အကြီးအကဲကို သမ္မတလို့သတ်မှတ်တယ်။ အဲဒီ ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝပေးတယ်၊ အဲဒီမှာ လွှတ်တော်ရှိတယ်၊ တရားရုံးချုပ်ရှိတယ်။ Supreme Court (နိုင်ငံတော်တရားရုံးချုပ်) ရှိတယ်။ အဲဒီလိုနဲ့ သီးသန့်ပြည်ထောင်လေးတွေနဲ့ပေါင်းတဲ့ပြည်ထောင်စုကြီးဆိုတဲ့ ၁၉၆၂ ခုနှစ်မှာ စဉ်းစားခဲ့ကြတယ်။ သုံးပြည်ထောင်ပြန်ပေါ်တာပေါ့။ ရှမ်းတို့၊ ရခိုင်တို့၊ မွန်တို့၊ ကရင်တို့ ပြန်ပေါ် ထွန်းမှာပေါ့။ အဲဒီကာလတုန်းက ရှမ်းတို့၊ ကချင်တို့၊ ကယားတို့ ရှိမှာပေါ့ဗျာ။ အဲဒီတော့ ဗမာသည် တစ်ယူနစ်ယူ မှာလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါမှာ ၁၉၆၂ က လက်နက်ကိုင်အာဏာသိမ်းမှုဖြစ်တာပေါ့။ အဲဒီတော့ အခုကာလမှာ တကယ်လို့များ ဖက်ဒရယ်ပြည်ထောင်စုအစစ်ကိုသွားတဲ့လမ်းကြောင်းကိုလည်းပဲ မပေးလိုဘူး ဆိုတဲ့ဥစ္စာလေးနဲ့ မြန်မာနိုင်ငံသည် ပြိုကွဲလုအနေအထားဆိုတာကိုမသုံးသပ်နိုင်တဲ့ အင်အားစုတစ်ခုရှိခဲ့ရင် ကျွန်တော်တို့ တတိယမြင်ကွင်းလေးပေါ့ဗျာ။ လွတ်လပ်တဲ့နိုင်ငံလေးတွေအဖြစ် မြန်မာနိုင်ငံဟာ ပြိုကွဲသွား လိမ့်မယ်။ အဲဒီလို scenario သုံးခုမှာ နောက်ဆုံးပြိုကွဲသွားရတဲ့အနေအထားတော့ မဖြစ်စေချင်ဘူး ပေါ့ဗျာ။ သီးသန့် ရခိုင်တို့၊ ဝတို့၊ တခြားသီးသီးသန့်သန့်လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ပေါ်ထွန်းလာတဲ့အနေအထား တစ်ခု မဖြစ်သွားဘူးလို့မပြောနိုင်ဘူး။ အဲဒီလိုဖြစ်သွားခဲ့ရင်တောင်မှ ဘယ်လိုပြန်ပြီးတော့ စည်းနှောင်မှာလဲ။ EU လို စည်းနှောင်မှာလား။ ကျွန်တော်တို့ပြောပြောနေတဲ့ ဓနသဟာရနိုင်ငံအဖြစ် စည်းနှောင်မှာလား။ ဖက်ဒရယ် ပြည်ထောင်စုပြည်မနဲ့ အဲဒီလိုနိုင်ငံလေးတွေနဲ့ဘယ်လိုစည်းနှောင်မှာလဲဆိုတဲ့ ပြည်ထောင်စုဒီအဝန်း အဝိုင်းကို မပြိုကွဲအောင်စည်းနှောင်မယ့်လိုအပ်ချက်တစ်ခုကတော့ ရှိနေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဖြစ်စေချင်တဲ့ မြင်ကွင်းကတော့ ကျွန်တော်ဒုတိယက ပြောဖူးတယ်။ ကျွန်တော်တို့ရဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုညီညီ ညွတ်ညွတ်နဲ့ ဘယ်လိုသိုက်သိုက်ဝန်းဝန်းနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စုဖြစ်အောင် ပဋိပက္ခ မေ့တဲ့၊ တရားဥပဒေစိုးမိုးတဲ့ ကျွန်တော်တို့ရဲ့ပြည်ထောင်စုဖြစ်အောင် ကျွန်တော်တို့ဘာပေးရမလဲဆိုတဲ့ဘက်နဲ့ စဉ်းစား စေချင်ပါတယ်။ အဲဒီလိုစဉ်စားဖို့အတွက် ခုနက အဆုတ်(၂)ခုပေါ့ဗျာ။ တပ်မတော်နိုင်ငံရေးထဲက ဆုတ်ဖို့ နဲ့ လက်နက်ကိုင်ပဋိပက္ခအကုန်လုံးကိုချုပ်ငြိမ်းအောင်၊ စွန့်လွှတ်အောင်၊ နိုင်ငံအပေးအယူကြီးကြီးမားမားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ရေးဆွဲနိုင်ခဲ့မယ်ဆိုရင် ခုနက CIA မကလို့ ပြည်ပက ဘယ်လောက်ဆဲလ်ပဲ လာလာ ကျွန်တော်တို့အတွင်းစည်းကို လုံအောင်ကာပြီးမှ နိုင်ငံရဲ့ကာကွယ်ရေးကို ခိုင်ခိုင်မာမာကာကွယ်နိုင်တဲ့ ပြည်ထောင်စု တပ်မတော်တစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုနဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင် များနဲ့ညှိပြီးမှ တို့..ဒါကိုနောက်ဆုတ်မယ်။ တို့ဒီအတိုင်းပဲ စည်းနှောင်ပြီးမှ ပြည်ထောင်စုတပ်မတော်ကို နိုင်ငံတော် ကိုကာကွယ်ဖို့အတွက် တည်ထောင်မယ်ဆိုရင် ပြည်တွင်ပဋိပက္ခချုပ်ငြိမ်းမယ်။ အပြင်ပဋိပက္ခတွေ ကြိုက်တာလာ ကျွန်တော်တို့ရင်ဆိုင်ဖြေရှင်းနိုင်မယ်ထင်တယ်။ ဒါပေမယ့် CIA လှုပ်ရှားမှုကတော့ ရှိပါတယ်။ နယ်စပ်တစ်လျှောက်မှာလည်း ကြားပါတယ်။ ထိုင်းမှာလည်း တော်တော်လေးကိုခြေရှုပ်နေတယ်လို့လည်း ကြားပါတယ်။ ချင်းမိုင်ဘက်မှာရော မယ်ဟောင်ဆောင်ဘက်မှာရောလို့တော့ သတင်းတွေမှာ ကြားပါတယ်။ ဒါကတော့ သတင်းကြားတာပါ။


မေး။ ။ အဲဒီတော့ ဆရာပြောတဲ့အချက်အလက်တွေအားလုံးကတော့ တွေးသင့်၊ စဉ်းစားသင့်တဲ့အရာတွေထဲမှာ ပါပါတယ်။ ဒါပေမယ့် တကယ့်မြေပြင်အခြေအနေမှာကြတော့ PDF နဲ့ NUGဆိုတာပေါ်လာပြီးတဲ့နောက် ဒီဟာက လုပ်ဖို့လွယ်ပါ့မလားဆိုတဲ့မေးခွန်းက စရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့လှုပ်ရှားမှု ကလည်း သူတို့မူက သက်သက်ကိုင်ထားပြီးသားရှိတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စမျိုးတွေ၊ အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုတွေ ရပ်ဖို့ဆိုတဲ့နေရာမှာ သူက လမ်းစဉ်ကိုင်ထားတာက အပြုတ်တိုက်ရေးလမ်းစဉ်ကို ကိုင်ထားတာ။ အခုလည်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာပဲ။ ဘယ်လိုမှထိန်းလို့မရအောင် တိုက်ပွဲ တွေဖြစ်နေတာဆိုတော့ ဆရာပြောတဲ့ဟာမျိုးတွေက ဒါကတော့ တကယ့်အနှစ်သာရဟုတ်ပေမယ့် မြေပြင်မှာ ဖြစ်နေတဲ့အကြောင်း အရာတွေနဲ့ကြတော့ မြေပြင်မှာကဖြစ်နေတာဆိုတော့ ဒါကို ဘယ်လိုထိန်းချုပ်မလဲ။ ဘယ်လိုလုပ်သင့်တယ်ထင်လဲ။ လူထုကတော့ အရမ်းကြောက်နေကြရတယ်။ အဲဒါကို အရမ်းကြောက် နေကြတယ်။
ဖြေ ။ ။ အဲဒါမှာတော့ အခုသွားနေတဲ့ဟာလေးကို သုံးသပ်တာပါ။ ကျွန်တော်တို့ ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၆ ခုနှစ် ကာလမှာလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မဟာဗျူဟာပေါ့။ ခဏခဏပြောကြ ပါတယ်။ ကွယ်လွန်သွားတဲ့ဦးအောင်သောင်းလည်း ခဏခဏပြောတယ်။ တချို့ပြည်ခိုင်ဖြိုးက ခေါင်းဆောင်တွေ လည်းပြောပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာနဲ့ကာမယ်။ အထူးသဖြင့် ရခိုင်မှာ ပဋိပက္ခတွေဖြစ်လာတယ်။ အဲဒီ တုန်းကဆိုရင် ၂ဝ၁၂ ခုနှစ် မတိုင်ခင်လေးမှာပေါ့။ ခင်ဗျားတို့ကြားမှာပါ။ ပင်လယ်ပြင်ပြဿနာဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးမောင်အေး အဲဒီဘက်ကိုလာပြီးမှ ခင်ဗျားတို့ကြားမှာပေါ့။ သမ္ဗာန်လောက်နဲ့ ဆင်ကြီးနဲ့ ဆိတ်ကလေးလောက်လေ ပင်လယ်ပြင်မှာ ပြဿနာဖြစ်တယ်။ AD-7 လောက်မှာပေါ့။ AD-7 ဆိုတဲ့အကွက် ပေါ်၊ A-1 နဲ့ AD-7 ကြားလောက်မှာပေါ့။ ဒီဘက်က အစမ်းတွင်းတူးမယ့်ကာလမှာ အဲဒီနောက်ပိုင်းမှာ စစ်တွေနဲ့ အမ်းရထားလမ်းပေါ်လာတာပေါ့၊ ရည်မှန်းချက်တွေလေ။ အဲဒီမှာ နပခကို အမ်းကို ပြန်ရွေ့တာတို့ဘာတို့ အဲဒီ နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေပါ။ ဆိုတော့ ဒါက လူကြီးတွေ အဲဒီအခါက စဉ်စားခဲ့ကြတာပေါ့။ ကျွန်တော် ခုနကလည်းပြောပါတယ်။ နိုင်ငံရေးအလွန်အကျွံကစားခဲ့ကြတဲ့အခါမှာ ပြည်တွင်း ပြိုကွဲတာပေါ့။ အစ အိုင်ဒီယို လော်ဂျီခေတ်မှာလည်းပဲ။ ဗကပ BCBD ပဲခူးရိုးမနဲ့ ရန်ကုန်တက္ကသိုလ်အထိ ဆဲလ်တွေ မြှုပ်နှံတာပေါ့ဗျာ။ နောက်တော့လည်း အကြောင်းကြောင်းတွေကြောင့် ချုပ်ငြိမ်းသွားတာပေါ့။ အရှေ့မြောက်ဘက်မှာလေ။ ဖထီးတွေလည်း ဟိုဘက်ရောက်၊ ဖိုးသံချောင်းတို့လည်း ဟိုဘက်ရောက်၊ ဗိုလ်ကျော်မြတို့လည်း ဟိုဟာဖြစ်သွား တာပေါ့။ ဆိုတော့ ဒါသမိုင်းနဲ့ချီတာပါ။ အခုပြည်မတစ်ခါပြန် ပြိုကွဲတာပေါ့။ ပြန်ပြိုကွဲတယ်ဆိုတာက ၁၊၂၊၂ဝ၂၁ ခုနှစ်က နောက်ပိုင်းအခြေအနေပေါ့။ အရင်တုန်းကတော့ အနီတို့၊ အစိမ်းတို့ကလည်း အတူတူပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်မယ်၊ လွှတ်တော်ပြင်ပ ပြင်မယ်ဆိုတာမျိုးနဲ့ ၂၁ ရာစုပင်လုံအထိ ချီတက်ခဲ့ကြတာပေါ့ဗျာ။ အဲဒီတော့ ဘယ်လိုပဲပြောပြောပါ။ လက်ရှိအခင်းအကျင်းက အခုကြားနေရတဲ့ PDF တို့၊ ဘာတို့ လေ့ကျင့်တယ်။ နောက်ကျွန်တော်တို့နဲ့ လွှတ်တော်တုန်းက ရင်းနှီးခဲ့ပါတယ်။ ဇေယျာသော်တို့ နောက်ပိုင်းဖမ်းမိတယ်။ လက်နက်တွေ ဘာညာဆိုတာလည်း ကျွန်တော်တို့တွေ့ပါတယ်။ ဒါကတော့ ကျွန်တော် တို့ အမြင်အရ၊ သတင်း အရပေါ့။ ကျွန်တော်တို့ပြောတာပါ။ နောက်တော့ ဦးယွက်စစ်က ဝေဖန်တယ်။ change of command မရှိတဲ့အခါမှာ လက်နက်ကိုင်တဲ့အဖွဲ့တွေက “သူတစ်လူ ငါတစ်မင်း” ဖြစ်မယ်။ ထိန်းမနိုင်သိမ်း မရဖြစ်ပြီးကာမှ လက်နက်ရှိတယ်။ ရိက္ခာမရှိ၊ အခြားဟာတွေမရှိရင် ရတဲ့နည်းတွေသုံးမယ်။ ဒါမျိုးလေးတွေ အဖြစ်တောင် ဗိုလ်ချုပ်ကြီးယွက်စစ်ဘက်က အမြင်လေးတွေကိုပြောတော့ အများကြီး ဆဲကြတာပေါ့ဗျာ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးယွက်စစ် ပြောတာမှန်သလားဆိုရင် မှန်တာပေါ့။ ဟိုနေ့ကတောင် မြောက်ဒဂုံဘက်က ကမ္ဘောဇဘဏ်ကို ပိုက်ဆံသိန်း ၃ဝဝဝ ပါသွားတယ်လေ။ ဘယ်သူတွေမှန်းတော့ မသိပါဘူး။ အဲဒီလိုနဲ့ PDF တွေ ပေါ်လာပြီးမှနောက် ပျူစောထီး ဆိုတာတွေကြားရတယ်။ နောက်ကျွန်တော်တို့အခုကြားနေရတဲ့ သွေးသောက် ဆိုတဲ့အဖွဲ့တွေ ပေါ်လာတာပေါ့။ ဟ်ုတလောက အဲဒီသွေးသောက်တို့ဘာတို့ မပေါ်လာခင်တုန်း ကတော့ ပြည်ခိုင်ဖြိုးက ဗိုလ်ချုပ်သန်းဌေးတို့က သူရဲ့ပါတီဝင်ပေါင်းများစွာရဲ့အသက်တွေ ပေးလိုက်ရတဲ့အခါကြ တာ့ ကျောက်တိုင်ကြီးတစ်ခုကို ပန်းခွေတွေချပြီးတော့ ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်တယ်လေ။ အဲဒီတော့ ပြန်ကြည့်ရင် ခုနက အပြစ်မဲ့တဲ့ပြည်သူတွေ အလဟဿ အသက်ပေးနေရတာဟာ နိုင်ငံရေးကစားမှုရဲ့ ပြစ်မှု ပြစ်ဒဏ်အသားလွတ်ခံနေရတဲ့ သာမန်လူထုအခြေအနေကိုကြည့်တဲ့အခါမှာ မြန်မာနိုင်ငံအတွက် ရင်လေး တယ်။ အချင်းချင်းပဋိပက္ခတွေ၊ တစ်ခါတောင် ကျွန်တော်ပြောမိပါတယ်။ ကျွန်တော်တို့ဗျာ… မင်းတုန်းမင်းကြီး ခေတ်ကနေ သီပေါနန်းလိုချင်လို့ သူ့အမျိုးသူ့ဆွေမျိုးညီအစ်ကိုတွေ သားတွေကိုသတ်တာဖြတ်တာ (၄ဝ) တောင် ကျော်သွားတယ်။ အချင်းချင်းတွေလေ။ အာဏာတစ်ခုအတွက်၊ နိုင်ငံရေးရည်မှန်းချက်တစ်ခုအတွက် သတ်သင့်၊ မသတ်သင့်ကိုမစဉ်းစားဘဲနဲ့ သတ်လိုက်ဖြတ်လိုက်တာ။ ပြောတော့ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတော် ကိုးကွယ်တယ်။ ပေါများလိုက်တဲ့စေတီတွေ၊ သို့သော် ခုနက ပဋိပက္ခတွေမှာ သတ်သင့်သလား၊ မသတ်သင့် သလားပေါ့နော်။ ဒါအချင်းချင်းဆိုတာ၊ ခုနကလို ဘာကိုတိုက်သလဲ။ လူထုကိုတိုက်တာလား။ လူထုမရှိဘဲနဲ့ ဒီမိုကရေစီ ဘယ်လိုလာမှာလဲ။ သဘောပြောရရင် နိုင်ငံရေးသမားမဟုတ်တဲ့သူတွေက လက်နက်ကိုင်သွားတဲ့ အခါမှာ အစွန်းရောက်သွားတာပေါ့။ အဲဒီတော့ ဆင်ခြင်စေချင်တာပေါ့။ အီသီယိုးပီးယားဖြစ်စဉ်ကိုကြည့်ကြ မယ်ဆိုရင် အီသီ ယိုးပီးယားက အရင်တုန်းကတော်တော်လေး ဆင်းရဲတယ်ဗျ၊ အခုဆိုရင် တော်တော်လေးဖွံ့ဖြိုး တိုးတက်သွားပြီ။ ကျွန်တော်တို့ဘေးနားက ဘင်္ဂလားဒေ့ချ်ကို အမြဲတမ်းကျွန်တော်ပြောတယ်။ သူတို့ ၁၉၇၂ ခုနှစ် လွတ်လပ်ရေး ရပြီးတုန်းက လူ (၃) သန်းအထိ အသက်ပေးဆပ်ခဲ့ရတယ်။ ကရာချိအစိုးရက အုပ်ချုပ်တာ ကိုး။ အဲဒီတော့ အိန္ဒိယ အင်ဒီယာဂန္ဒီဘက်က ကူတဲ့အခါမှာ လွတ်လပ်ရေးကို ယူတယ်။ အဲဒီတုန်း ဟိုဘက်နိုင်ငံရဲ့အမှီအခို နိုင်ငံ ဖြစ်တဲ့အခါမှာ ကျွန်တော်ကြားတာက (၇၈ဝ) လောက် US ဒေါ်လာမီလျံသန်းဗျ၊ bankrupt ကြောင့် ဒီဘက်မှာ အကြွေး အနုတ်ပြတယ်။ ဆယ်နှစ်လောက်သွားတယ်ဗျ။ ဘင်္ဂလားဒေ့ချ် သူက Reserve money လုံးဝ မရှိဘဲနဲ့ အကြွေးကနေသွားတာ။ အဲဒီကနေ အခုကာလကိုရောက်အောင် နိုင်ငံရေး ပေါ်လစီကောင်းကောင်းနဲ့ တည်ငြိမ် အေးချမ်းတဲ့အနေအထားဖြစ်အောင်ဖန်တီးပြီးမှ သန်း ၁၈ဝ လောက်ကို လွတ်လပ်ရေးရတုန်း သန်း ၆၈ ပဲရှိတာ။ နှစ် ၅ဝ အတွင်းမှာ တိုင်းပြည်အတွက် ပဋိပက္ခမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ပြီးတော့ လုပ်လိုက်တဲ့ အခါမှာ ဒီနှစ် ဘင်္ဂလားဒေ့ချ်ရဲ့ GDP ကိုပြန်ကြည့်ရင် ၄၈ဝ ဘီလျံ US ဒေါ်လာ လို့ ပြောတယ်။ ဟုတ်၊ မဟုတ် ခင်ဗျားတို့ပြန်သုံးသပ်၊ မြန်မာနိုင်ငံရဲ့လက်ရှိ GDP သည် တချို့က ၆၈ လို့ပြော တယ်။ တချို့က ၇၈ လို့ ပြောတယ်။ ခြောက်ဆနီးပါးကျော်ကွာတဲ့ ဘင်္ဂလားဒေ့ချ် ၁ဝဝ ရာခိုင်နှုန်း လျှပ်စစ်မီး ပေးနိုင်ပြီ။ တည်ငြိမ်အေးချမ်းအောင် နှုတ်ခမ်းနီမဆိုး ဆာရီဝတ်ပြီးကာမှ တိုင်းပြည်ကိုမောင်းနင်တာက ရှိတ်ဟာဆီနာ၊ ကျွန်တော်တို့ဆီမှာလို မိတ်ကပ်မလိမ်းဘူး။ ဟိုသွား ဒီသွားမသွားဘူး။ တိုင်းပြည်ကို အလုပ် အကျွေးပြုတဲ့ပုဂ္ဂိုလ်တွေ၊ တိုင်းပြည်ကိုတည်ဆောက်ကြတာကိုပဲ နမူနာယူကြစမ်းပါ။ ပဋိပက္ခ ၇၅ နှစ် သံသရာ က ရုန်းထွက်ပါ။ ကျွန်တော်အဲဒါလေးတွေ ကိုပြောချင်လို့ ခုနကလိုပြောတာပါ။ အဲဒီတော့ PDF ရည်မှန်းချက်က ဘာလဲ။ ကျွန်တော်တို့ကို မုန်းချင်လည်း မုန်းပါ။ ရည်မှန်းချက်သည်ဒီဟာဆိုရင် ဒီဟာကိုရွေ့အောင် ရွှေ့ကြရ အောင်။ နိုင်ငံရေးထဲက တပ်မတော်ကို နောက်ဆုတ်စေချင်သလား။ ကျွန်တော် အခုနောက်ဆုတ်ဖို့ အကြံပြုတာ။ ဘာနဲ့အကြံပြုမလဲ အပေါင်းလက္ခဏာ နဲ့အကြံပြုဖို့လိုတယ်။ ခင်ဗျားတို့နိုင်ငံရေးနွံထဲမှာ ကျွံနေပြီ။ နောက်ဆုတ်ရင် ပြည်သူတွေက အမုန်းကနေ အချစ်ကို ပြောင်းလာမယ်။ ဒီဘက်က လက်နက်ကိုင်လာကြတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ရည်မှန်းချက်သည် ဘာလဲ။ ကိုယ့်လူမျိုးသည် လွတ်လွတ် လပ်လပ်နဲ့ ကျွန်တော်တို့သည် ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ တိုင်းပြည်ကိုတည်ဆောက်ဖို့ဆိုရင် သူတို့ရဲ့အမျိုးသား နယ်မြေတွေမှာ သူတို့ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ သူတို့ကိုယ်တိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ သူ့အသီးအပွင့်ကို သူတို့ ကိုယ်တိုင်ခံစားပိုင်ခွင့်နဲ့ ပြည်ထောင်စုကို ဖြည့်တင်းပိုင်ခွင့်တွေ ပေးရမယ်။ ပြည်ထောင်စုမှာလည်း ခုနကလိုပဲ ပေးကြမယ်၊ ကိုယ်လဲယူမယ်။ အဲဒီလိုမျိုးစစ်မှန်တဲ့ ပြည်ထောင်စုစနစ်သာ ကျွန်တော်တို့ညီအစ်ကိုချင်း ညှိနှိုင်းနိုင်မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခကို လက်နက်ကို မစွန့်နိုင်စရာ ဒီလက်နက်ကိုင်အဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များဘက်က မရှိနိုင်ဘူး။ နိုင်ငံရေးကို ခြေပြု တာတွေဖြစ်မယ်။ အဲဒါဟာ နည်းမှန်လမ်းမှန်ဆိုရင် သွေးမြေကျစရာလိုဦးမှာလား။ PDF က Innocent ဒီဘက်က တစ်ခါတန်ပြန်နဲ့ တစ်ဖက်သတ်မယ်။ အဲဒီတော့ ဟိုတလောကလည်း တွေ့ပါတယ်။ NLD ဘက်က ကျွန်တော် ဟိုနေ့ကတောင် ကြားပါတယ်။ ဟုတ်၊ မဟုတ်တော့မသိဘူး။ မုံရွာအောင်ရှင်ရဲ့ညီ မုံရွာအောင်ခင်ဆိုလားပဲ အသက်ဆုံးသွား တယ်ဆိုတဲ့သတင်းလားပဲ။ စိတ်တောင်မကောင်းဘူး။ တဖက်ကလည်း ခုနကလည်း ပြည်ခိုင်ဖြိုး ဘက်ကပြောတော့ အများကြီးပဲ။ မွန်ဘက်က ဒေါက်တာဗညားအောင်တို့တွေပြောတယ်။ လွှတ်တော်အမတ် တစ်ယောက် သူတို့ဘက်က သံဖြူဇရပ်ဘက်ကိုသွားရင်းနဲ့ လုပ်ကြံခံရတယ်။ ဒီလုပ်ကြံမှုရဲ့ခေတ်ဦးတုန်းကလို့ ကြားတယ်။ နောက်အပြစ်မဲ့တဲ့ ဗုံးခွဲတဲ့ သံယာတော်တွေ(၄၃)ပါးလောက် သတ်ဖြတ်ခံရတယ်လို့ ဟိုတလောက ကြားလိုက်ပါတယ်။ ဒီဟာကြီးက ထေရဝါဒဗုဒ္ဓဘာသာစိုးမိုးတဲ့နိုင်ငံ၊ မြန်မာယဉ်ကျေးမှုအလွန်တရာမှကို ရှေးကျ ပါတယ်ဆိုတဲ့ ယဉ်ကျေးမှုပေါ့ဗျာ။ လက်အုပ်ကလေးချီပြီးတော့မှ ကျွန်တော်တို့နှုတ်ဆက်နေကြတဲ့ ဗုဒ္ဓဘာသာ အစဉ်အလာနိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုပြန်ကြည့်ရင် မြောင်းထဲသွန်ချသလိုဖြစ်သွားတာပေါ့။ အဲဒီတော့ ဖြစ်နိုင်ရင် ဆန္ဒကြောင့်ဖြစ်တဲ့ ဒီလိုသတ်တယ်၊ ဖြတ်တယ်ဆိုတာမရှိပါဘူး။ ခုနကလို လက်တုံ့ပြန်တယ်ဆိုတာ မျိုး ဟာ အပြစ်မဲ့ပြည်သူတွေဘက်ကို မရှိသင့်ပါဘူး။ အဲဒီတော့ လက်နက်မဲ့ပေါ့ဗျာ။ နိုင်ငံရေးအားဖြင့် ဖြေရှင်း နိုင်တဲ့ အနေအထားတစ်ခုကို ရောက်အောင်လို့ဖြင့် နိုင်ငံရေးအခင်းအကျင်းကို တပ်မတော်ဘက်ကလည်း ဖန်တီးနေပြီလို့ ထင်ပါတယ်။ အဲဒီတော့ PDF တွေ ဒီလိုမျိုးလက်နက်ကိုင်ပြီးမှ ခုနကလို မဖြစ်ရအောင်လည်းပဲ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ဗျာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တောင် တစ်ခါပြောဖူးပါတယ်။ အစ်မကြီးထွက်ပြီးတော့မှ ပြောသင့်တယ်။ Statement ဖြစ်ဖြစ်၊ ထောင်ထဲကပဲ ဖြစ်ဖြစ် ပေါ့ဗျာ။ သူ့အခြေအနေ အရ ထောင်တွင်းကျတယ်ဆိုတာ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျွန်တော်တို့က မပြောလိုဘူး။ လွတ်ချိန် တန်လည်း လွတ်မှာပေါ့ဗျာ။ လွှတ်သင့်အနေအထားရှိသင့်တဲ့ကာလကိုရောက်ပါစေ။ ကျွန်တော်တို့လည်း ဆုတောင်းပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားနဲ့ ပြည်တွင်းပဋိပက္ခ ပြေလည်စေလိုတဲ့ဆန္ဒကိုတော့ဖြင့် ခုနက ဘက်ပေါင်းစုံက ထုတ်ပြန်ပေးစေလိုတယ်။ SAC ဥက္ကဋ္ဌရဲ့ဖိတ်ခေါ်မှု ကလည်းပဲ မြန်မာ့နိုင်ငံရေးပြဿနာ၊ ဇစ်မြစ်ပြဿနာကိုဖြေရှင်းလိုတဲ့ဆန္ဒရှိတဲ့အခါမှာ ပူးပေါင်းပါဝင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်အားလုံးကို ကျွန်တော်တို့တွေ မေတ္တာရပ်ခံ လိုတယ်။ ဒီဇစ်မြစ်ပြဿနာကိုဖြေရှင်းပြီးမှ ပြည်ထောင်စုရဲ့သွေးမြေကျမှုကို အမြန်ဆုံးရပ်တန့်နိုင်အောင် ကြိုးစားပေးကြစေလိုပါတယ်။ PDF ဘက်ကလည်းပဲ ခုနကလို ရည်မှန်းချက်ကဘာလဲ။ ခုတ်ရာတခြား ရှရာတလွဲများဖြစ်နေမလား။ ခုနကလို့ သွေးသောက်ဆိုတဲ့အဖွဲ့အစည်းများဘက်ကလည်း တုံ့ပြန်ပြီးတော့ လက်စားချေခြင်းမျိုး မြန်မာ့မြေပေါ်မှာ မရှိသင့်တော့ပါဘူး။ သံယာတော်တွေ အသက်ပေးပြီးတော့ ပျံလွန်တော်မူသွားရတဲ့အရာအားလုံးသည်လည်း ကျွန်တော်တို့ရဲ့ယဉ်ကျေးမှု၊ ကျွန်တော်တို့ရဲ့သမိုင်း၊ ကျွန်တော်တို့ရဲ့ထေရဝါဒသာသနာအပေါ်မှာ တစ်ဖက် ဘာသာပေါင်းစုံက ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာမျိုး မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုမကျအောင် ကြိုးစားပေးကြ၊ ဆင်ခြင်ပေးကြဖို့ ကျွန်တော်တို့ဘက်ကနေ တင်ပြလိုပါတယ်။


မေး ။ ။ နောက်တစ်ခုက AA ကရော ဒီဆွေးနွေးပွဲကို မတက်သေးခြင်းပေါ့။ မတက်ဘူးလို့ပြောတာ မဟုတ်တဲ့ အတွက် မတက်သေးခြင်းလို့ပဲ ပြောရမှာပေါ့နော်။ မတက်သေးခြင်းရဲ့အကြောင်းအရင်းပေါ့။ နောက်တစ်ခုက AA တက်ဖို့ သင့်လား၊ မသင့်လား နဲ့ တက်လာရင်ရော ပိုမကောင်းဘူးလားလို့ ဆရာယူဆလား။ ဘယ်လို ပြောချင်လဲ။
ဖြေ ။ ။ ကျွန်တော်ထင်တယ်။ လက်ရှိကျွန်တော်ပြောသလိုပေါ့။ one plus three ဖြစ်တဲ့အခါမှာ one သည် မူတစ်ခုနဲ့ Statement ထုတ်ထားတယ်လေ။ အဲဒီတော့ Three သည် ဆယ်ဖွဲ့နဲ့ဆွေးနွေးမှုရဲ့အတိုင်းအတာနဲ့ ဘယ်လောက်ထိဆွေးနွေးနိုင်မယ်ဆိုတာကို သူတို့ကတော့ သတင်းဖလှယ်ကြမှာပဲ။ ဘာလို့ဆို FPNCC နဲ့ ပတ်သက်တဲ့ (၇) ဖွဲ့မှာ (၃) ဖွဲ့တက်တယ်။ အဲဒီတော့ (၄) ဖွဲ့မှာ တစ်ဖွဲ့ကတော့ မတက်ဘူးလို့ကြေညာ တယ်လေ။ အဲဒါလေးပဲ ခုနက ကိုကျော်မျိုးမင်းပြောတဲ့အတိုင်းပါပဲ။ SAC ဘက်ကလည်း သုံးသပ်တာကိုး။ အဲဒီတော့ one plus three သည် မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့အခါမှာ လက်ရှိအခင်းအကျင်းမှာ နိုင်ငံရေးအားဖြင့် SAC ဘက်က ဘယ်လောက်ထိ ခိုင်ခိုင်မာမာထုတ်ပြန်ပေးသလဲ။ ဆွေးနွေးချင်လာအောင်၊ လုပ်နိုင်တဲ့အနေ အထားသည် ဘယ်လောက်ထိ သူ့ဘက်က နိုင်ငံရေးဆန္ဒရှိသလဲပေါ့။ မစို့မပို့ ဟန်ပြဆွေးနွေးပွဲလောက်ပဲလား။ ပြည်ထောင်စုတစ်ခုလုံးရဲ့လက်ရှိပြဿနာအကုန်လုံးကို ဖြေရှင်းစေလိုတဲ့၊ ဖြေရှင်းနိုင်အောင်ကြိုးစားလိုတဲ့ဆန္ဒ ရှိ၊ မရှိဆိုတာက ကျွန်တော်ပြောတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ဘာကြေညာပေးမလဲ။ ဒီအခင်းအကျင်းကို ဘယ်လိုကစားမှာလဲ။ Roadmap အတိုင်း ကျွန်တော်တို့သွားမယ်။ ဒီကာလမှာအပြီးပေ့ါ။ နောက်ဆုံး ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲမယ်အသစ်၊ ခုနကကျွန်တော်ပြောတဲ့ဟာ အသစ်ကို ရေးဆွဲ စေချင်လို့ပြောတာပါ။ ဒီစံနဲ့ ဒီလိုဆွဲမယ်၊ ခင်ဗျားတို့အားလုံးပါဝင်ပါဆိုတာမျိုး ဖွင့်ပေးမှာလား။ ပြည်နယ်အသစ် တွေလည်း ပေါ်ထွန်းလာစေမှာလား။ လူအများစုကြီးဖြစ်တဲ့ ဗမာတစ်မျိုးသားလုံးကရော ဘယ်လောက်အတိုင်း အတာထိ နိုင်ငံရေးမှာ ခုနကလိုသည်းခံမှုနဲ့ စွန့်လွှတ်မှုကို ဘယ်လောက်ထိ အရင်တုန်းက (၇၅) နှစ်ကို မေ့လိုက်တော့ တစ်ယူနစ်ကို ယူရဲမှာလား။ ဒါကို နှစ်ဖက်သုံးသပ်ဆုံဖြတ်ပြီးမှ ပြည်ထောင်စုကိုပြန်ကယ်နိုင်တဲ့ အင်အားစုတစ်ခုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က စုစည်းနိုင်ခဲ့မယ်ဆိုရင် AA မလာနိုင်စရာ အကြောင်းမရှိဘူး။ အဲဒီတော့ ပထမအကြိမ်တွေ့ဆုံပွဲရဲ့အဖြေနဲ့လားရာကို ULA တို့ အခြားလက်နက်ကိုင်အဖွဲ့ အစည်းတွေက စောင့်နေတယ်လို့ထင်ပါတယ်။ ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ သူတို့လာနိုင်အောင်လို့ ဒီဘက်က ဖွင့်ပေးလိုက်ပါ။ သူတို့နဲ့ဆက်နွယ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်နက်ကိုင်ပဋိပက္ခမှာပါတဲ့ပုဂ္ဂိုလ်တွေ ကို ဒီဘက်က ကြိုလွှတ်လိုက်ပါ။ တွေ့ဆုံဆွေးနွေးနိုင်တဲ့နိုင်ငံရေးအခင်းအကျင်း၊ စစ်ရေးအခင်းအကျင်းကို ကြိုတင်ဖန်တီးပေးလိုက်ပါ။ ကိုယ်ဘက်က လိုချင်တဲ့အဖြေကိုရအောင် ကိုယ့်ဘက်က ဘာကိုပေးရမလဲဆိုတာ မျိုးကို ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ဘက်က သွားနေတယ်လို့ထင်ပါတယ်။ သူလည်းတော်တော်လေး ကြိုးစားပမ်းစားရင်ဆိုင်နေရတယ်လို့ ထင်ပါတယ်။ တချို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆောင်ရွက်တာ ကို မကြိုက်တဲ့လူတွေလည်း ရှိတယ်။ “ဟာ...ဘုရားတကာ” ဒါမျိုးပြောကြတာပေါ့။ အမှန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့နေရာကကြည့်ရင် တာဝန်ပိုကြီးတယ်ဗျ။ ကာကွယ်ရေးဦးစီးချုပ်တွေကို (ခင်ဗျား)သမိုင်းနဲ့ချီပြီး နောက်ပြန်ကြည့်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အနေအထားက ပျော့ပျော့ပြောင်းပြောင်းလေးနဲ့။ တလောက သင်္ကြန်ကာလမှာ တောင်ကြားပါတယ်။ နာကျည်းချက်တွေကို မျိုးဆက်သစ်အလိုက်ပါသွားမှာစိုးလို့ လွန်လွန်ကြူးကြူး ဘာမှမလုပ်ဘူးဆိုတာမျိုး။ တချို့ဖေ့စ်ဘွတ်မှာ တက်တယ်လေ။ ပေါင်ငါးရာဗုံးတွေချတယ် ပေ့ါ။ ဒါမျိုးလုပ်မိရင် မျိုးဆက်အလိုက် နာကျည်းချက်တွေသွားမှာ။ အဲဒီနာကျည်းချက်ကို သူမယူချင်ဘူး။ ပြည်ထောင်စုကို ဘယ်လိုညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းကြရင်ကောင်းမလဲဆိုတဲ့တာဝန်သည် သူ့ခေါင်းပေါ်ရောက်တဲ့ အခါမှာ သူ့ဘက်က ဘာကိုစွန့်ရမှာလဲ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ရော၊ တပ်မတော်ကဏ္ဍတစ်ခုလုံးအနေ နဲ့ရော၊ ဘာကိုပေးလိုက်ရင် ဒီပြဿနာ ဇစ်မြစ်ကို ဖြေရှင်းပြီးဖြစ်မှာလဲ။ အဲဒီလိုဖြေရှင်းနိုင်ခဲ့ရင် ဒီပြဿနာ (၇၅) နှစ်လောက်ကြာခဲ့တဲ့ ပြည်တွင်းစစ်ပဋိပက္ခကိုရပ်အောင် ပထမဆုံးဦးဆောင်ခဲ့တဲ့ပုဂ္ဂိုလ်သည် နိုင်ငံရေးသမား မဟုတ်ဘူးဗျ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေနဲ့ ဦးဆောင်နိုင်ခဲ့တယ်ဆိုတဲ့သမိုင်း။ နိုင်ငံရေး သမားကို ကျွန်တော်သိပ်မယုံဘူး၊ ပွင့်ပွင့်လင်းလင်းပြောတာပါ။ အဲဒီတော့ တပ်မတော်ဆိုတာ Command တစ်ခုအောက်မှာ ရှိတယ်။ တစ်သွေး တစ်သံတစ်မိန့်နဲ့ ဘယ်လောက်ပဲသွားသွား ဆုံးဖြတ်ချက်ကို တိခနဲဆို တိခနဲပဲ။ အဲဒီတော့ ဒီကာလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ပြတ်ပြတ်သားသားဆုံးဖြတ်ထားပြီ ဆိုရင် သူဘာမဆိုပေးရဲတယ်။ ဘာမဆိုလုပ်ရဲတယ်။ လုပ်ရဲတယ်ဆိုတာ ခုနကလိုဟာမျိုး ချင့်ချိန်တာပေါ့။ သူ့ဘက်က (ဟာ) သွေးမြေကျခဲ့ရင် မျိုးဆက်သစ်တွေရင်ထဲမှာ နာကျည်းသွားခဲ့ရင် ဒီသမိုင်းကို သူရပ်လို့ မရတော့ဘူး။ ရပ်စေချင်တဲ့ဆန္ဒရှိတဲ့အခါမှာ သည်းခံဖို့နဲ့ ကိုယ်ဘက်က ဘယ်လောက်ပဲအင်အားရှိရှိ၊ အင်အား ကြီးကြီးပေါ့ဗျာ။ ဒါကိုမလုပ်သင့်ဘူးလို့ ဆုံးဖြတ်တဲ့အခါမှာ သူ့လိုချင်တာဘာလဲ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုကို ခိုင်ခိုင်မာမာပြန်တည်ဆောက်ရေးဆိုတဲ့ အပေးကိုတွေးတာမို့လို့ အဲဒီလိုပေးထားပါတယ်ဆိုတာမျိုးကိုချပြဖို့က အခုပထမဆုံးအကြိမ်တွေ့တဲ့ ထိပ်သီးခေါင်းဆောင်များရဲ့တွေ့ဆုံပွဲမှာ နောက်ခေါင်းဆောင်များပါလာအောင် ဖိတ်ခေါ်နိုင်တဲ့ကြေညာချက်၊ ဒါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ပြင်ဆင်ထားတယ်။ နောက်ခေါင်း ဆောင်များ ဒုတိယအကြိမ် တွေ့ဆုံပွဲမှာ ပါဝင်လာကြပါ။ ဒို့ပြည်ထောင်စု ဒီအတိုင်းဆိုတာမျိုး နိုင်ငံရေးအားဖြင့် ရည်မှန်းချက်ကိုချပြဖို့ လိုနေပြီ။ အဲဒီတော့ ပေးခဲ့လို့ရှိရင် AA အပါအဝင် ကျန်တဲ့သုံးဖွဲ့ပေါ့ဗျာ၊ KNPP တို့လည်း ကျန်ခဲ့တာကိုး။ နောက်ပြီး KIA၊ KNU တို့လည်း မလာဘူးလို့လည်း ပြောလို့မရဘူး။ ဒီကာလမှာ နိုင်ငံရေး အားဖြင့် ပေးနိုင်တဲ့အာဏာသုံးရပ်၊ မဏ္ဍိုင်သုံးရပ်ကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့တာဝန်က ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းမှာရှိတယ်။ နိုင်ငံရေးပြဿနာ၊ စစ်ရေးပြဿနာ။ နိုင်ငံရေးပြဿနာကြောင့် စစ်ရေးပြဿနာကို ကူးတယ်။ စစ်ရေးပဋိပက္ခကိုချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးနည်းအားဖြင့် ချည်းကပ်တယ်။ ဒါကတော့ ရှေ့ပြေး လိုက်နောက်ပေါ့။ အဲဒီနှစ်ခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထဲမှာရှိတယ်။ နိုင်ငံရေးသမား လက်ထက်မှာ နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးကိစ္စပဲ ရှင်းတယ်။ စစ်ရေးပြဿနာကို သူမဆုံးဖြတ်နိုင်ဘူး။ အဲဒီ တော့ နိုင်ငံရေးသမားတစ်ဦးရဲ့ကဏ္ဍကိုလည်း ယူထားရတဲ့ စစ်ရေး ခေါင်းဆောင်တစ်ဦး လက်ထဲမှာရှိတဲ့ ကာလလေးကို မိမိရရအသုံးပြုပြီးကာမှ ဖြစ်သင့်တဲ့ပြည်နယ်များလည်း ဖြစ်လာပါစေ။ ခိုင်ခိုင်မာမာလေးပဲ ပြည်ထောင်စုကို ဘယ်လိုတွဲချိတ်ကြမှာလဲဆိုတဲ့အပေးကို ပေးနိုင်ပါတယ်ဆိုရင် ULA ဘက်က လာဖို့များတယ်။ လာဖို့လည်း ကျွန်တော်တို့ဘက်ကတော့ တိုက်တွန်းတယ်။ ဆွေးနွေးရမယ်၊ အဖြေထုတ်ရမယ်။ နိုင်ငံရေး ပြဿနာကြောင့်ဖြစ်တဲ့လက်နက်ကိုင်ပြဿနာကို ပြေလည်စေချင်ရင် နိုင်ငံရေးအားဖြင့် ဘာရှိတယ်ဆိုတဲ့ Political will ကို ပြဖို့လိုတယ်။ ကိုယ့်ဘက်က ဘာအထိမှန်းထားတယ်၊ ပေးနိုင် မပေးနိုင်က နောက်မှ။ အဲဒီလို ပေးနိုင်အောင် လက်ရှိအခင်းအကျင်းက ဘယ်လိုဖြစ်နေပြီဆိုတာကိုလည်းပဲ နိုင်ငံရေးသမားရော၊ လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေရော အကုန်လုံးက မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမယ်။ လက်ရှိ အနေအထားကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မယ်ဆိုရင် AA သည် မလာနိုင်စရာအကြောင်းမရှိ ဘူး။ လာပြီးတော့ ဆွေးနွေးပြီးမှ လိုချင်တာကိုထုတ်ပြဖို့၊ ကိုယ်လိုချင်တာကို အများသိအောင်ချပြဖို့၊ အဲဒီချပြတဲ့ဟာကို ညှိနှိုင်းပြီးမှ ရလဒ်ကိုရသွားအောင် ကိုယ့်ဘက်ကကြိုးစားဖို့ ULA ကိုလည်း တိုက်တွန်းပါတယ်။


မေး ။ ။ ဆရာပြောသွားတဲ့အထဲမှာတော့ တပ်မတော်ကနိုင်ငံရေးနွံမှာ ကျွံနေပြီ။ ပြန်နှုတ်ဖို့ လိုနေပြီဆိုတဲ့ ကိစ္စပေါ့။ ဆိုတော့ တပ်မတော်က နိုင်ငံရေးထဲမှာကျွံနေလို့ ပြန်နှုတ်မယ်ဆိုရင်တောင် အခြားတစ်ဖက်မှာ တပ်မတော် နိုင်ငံရေးက ဆုတ်ခွာပေးမယ်လို့ပြောရင် အဲဒီတစ်ချက်တည်းနဲ့ပြီးသွားပြီလားပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပေးရမယ်ဆိုတာရော တွဲပါလာလား။ နှစ်ဖက်စလုံး ညီမှရမှာလား၊ တစ်ဖက်တည်းပဲ ရပ်လို့ရလား။
ဖြေ ။ ။ အဲဒါကို ဒုတိယအကြိမ် (၂၁) ရာစု ပင်လုံမှာ အဲဒါလေးပြဿနာဖြစ်တယ်။ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့ ဘက်ကပေါ့နော်။ ကျွန်တော်တို့က UPDJC မှာ ပါခဲ့ပါတယ်။ ပြည်ထောင်စုက ခွဲမထွက်ရဆိုတဲ့ဥစ္စာကို ပြဋ္ဌာန်း ပေးရမယ် ပင်လုံညီလာခံမှာ။ အဲဒီလိုပြည်ထောင်စုက ခွဲမထွက်ရဆိုတာမျိုးကို မပါခဲ့လို့ရှိရင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတာအပါအဝင် ဒီအချက်အားလုံးကို တို့ဘက်က သဘောမတူနိုင်ဘူးဆိုတဲ့ပြဿနာဖြစ်တဲ့ အခါမှာ မနည်းကြာကြာရပ်လိုက်ရတာပေါ့။ ကျွန်တော်တို့ UPDJC Meeting မှာပါ။ အဲဒီနောက်မှာ ဖဒိုစောကွယ်ထူးဝင်း တို့ဘာတို့ ညှိကြတာပေါ့။ ဦးဆလိုင်းလျန်မှုန်းဆာခေါင်းတို့ပေါ့။ အဲဒီလိုမျိုး နာရီဝက်၊ တစ်နာရီလောက်ရပ်ပြီးကာမှ ထိပ်ပိုင်းခေါင်းဆောင်တွေဆီက အကြံတောင်းပြီးမှ အဲဒါကို နောက်ကိုပို့လိုက်ရတယ်။ အဲဒီတော့ ပြည်ထောင်စုက မခွဲထွက်စေချင်ဘူး။ ပြည်ထောင်စုက ခွဲထွက်ခွင့်ပေးရ မယ်ဆိုတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံပုဒ်မ (၂ဝ၁)၊ အခန်း(၁ဝ) ပေါ့ဗျာ။ အဲဒါကြောင့် ခုနကလို ချောက်ထဲကျကာနီး မလို့ ဗိုလ်ချုပ်နေဝင်းက အာဏာယူလိုက်ရပါတယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်။ လက်ရှိနိုင်ငံရဲ့အနေအထားကို ပြန်ကြည့်ရင် အခု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြန်ပြင်မယ်ဆိုတာက အဲဒါပါတယ်။ အဲဒီတော့ ဒို့တာဝန် အရေးသုံးပါးကိုကြည့်ရင် အစ၊ အလယ်၊ အဆုံး လိမ့်ပတ်လည်အောင်ပြန်ဖတ်ကြည့်ရင် အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက် ဘာလိုလဲ။ အဲဒီတော့ နောက်ဆုံး တိုင်းရင်းသာစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာက အဓိကဆိုတာကျတယ်။ အဲဒီတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုက ပြိုကွဲနေပြီ။ ပြိုကွဲပြီးတဲ့အဆင့်ကို မတားနိုင်ရင် အချုပ်အခြာအာဏာကို သွားထိနေပြီလို့သာ သုံးသပ်မယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာ ကြွေးကြော်နေရုံနဲ့မပြီးဘူး။ ဘာ့ကြောင့်ပြိုကွဲနေတယ်ဆိုတဲ့ဇစ်မြစ်ပြဿနာ ပြန်ပေါ်လာတာ ပေါ့။ လုံးခြာပတ်ခြာလည်နေတာပေါ့။ အဲဒီတော့ ပြည်ထောင်စုက မခွဲထွက်ရဆိုတာမျိုးက မခွဲထွက်နိုင် လောက်တဲ့အနေအထားတစ်ခုဖြစ်အောင် ဖန်တီးပေးရမယ်ဆိုတာ အဲဒီကာလ UPDJC မှာ ဆွေးနွေးကြတာပေါ့။ ရှမ်းကလည်း ပြောတာပေါ့၊ ပြည်ထောင်စုမှာ ပြည်ထောင်စုကိုချစ်လွန်းလို့ အတူပူးပေါင်းပါဝင်ခဲ့တာ လွတ်လပ် ရေးယူစဉ်တုန်းက ပင်လုံစာချုပ် မတိုင်ခင်တုန်းက တို့နောက်ချန်နေခဲ့ရင် ဗမာကဲ့သို့သော တိုင်းပြည်တစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် ပြည်ထောင်စုကိုချစ်လို့ ပူးပေါင်းပါဝင်ခဲ့တာ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို ပြန်ညွှန်းကြ တာပေါ့။ အဲဒီတော့ မပြိုကွဲစေလိုတဲ့ ခွဲမထွက်စေလိုတဲ့အကြောင်းတရားသည် မခွဲနိုင်လောက်တဲ့ပြည်ထောင်စု ကို တည်ဆောက်မှ၊ အဲဒီလို မခွဲနိုင်လောက်တဲ့ ပြည်ထောင်စု၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဒါဆိုတာ ပြဋ္ဌာန်းထားရင် ဘယ်သူခွဲထွက်မှာလဲ။ အဲဒီလို တစ်ခုနဲ့ မတည်ပြီးမှ ဒါကြီးကိုတို့တည်ဆောက်မယ်။ တို့ဇစ်မြစ် က ဒီဖွဲ့စည်းပုံအခြေခံဥပဒေလို့ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုမှာပါလာတဲ့ တပ်မတော်ဘက်က ဘာပြန်ပြောလဲဆိုရင် အဲဒီကာလမှာ ဗိုလ်ချုပ်ခင်ဇော်ဦးတို့ဘက်က လက်နက်ကိုင်ပဋိပက္ခမရှိရင် တို့နောက်ဆုတ်မယ်။ လက်နက်ကိုင်ပဋိပက္ခရှိနေလို့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ပါဝင်ရ တာ။ ဒို့တာဝန်အရေးသုံးပါးကို ချပြတာရယ်၊ လက်ရှိနိုင်ငံရေးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေရခြင်း အဓိကအကြောင်းအရင်းသည် လက်နက်ကိုင်ပဋိပက္ခရှိနေလို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်ပဋိပက္ခမရှိတဲ့ကာလမှာ နိုင်ငံရေးက တို့နောက်ဆုတ်ပေးမယ် ဆိုတာမျိုး အဲဒီကာလ ၂၁ ရာစု ပင်လုံဒုတိယညီလာခံ UPDJC အစည်းအဝေးမှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီတော့ ဇီးရိုး-ဇီးရိုးကိုသွားမယ်ဆိုရင် ဘာလို မလဲ။ အားလုံလက်ခံနိုင်တဲ့ ဒီ ၂ဝဝ၈ မဟုတ်တော့ဘူးနော်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါကြီးသည် စစ်မှန်တဲ့ သာတူညီမျှပဲ၊ ခွင့်တူညီမျှပဲ အဲဒီဖွဲ့စည်းပုံကြီးကို တို့ဆွဲဖို့ကာလသည် ဘယ်လောက်မကြာ ဘူး။ ညောင်နှစ်ပင်လို နှစ်ပေါင်းများစွာကြာစရာမလိုဘူး။ ပညာရှင်နဲ့ဆွဲရင်ရပြီ။ အခြေခံမူပဲလိုတယ်။ အဲဒီဟာ လုပ်ရင် ၂၅ ရာခိုင်နှုန်း ဇီးရိုးကိုသွားမယ်။ အဲဒါကြီးကိုသဘောတူရင် လက်နက်ကိုင်ပဋိပက္ခမှာ သိန်းကျော် လောက်ရှိ နေပြီဖြစ်တဲ့ အကုန်လုံးလက်နက်ကိုင်အဖွဲ့အစည်းက နောက်ကိုဆုတ်မယ်။ ပြည်နယ်အသစ်တွေ ပြန်ပေါ်လာ မယ်။ ပြည်မဖြစ်တဲ့ ဗမာတိုင်းရင်းသားအားလုံးသည်လည်း သာတူညီမျှပဲ။ တို့လည်း တစ်ယူနစ်ယူမယ်။ ဧရိယာကြီးရင် ကြီးမှာပေါ့။ ရုရှားဖက်ဒရေးရှင်းရှိတယ် အကြီးကြီးပဲ။ ဒီဖက် ယူကရိန်းရှိတယ်။ အဲဒီလိုပေါင်း ထားတဲ့ (၁၅) နိုင်ငံပေါင်းမှ ဆိုဗီယက်ရုရှားကြီးဖြစ်လာတာကို။ အခုပဋိပက္ခဖြစ်တဲ့အခါမှာ ရုရှားတစ်ခုတည်း ကျန်တယ်လေ။ အဲဒီတော့ ဗမာသည်လည်း ပြည်မကြီးကြီးတစ်ခုနဲ့ တစ်ယူနစ် မယူနိုင်ဘူးလား။ တိုင်းရင်းသား က ဘာကိုတွက်သလဲဆိုရင် တစ်ယူနစ်ယူ၊ နိုင်ငံရေးအားဖြင့် လူမျိုးစုလွှတ်တော်မှာ နေရာတန်းတူ ပဲယူ။ ကြီးပေမယ့်လို့ ဥပမာ- ပိုစ့်က ၁၂ ခုဆိုရင် ၁၂ ခုထက် ပိုမယူပါနဲ့။ သေးပေမယ့်လို့ ယူနစ်တစ်ခုသည် ၁၂ ဦးပဲ လွှတ်ရမယ့် လူမျိုးစုလွှတ်တော်မှာ ကြီးရင်လည်း ၁၂ ဦးပဲယူ၊ သေးရင်လည်း ၁၂ ဦးပဲယူ။ ပြည်မသည် တိုင်း (၇) တိုင်းဖြစ်တဲ့အခါမှာ တစ်တိုင်းက ၁၂ ဦးစီနဲ့ (၈၄) ယောက် ယူသွားတယ်။ လူမျိုးစုလွှတ်တော်ဆိုတာ Upper House ကို ပြောတာပါ။ အဲဒီလိုနိုင်ငံရေးအားဖြင့် အဲဒီမှာ လက်ဝါးကြီးအုပ်လွှမ်းမိုးတဲ့အနေအထားကို မရောက်စေချင်လို့ တိုင်းရင်းသားတွေက တစ်ယူနစ်ယူပါလို့ပြောခဲ့တယ်လို့ ယူဆပါတယ်။ ဆိုတော့ အဲဒီလိုမျိုး သူ့ဘက်က ကိုယ့်ဘက်က ဆင်ခြင်စရာ၊ ပေးစရာ၊ စွန့်လွှတ်စရာ၊ အနစ်နာခံစရာနော် အားသာပေမယ့်လို့ သည်းခံတာ၊ နောက်ကိုဆုတ်တာနဲ့ ပြည်ထောင်စုကိုတည်ဆောက်နေမယ်ဆိုရင်၊ တည်ဆောက်ခဲ့ကြမယ်ဆိုရင်၊ တည်ဆောက်ကြဦးမယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခနောက်ကိုရောက်သွားမှာပေါ့။ နိုင်ငံရေးထဲက တပ်မတော် လည်း နောက်ဆုတ်ရမှာပေါ့။ လက်နက်ရှိမှသာလျှင် ခုနက ပြည်ထောင်စုမှာ လက်နက်ရှိမှဖြစ်တယ်ဆိုတဲ့ အခါမှာ အခုကြည့်လေဗျာ။ ကျွန်တော်တို့ဘက်မှာလည်း ULA/AA က အင်အားကြီးတာကိုး။ ULA/AA ရဲ့ အင်အားက ဘယ်လောက်ထိတောင်ကို မှန်းလို့မရဘူးလေ။ APA ဆိုတဲ့ Arakan People Authority ဆိုတဲ့ နိုင်ငံရေးအားဖြင့် အုပ်ချုပ်ရေးယန္တရားတစ်ခုကလည်း Introduce လုပ်နေပြီလေ။ အဲဒီတော့ ဥပဒေပိုင်းတရားရုံး ဘက်ကလည်း ဝင်လာပြီလေ။ အဲဒီတော့ ရခိုင်ပြည်နယ်ထဲမှာ SAC ဘက်က အုပ်ချုပ်ရေးယန္တရား တရားစီရင်မှုနဲ့ ULA ဘက်က တရားစီရင်မှုနှစ်ခုက ထပ်သွားတာပေါ့။ အထူးသဖြင့် ကျေးလက်ဒေသမှာ ထပ်တဲ့ အခါကျတော့ Double Taxation ဆိုတာ လာတာပေါ့။ ဆိုတော့ အဲဒီဒဏ်အကုန်လုံးကို ရခိုင်လူထု ခံရတာပေါ့။ အဲဒီတော့ သတ်သတ်မှတ်မှတ်တစ်ခုကို ULA ဘက်ကလည်း SAC နဲ့ ညှိရမယ်လေ။ SAC ဘက်ကလည်း ထိပ်တိုက်ရင်ဆိုင်တာနဲ့ အခုပြည်ထောင်စုပြဿနာကိုဖြေရှင်းတဲ့အခါမှာ နိုင်ငံရေးအားဖြင့် ကစားတာတို့ စစ်ရေးအားဖြင့် ကစားတာတို့ကိုလျော့ရမယ်လေ။ ပြေလည်စေချင်ရင် နှစ်ဖက်လျှော့ပြီးကာမှ ယုံကြည်မှုတည် ဆောက်ပြီးမှ ဒီဆွေးနွေးပွဲကိုလာနိုင်အောင်ဖိတ်ခေါ်မှ လာမှာပေါ့ဗျာ။ ဒီတော့ ကိုယ်ဘက်ကလည်း ပြင်ဆင်ရ မယ်။ သူ့ဘက်ကလည်းနောက်ဆုတ်ရမယ်။ အဲဒီတော့ ဒီကာလမှာတော့ဖြင့် ဒါကြီးကို တို့နောက်ဆုတ်မယ်ဆို ပြီးညှိနှိုင်းပြီးမှ ဧရိယာတစ်ခုကို သတ်သတ်မှတ်မှတ်ဖြစ်တဲ့အခါမှာ ဒီသွပ်သွင်းရမယ့် အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားကို တို့သွပ်သွင်းမယ်။ တို့လူထုဟာ Double Taxation မဖြစ်အောင် တို့ကြိုးစားမယ် ဆိုတဲ့နှစ်ဖက်အမြင် ထပ်တူကျခဲ့ရင်တော့ဖြင့် ရခိုင်လူထုဘက်ကလည်း အဆင်ပြေတယ်လေ။ ULA ဘက်ကလည်းအဆင်ပြေတယ်၊ SAC ဘက်ကလည်းအဆင်ပြေတယ်။ ဒါညှိနှိုင်းမှုပဲ၊ ညှိနှိုင်းမှုသည် ယုံကြည်မှုရှိမှပဲရတာ။ ယုံကြည်မှုရှိတယ်။ ညှိနှိုင်းမှုလာတယ်။ ဒါပေမယ့် ပြဿနာဇစ်မြစ်ကို မတူတဲ့အမြင်နဲ့ ချည်းကပ်နေရင် အဲဒီဇစ်မြစ်ပြဿနာကို Result မရနိုင်ဘူး။ အဓိက ဘာကြောင့်ဖြစ်တဲ့ပြဿနာကို နှစ်ဖက် အမြင်တူမှ အဲဒါကိုဆွဲထုတ်ပြီး ရအောင်အဖြေရှာရမှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ သုံးသပ် တယ်။ ဒါဟာ ဖွဲ့စည်းအခြေခံဥပဒေဆိုင်ရာပြဿနာကြောင့် နိုင်ငံရေးအားဖြင့်မရတဲ့အခါ လက်နက်ကိုင်တယ်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးထဲကနေ တပ်မတော်လည်း နောက်ကိုဆုတ်ရမယ်၊ လက်နက်ကိုင်တဲ့အဖွဲ့အစည်းအားလုံးလည်း လက်နက်ကိုင်နောက်ကိုစွန့်ရမယ်။ ပြီးရင် အားလုံးလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ဒီအတိုင်းပြဋ္ဌာန်းပြီးမှ နိုင်ငံရေးအားဖြင့် တိုင်းပြည်ရဲ့စနစ်တစ်ခုကို ပြန်ပြီး တည်ဆောက်မှ ခုနကလို့ စနစ်တို့ဘာတို့နဲ့ အုပ်ချုပ်ရေးယန္တရားတို့နဲ့ ပိုကောင်းလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ စီးပွားရေးက ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာမယ်။ နိုင်ငံရေးတည်ငြိမ်မယ်။ ဆက်စပ်တဲ့အခါမှာ နိုင်ငံတစ်ခုရဲ့ အသက်က စီးပွားရေဗျ။ စီးပွားရေးချွတ်ခြုံပြိုလဲကျသွားလို့ ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံနဲ့တက်လာတဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီက (၈၈) မှာ ပြိုတာပဲ။ အဓိက စီးပွားရေးအဆောက်အအုံပြိုလဲကျသွားလို့ဖြစ်တာ။ တကယ်လို့ အဲဒီကာလမှာ တရုတ်ပြည်မှာလိုပေါ့ဗျာ တိန့်ရှောင်ဖိန်လို ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာလို့ စီးပွားရေးကိုပြောင်းနိုင်ခဲ့ရင် ၁၉၈၈ ခုနှစ်အခင်းအကျင်းဟာ ပေါ်ချင်မှပေါ်မှာ။ နိုင်ငံရေးအလှည့်အပြောင်းနဲ့ ကိုယ့်ဘက်ကိုယ် Over Confident တို့ Under Confident ဖြစ်တဲ့အခါမှာ အဲဒီအနေအထားကြောင့် (၈၈) လူထုတော်လှန်မှုကြီးက ပေါ်လာတာ။ အဲဒီတော့ ပြန်ကြည့်ရင် အခုကာလဟာ Fail State လို့ ပြောကြတယ်လေ။ Franchise Fail State ဖြစ်တော့မယ့်အနေအထား ဟုတ်၊ မဟုတ်ကို ကျွန်တော်တို့နိုင်ငံ ရေးနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေ၊ စစ်ရေးနဲ့ ပတ်သက်တဲ့ခေါင်းဆောင်တွေက သေသေချာချာ အဖြေထုတ်၊ အဖြေရှာရမှာ။ အဲဒီကာလဖြစ်ပျက်နေမှုနဲ့ ဇစ်မြစ် ပြဿနာကို ဒါလို့ သတ်မှတ်ခဲ့မယ်ဆိုရင် ဒီဟာကြီးကို ဘယ်လိုတားမှာလဲ၊ ဘယ်လိုကာမှာလဲ။ Franchise ဖြစ်တော့မယ်ဆိုရင် မဖြစ်အောင် ဘာလုပ်မှာလဲ၊ မဖြစ်အောင် ဘာပေးမှာလဲ။ ဒါကြီးကို တွေ့ဆုံဆွေးနွေး အဖြေရှာမယ်ဆိုရင် တွေ့ဆုံဆွေးနွေးလာနိုင် လောက်အောင် ယုံကြည်မှုကိုတည်ဆောက်ပေးဖို့လိုမယ်။ ယုံကြည်မှု ပျက်နိုင်တဲ့ အနေအထားက ဘာတွေလဲ၊ စစ်ရေးတိုးချဲ့လို့လား၊ အဖမ်းအဆီးများလို့လား၊ လက်စားချေတုံ့ပြန်မှု များလို့လား။ အဲဒီတော့ ယုံကြည်မှုကိုတည်ဆောက်တဲ့ကာလ၊ တည်ဆောက်ရမယ့်ကာလမှာ ယုံကြည်မှုပျက်နိုင်တာတွေကို လုပ်မိတာ ရှိရင် အဲဒါကိုရပ်။ အဲဒါမျိုးဆိုရင်တော့ဗျာ ကျွန်တော်ထင်တယ်၊ မြန်မာ့နိုင်ငံရေး ရှေ့ကိုသွားလို့ရနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ အရွေ့တစ်ခုကို ရွှေ့နိုင်မယ်ထင်တယ်။


မေး ။ ။ အဲဒီတော့ ပြောရရင်တော့ ဆရာပြောတဲ့ အရွှေ့တွေ၊ အရွေ့တွေ၊ တပ်ကနောက်ဆုတ်ပေးဖို့ ကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း နောက်ကိုဆုတ်ပေးဖို့ကိစ္စတွေ အဲဒါတွေကိုကြည့်မယ်ဆို ရင် တပ်ဘက်အခြမ်းမှာရော သူတို့နိုင်ငံရေးကနေ နောက်ကိုဆုတ်ဖို့ပြင်နေတယ်လို့ မြင်မိလား။ အလားတူပဲ လက်နက်ကိုင်အုပ်စုတွေကရော သူတို့သေနတ်ကိုင်ထားတာတွေကို၊ သူတို့သေနတ်ကိုင်ထားတဲ့အရသာကို သိနေပြီးသားဆိုတော့ အဲဒါကိုဖယ်နိုင်တဲ့အနေအထားရောက်နေပြီလို့ ထင်ရလား။ နှစ်ဖက်စလုံးကိုကြည့်ရင် ပေါ့။
ဖြေ ။ ။ အဲဒါမျိုးတော့ မြင်ရလားဆိုတော့ မြင်အောင်တော့ ကြည့်ထားတယ်ဗျ။ တချို့ကတော့ အဲဒါမျိုးဖြစ်ဖို့ ခက်တယ်လို့ သုံးသပ်တာရှိတယ်။ Warlord ပေါ့။ ပြောရရင် ဘာခေါ်မလဲ ဒီဝန်းကျင်၊ ဒီအခင်းအကျင်း၊ ဒီအရသာကို လွှတ်ရမှာကို တချက်ချက်ဖြစ်သွားမှာကို စိုးရိမ်စိတ်၊ ကြာလာတဲ့အခါမှာလေ အဲဒီလိုမျိုးဖြစ်သွား၊ ပြောင်းလဲသွားတတ်ပါတယ်၊ ဒါ ပုထုဇဉ် ဒီအတိုင်းပဲ။ ဒါပေမယ့် မြန်မာ့တပ်မတော်ဘက်က အရွေ့လေးတွေကို ပြန်ကြည့်တာပေါ့။ သူ့ဘက်က ဘာကိုအခိုင်အမာဆုပ်ကိုင်ထားလဲဆိုတာ ဗိုလ်ချုပ်ခင်ဇော်ဦးတို့နဲ့တစ်ခါ တွေ့ခဲ့တဲ့အခါမှာ သူတို့ကအဲဒီလိုရင်ဖွင့်တယ်။ ဖွဲ့စည်းပုံမှာ ၂၅ ရာခိုင်နှုန်းပါနေတာက အာဏာမသိမ်းရေ အာင်လို့ ဦးစိုးသိမ်းကလည်း ပြောတာပဲ။ ဟိုတုန်းက ဦးအောင်မင်းတုန်းကလည်း ပြောခဲ့တာပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာသိမ်းစရာမလိုဘဲနဲ့ အရေးပေါ်ကာလဥပဒေအရကိုက အာဏာကို ထိန်းပိုင်ခွင့်က ရှိနေပြီးသား။ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာလည်း ရယူပြီးသားမလို့ ဒီအခင်းအကျင်းကို ဖန်တီးပေးတာ။ အဲဒါကြောင့် တမင်ရည်ရွယ်ပြီးရေးခဲ့တာလား။ မရည်ရွယ်ဘဲနဲ့ရေးခဲ့ပြီးမှ နိုင်ငံရေးနွံထဲမှာ နစ်မှန်းမသိ နစ်သွားရနိုင်တဲ့အနေအထားဖြစ်အောင် ပြဋ္ဌာန်းပေးခဲ့ပြီးပြီ။ ပြန်နုတ်ဖို့ကတော့ ဒီဥပဒေပြဋ္ဌာန်းထား ပါလျက်နဲ့ ဒီတာဝန်ကို မထမ်းရင် တာဝန်ပေးခံရတဲ့ပုဂ္ဂိုလ်က တာဝန်မကျေဖြစ်သွားမှာပေါ့။ အဲဒီတော့ ဆုတ်နိုင် တဲ့အကွက်တွေကိုကြည့်တဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျွန်တော်က ယုံယုံကြည်ကြည်ပြော တာပါ။ သူ့ရဲ့အနေအထား၊ သူ့ပြောပုံဆိုပုံ၊ သူ့မျက်လုံးကိုကြည့်ရင် သိတယ်ဗျ။ လူတစ်ယောက်ရဲ့ ဆန္ဒနဲ့ စေတနာ၊ သူ့ရဲ့အနေအထားကို မျက်လုံးက စကားပြောတယ်ဗျ။ မျက်လုံးနဲ့ပဲ ကျွန်တော်တို့သုံးသပ်တ တယ်။ တည်ငြိမ်သလား၊ ယုံကြည်ရသလား၊ ခုတစ်မျိုး တော်ကြာတစ်မျိုးလား၊ ကွယ်ရာတစ်မျိုး ရှေ့တွင် တစ်မျိုးလားဆိုတာ သူ့မျက်လုံးမှာပြန်ပေါ်ပါတယ်။ အဲဒီတော့ အခင်းအကျင်းတွေကိုလည်း ပြန်ပြီးတော့ Database နဲ့ ပြန်ပြီးတော့ analysis လုပ်ရင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်တဲ့ ခုနကလို အဖွဲ့ဖွဲ့ တယ် တတာက လက်ရှိ ၂ဝဝ၈ ကို ကျော်ပြီးတော့မှ သူစဉ်းစားလာတာပေါ့။ မဟုတ်ဘူးလား။ ဘာစဉ်းစားလည်းဆိုရင် နီပေါဖွဲ့စည်းပုံ၊ အိန္ဒိယဖွဲ့စည်းပုံတို့ ဩတြေးလျဖွဲ့စည်းပုံတို့မှာ တချို့တပ်မတော်ခေါင်းဆောင်များက အိန္ဒိယဖွဲ့စည်းပုံကို ကြိုက်တယ်ဗျာလို့ပြောတယ်။ ဒါပေမယ့် အကုန်လုံးဟာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မြန်မာ့အခင်းအကျင်း၊ လက်နက်ကိုင်ပဋိပက္ခအခင်းအကျင်းနဲ့ ကျွန်တော်တို့က ညှိနှိုင်းပြီးမှ အကောင်းဆုံးကို စုယူရမှာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ပေးထားပြီးဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ (၄၇) ပင်လုံမှာပါခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ နောက်ပြီး ဖဆပလခေတ်မှာ သေဆုံးသွားတဲ့၊ ကျဆုံးသွားတဲ့ နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ ရည်မှန်းချက်နဲ့ ပြည်ထောင်စုပေါ်မှာ ဘယ်လောက်ထိချစ်ခင်လဲဆိုတဲ့ အဲဒီပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်က အနိုင်ပေးချင်တာ။ တပ်မတော်ကလည်း ကောင်းကောင်းမွန်မွန်ဆုတ်ရင် တပ်မတော်လည်း အနိုင်ရတာပေါ့ဗျာ။ လက်နက်ကိုင်လာတဲ့တော်လှန်ရေးအဖွဲ့အစည်းအားလုံးလည်း နိုင်ငံရေးရည်မှန်းချက် ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ နိုင်ငံကြီးကို ထူထောင်ချင်လို့ဆိုတော့ သူတို့ကိုလည်းအနိုင်ပေးချင်တာပေါ့။ လူထုကလည်း အေးအေးဆေးဆေး ဖြစ်ချင်နေပြီ။ အေးချမ်းဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်မှဖွံ့ဖြိုးတိုးတက်မှာပေါ့ စီးပွားရေး။ သာမာန်လူတွေလည်း ချမ်းသာလာမှာပေါ့။ အဲဒီတော့ လူထုကလည်းအောင်မြင်ချင်ပြီ။ အကုန်လုံး အောင်မြင်နိုင်တဲ့နည်းဟာ ခုနကလို အကုန်လုံးနောက်ကိုဆုတ်တဲ့နည်းပဲ။ ဆိုတော့ SAC ဘက်က ရွှေ့တာလည်းတွေ့တယ်။ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းထင်ပါတယ်။ ကျွန်တော်အမှတ်မမှားရင်လေ။ လေ့လာရေးကော်မရှင်ဖွဲ့တယ်။ နောက် NSPNC နဲ့ ဗိုလ်ချုပ်ကြီးရာပြည့်တို့က တောက်လျှောက်ကြိုးစားတယ်။ ထိပ်တိုက်တွေ့ရင် ထိပ်တိုက်မတွေ့ရအောင် သူ့ရဲ့ ကြားခံအနေနဲ့ negotiator ကြားလူကိုအသုံးပြုတယ်။ အခုအခင်းအကျင်းမှာ ကျွန်တော်တို့ခဏခဏပြောပါတယ် ငြိမ်းချမ်းရေးကြားခံပေါ့။ တစ်ခါတောင်မှ ကျွန်တော် တို့ တိုက်ရိုက်ပြောဖူးပါတယ်။ အကျည်းကျခံနေရတဲ့ ကျွန်တော်တို့မိတ်ဆွေ နှင်းဆီ ဦးကျော်မြင့်ပါ။ သူဆိုရင် ဦးပေါက်ယိုချမ်းတို့နဲ့ အတူတူ လုပ်လာခဲ့ကြတာ။ လာချိဒ်လူမျိုးပါ။ သူ့ကို အခြားပုဂ္ဂိုလ်တွေက တရုတ်လို့ ပြောနေကြတယ်။ တရုတ်လို့ ပြောရင် မြန်မာပြည်ကို သူဘယ်ပြန်လာမလဲဗျာ။ ဦးဖုန်ကြားရှင်တို့နဲ့ ဗကပ ပြိုကွဲချိန်မှာ ပြန်လာခဲ့ကြသူတွေလို့လည်း ပြောပါတယ်။ သူကိုယ်တိုင်လည်း PLA မှာ ဗိုလ်သင်တန်းတက်ပြီး စစ်ခေါင်းဆောင်ဖြစ်လာတာပေ့ါ။ သူက ဦးခင်ညွန့်လက်ထက်မှာလည်း ငြိမ်းချမ်းရေးမှာ ကြားခံအဖြစ် လုပ်ခဲ့ တယ်လို့ပြောတယ်။ ကျွန်တော်ဆိုလိုတာက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ့ကဏ္ဍပေါ့။ ငြိမ်းချမ်းရေး သံတမန်တွေရဲ့အခန်းကဏ္ဍဟာ ဒီကာလမှာ အတော်လေး အရေးကြီးလာတယ်လို့ ပြောရမှာပါ။ ULA/AA ရဲ့အခန်းကဏ္ဍ ဘယ်လိုရှိလဲ၊ သူတို့နားဝင်အောင် ဘယ်လိုဖြောင်းဖြပြောမလဲ။ တက်သင့်တယ်ဆိုတာမျိုးပေ့ါ။ KNPP ဦးခူဦးရယ်တို့ဆီသွားမယ်။ ဗိုလ်ချုပ်ကြီး မူးတူးစေးပိုးတို့ဆီသွားမယ်။ ဘောကျော်ဟဲတို့ဆီ သွားမယ်။ နယ်ဒါးမြတို့ဆီသွားမယ်။ ဒီလိုသွားပြီးတော့ နားဝင်အောင်ပြောနိုင်ရမယ်။ တပ်ဘက်က ဘာလျော့မယ်၊ လက်နက်ကိုင်တွေဘက်က ဘာလျော့ရမယ်ဆိုတာမျိုးပေ့ါ။ နစကဘက်ကိုလည်း ဒါကို စဉ်းစားစေချင်ပါတယ်။ ခုနကပြောသလို ULA/AA ဥပမာပေ့ါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောနေတဲ့ ကွန်ဖက်ဒရိတ်ဆိုတာက ဘယ်လိုမျိုး လဲ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က သုံးသပ်တဲ့ ကွန်ဖရက်ဒရိတ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို နှစ်ဖက်တွေ့မှဖြစ်မယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ နှစ်ဖက် တွေ့သင့် တယ်။ အဲဒီတော့မှ အဖြေထွက်မယ်။ ဘုံဇစ်မြစ်ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ ဒီလိုပဲ KIA ဘက်ကလည်း ဒါမျိုး နားလည်ဖို့ လိုတယ်။ ULA/AA သွားတက်ဖို့တောင် KIA ဘက်က တိုက်တွန်းပေးသင့်တယ်။ ဒါက ကျွန်တော် သုံးသပ်တာပါ။


မေး ။ ။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာရယူမှုကနေ နောက်ဆက်တွဲအဖြစ်နဲ့ လူထုရဲ့ဒေါသကို ရင်ဆိုင်ရတယ် ပေါ့။ အဲဒီမှာ လူထုဆိုတာလည်း လူတန်းစားမျိုးစုံပေါ့လေ။ ဆိုတော့ အဲဒီကနေဖြစ်လာတဲ့ NUG၊ PDF တို့ရဲ့ လှုပ်ရှားမှုတွေနဲ့ စစ်တပ်ကိုအာခံ ပြန်တိုက်တဲ့ကိစ္စတွေဖြစ်လာတယ်။ အဲဒီလိုပြန်တိုက်တော့ အဲဒီပြဿနာကို အရင်ရှင်းရမှာလား၊ ငြိမ်းချမ်းရေးပြဿနာကို အရင်ရှင်းရမှာလားဆိုတဲ့ရှုပ်ထွေးလာတာကို သွားတွေ့ရတယ်။ လူထုက အရင်ဆုံးကြောက်နေတာကတော့ နီးရာဓါးကိုပိုကြောက်တာပေါ့လေ။ အဲဒီတော့ အနီးကပ်ပြဿနာကို အရင်ရှင်းစေချင်တာတွေ့ရတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကိစ္စကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဆွေးနွေးပြီးရင်တောင် NUG ၊ PDF တို့ရဲ့ကိစ္စကို ရှင်းနိုင်ပါ့ဦးမလား။ ပြီးနိုင်ပါဦးမလား။ ဘယ်လိုမြင်မိလဲခင်ဗျ။
ဖြေ ။ ။ ဒါက ပိုသိမ်မွေ့တဲ့ကိစ္စပါ။ ကျွန်တော်ခုနက တင်ပြတဲ့အခါမှာ ပြည်ထောင်စုရဲ့နာတာရှည်ပြဿနာ ပေါ့။ တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ပြည်တွင်းစစ်ကြီးက နာတာရှည်ပြဿနာပေါ့။ အကြီးမားဆုံးနဲ့အကြီးဆုံးသော အနာ။ ဒါက နာတာရှည်ဖြစ်တယ်။ ရင့်မှည့်နေပြီး ကင်ဆာလိုဖြစ်နေတယ်။ အဲဒါကြောင့် ဖြေကိုဖြေရှင်းရတော့ မှာ။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကလည်း တွက်မှာပေါ့။ နာတာရှည်ပြဿနာဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကိစ္စသည် အဓိကဦးစားပေးပြီးမှ ဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်လို့ သုံးသပ်မှာပေါ့။ ကာလတိုမှာဖြစ်တဲ့ အခုလက်ငင်းပြဿနာက ၂ လပိုင်း ၁ ရက်နေ့ ၂ဝ၂၁ ခုနှစ်မှာ စပြီးတော့ အာဏာကိုထိန်းရတဲ့ပြဿနာပေါ့၊ နောက်မှဖြစ်လာတဲ့ ပြည်မ မငြိမ်မသက်မှု၊ ခုနကလို PDF တို့ ပေါ်လာတယ်။ ဒီဘက်မှာလည်း အင်အားစုတစ်ခုနဲ့ နောက်ဆုံးဘာလဲဆိုတော့ အပြစ်မဲ့လူထုပဲခံရတာ။ လမ်းကိုဖျက်ရင် လမ်းပျက်သွားတယ်။ ကူးလူးဆက်ဆံမှုပျက်ရင် ကုန်သွယ်မှုအကုန်လုံးဖြစ်ပြီးရင် ဒါနောက်ဆုံးမှာ Consumer ခံရတာပါပဲ။ ထွက်ကုန်၊ မရောင်း နိုင်ဘူး။ စားသောက်ကုန်စည်တွေမြင့်တယ်။ ဆိုတော့ ဖြေရှင်းနိုင်လားဆိုရင် ဖြေရှင်းနိုင်တဲ့အနေအထား ရှိကိုရှိတယ် ရောက်ကိုရောက်တယ်။ အဲဒီတော့ ပင်မပြဿနာဖြစ်တဲ့ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်ပြီဆိုရင် ခုနက ပြည်တွင်းပေါက်ကွဲမှု၊ ပြိုကွဲမှု အဲဒါက ညှိနှိုင်းလို့ပိုရတယ်။ အပေး အယူပဲ၊ နိုင်ငံရေးအပေးအယူပဲ။ အဲဒီတော့ နိုင်ငံရေးအပေးအယူကို နိုင်ငံရေးအားဖြင့်ဆွေးနွေးဖို့အတွက် နိုင်ငံရေးအားဖြင့် အကျဉ်းကျခံနေရတဲ့၊ နိုင်ငံရေးအားဖြင့် လွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ပြန်ပြီးတော့ နိုင်ငံရေးတည် ဆောက်ရမှာ၊ ယုံကြည်မှုတည်ဆောက်ရမှာ။ ခုနကလို PDF ကို လွှမ်းမိုးနိုင်တဲ့အင်အားစုတွေ အကျဉ်းထောင်ထဲ မှာ ရှိသလား။ အဲဒါကြီးကိုဖြေရှင်းဖို့အတွက် အခြေခံကျတာ နိုင်ငံရေးခေါင်းဆောင်များလို့သတ်မှတ်ပြီး ယုံကြည် တယ်ဆိုရင် အဲဒီနိုင်ငံရေးခေါင်းဆောင်များနဲ့ မဆွေးနွေး မဖြေရှင်းနိုင်စရာအကြောင်းကိုမရှိဘူး။ အဲဒီတော့ ပြည်မပြဿနာ ပြည်မနိုင်ငံရေးခေါင်းဆောင်များနဲ့ ပြန်သုံးသပ်ပြီးဆွေးနွေးကြပြီး ပြည်တွင်းပြဿနာကို ထိပ်ပြီး တော့ အဖြေတစ်ခုရအောင် ဆွေးနွေးရမယ် ဒီဒုတိယပြဿနာကြီးကို။ ကျွန်တော်ထင်တယ် အောင်မြင်ပါ လိမ့်မယ်။


မေး ။ ။ အဲဒီတော့ ဆရာ နောက်ဆုံးမေးခွန်းလေးတစ်ခုအနေနဲ့၊ နောက်ဆုံးသုံးသပ်ချက်လေးပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲက တိုင်းပြည်ရဲ့တကယ့်ပြဿနာ၊ အမြစ် တွယ်နေတဲ့ပြဿနာကို ဆွဲနှုတ်နိုင်တဲ့အစလို့ ပြောလို့ရမလား။ နောက်တစ်ခုက နောက်ထပ်ကြီးမားတဲ့ တိုက်ပွဲ ကြီးတွေမြင်ရမလားဆိုတဲ့ လူထုရဲ့စိုးရိမ်မှုပေါ့။ အဲဒါကို သုံးသပ်ပေးပါအုံး။ ဆိုလိုတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူဖိတ်တယ်၊ မလာဘူး။ မလာတော့ နောက်ဆက်တွဲက ဘာဖြစ်လဲဆိုတော့ တိုက်စေချင်တဲ့ လူတန်းစားတစ်ခုရှိသလို၊ တိုက်ပွဲတွေဖြစ်မှာ ကြောက်တဲ့လူတန်းစား တစ်စုရှိတယ်။ အဲဒါကြောင့် အမြစ်တွယ် နေတဲ့ နိုင်ငံရေးပြဿနာကို ဆွဲနှုတ်လို့ရနိုင်တဲ့ အစလို့ ပြောလို့ရမလား၊ ဘယ်လိုပြောချင်လဲ။
ဖြေ ။ ။ ကျွန်တော့်အသက်အရွယ်၊ ကျွန်တော့်အတွေ့အကြုံနဲ့ ကျွန်တော်ဉာဏ်မှီသလောက်သုံးသပ်ရရင် အခုက Turning point ဗျ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့လုပ်ငန်းမအောင်မြင်ဘူးဆိုရင် အလွန်တရာဆိုးတဲ့အခြေအနေတစ်ခုကို ရောက်ကိုရောက်သွားမယ်။ အဲဒီလို Turning point ပေါ့ဗျာ။ အလှည့် အပြောင်းတစ်ခုရဲ့နောက်ဆုံးနေရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်မိလျက်သားဖြစ်နေတယ်။ ခုနက ဘာဖြစ်မလဲဆိုတာလေ အဲဒီဘက်သွားရင်ဖြစ်မယ်၊ ဒီဘက်သွားရင် အိုကေ သွားမယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သွားချင်တဲ့ဘက်ကိုသွားအောင် ကျွန်တော်တို့က တွန်းနေရတာ။ သူမသွားလိုတဲ့ဘက်ကို နိုင်ငံလှည့်သွားခဲ့မယ်ဆိုရင် ဒီပြည်တွင်းစစ်သံသရာ (၇၅) နှစ်က နောက် (၇၅) နှစ်နဲ့မရပ်တော့ဘူး။ မြန်မာနိုင်ငံ လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားမယ့်အနေအထားရှိတယ်။ အဲဒါကြောင့်မလို့ scenario သုံးခုမှာ နောက်ဆုံး scenario ဖြစ်တဲ့ အစိတ်စိတ်အမွှာမွှာဆိုတာလေးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လှည့်တဲ့ဘက်နဲ့ဆိုင် တယ်။ ဒီကာလမှာ ခုနကပြောသလို နံပါတ်တစ် ကျွန်တော်မြင်ခဲ့တဲ့ scenario အတိုင်းသာသွားမယ်ဆိုရင် နောက်ဆုံးကျွန်တော်မြင်တဲ့ scenario အတိုင်း ဖြစ်လာတော့မယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဖျက်မယ်၊ တစ်ပါတီ အာဏာရှင် ဦးနေဝင်းခေတ်ကလို ပြန်သွားမယ်။ တပ်မတော်ကို အာဏာပြန်အပ်နှင်းစေလိုတဲ့ (Hard liner) များဘက်က နိုင်သွားတယ်ဆိုရင် အလွန်တရာ ကြီးမားတဲ့ချောက်ကိုကျမယ်။ ပြည်ထောင်စုပြိုကွဲသွားလိမ့်မယ်။ အဲဒါ Over Confidence ပဲ။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းများကလည်း အင်အား အလွန်အကျွံ စုလာလိမ့်မယ်။ နိုင်ငံတကာပူးပေါင်းမှု၊ နိုင်ငံတကာအကူအညီနဲ့ အများကြီးတည်ဆောက်တော့ မယ်။ မြန်မာ့တပ်မတော်ဘက်ကလည်း မရရအောင် ဒီဟာပဲ၊ တစ်ပါတီပဲ၊ ပြည်နယ်နှင့်တိုင်း (၁၄) ခုနဲ့ပဲသွားမယ်၊ နဂိုအတိုင်းပဲသွားမယ်၊ တို့ပဲမှန်တယ်၊ ဒီအတိုင်းပဲသွားမယ်ဆိုရင် နောက်ဆုံး scenario ရောက်လာမယ်။ အဲဒီလိုရောက်ဖို့အတွက် Turning point မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရပ်မိလျက်သား၊ ကာကွယ်ရေးဦးစီးချုပ်တာဝန်နဲ့၊ လက်ရှိ SAC ဥက္ကဋ္ဌတာဝန်နဲ့ ရှိတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က အများကြီးဆင်ခြင်တယ်။ ချောက်ထဲကိုကျသွားစေနိုင်တဲ့ အနေအထားလည်း သူ့မှာရှိ တယ်။ နတ်ပြည်ကို သွားနိုင်တဲ့လမ်းကြောင်းပေါ့ဗျာ။ အကောင်းဆုံးလမ်းကြောင်းကို သွားနိုင်တဲ့ အလွန်တရာ အေးငြိမ်းချမ်းသာပြီးမှ ပဋိပက္ခမေ့တဲ့၊ ဖွံ့ဖြိုးမှုရှိနိုင်တဲ့ပြည်ထောင်စုကြီးဘက်ကို သွားနိုင်တဲ့အင်အား အနေအထား၊ လမ်းကြောင်းပြောင်းနိုင်တဲ့အနေအထားလည်း သူ့မှာရှိတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လိုသွားအောင် ကျွန်တော်တို့လုပ်ကြမှာလဲ။ အဲဒီတော့ ကျွန်တော် ထင်ပါတယ်၊ လက်ရှိ အနေအထား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးတည်းအပေါ်မှာရှိနေတယ်။ သူ့ထက်မာတဲ့ ပုဂ္ဂိုလ် တစ်ယောက် သူ့နေရာကိုအစားထိုးမယ်၊ သမိုင်းအရဆိုရင်လည်း သမိုင်းသည် ကျွန်တော်ပြောတဲ့သမိုင်း ရောက်သွားမယ်။ အဲဒီတော့ အပျော့ပြောင်းဆုံးနဲ့ ငြိမ်းချမ်းမှုအလိုလားဆုံးနဲ့ ခုနကလို လွတ်လပ်ရေးအရသာကို (၇၅) နှစ်လောက်ရှိပြီ လွတ်လပ်ရေးအရသာကို တိုင်းသူပြည်သားအားလုံး ဆူကြုံနိမ့်မြင့် တိုင်းရင်းသားပြည်သူ အားလုံး ခံစားစေလိုအောင် ပျော့ပျော့ပြောင်းပြောင်း ဒီဘက်ကိုဦးတည်နေတဲ့ကာလ အဲဒီဦးတည်နိုင်အောင် သွားတဲ့ခေါင်းဆောင်တစ်ယောက်ရှိတဲ့ကာလမှာ အသုံးမချတတ်ဘူးဆိုရင်၊ နှစ်ဖက်ညှိနှိုင်း မယူနိုင်ခဲ့ဘူးဆိုရင် ပြည်ထောင်စုဟာ ချောက်ကြီးထဲကို ထပ်ကျမှာပဲ။ ဦးနေဝင်းပြောခဲ့သလို ချောက်ဟုတ်၊ မဟုတ်တော့ မသိဘူး။ ဒါပေမယ့် အဲဒီဟာကြောင့်ပဲ ကျွန်တော်တို့ စီးပွားရေးပြိုလဲတယ်၊ နိုင်ငံရေးထဲမှာ စစ်အလွန်အကျွံပါဝင်နေတယ်။ အဲဒါကြောင့် (warlord) တွေပေါ်လာတယ်။ သူတစ်လူငါတစ်မင်း သေနတ်ရှိမှ အရာရောက်တယ်ဖြစ်လာ တယ်။ နိုင်ငံရေးပြဿနာကို သေနတ်နဲ့ပဲဖြေရှင်းမှဖြစ်မယ်။ ပျော့ပျော့ပြောင်းပြောင်းနဲ့ညှိနှိုင်းပြီး ဆွေးနွေးလို့ရတဲ့ အရာမဟုတ်ဘူး။ Myth is right လို့ ကြွေးကြော်မယ်။ တို့လည်း အဲဒီလိုမျိုးကြွေးကြော်မယ်လို့ အင်အားပြိုင်ပြိုင်လာရင်းနဲ့ Warlord တွေ ဖြစ်လာတာပေါ့။ ဆိုတော့ ဒီနေရာလေးက စွန့်လွှတ်ဖို့ခက်ခဲလာတဲ့၊ ဘဝကဖန်တီးလာတဲ့ ခုနကလို ခံစားမှုတွေ ဖြစ်လာတယ်။ ဒီရာထူးလေးကို စွန့်ရမှာခက်လာတယ်၊ ဒီအရသာ လေးကိုဖြစ်လာတဲ့အခါမှာ ပြေလည်မှုထက် ကိုယ့်ဘက်သူ့ဘက်ကို လွန်ဆွဲကြတာပေါ့။ အာဏာရယူဖူးတဲ့ စစ်တပ်က လူကြီးတွေလည်း အာဏာပဲဆက်လိုချင်မှာပေါ့။ အရင်တုန်းက တပ်မတော်က တိုင်းမှူးတစ်ဦးရဲ့ပါဝါ၊ လုပ်ပိုင်ခွင့် ဟုတ်တယ်မလား၊ နယက၊ နဝတလက်ထက်က ပြန်ကြည့်လေ။ ဦးသိန်းစိန်ဘက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က ပြောင်းလိုက်တဲ့အခါကျတော့ ပါဝါက ဝန်ကြီးချုပ်လက်ထဲရောက်သွားတော့ ဗိုလ်မှူးကြီးတစ်ယောက်က ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပေါ့ဗျာ။ တိုင်းမှူးက သူ့ရဲ့နောက်ကိုရောက်သွားတဲ့ကာလ လေးမှာ ခင်ဗျားတို့အနေအထားလေးပြန်ကြည့်ပေါ့။ ဒီအရသာရဲ့အနေအထား၊ အဲဒီတော့ သူနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီအရသာကို ခံစားလိုစိတ်ရှိ၊ မရှိ ပုထုဇဉ်သားတွေ ပြန်သုံးသပ်ပေါ့။ ဒီဘက်က လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာလည်း အကြီးဆုံးဆိုတဲ့မျိုးဆက်တစ်ဆက်ရဲ့ သားသမီးတွေ ဘယ်မှာနေကြသလဲ။ အစဉ် အလာပြန်ကြည့်ရင် ဒီဟာကြီးမှာ မက်ပြီး၊ ပျော်လာကြတာပေါ့။ ဒါပေမဲ့ အန္တိမရည်မှန်းချက်သည်ဘာလဲ။ လက်နက်ကိုင်တော်လှန်ရေးရဲ့ရည်မှန်းချက်သည် ကိုယ့်လူမျိုး ကိုယ့်ဒေသ၊ ကိုယ်တို့လိုချင်တဲ့အခွင့်အရေးရ အောင် နိုင်ငံရေးအရတောင်းဆိုဖို့ မတတ်သာလို့ လက်နက်ကိုင်ရတာ။ အဲဒီပင်မရည်မှန်းချက်၊ အန္တိမ ရည်မှန်းချက်က တစ်ခါတစ်ခါ ဝေ့လည်ကြောင်ပတ် ပျောက်ပျောက်သွားတာပေါ့။ အဲဒီရည်မှန်းချက်ကို နှစ်ဖက် ကလည်း ပြန်သုံးသပ်ရမှာပေါ့။ တို့တပ်မတော် ဘယ်လိုကြောင့်ပေါ်လာရသလဲ။ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ နိုင်ငံတကာကလာတဲ့ ပြည်ပရန်ကိုကာကွယ်ဖို့အတွက် လက်နက်ကိုင်ရတယ်။ လက်နက်ကိုင်ပြီး တပ်ထဲမှာ အသက်စွန့်တဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာတယ်။ အဲဒီကနေ နိုင်ငံရေးနွံထဲမှာ ကျွံလာတဲ့အခါမှာ လူထုရဲ့အမုန်းတရားကိုရလာတယ်။ ဒါကပဲ ဖန်တီးတာ။ အဲဒီအမုန်းတရားကနေ မေတ္တာတို့၊ အချစ်တို့ပြန်ရဖို့အတွက် အဲဒီနွံကနေ ပြန်ပြီးတော့ သန့်သန့်စင်စင်လေး နောက်ကိုဆုတ်နိုင်တဲ့ အခြေအနေနဲ့ အနေအထားရှိသလား။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်ကိုဆုတ်နေတာ။ လူထုရဲ့ အမုန်းတရားကို ခံနေရတဲ့ တပ်မတော်ကိုပြန်ပြီး လူထုချစ်လာအောင်၊ ပဋိအက္ခကြားထဲကိုရောက်နေတဲ့ မြန်မာ့ တပ်မတော်ရဲ့ လက်နက်ကိုင်ပဋိပက္ခအကုန်လုံးကို နောက်ကိုရောက်ပြီးမှ လူထုကြိုက်တဲ့၊ အားလုံးပြည်ထောင်စုကို ကာကွယ်တဲ့တပ်မတော်တစ်ခုဖြစ်အောင် (warlord) တွေမဖြစ်အောင် သူ့ဘက်ကရည်မှန်းချက်က ကြီးတယ်။ အဲဒါကြောင့်လည်း သူ့ဘက်က အစီအစဉ်လေးတွေကိုကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံ (၂ဝဝ၈) ကို ကျော်ပြီးသူ စဉ်းစားပြီးပြီ။ NCA ဟာ (၆) နှစ်ကျော်ပြီ ဘာမှရလဒ်ဖြစ်မထွက်ဘူး၊ ဒီအတိုင်းသွားရင် နောက်နှစ် (၂ဝ)၊ (၃ဝ) နဲ့ တို့ပြဿနာကိုမဖြေရှင်းနိုင်ဘူး။ ငါတို့အသက်က အကန့်အသတ်ရှိတယ်။ အဲဒီတော့ တို့အသက်နဲ့တို့တာဝန်ရှိတဲ့ကာလမှာ ဒီပြဿနာကိုရပ်မှ လွတ်လပ်ရေးအရသာကို ခံစားနိုင်မယ့်အခွင့်အရေး အဲဒါကို ငါတို့ပေးနိုင်မယ်ဆိုတဲ့ဒီအခွင့်အရေးနဲ့ အခွင့်အလမ်းကို သူကပေးချင်တယ်။ သမိုင်းဝင်ချင်တယ်။ ဒီစစ်ကိုရပ်စဲစေတဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ချင်တယ်။ အဲဒါ သူ့ရဲ့ဆန္ဒ၊ သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အခါမှာ ဒီနွံထဲက နှစ်ခုလုံး နောက်ကိုဆုတ်စေချင်တယ်။ လက်နက်ကိုင်တဲ့ (warload) တွေ နောက်ကိုဆုတ်၊ ဒါသည် နိုင်ငံရေးရည်မှန်းချက်ပဲ။ နွံထဲကိုနစ်နေတဲ့ တပ်မတော်ရဲ့အနေအထားက နောက်ကိုဆုတ်၊ အဲဒီလိုနဲ့ဖြေရှင်း နိုင်ကြရင် ပြေလည်မယ်လို့ ထင်တယ်ဗျ။ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာပါ။ အမှန်အတိုင်း ပြောသင့်ပြော ထိုက်တဲ့ကာလမို့လို့ မြင်သင့်၊ မြင်ထိုက်တဲ့သူတွေမြင်အောင်ပါ။ ဆန္ဒကြောင့်ပြောတာမဟုတ်ဘူး။ မပြောခဲ့ရင် သမိုင်းတာဝန် မကျေမှာစိုးလို့ တပ်မတော်ကလည်း ကျွန်တော်ပြောရင်မုန်းမှာပဲ။ တချို့ကတပ်မတော်ကို ဆက်ပြီးအာဏာယူ စေချင်တဲ့အင်အားစုက မုန်းမှာပဲ။ ဒါပေမဲ့ တပ်မတော်ကိုချစ်ပြီးမှ နိုင်ငံရေးနွံကနေ နောက်ကိုဆုတ်ဖို့သင့်ပြီ၊ အသက်သွေးချွေးတွေ မပေးသင့်တော့ဘူး၊ အချင်းချင်းပဋိပက္ခမှာ။ ပြည်ပရန်ကိုကာကွယ်ဖို့အတွက် တို့တပ်မတော်ဟာ စုပေါင်းပြီးမှ ပြည်ထောင်စုတပ်မတော်ဖြစ်သင့်တဲ့ကာလ ကိုရောက်ပြီလို့ သတ်မှတ်တဲ့အင်အားစု၊ တပ်မတော်သားတွေကတော့ ချစ်မှာပဲ။ လက်နက်ကိုင်လည်း ဒီလိုပဲထင်ပါတယ်။ PDF ကို ပြောတာလည်း PDF ဘက်က ကျွန်တော့်ကိုလည်း ရန်ရှာနေပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောတာပါ။ အပစ်မဲ့ပြည်သူတွေရဲ့အသက်ကို နှစ်ဖက်ကဆင်ခြင်ဖို့လိုပါတယ်။ အချင်းချင်းပဋိပက္ခချုပ်ငြိမ်းမှ တို့တွေဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ကိုလည်း စော်ကားတာမဟုတ်ပါဘူး၊ အစ္စလန်ဘာသာကိုလည်း စော်ကား တာမဟုတ်ပါဘူး။ ဘာသာတိုင်းမှာ မေတ္တာရှိတယ်ဗျ။ Innocence People တွေ ကြားကခံနေရသူ ဖြစ်မနေဖို့ လိုတယ်။ ဝါဒကြောင့် ဆိုရင် ဝါဒကြောင့်တိုက်၊ ဦးတည်ချက်ကိုဆိုရင် ဦးတည်ချက်၊ လက်နက်ကိုင်တဲ့အချင်းချင်း တိုက်တာက မပြောလိုပါဘူး။ ဒါပေမယ့် လက်နက်မဲ့တဲ့ပြည်သူကို လက်နက်ရှိတဲ့လူထုက၊ အဖွဲ့အစည်းကနေ ဥစ္စာပစ္စည်းကို သိမ်းတာတို့၊ မီးရှို့တာတို့၊ ဓားပြတိုက်တာတို့၊ လုတာတို့၊ သတ်တာတို့ဆိုတာ မလုပ်သင့်ဘူး။ ရည်မှန်းချက်ကြီးနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတိုင်းမှာ Change of command ရှိအပ်တယ်။ ရည်မှန်းချက်ရှိအပ်တယ်။ အပြစ်မဲ့ ပြည်သူများကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ၊ သူတို့မှာလည်း Ethic တွေရှိပါတယ်။ Ethic ကို စောင့်ထိန်းကြပါ။ မေတ္တာရပ်ခံလိုပါတယ်။


မေး ။ ။ မြန်မာတွေရဲ့ထုံးစံအတိုင်းပေါ့။ ရသင့်တာထက်ပိုပြီးတော့ အဆစ်‌တောင်းတတ်တဲ့အကျင့်လေး အတိုင်း ဆရာ့ဆီကကျွန်တော် အဆစ်တောင်းပါဦးမယ် မေးခွန်းလေးတစ်ခုလောက်ပေ့ါ။ အဲဒါဘာလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမိုင်းတွင်ခွင့်၊ သမိုင်းဝင်မှတ်တမ်းကို ရေးထိုးနိုင်ခွင့်က သူ့လက်ထဲမှာရှိ တယ်ဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမိုင်းမှာအကြီးမားဆုံးခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ့် အခြေအနေကြီးကို မမြင်ချင်တဲ့လူတန်းစားတစ်ခုလည်း ရှိနိုင်တာပဲ။ အဲဒီတော့ ရှိနိုင်ခြေရှိလားပေါ့။ နောက်တစ်ခုက လူထုကရော ဒီအချိန်မှာ အားပေးသင့်တာနဲ့ အားမပေးသင့်တာကို ခွဲပြီးတော့ တိတိကျကျ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့လိုပြီလို့ ပြောလို့ရလား၊ ဘယ်လိုပြောချင်လဲ။
ဖြေ ။ ။ အဲဒါပေါ့။ ကျွန်တော်လွတ်လာပြီးတော့ ပြောတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေအထား ကို သုံးသပ်တာပေါ့။ ပြီးမှ ကျွန်တော်ပြောတယ်။ အဲဒီတုန်းက ၆ဝ ကျော်ပေါ့။ ဒီပြည်တွင်းစစ်ကြီးကို ရပ်စဲနိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်တစ်ဦး။ ဘယ်သူမှ မရပ်နိုင်ဘူးနော်။ အဲဒီတော့ (၇၅) နှစ်လောက်နီးပါး ဖြစ်လာတဲ့ လွတ်လပ်ရေးကြီးကို ဒီလောက်ထိဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးကို၊ ကမ္ဘာမှာ အကြီးဆုံးစစ်ပဲဗျ။ ခင်ဗျားကြည့် ပထမကမ္ဘာ၊ ဒုတိယကမ္ဘာစစ်ပြန်ကြည့် ဘယ်လောက်မှမကြာဘူးလေ။ အဲဒီတော့ ဒီ‌လောက်ရှည်တဲ့ စစ်ကြီးကို ရပ်နိုင်အောင်လုပ်နိုင်ရင် ဘာလို့နိုဘယ်လ်ဆုကို တခြားလူတွေပေးတော့မှာလဲဗျ။ အဲဒီလို ကျွန်တော်ပြောတော့ ကျွန်တော့်ကိုဆဲကြတာပေါ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပေးတယ်။ ဘာကိုရပ်စဲစေခဲ့လို့ပေးတာလဲ။ မဟုတ်ဘူးလား။ ကျွန်တော်တို့ကြားပါတယ်။ အဲဒါကြောင့်လည်း ရုရှားကြီးပြိုတာပေါ့။ ဂေါ့ဘာချော့ဗ်ကို ပေးတယ်။ ထားပါတော့ (Cold war) ကို အဆင်ပြေအောင် လုပ်ကြတာကို။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ကာကွယ်ရေးဦးစီးချုပ် ဆိုတာမျိုးက အများအမြင်မှာ တမျိုးလေ။ အရင်ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တပ်မတော်ရဲ့ဝင်ရောက်မှုနဲ့ အာဏာသိမ်းမှုကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် တမျိုးမြင်ကြမှာပေါ့။ ဒါကတော့ မြင်ရိုးမြင်စဉ်ပါ။ ဒါပေမဲ့ သေသေချာချာခွဲခြမ်းစိတ်ဖြာပြီးမြင်ကြည့်မယ်ဆိုရင် သူဟာ Turning point ကိုရောက်နေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ပဲဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေးကို ဦးဆောင်နေရသူ၊ သူ့ရဲ့ကာလမှာ ပြည်တွင်းပြိုကွဲမှုလည်းဖြစ်တယ်။ လက်နက်ကိုင်ပဋိပက္ခ အမြင့်ဆုံးအခြေအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာ ပဋိပက္ခကြားထဲကိုလည်း ရောက်နေတယ်။ ဘယ်သွားမှာလဲ။ ဆို‌တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီစစ်ကိုရပ်စဲအောင်လုပ် နိုင်တဲ့အနေအထား ရှိ၊မရှိ လူထုက အမှန်သုံးသပ်ဖို့လိုတယ်။ လက်တွေ့ကျကျ ကျွန်တော်တို့ သုံးသပ်ဖို့လိုတာ ပေါ့။ နောက်မှ မသုံးသပ်နဲ့လေ။ နောင်မှနောင် ဖြစ်ချင်မှဖြစ်မယ်။ နောင်ဆိုတာမျိုးက ကျွန်တော်တို့ ပြောလို့မရ ဘူး။ လက်ရှိအနေအထားကို မှန်မှန်ကန်ကန်သုံးသပ်ဖို့ လိုတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ဘက်က သုံးသပ်တာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းမှုကိုအလုပ်နိုင်ဆုံး ပါဝါ၊ နေရာမှာ သူရောက်နေ တယ်။ အဲဒါကို သူအကျိုးရှိရှိ အသုံးချတတ်ဖို့၊ အသုံးပြုတတ်ဖို့ လိုတယ်။ အသုံးပြုရင် ပြည်တွင်စစ်ရပ်မယ်။ အဲဒီတော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုလို့ ကျွန်တော်တို့ ပြောခဲ့ဖူးတယ်။ ဒီနှစ်ပေါင်းများစွာ ရှည်ကြာလာတဲ့ ပြည်တွင်းစစ်ကို ရပ်စဲအောင် ဦးဆောင်လမ်းညွှန်ပြီးမှ ကိုယ်တိုင်ပြုကျင့်တဲ့ခေါင်းဆောင်၊ ကာကွယ်ရေးဦးစီးချုပ် ရှားတယ်။ ဒါ သမိုင်းတွင်သွားပြီ။ အဲဒီသမိုင်းကို သူ အကျိုးရှိရှိ သမိုင်းမှတ်တမ်းတင်အောင် ကြိုးစားရမယ်။ ကြိုးစားပါလို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ အဲဒီတော့ လူထုအမြင်ဘယ်လိုရှိမှာလဲ။ လူထုကတော့ Database ကို သိချင်မှသိမယ်လေ။ မြန်မာ့နိုင်ငံရေးမှာ တွေ့နေကြတာပဲလေ၊ ထေရဝါဒဗုဒ္ဓဘာသာ၊ ငါးပါးသီလ ဆောက်တည်ကြတယ်။ နောက် သတ်ကြဖြတ်ကြတယ်။ ဟိုတလောကတောင် ထမီတန်းတွေကို ဘာညာလုပ်ကြတယ်။ ဘုန်းကြီးတွေကို ဘာညာလုပ်တာမျိုးတွေ ကျွန်တော်တို့ စိတ်မကောင်းဖြစ်တာပေါ့။ ဗုဒ္ဓဘာသာလို့ ကြွေးကြော်နေတဲ့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ တခြားနိုင်ငံတွေက၊ ယဉ်ကျေးမှုရောယှက်တဲ့ကမ္ဘာက မြင်တဲ့အခါမှာ အလွန်တရာမှ ယဉ်ကျေးမှုနဲ့ အောက်တန်း၊ နောက်တန်းကျတဲ့ လူမျိုးတွေဖြစ်အောင် ဖန်တီးမိလျက်သား ဖြစ်နေတယ်။ ဒါကတော့ Database ကို အခြေမခံလို့ပါ။ သေသေချာချာသုံးသပ်ပြီးမှ၊ အခြေခံခိုင်ခိုင်မာမာနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဒီလိုပဲမြင်သင့်တယ်။ မြင်စေချင်တယ်ပေါ့။ မြင်အောင်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင်ဘက်က ပြန်ပြီးတော့ ကြိုးစားတည်ဆောက်ရမှာပေါ့။ အဲဒီတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကတော့ ဆက်သွားမလား၊ လမ်းဆုံ လမ်းခွကို ရောက်နေပြီ။ ဒီလမ်းသွားရင် ပြိုကျသွားမယ်၊ ပြိုလဲသွားမယ်။ ဒီလမ်းသွားရင် ပြန်တည်ငြိမ် မယ်။ ဘယ်လမ်း‌ရွေးမလဲ၊ အဲဒီရွေးရမယ့်လူထုရဲ့ ရွေးရမယ့် အနေအထားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်မိလျက်သားဖြစ်နေတယ်။ အဲဒီတော့ ဘာအရေးကြီးလဲဆိုတော့ မြန်မာ့နိုင်ငံရေးမှာ တည်ငြိမ်ဖို့ အရေးကြီး တယ်ဗျ။ အဲဒီတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ဘက်က နောင်လာမယ့် ကာလ (၅) နှစ်ကို တည်ငြိမ်အောင် ကြိုစားရမယ်။ အခု ခင်ဗျားတို့တွေ့မှာပေါ့ PR တို့ ဘာတို့ပေါ့။ နိုင်ငံရေးအခင်းအကျင်း အကုန်လုံးသည် သူနေတဲ့ကာလ (၂) နှစ်လောက်နဲ့ မရဘူး။ (၂) နှစ်အလွန် (၅) နှစ်ကာလ နိုင်ငံရေးအခင်းအကျင်းကို တည်ငြိမ်စေဖို့အတွက် အခုကတည်းက သူကြိုးစားရမယ်။ ဥပမာ ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကိုလည်း ကြားကာလမှာ ဖန်တီးနိုင်မယ်။ ဒါပေမဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ နောက် (၅) နှစ်ကို သွားရဦးမှာ။ အဲဒီ (၅) နှစ်ဆိုတဲ့ကာလမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်လိုက်မှာ လား၊ နောက် (၅) နှစ်အလွန်မှာ ကျင့်သုံးပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီကာလတိုလေးမှာ ကျွန်တော်တို့အခြေပြုပြီး ခိုင်ခိုင်မာမာဆွဲပြီးမှ ပြဋ္ဌာန်းနိုင်မှာလား။ Referendum လုပ်နိုင်မှာလား။ ဒါက လာမယ့် (၅) နှစ် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လက်ရှိ (၂) နှစ်တာကာလ SAC နဲ့ ဆက်စပ်တယ်။ အဲဒီတော့ ဒီကာလ မတည်မငြိမ်ဖြစ်နေတယ်။ အဲဒီတော့ ခေါင်းဆောင်ဆိုတဲ့နေရာကို ဝိုးတိုးဝါးတားပေါ့ဗျာ။ SAC ကပဲ ဦးဆောင်သလား၊ NUG ကပဲ ဦးဆောင်သလား၊ NUG ကိုမျှော်နေတဲ့ အင်အားစုလည်း ရှိမှာပဲ။ SAC သာလျှင် မြေပြင်ရော၊ နိုင်ငံတကာနယ်ပယ်ရော၊ ပွင့်ပွင့်လင်းလင်းပြောရင် ဥပဒေပိုင်း မဏ္ဍိုင်ကြီးသုံးရပ်လုံးကို ကွပ်ကဲအုပ်ချုပ်နေတဲ့ တကယ့်တရားဝင်အစိုးရဖြစ်တယ်ဆိုတာကတော့ နိုင်ငံရေးသမားတွေက လက်ခံတယ်။ ဘာလို့ဆိုရင် မြေပြင်ကိုထိန်းထားတယ်။ အာဏာကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုမှုနဲ့ အုပ်ချုပ်မှု၊ တရားစီရင်မှု သုံးခု လုံးကို သူ့ရဲ့၊ နိုင်ငံတော်အကြီးအကဲရဲ့ အောက်မှာရှိတယ်။ NUG က အဲဒီလိုမျိုးမရှိဘူး။ အဲဒီနေရာကို အစားသွင်းဖို့အတွက် နိုင်ငံတကာနဲ့ ကြိုးစားနေဆဲသာဖြစ်တယ်။ အောင်မြင်တာ မအောင်မြင်တာက သမိုင်းအရဆိုရင် NCGUB တုန်းက ပြိုလဲသွားတယ်။ NUG ဘယ်လိုအောင်နိုင်မှာလဲ ကျွန်တော်တို့ မပြောနိုင်ဘူး။ အောင်မြင်ဖို့ရာခိုင်နှုန်းက နည်းသည်များသည်က သူတို့ရဲ့လက်ရှိ လုပ်ဆောင်ခြင်း အနေအထား အရွေ့နဲ့ဆိုင်တယ်။ အဲဒီတော့ NUG ရွေ့တယ်။ Charter နဲ့ ရွေ့တယ်။ ရွေ့မလားရွှေ့တယ်။ မ‌ရွေ့ဘူး။ နောက် ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခုကိုကြေညာတယ်။ ထောင် (၁၄) ထောင်နဲ့ လုပ်တယ်။ တိုင်းရင်းသား‌တွေက လက်မခံဘူးဖြစ်နေတယ်။ ဗမာတစ်ယူနစ်ကို မယူရဲဘူး။ အဲဒီတော့ SAC ဥက္ကဋ္ဌရွှေ့တယ်။ အရွှေ့ကြီးရွှေ့တယ်။ ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်တယ်။ ပြည်ထောင်စုနေ့မှာတွေ့ဖို့ ကနဦး လုပ်တယ်။ လူတိုင်းမတက်နိုင်တဲ့ အခါကျတော့ ထိပ်သီးတွေ့ဆုံမှုတွေလုပ်တယ်။ သူ့ဘက်က ပြန်ကြည့်ရင် ပြင်ဆင်မှုရှိလာတယ်။ ခုနက Roadmap ငြိမ်းချမ်းရေး Roadmap၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ Roadmap၊ ပြည်ထောင်စုကို ဘယ်လိုသွားမလဲ။ တပ်ကို ဘယ်လိုနောက်ပြန်ဆုတ်မလဲ၊ EAO တွေ ဘယ်လိုနောက်ဆုတ်၊ ဒီလိုလုပ်မယ်ဆိုတဲ့ အစီအစဉ်အားလုံးက သူ့ဆီမှာ ရှိနေနိုင်တယ်။ အဲဒီဟာလေးကို ချပြခဲ့ရင် လူထုသည် လက်တွေ့လုပ်ပြနိုင်တဲ့ ပုဂ္ဂိုလ်ဘက်ကိုပဲ ယိမ်းရမှာပေါ့။ လက်တွေ့ သူသည် ရွှေ့နိုင်တယ်၊ မရွှေ့နိုင်ဘူးကို သုံးသပ်ရမှာပဲ။ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် လက်ရှိနိုင်ငံရေး အနေအထားကို ရွှေ့နိုင်တဲ့ Key နေရာမှာ ရှိ၊ မရှိ။ ကျွန်တော်တို့ကတော့ Key နေရာမှာရှိတယ်လို့ သုံးသပ်တယ်။ အဲဒါကြောင့် သူရွှေ့နိုင်တယ်။ ဒါပေမယ့် Key နေရာမှာ NUG ထိုင်နေသလား။ အဲဒါဆို NUG ရွှေ့ရမယ်လေ။ NUG သည် Key နေရာမှာ မထိုင်တဲ့အတွက် သူသည် ရွှေ့နိုင်တဲ့ဇာတ်ကောင်မဟုတ်ဘူး။ အဲဒီတော့ ရွှေ့နိုင်တဲ့ဇာတ်ကောင်ကို ဆွေးနွေးညှိနှိုင်းပြီးမှ ပြည်ထောင်စုပြဿနာကို ဖြေရှင်းနိုင်တဲ့အနေအထားဖြစ်အောင် ခုနက ယုံကြည်မှုနဲ့ သူ့ရဲ့သည်းခံ နောက်ဆုတ်နိုင်မှု နိုင်ငံရေးအ‌ပေးကို ရအောင်ယူနိုင်ရမယ်။ အဲဒီတော့ ဒီ‌ရွှေ့ကို ရွှေ့နိုင်တဲ့ပုဂ္ဂိုလ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ၊ သူထိုင်တဲ့အနေအထားက သူသည် ပြည်တွင်းစစ်ကို ရပ်နိုင်တယ်။ အသွင်မတူတဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် သမိုင်းမှာတွင်ကျန်ရစ်ခဲ့မယ်။ အသွင်မတူတဲ့ အနေအထားနဲ့ တပ်ကို နိုင်ငံရေးနွံထဲကနေ ဆုတ်နိုင်မယ်။ အမုန်းကနေ အချစ်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အရင်တုန်းက တပ်မတော်သားဘဝကို ပြန်လုပ်နိုင်တယ်။ Warlord လို့ သတ်မှတ်ထားတဲ့ စစ်လက်နက်ကိုင်တဲ့ အဖွဲ့အစည်းအားလုံးသည် မဟုတ်ဘူး၊ နိုင်ငံရေးအားဖြင့် တို့လက်နက်ကိုင်တာဆိုတဲ့ နောက်ကိုဆုတ်မှု။ ခင်ဗျားပြန်ကြည့် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ ပါတီရှိတယ်။ UWSA-UWSP ရှိတယ်။ ULA-AA နိုင်ငံရေး ပါတီတွေ အကုန်လုံးရှိတယ်။ မဟုတ်ဘူးလား၊ နိုင်ငံရေးပါတီ ဦးဆောင်မှုအခန်းကဏ္ဍ၊ လက်နက်ကိုင် တပ်မတော်။ အဲဒါမျိုးရှိတဲ့အခါမှာ နိုင်ငံရေးအရ သူတို့မှာရည်မှန်းချက် ကြီးတယ်‌ဗျ။ အဲဒီတော့ ကျွန်တော်ထင်ပါ တယ် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းသည် နိုင်ငံရေးရည်မှန်းချက်ကြောင့်သာ လက်နက်ကိုင်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူတို့မှာ Change of command ရှိတယ်။ အဲဒါကြောင့် ပြေလည်အောင်ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးရည်မှန်းချက်ရှိကြမယ်ဆိုရင် SAC သည်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ သည် လည်းကောင်း၊ မညှိနှိုင်းနိုင်စရာမရှိဘူး။ ပြည်ထောင်စုပြဿနာကို ညှိနှိုင်းပြီးမှ ရလဒ်ထွက်နိုင်တဲ့အထိ ဇစ်မြစ်ပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုရင် ဒီကနေ့ ကျွန်တော်တို့ပြောတဲ့ သား‌‌ရွှေအိုးထမ်းတာပေါ့ဗျာ။ ဘာဖြစ်မလဲဆိုရင် ခင်‌ဗျားကြည့်၊ လက်နက်ကိုင်လာတဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ တပ်မတော်ကလည်း နိုင်တာ ပဲ။ တော်လှန်ရေးအဖွဲ့အစည်းများကလည်း ဒီပြဿနာကိုဖြေရှင်းနိုင်မယ်၊ သွေးမြေမကျတော့ဘူးဆိုရင် နိုင်ငံရေးရည်မှန်းချက်ပြည့်အောင် ဆောင်ရွက်နိုင်ရင် သူလည်းနိုင်တာပဲ။ လူထုကလည်း ဒီဟာကြီးကိုပဲလိုချင်တာ၊ လူထုကလည်းနိုင်တာပဲ။ အဲဒီတော့ ၁၉၄၇ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးလာတဲ့ အဆင့်ဆင့်သော နိုင်ငံ‌ရဲ့ကွယ်လွန်သွားပြီးတဲ့ ခေါင်းဆောင်တွေအားလုံး သည်လည်းပဲ ပြည်ထောင်စုကို စတည်ဆောက်တဲ့အခါမှာ ခွင့်တူညီမျှဝါဒဖြူစင်တဲ့နိုင်ငံတော်ကို တည်ဆောက်မယ်။ ဗမာသည်လည်းပဲ အင်္ဂလိပ်လက်အောက်မှာ နေခဲ့ရတယ်။ တို့လွတ်လပ်ရေးရပြီးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေက တို့ဗမာတွေရဲ့ကျွန် မဖြစ်စေရဘူးလို့ ဗိုလ်ချုပ်က ကတိပြုတယ်။ ရှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ်ပဲတဲ့။ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့နိုင်ငံကို တည်ဆောက်ကြမယ်ဆိုတဲ့ အသက်ပေးသွားတဲ့ ခေါင်းဆောင်များအားလုံးသည် သူတို့ရဲ့ရည်မှန်းချက်သည်လည်း ပြည့်တယ်။ သူတို့လည်း နိုင်တာပဲ။ အဲဒီတော့ သမိုင်းအရ နိုင်လေးနိုင် ဖြစ်သွားအောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဘက်က ဦးဆောင်ပြီးမှ ဒီ Summit ကို အားလုံးဖိတ်ခေါ်နိုင်အောင် လုပ်ပြီးမှ ဒီလိုမျိုးအခင်းအကျင်းကို တည်ဆောက်နိုင်မယ်၊ အဖြေထုတ်နိုင်မယ်ဆိုရင် ကျွတော်တို့ မိဘပြည်သူ အားလုံးကလည်း ဝမ်းပန်းတသာနဲ့ ဒီအခင်းအကျင်းမှာ မလိုက်ပါနိုင်စရာ အကြောင်းမရှိဘူး။ အဲဒီတော့ ကျွန်တော်ထင်တယ်။ ဒီအလှည့်အပြောင်း၊ ဒီအကွေ့မှာ ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ မြန်မာနိုင်ငံအတွက် အနိုင်ယူစေချင်တယ်။ နိုင်ငံတော်အတွက် အနိုင်ယူစေချင်တယ်။ လက်နက်ကိုင်အဖွဲ့ အစည်း၊ တပ်မတော် အားလုံးအနိုင်ယူစေချင်တယ်။ နိုင်ငံရေးနွံထဲက အကုန်လုံး နောက်ကိုဆုတ်ပေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို လူထုမျှော်လင့်တဲ့ မျှော်လင့်ချက်ဖြစ်တယ်။ အဲဒီမျှော်လင့်ချက် မပျက်အောင် ဒီခေါင်းဆောင်တွေအားလုံးက လူထုကိုမျှော်လင့်ချက် ပြန်ပေးဖို့လိုတယ်။ နောက်ကိုဆုတ်ပါ။ ခိုင်မာတဲ့ဖွဲ့စည်း ပုံနဲ့ ခိုင်မာတဲ့ဝါဒနဲ့ ခိုင်မာတဲ့ပြည်ထောင်စုဖွဲ့စည်းပုံစနစ်၊ ဖက်ဒရယ်ဖွဲ့စည်းပုံစနစ်နဲ့ ဒီနိုင်ငံကို သွားမယ်ဆိုတာ ကြေညာပေးပါ အများသိအောင်။ အဲဒါဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ သံဃာထုကအစ မိဘပြည်သူ အားလုံး၊ ကျွန်တော်တို့ တိုင်းရင်းသားဒေသ အားလုံးက ဝမ်းပန်းတသာနဲ့ ဒီပြည်ထောင်စု အကုန်လုံးကို အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေးသုံးပါးကို၊ ပြည်ထောင်စုမပြိုကွဲရေးကို အားလုံးဝိုင်းဝန်း အဖြေထုတ်ပြီးမှ တည်ဆောက်နိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းကို၊ ပြည်ထောင်စုသမိုင်းကို နှောင်းလူတွေ မှတ်တမ်း တင်ဖို့၊ အဲဒီနှောင်းလူတွေ မှတ်တမ်းတင်တာကို ခံရဖို့အတွက် အခုကတည်းက လက်တွေ့ကျင့်သုံး၊ ကျင့်ကြံကြဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။

ကျွန်တော် တော်တော်လည်း ပြောတော့ပြောလိုက်တယ်။ တချို့ဟာတွေက ပိုသွားလေ့မယ်။ ကိုကျော်မျိုးမင်း ကြည့်ကောင်းသလိုစီစဉ်ပါ။ တချို့ဟာ လက်ဟန်ခြေဟန်နဲ့ တင်းတင်းမာမာပြောတာမျိုးရှိမယ်။ ပြင်းပြင်း ထန်ထန် ပြောတာလည်း ရှိမယ်။ အဓိက ပြည်ထောင်စုကိုကောင်းစေလိုတဲ့ စေတနာပါ။ အဲဒီလိုပြောတဲ့အခါမှာ တချို့ Hard liner သမားတွေကလည်း သတ်ပြစ်ချင်လောက်အောင် ရှိမှာပဲ။ ဒါပေသိ ကျွန်တော်ခံရဲပါတယ်။ ပြည်ထောင်စုဟာ ဒီအချိန်ဒီကာလမှာ Turning point ကို ရောက်နေပြီ။ ကိုယ့်ဆန္ဒတို့၊ ကိုယ့်ရဲ့လောဘတို့ မာနတို့ကို သင်ပုန်းချေလိုက်ကြပါ။ နောက်မှာထားခဲ့လိုက်ကြပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့လမ်းကို ရွေးချယ်ကြပါ။


ဟုတ်ကဲ့ ဆရာ။ အခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကြည့်ရှု့တဲ့ပရိသတ် တွေလည်း အတွေးအခေါ်တစ်ခု ရလိမ့်မယ်လို့ ထင်ပါတယ်။ ‌ကျေးဇူးတင်ပါတယ်ဆရာ။

Zawgyi Version;
“အလွည့္အေျပာင္းတစ္ခုရဲ႕ေနာက္ဆုံးေနရာမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထိုင္မိလ်က္သားျဖစ္ေနတယ္”

NP News - ဇြန္ ၆
ေမးျမန္း - ေက်ာ္မ်ဳိးမင္း၊ ေရးသား - ရဲထက္

လက္ရွိျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအခင္းအက်င္း နဲ႔ နစကဥကၠ႒ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚေဆြးေႏြးေနမႈအေပၚ ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္ရဲ႕အျမင္ကို NP News ရဲ႕အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ဳိးမင္းက အခုလိုေတြ႕ဆံုေဆြးေႏြးထားပါတယ္။

ေမး ။ ။ ဆရာေရ မဂၤလာပါ။ ဧၿပီ (၂၂) ရက္ေန႔က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ ၿငိမ္ခ်မ္းေရးဖိတ္လိုက္မႈ အေပၚ တက္မယ့္အဖြဲ႔ေတြလည္း ထြက္လာၿပီ။ မတက္မယ့္အဖြဲ႔ေတြလည္း ထြက္လာၿပီဆိုေတာ့ ဆရာ့အေနနဲ႔ ဒါကိုၾကည့္ၿပီးေတာ့ ပထမဆံုးအေနနဲ႔ ဘာကိုစၿပီးေတာ့ စဥ္းစားမိတာရွိလဲ။
ေျဖ ။ ။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ဘက္ကို တစ္ေခါက္ၾကည့္၊ တိုင္းရင္သားလက္နက္ကိုင္ေတာ္လွန္ ေရးအဖြဲ႔အစည္းေတြဘက္ကို တစ္ေခါက္ၾကည့္ၿပီးမွ ဒီျဖစ္စဥ္ႀကီးကို ကြ်န္ေတာ္တို႔က ျပန္သံုးသပ္ၾကည့္ရမွာေပါ့။ အဲဒီေတာ့ ျမန္မာ့ႏိုင္ငံေရးအၾကပ္အတည္းက လက္ရွိအေနအထားကို သံုးသပ္တာပါ။ အခန္႔မသင့္ရင္ ၿပိဳကြဲႏိုင္ တဲ့အေနအထား၊ အဲဒီလိုအနည္းဆံုး ကာတိုေလးကိုေရာက္ေနၿပီ။ ဒါက ပထမဆံုး ျမန္မာ့ႏိုင္ငံေရးအခင္း အက်င္း လက္ရွိအေနအထားကိုသံုးသပ္တာေပါ့ေနာ္။ အခန္႔မသင့္ရင္ အခ်ိန္တိုအတြင္းမွာ ျမန္မာႏိုင္ငံ ၿပိဳကြဲ သြားႏိုင္တဲ့အေနအထားရွိတယ္လို႔ ကြ်န္ေတာ့္ဘက္က သံုးသပ္တယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံ ၿပိဳကြဲႏိုင္တဲ့အေန အထား ဟုတ္၊ မဟုတ္ကို ကြ်န္ေတာ္တို႔ျပန္သံုးသပ္ရမယ္။ ဒါက လက္ရွိအေနအထားေပါ့။ ႏွစ္ဖက္စလံုးက ဒါႀကီးကို ဘယ္လိုေရႊ႕ၾကမလဲဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕လက္ရွိ SAC ဥကၠ႒ႀကီးကလည္း သူ႔ရဲ႕ဒီကာလေလးမွာ ဒီလိုတစ္ခုေတာ့ ျဖစ္ႏိုင္တဲ့အေနအထားရွိတယ္ဆိုရင္ ဘယ္လိုမၿပိဳမပ်က္ေအာင္ ေရႊ႕မွာလဲဆိုတာကို သူကေတာ့ ေရႊ႕မွာေပါ့။ ဆိုေတာ့ ကြ်န္ေတာ္တို႔သံုးသပ္တာပါ။ အေၾကာင္းအရာတစ္ခု၊ ျဖစ္စဥ္တစ္ခုဆိုတာ ေနာက္ေၾကာင္း သမိုင္း နဲ႔ကိုခ်ီၿပီးမွ ေျခရာခံလာတဲ့အေနအထားရွိတာေပါ့။ လက္ရွိမွာ ဒီလို အေနအထားရွိတယ္ဆိုတာကို သံုးသပ္ရင္ ဘယ္လိုမ်ဳိး ကြ်န္ေတာ္တို႔က်ိဳးေၾကာင္းဆီေလ်ာ္စြာ ဒီလိုမ်ိဳး မျဖစ္ေအာင္ တားဆီးၾကမွာလဲဆိုတဲ့ အခ်က္တစ္ခ်က္ျဖစ္လာတာေပါ့။ အဲဒီေတာ့ ခုနက ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဘာေၾကာင့္ ဒီအေရြ႕ေလးကိုေရြ႕ေအာင္ စေရႊ႕ေနတာလဲ။ ဘာေၾကာင့္ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းေတြဘက္က လာသင့္တဲ့ပုဂၢဳိလ္ေတြက တခ်ိဳ႕လာၿပီးမွ လာသင့္တဲ့ ပုဂၢဳိလ္တခ်ိဳ႕က မလာဘဲနဲ႔ ျဖစ္ေနတာလဲဆိုတာေလးကို ကြ်န္ေတာ္တို႔ သံုးသပ္ဖို႔လိုတယ္။ ခုနကအေျခအေနကို သံုးသပ္ၿပီးေတာ့ လာၿပီးေတြ႕ဆံုေဆြးေႏြးတာကေတာ့ အေျဖတစ္ခု ရႏိုင္တာေပါ့။ အဲဒီေတာ့ မလာရတဲ့ အေၾကာင္းအရင္းလည္း ရွိမွာေပါ့ဗ်ာ။ ခပ္ရွည္ရွည္ေတာ့ မဟုတ္ဘူး၊ တိုတိုေလးသံုးသပ္ရမယ္ဆိုရင္ ကြ်န္ေတာ္ တို႔ ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္သမိုင္းအမွန္ကို စိစစ္သံုးသပ္မွပဲ လက္ရွိအေနအထား ဒီတိုင္းျဖစ္ေတာ့မယ္။ ျဖစ္ခါနီး ေနၿပီဆိုတာကို ဆင္ျခင္ရမွာျဖစ္တယ္။ တခ်ိဳ႕က ဒါမ်ိဳးသံုးသပ္ခ်င္မွ သံုးသပ္မယ္။ သမိုင္းအမွန္နဲ႔ ျဖစ္စဥ္ အမွန္ကို ျပန္ၿပီးစိစစ္ေဝဖန္ဖို႔ လုိတာေပါ့။ ျမန္မာႏိုင္ငံ ဘာေၾကာင့္ လက္ရွိအေနအထားကို ေရာက္ခါနီးၿပီလဲ၊ ျမန္မာႏိုင္ငံရဲ႕ ဇစ္ျမစ္ျပႆနာက ဘာလဲ။ ဒီဇစ္ျမစ္ျပႆနာဆိုတာကို ႏွစ္ဖက္အျမင္တူၿပီးမွ ဒီျပႆနာရဲ႕ အရင္းအျမစ္ကိုသေဘာတူၿပီးမွ ဒီဟာႀကီးေၾကာင့္ျဖစ္တယ္ဆိုတာကို သေဘာတူမွ ဒါႀကီးကိုဘယ္လိုလုပ္ရင္ ကြ်န္ေတာ္တို႔က မျဖစ္ေအာင္တားဆီးႏိုင္မွာလဲ၊ ကာကြယ္ႏိုင္မွာလဲ။ ကြ်န္ေတာ္တို႔ လိုခ်င္တဲ့လမ္းေၾကာင္း အမွန္ကိုေရာက္မွာလဲဆိုတာကို ဆက္ၿပီးေတာ့ ေဆြးေႏြးရမွာေပါ့။ အဲဒီေတာ့ ဇစ္ျမစ္ျပႆနာကိုေျဖရွင္းဖို႔ အတြက္ ဖိတ္ေခၚတဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမွာ ဘယ္ေလာက္အထိ ရည္မွန္းခ်က္၊ ရည္သန္ခ်က္ရွိသလဲဆိုတာကို ခုနက ဖိတ္ေခၚခံရတဲ့ပုဂၢဳိလ္မ်ား ဘက္ကလည္း သံုးသပ္ၾကရမွာေပါ့။ အဲဒီေတာ့ ျမန္မာႏိုင္ငံရဲ႕လက္ရွိ အေန အထားအမွန္ကို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ဘက္က သံုးသပ္ထားခ်က္က ဘာဆိုတာနဲ႔ အဲဒီဇစ္ျမစ္ ျပႆနာဆိုတဲ့အေျဖဟာ တိုင္းရင္သားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ားက သတ္မွတ္ထားတဲ့ ဇစ္ျမစ္ျပႆနာနဲ႔တူသလား၊ ျပႆနာက ဒါျဖစ္တယ္ဆိုတာကို ႏွစ္ဖက္ထပ္တူက်သလား၊ ထပ္တူက်ရင္ ေျဖရွင္းဖို႔လာရမွာေပါ့။ အဲဒီေတာ့ အဲဒီျပႆနာေလးက ဘာဆိုတာကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္က ပထမဆံုး စိစစ္သံုးသပ္ၿပီးမွ ဒါေၾကာင့္ ဒါျဖစ္တယ္။ ဒါထပ္မျဖစ္ဖို႔အတြက္ ဒါေတြကို သူ႔ဘက္က ျပင္ဆင္ထားတယ္ဆိုတာမ်ိဳးနဲ႔ဖိတ္ေခၚႏိုင္ ရင္ပိုေကာင္းတာေပါ့။ ဒါက ပထမဆံုး ကြ်န္ေတာ္သံုးသပ္တာပါ။ ကြ်န္ေတာ္တို႔က သမိုင္းကိုျပန္ၿပီး နည္းနည္းေလး စိစစ္ၾကည့္တာေပါ့ဗ်ာ။ သမိုင္းပညာရွင္ေတာ့ မဟုတ္ပါဘူး။ အဲဒီေတာ့ ျမန္မာႏိုင္ငံရဲ႕လက္ရွိအေနအထားကိုျပန္ၾကည့္ရင္ အမွန္က ႏိုင္ငံတစ္ခုဆိုတာ စီပြားဖြံ႕ၿဖိဳးတိုးတက္ မႈရဲ႕အဓိကပင္မသည္ တည္ၿငိမ္ေအးခ်မ္းမႈ၊ တရားဥပေဒစိုးမိုးမႈနဲ႔ တိုက္႐ိုက္ပတ္သက္ေနတာကိုး။ တည္ၿငိမ္ ေအးခ်မ္းမႈ၊ တရားဥပေဒစိုးမိုးမႈမရွိတဲ့အခါမွာ စီးပြားေရးၿပိဳပ်က္တယ္။ စီးပြားေရးဆိုတာ တစ္ႏိုင္ငံလံုးရဲ႕ ထုတ္ကုန္ GDP နဲ႔ တစ္ဦးခ်င္း prcapital income နဲ႔ ပတ္သက္တာကိုး၊ အဲဒီေတာ့ သာမန္လူထုကအစ ဝမ္းစာ ရွာမွီးတာကအစ အကုန္လံုးအဆင္ေျပတယ္ဆိုရင္ တည္ၿငိမ္ေအးခ်မ္းတယ္။ အဲဒါေၾကာင့္ ဖြံ႔ၿဖိဳးတိုးတက္တယ္။ မတည္ၿငိမ္မေအးခ်မ္းဘူးဆိုရင္ မဖြံ႔ၿဖိဳးမတိုးတက္ဘူးဆိုရင္ အဲဒီစီးပြားေရးမ႑ိဳင္က အဓိကက ကြ်န္ေတာ္တို႔ ႏိုင္ငံတစ္ခုရဲ႕ပံုရိပ္ကို လႊမ္းမိုးတာေပါ့။ အဲဒီေတာ့ ျမန္မာႏိုင္ငံဘာေၾကာင့္ ဒီလိုအေန အထားမ်ိဳးအထိျဖစ္လာလဲ ဆိုတာ အုပ္ခ်ဳပ္ေနတဲ့၊ ဆက္စပ္တဲ့ပုဂၢဳိလ္ေတြရဲ႕အုပ္ခ်ဳပ္နည္းစနစ္မမွန္ကန္တာတို႔ တျခားကိစၥေတြရွိမွာေပါ့။ အဲဒီမွာ ႏိုင္ငံေရးအလြန္အကၽြံ ကစားတာေတြ ေတြ႕ျမင္ရတယ္။ ႏိုင္ငံေရးအလြန္အကြ်ံ ကြ်န္ေတာ္တို႔ ဒီေန႔အထိ ကစားေနၾကတဲ့အခါမွာ ဒါေၾကာင့္ ဒါျဖစ္လာသလားေပါ့။ လက္ရွိၿပိဳကြဲလုနီးပါအေျခ အေနကာလနဲ႔ အနီးစပ္ဆံုး ကိုေရာက္ေနသလား။ အဲဒီေတာ့ ကြ်န္ေတာ္တို႔က ႏိုင္ငံေရာ အလြန္အကၽြံကစားတာကို သမိုင္းနဲ႔ခ်ီ လုပ္ခဲ့ၾက သလား။ ဒါေၾကာင့္ ဒီေန႔ ဒီျပႆနာ ဇစ္ျမစ္ႀကီးကို ဇစ္ျမစ္က ဒါပါဆိုတာကိုေတာင္ ကြ်န္ေတာ္တို႔က သေဘာတူ ညီခ်က္မယူႏိုင္ဘဲနဲ႔ ဘာေၾကာင့္ျဖစ္တယ္ဆိုတဲ့အေၾကာင္းအရင္းကို ခ်ာလည္ပတ္လည္ေနၾကတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔သမိုင္းက ျပန္ၾကည့္ ရင္ လြတ္လပ္ေရးမရခင္က ခင္ဗ်ားတို႔ ကြ်န္ေတာ္တို႔အၿမဲတမ္းေျပာတဲ့ ပင္လံုကတိကဝတ္နဲ႔ အဲဒီတုန္းက ဖဆပလ ဘုရင္ခံရဲ႕ၾကားျဖတ္အစိုးရ ဒုတိယဥကၠ႒လုပ္တဲ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔သေဘာတူၿပီးခါမွ ပင္လံု စာခ်ဳပ္ခ်ဳပ္တဲ့ပထမဆံုးအရင္အျမစ္ကိုျပန္ၾကည့္ရင္ ေပးခဲ့တဲ့ကတိကဝတ္ေတြနဲ႔ ၁၉၄၇ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံ ဥပေဒျပန္ၿပီးေတာ့ ကြ်န္ေတာ္တို႔ အမွန္ကိုခ်ျပဖို႔၊ အမွန္ကိုေလ့လာဖို႔၊ အမွန္ကိုသံုးသပ္ဖို႔ လိုအပ္လာတယ္။ ၁၉၄၇ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒမွာ ကနဦး တည္ခဲ့တဲ့ ဖဆပလ ပဏာမျပင္ဆင္မႈညီလာခံရဲ႕ မူ(၁၄) ခ်က္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အဲဒီကတည္းက မူ(၇) ခ်က္ထုတ္ၿပီးမွ တည္ခဲ့တယ္။ ဒါေပမယ့္ အဲဒီမူ(၇) ခ်က္အရ တကယ္တမ္း ပင္လံုကတိကဝတ္နဲ႔ ပင္လံု စာခ်ဳပ္ကို အေျခခံၿပီး တိုင္းရင္းသားေခါင္းေဆာင္မ်ားနဲ႔ ျပည္မဗမာေခါင္းေဆာင္မ်ား သေဘာထားထပ္တူက်ၿပီး မွ ၁၉၄၇ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒကိုေရးခဲ့မယ္ဆိုရင္ ဒီေန႔ ျပႆနာျဖစ္မလာဘူး။ တစ္ျပည္ေထာင္ စနစ္ကိုသြားၿပီးမွ ျပည္ေထာင္စုေယာင္ေယာင္ေရးခဲ့တဲ့ ဖြဲ႔စည္းပံုအေျခခံ ဥပေဒ။ အမွန္အတိုင္းသာ၊ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ မူ(၇) ခ်က္၊ ဖဆပလ ပဏာမျပင္ဆင္မႈညီလာခံက သေဘာတူခဲ့တဲ့ မူ(၁၄) ခ်က္တို႔ကို ေသေသ ခ်ာခ်ာသံုးသပ္ၿပီးေတာ့မွ ပင္လံုကတိနဲ႔ ပင္လံုစာခ်ဳပ္ပါအခ်က္မ်ားကို သံုးသပ္မယ္ဆိုရင္ ကြ်န္ေတာ္တို႔ဟာ တန္းတူအခြင့္အေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု အဲဒီတုန္းကဆိုရင္ Confederate ေတာင္သံုးလို႔ရတယ္။ ျပည္ေထာင္လို႔သံုးခဲ့တာကိုး၊ သက္ဆိုင္ရာျပည္နယ္ေတြမွာ သီးသန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္တရားလႊတ္ ေတာ္နဲ႔ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္နဲ႔ေပါ့။ အဲဒီလိုမ်ိဳးသာသြားခဲ့မယ္ဆိုရင္ ကြ်န္ေတာ္တို႔ ဒီေန႔အခင္းအက်င္းမျဖစ္ လာဘူး။ ဖြံ႔ၿဖိဳးတိုးတက္တဲ့၊ ျပည္ေထာင္စုတည္ၿငိမ္ေအးခ်မ္းတဲ့ ျပည္ေထာင္စုျဖစ္ႏိုင္ေခ်ရွိတယ္။ အဲဒီတုန္းက နိုင္ငံရဲ႕အလြန္အကြ်ံနဲ႔ (over confidence) ျဖစ္သြားတဲ့အခါမွာ ဒါလုပ္လိုက္ရင္ ဒါျဖစ္တယ္ဆိုတဲ့ဟာမ်ိဳး ဦးသွ်ံထြန္းတို႔ေရးခဲ့တဲ့ ဒီေန႔ဖြဲ႔စည္းပံု(၄၇) ဟာ တစ္ျပည္ေထာင္ျဖစ္သြားတယ္။ ဒါကို ပထမတစ္ခ်က္ ေဖာ္ျပဖို႔ လိုတယ္။ ဒုတိယတစ္ခ်က္အေနနဲ႔ျပန္ၾကည့္ရင္ (၁၉၆၁) ကစတဲ့ ေတာင္ႀကီးညီလာခံ၊ ဒါေတြကို သမိုင္းအရျပန္ေျပာဖို႔ လိုအပ္ပါတယ္။ ေတာင္ႀကီးညီလာခံကစတဲ့ ကြ်န္ေတာ္တို႔ (၄၇) ဖြဲ႔စည္းပံု (၁ဝ) ႏွစ္အၾကာမွာ ခြဲထြက္ခြင့္ရွိတယ္ဆိုတဲ့ အခန္း (၁ဝ)၊ ပုဒ္မ (၂ဝ၁) ပါ ျပ႒ာန္းခ်က္ကို တိုင္းရင္ သားေတြက ေသခ်ာဆိုးေက်ာလာၾကတာေပါ့။ တစ္ျပည္ေထာင္ကိုသြားေနတာ။ တို႔ပင္လံုကတိကဝတ္နဲ႔ ပင္လံုစာခ်ဳပ္သည္ စစ္မွန္တဲ့ဖက္ဒရယ္ျပည္ေထာင္စုကိုသြားမယ္ဆိုတဲ့ဟာကို ေမ့ပစ္လိုက္ၾကၿပီ။ ဗမာေခါင္းေဆာင္မ်ား ခင္ဗ်ားတို႔သြားၾက ရွမ္းေတြကိုျဖဳတ္ခဲ့ပါ ဆိုတာမ်ိဳး၊ ခင္ဗ်ားတို႔ အဲဒီကာလမွာ ေရးခဲ့ၾကၿပီေလ။ အဲဒီေတာ့ျပန္ ၾကည့္ရင္ဗ်ာ ျပည္ေထာင္စုႀကီးကိုခြဲမထြက္ခ်င္လို႔ ရွမ္းေခါင္းေဆာင္မ်ား၊ တိုင္းရင္သားေခါင္းေဆာင္မ်ားက ေတာင္ႀကီးမွာ စုၿပီးကာမွ ဖဆပလ နဲ႔ အစိုးရလက္ထက္မွာ တင္တာေပါ့ဗ်ာ။ အဲဒီေတာ့ ျပည္လမ္း ခင္ဗ်ားတို႔ ကြ်န္ေတာ္တို႔ေတြ႔ၾကတဲ့ ေဆြးေႏြးမႈႀကီးျဖစ္လာတာေပါ့။ အဲဒီမွာ ခဏခဏလည္းေျပာပါတယ္။ ဝိသူရ သခင္ခ်စ္ ေမာင္တို႔၊ ဘာတို႔ဆိုတာ ပမညတ ဗ်။ ဆိုရွယ္လစ္အေျခခံတဲ့ဟာ ဒါေပမယ့္ တကယ့္တကယ္က ဗမာအမ်ိဳးသားေရးဝါဒီ ဘက္ကို သြားၿပီးကာမွ သူတို႔ဘက္က တင္တယ္။ အဲဒီမွာ ျပည္နယ္(၇) ခု ေပၚလာမွာဗ်။ အဲဒီေတာ့ ဗမာတစ္ယူနစ္ကိုယူပါဆိုတာမ်ိဳးကို မေျပာေသာ္လည္းပဲ စစ္ျပည္ေထာင္ဆိုတဲ့မူလို႔ပဲ ကြ်န္ေတာ္ ထင္ပါတယ္။ ေတာင္ႀကီးညီလာခံ ထြက္လာတဲ့ ျပည္ေထာင္စုစစ္စစ္ ရွမ္းမူက အဲဒီဘက္ကိုသြားတယ္။ အဲဒီအခါကလည္း တစ္ျပည္ေထာင္ ဘာညာဆိုၿပီးကာမွ ေနာက္ျပည္မက ႏိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ ခုနက စစ္ေခါင္းေဆာင္ေတြ ေပါင္းလိုက္တဲ့အခါမွာ ဒီအကြက္ကိုေရႊ႕လိုက္တဲ့အခါမွာ ေခ်ာက္ႀကီးထဲကို တစ္ခါထပ္က် တယ္။ အဲဒီမွာ (၁၉၆၂) အာဏာသိမ္းတာတို႔၊ ဘာတို႔႔ျဖစ္ၿပီးကာမွ ခင္ဗ်ားၾကည့္တဲ့အတိုင္း တစ္ပါတီအာဏာရွင္ စနစ္နဲ႔ ဆိုရွယ္လစ္စနစ္ကိုသြားၿပီးမွ တိုင္းျပည္စီပြားေရးခၽြတ္ျခံဳက်လို႔ (၈၈) အေရးအခင္းျဖစ္တယ္။ သမိုင္း ကို ကြ်န္ေတာ္တို႔က ျပန္သံုးသပ္ဖို႔လိုတာကိုး၊ အဲဒီေတာ့(၈၈) အေရးအခင္းျဖစ္လာၿပီးတဲ့ေနာက္မွာ ျဖစ္လာတဲ့ဟာ က နဝတ၊ နဝတ လက္ထက္မွာ အေျခအေနအကုန္ျပန္ၾကည့္ရင္ (၁၉၉ဝ) ေရြးေကာက္ပြဲ၊ အဲဒီေရြးေကာက္ပြဲနဲ႔ အတူျဖစ္လာတဲ့ခဏ ႏိုင္ငံေရးအၾကပ္အတည္း အဲဒီေနာက္မွ နရက ေပၚလာၿပီး၊ ကြ်န္ေတာ္တို႔ အမ်ိဳးသားညီလာခံ၊ ေနာက္ထပ္ အမ်ိဳးသားညီလာခံမွာ ခ်မွတ္လိုက္တဲ့ အေျခခံမူ(၁ဝ၄) ခ်က္ အဲဒီကျဖစ္လာတဲ့ (၂ဝဝ၈) ဖြဲ႔စည္းပံု အေျခခံဥပေဒ။ (၂ဝဝ၈) ဖြဲ႔စည္းပံု အေျခခံဥပေဒမွ ျပ႒ာန္းထားတာေတြကိုျပန္ၾကည့္ရင္ လက္ရွိအေနအထားမွာ တပ္မေတာ္၊ တပ္မေတာ္ကို ဒီႏိုင္ငံေရးႏြံထဲကို နစ္မွန္းမသိနစ္ေအာင္ တမင္ကို ဥပေဒျပ႒ာန္းေပးခဲ့တာ။ ဒါကြ်န္ေတာ္တို႔တပ္မေတာ္ရဲ႕ လက္ရွိအေနအထားကိုျပန္ၾကည့္လိုရွိရင္ ႏိုင္ငံေရးႏြံထဲ မွာ တမင္ကိုနစ္သြား ေအာင္ (၂ဝဝ၈) ဖြဲ႔စည္းပံုအေျခခံဥပေဒမွ ျပ႒ာန္းေပးၿပီးၿပီ။ အဲဒီေတာ့ ဒါဟာ ရည္ရြယ္ ခ်က္ရွိလား၊ မရည္ရြယ္ဘဲ နဲ႔ ထည့္မိရက္သားျဖစ္သြားတာလား။ ဒါကို ပထမကြ်န္ေတာ္တို႔သံုးသပ္ရမယ္။ အဲဒီေတာ့ လက္ရွိႏိုင္ငံက ၾကံဳေတြ႕ေနရတဲ့ ၁၉၄၇ ဖြဲ႔စည္းပံုေၾကာင့္ ျဖစ္လာတဲ့ တိုင္းရင္းသားပဋိပကၡ၊ တစ္နည္း အားျဖင့္ လက္နက္ကိုင္ အမ်ိဳးသားေတာ္လွန္ေရးနဲ႔ ျမန္မာ့တပ္မေတာ္ရဲ႕ထိပ္တိုက္ရင္ဆုိင္မႈ၊ ေသြးေျမက်မႈ နယ္ေျမနယ္ျခားေဒသ အကုန္လံုးေပါ့ဗ်ာ၊ ဒါေတြအကုန္လံုးရဲ႕ပင္ရင္းသည္ ကြ်န္ေတာ္တို႔ရဲ႕တိုင္းရင္းသား အားလံုးလည္းျဖစ္တယ္။ ျပည္ေထာင္စုရဲ႕ပဋိပကၡေပါ့ဗ်ာ။ ဖြဲ႔စည္းပံုအေျခခံဥပေဒေၾကာင့္ ေျပာရမွာလား၊ တိုင္းရင္သားေတြရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခ်က္ေတြေၾကာင့္ပဲေျပာရမလား၊ ဒီျပည္တြင္း စစ္သံသရာက အမွန္က တပ္မေတာ္က ေနာက္ကိုဆုတ္ခ်င္တယ္။ ဒါေပမယ့္ ႏႈတ္ထြက္လို႔မရေလာက္ေအာင္ ဘာနဲ႔ကိုင္ထားသလဲဆိုရင္ အမ်ိဳးသားနိုင္ငံေရးဦးေဆာင္မႈအခန္းက႑မွာ တပ္မေတာ္ကို ပါဝင္တယ္ဆိုတဲ့၊ တာဝန္ေပးထားတဲ့ဥစၥာ၊ တာဝန္ကိုထမ္းေဆာင္ရင္းနဲ႔ပိပိလာတာ၊ အဲဒီေတာ့ လက္ရွိႏိုင္ငံေရးအၾကပ္အတည္းကို ဖြဲ႕စည္းပံုအေျခခံဥပေဒေပးထားခ်က္အရပဲ တပ္မေတာ္က ဒီနိုင္ငံေရးႏြံထဲမွာ နစ္လို႔ႏြံထဲက ရုန္းထြက္လိုတဲ့ အင္အားစုရွိေပမယ့္လည္း မရုန္းထြက္ႏိုင္တဲ့အေနအထား၊ တာဝန္ပိုပိ၊ တာဝန္ပိုေပးတဲ့အခါမွာ ဒီအၾကပ္ အတည္းျဖစ္လာတာေပါ့။ အဲဒီမွာ ခင္ဗ်ားတို႔ ကြ်န္ေတာ္တို႔လက္ရွိအေနအထားကိုျပန္ၾကည့္၊ ဟုတ္ၿပီလား။ ဗမာျပည္မၿပိဳကြဲတာေပါ့။ ဗမာျပည္မၿပိဳကြဲရတဲ့အေၾကာင္းကလည္း လက္ရွိမွာ ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ ေပးထားတဲ့ ခုနက ကြ်န္ေတာ္ေျပာခဲ့တဲ့ အေရးေပၚကာလျပ႒ာန္းခ်က္ပါအတိုင္း ဒီတာဝန္အရ သူတို႔ဘက္က လုပ္ရတဲ့ကာလမ်ိဳးမွာျဖစ္လာတဲ့ အတင္အခ်နဲ႔ ခုနကလို ႏိုင္ငံေရးကိုအလြန္အကြ်ံကစားၾကတဲ့အခါမွာ လက္ရွိအေနအထားဟာ ကြ်န္ေတာ္တို႔သံုးသပ္ရင္ ျပႆနာက ႏွစ္ခုျဖစ္တာေပါ့။ ကြ်န္ေတာ္တို႔မွာ ဟိုးကတည္းကျဖစ္လာတဲ့ အနာေဟာင္းေပါ့ဗ်ာ။ ျပည္ေထာင္စုရဲ႕နာတာရွည္ေရာဂါကို ဘယ္လိုကုၾကမလဲ။ ပထမတစ္ႀကိမ္ ကုသင့္ပါလ်က္နဲ႔ ေပးခဲ့သင့္ပါလ်က္နဲ႔ မေပးခဲ့တာမို႔လို႔ျဖစ္လာတဲ့ ၁၉၄၇ ဖြဲ႔စည္းပံုအေျခခံ ဥပေဒဆိုင္ရာျပႆနာ၊ ဒုတိယအခ်က္ျပန္ၾကည့္ရင္ ၁၉၆၂ ခုနွစ္မွာ ကြ်န္ေတာ္တို႔တိုင္းရင္းသားေတြက ခြဲမထြက္ဘူး။ ဒါေပမယ့္ ဒီစစ္မွန္တဲ့ျပည္ေထာင္စုကို ခင္ဗ်ားတို႔ ျပ႒ာန္းခဲ့လို႔ရွိရင္ ၁၉၄၇ ခုႏွစ္ ပင္လံုစာခ်ဳပ္မွာ ေပးထားတဲ့ကတိကဝတ္ေတြ၊ ပင္လံုစာခ်ဳပ္မတိုင္ခင္ေပးထားတဲ့ကတိကဝတ္ေတြကို ျပန္ေစာင့္စည္းၿပီးကာမွ ျပည္ေထာင္စုက ဒီအတိုင္း စစ္မွန္တဲ့ျပည္ေထာင္စုနဲ႔သြားရင္ ခြဲထြက္စရာလည္းမလိုဘူး။ ျပည္ေထာင္စုက ဒီအတိုင္းပဲ ရွိသင့္တယ္ဆိုတာကို တင္ျပခဲ့တာကိုနားေယာင္ၿပီးမွ ျပည္ေထာင္စုက ဖက္ဒရယ္ဆိုတာ ခြဲထြက္ ေတာ့မယ္ဆိုတဲ့ ျမန္မာႏိုင္ငံေရးသမားေတြနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ေတြေပါင္းၿပီးမွျဖစ္လာတဲ့ ၁၉၆၂ အာဏာသိမ္းမႈအေရးအခင္း၊ လက္ရွိအေနအထား ၂ဝဝ၈ ဖြဲ႔စည္ပံုအေျခခံဥပေဒမွာ ရည္ရြယ္သည္ပဲျဖစ္ျဖစ္၊ မရည္ရြယ္သည္ပဲျဖစ္ျဖစ္ တပ္မေတာ္ကို ႏိုင္ငံေရးႏြံထဲမွာနစ္ေအာင္ကို ေရးမိလ်က္သားျဖစ္ေနတဲ့ျပ႒ာန္းခ်က္ အမ်ိဳးသားနိုင္ငံေရးဦးေဆာင္မႈအခန္းက႑ကိုေပးထားၿပီးသားအခ်ိန္ ဒါေတြ အကုန္လံုးဟာ လက္ရွိႏိုင္ငံေရး အၾကပ္အတည္းကုိျဖစ္လာေစတဲ့ ႏိုင္ငံေရးအလြန္အကြ်ံေရႊ႕ခဲ့မႈလို႔သမိုင္းအရ ျပန္သံုးသပ္ရင္ ကြ်န္ေတာ္တို႔ အေျဖတစ္ခုရမွာလား။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ဒီအၾကပ္အတည္းဟာ ဘာေၾကာင့္လဲ။ ဇစ္ျမစ္ျပႆနာကို ဒီဘက္က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္ကလည္း ျမင္ဖို႔လိုတယ္။ ဒီဘက္က တိုင္းရင္းသားလက္နက္ ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ားကလည္း ျမင္ဖို႔လိုတယ္။ ျပည္သူမ်ားဘက္ကလည္း ျမင္ဖို႔လိုတယ္။ ႏိုင္ငံေရး ပါတီေတြဘက္ကလည္း ျမင္ဖို႔လိုတယ္။ ဇစ္ျမစ္က ဒါပဲ။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ဇစ္ျမစ္ ျပႆနာကိုစဥ္းစားတဲ့ အခါမွာ သမိုင္းရွိရာ သမိုင္းဆိုင္ရာ ခုနကသံုးသပ္ခ်က္ေတြကိုျပန္ၿပီးေတာ့၊ သံုးသပ္ၿပီးမွ လက္ရွိအမွန္ျဖစ္ေနတဲ့ ျဖစ္ပ်က္မႈေတြကို အေျခခံထားၿပီးေတာ့မွ သခ်ာေဆြေႏြးၾကည့္ရင္ အေျခခံဥပေဒဆိုင္ရာျပႆနာဗ်။ ျမန္မာႏိုင္ငံ ကို ဘယ္လိုဖြဲ႔စည္းၾကမယ္။ ဘယ္လိုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ တန္းတူခြင့္နဲ႔ ကိုယ့္ေဒသမွာ ကိုယ့္ဥပေဒျပ႒ာန္းပိုင္ခြင့္၊ တရားစီရင္ပိုင္ခြင့္ လြတ္လြတ္လပ္လပ္အတူပူးေပါင္းၿပီး ေတာ့ ဒီျပည္ေထာင္စုႀကီးကို စုၿပီးဖြဲ႔မယ္ဆိုတဲ့ရည္မွန္းခ်က္သည္ အေျခခံဥပေဒဆိုင္ရာေၾကာင့္ျဖစ္လာတဲ့ လက္နက္ကိုင္ေတာ္လွန္မႈ၊ အဲဒီ ေတာ့ အေျခခံဥပေဒဆိုင္ရာျပႆနာကို ေျဖရွင္းနိုင္ခဲ့လို႔ရွိရင္ ဇစ္ျမစ္ျပႆနာဟာ ေျဖရွင္းၿပီးသားျဖစ္မယ္လို႔ သံုးသပ္တဲ့အခါမွာ ခုနက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္ေအာင္လႈိင္ဘက္က ဒီျပႆနာသည္ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ ကိုျပန္ၿပီး ဆိုးက်ဳိးေဝဖန္ဖို႔လိုတယ္။ ဒီျပႆနာသည္ ဘာေၾကာင့္ျဖစ္တယ္ဆိုတာကိုလည္းပဲ လက္နက္ကိုင္ ေခါင္းေဆာင္မ်ားဘက္က သံုးသပ္ဖို႔လိုတယ္။ ႏိုင္ငံေရးထဲက တပ္မေတာ္ကို ျပန္ႏုတ္ဖို႔လိုအပ္တဲ့ အခ်ိန္ကာလ ကိုေရာက္ၿပီလား။ တိုင္းျပည္က တကယ္တမ္း ကြ်န္ေတာ္တို႔သံုးသပ္သလို ၿပိဳကြဲလု၊ ကာလတစ္ခုနဲ႔ အနီးစပ္ဆံုး အေျခအေနကို ေရာက္မွန္းမသိေရာက္ေနၿပီလား။ အခ်ိန္ဘယ္ေလာက္က်န္ေသးသလဲ။ ကိုယ္ကြ်ံတဲ့ဘက္ကို ျပန္ႏုတ္ဖို႔လိုလား။ ကိုယ္တို႔ဒီလက္နက္ကိုင္ပဋိပကၡကို ျပန္ခ်ဳပ္ၿငိမ္းႏိုင္ေအာင္ ဘာနဲ႔အစားထိုးရမွာလဲ။ တပ္မေတာ္က ႏိုင္ငံေရးဘက္က ေနာက္ကိုဆုတ္မယ္။ လက္နက္ကိုင္ပဋိပကၡၿငိမ္းခ်မ္းေအာင္ လက္နက္ကို စြန္႔မယ္၊ အဲဒီလိုစြန္႔ႏိုင္တဲ့အေၾကာင္းတရားသည္ ဖြဲ႔စည္းပံုအေျခခံဥပေဒဆုိင္ရာျပႆနာလား။ အဲဒါဆို ကြ်န္ေတာ္တို႔ အေကာင္းဆံုးျပန္စုစည္းၿပီး ဖြဲ႔စည္းႏိုင္တဲ့ဖြဲ႔စည္းပံုအေျခခံဥပေဒတစ္ခုကို အခ်ိန္တိုအတြင္းမွာ ကြ်န္ေတာ္တို႔ ျပန္လည္ေရးဆြဲျပ႒ာန္းႏိုင္မွာလား။ အဲဒီဖြဲ႔စည္းပံုက ဒီျပႆနာအားလံုးကို ေျပၿငိမ္းႏိုင္တဲ့အထိ စြမ္းေဆာင္ႏိုင္မွာလား။ ဒါကြ်န္ေတာ္တို႔ျပန္စဥ္းစားရမယ့္ကာလ၊ အဲဒီကာလကို ကြ်န္ေတာ္တို႔ အခုေလွ်ာက္ေန တဲ့အခါမွာ ခုနက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္ေအာင္လႈိင္ဘက္ရဲ႕ဖိတ္ၾကားခ်က္ကို တိုင္းရင္းသားေခါင္းေဆာင္ေတြက တခ်ိဳ႕လာၾကတယ္။ တခ်ိဳ႕ထိပ္ပိုင္းေခါင္းေဆာင္ေတြ မလာၾကဘူး။ ဥပမာ- “ဝ” ေပါ့။ ကြ်န္ေတာ္တို႔ ၾကားပါတယ္။ ဥကၠ႒ႀကီးေပါက္ယူခ်န္း ကေတာ့ ေနမေကာင္းဘူး။ ဒါေပမယ့္ ZOOM နဲ႔ေျပာၾကမယ္လို႔ေတာ့ ၾကားပါတယ္။ ဒုဥကၠ႒ ေပါက္ယီြ ထင္ပါတယ္။ သူကေတာ့ တက္မယ္လို႔ၾကားပါတယ္။ ေနာက္ၿပီး ဒီဘက္က ဦးစိုင္းငင္းတို႔ တက္မယ္ဆိုတဲ့အခါ FENCC (၇) ဖြဲ႔မွာ ထိပ္ႀကီးပိုင္း (၃) ဖြဲ႔တက္တာေပါ့။ SSPP ဆိုတာ ရွမ္းျပည္၊ ရွမ္းျပည္မွာ ႏိုင္ငံပဋိပကၡပိုမ်ားတာေပါ့ဗ်ာ။ ဒီဘက္က RCSS တက္မယ္လို႔လည္း ကြ်န္ေတာ္တို႔ၾကားပါတယ္။ KNU ကို ပထမပိုင္းမွာေတာ့ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက (Virtual) တက္မယ္၊ ဥကၠ႒အေနနဲ႔တက္ မယ္လို႔ၾကားေပမယ့္ အခုအခ်ိန္မွာေတာ့ KNU က မတက္ဘူး။ KIA က မတက္ဘူးဆိုတာကေတာ့ ေျမာက္ပိုင္းက ထိပ္သီးအဖြဲ႔ေတြထဲမွာ မွ KIA သည္ “ဝ” ၿပီးရင္ ဒုတိယသြားတာကိုး။ KIA ဆိုတာ one plus three လို႔ ကြ်န္ေတာ္တို႔က ေျပာၾကတာ။ Three ကေတာ့ မဟာမိတ္(၃) ဖြဲ႔ေပါ့ဗ်ာ။ ဒါေပမယ့္ one plus three ျဖစ္တဲ့အခါမွ (၁) အေျခအေနကို (၃) ကလည္း ၾကည့္ရမွာေပါ့။ အဲဒါေၾကာင့္ (၃) ဘက္က ULA/AA တို႔ဘက္က ထုတ္ျပန္ခ်က္ေတြကိုျပန္ၾကည့္တဲ့အခါမွာ သူတို႔ေစာင့္ၾကည့္ေနမယ္။ လက္ရွိအခင္းအက်င္းကို တက္ေစခ်င္ရင္ သူတို႔နဲ႔ဆက္ႏြယ္မႈဆိုတဲ့စြဲဆိုခ်က္နဲ႔ ဖမ္းဆီးထားတဲ့ပုဂၢဳိလ္ေတြကို ကနဦးလႊတ္ေပးဖို႔လိုတယ္။ တစ္နည္းအား ျဖင့္ ယံုၾကည္မႈကို ပထမဆံုး တည္ေဆာက္ျပပါ။ စစ္ေရးလႈပ္ရွားမႈေတြကို ရပ္ေပးပါ။ ဒါေလးေတြကိုႀကိဳၿပီးေတာ့ သတင္းမီဒီယာေတြမွာ ဦးခိုင္သုခ ဘက္က ေျပာထားဆိုထားတာေလးေတြ ၾကားပါတယ္။ ဒါေပမယ့္ မတက္ဘူးလို႔ ယတိျပတ္လည္း ေျပာတာမဟုတ္ဘူး။ ဒီၾကားထဲမွာ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဘက္က ေျပာတာကိုၾကားပါတယ္။ ကုိယ့္ျပည္တြင္းေရးကိစၥကို ကိုယ့္ျပည္တြင္းသားအခ်င္း ခ်င္းနဲ႔ပဲေျဖရွင္းလို႔ရတယ္။ ႏိုင္ငံတကာစြက္ဖက္မႈနဲ႔မရဘူး။ ႏိုင္ငံတကာက စြက္ဖက္ေနတဲ့အရိပ္အေယာင္အေန အထားကို ေျပာသြားတာေတြ႔ပါတယ္။ အဲဒီေတာ့ ကြ်န္ေတာ္ခုနကေျပာတဲ့ ကြ်န္ေတာ္ေျပာတာလည္း ရွည္သြား ပါၿပီ။ ဒီဇစ္ျမစ္ျပႆနာကို SAC ဘက္က ဘာဆိုတာကို အဓိပၸာယ္ဖြင့္ဆိုဖို႔လိုမယ္။ ကြ်န္ေတာ္တို႔တိုင္းရင္သား လက္နက္ကိုင္ေတာ္လွန္ေရးအင္အားစုဘက္ကလည္း ဘာဆိုတာကိုျဖင့္ အဲဒီဇစ္ျမစ္ျပႆနာကို ဘယ္လို ေျဖရွင္းၾကမလဲ။ ျပႆနာကို ေျဖရွင္းမယ့္ နည္းလမ္းေတြကို ရွာရေတာ့မွာေပါ့။ တစ္ဦးကိုတစ္ဦးယံုၾကည္တာတို႔၊ ဘက္ႏွစ္ဖက္ကို ဟုတ္လား။ ညိွႏႈိင္းဆြဲေဆာင္ေပးႏိုင္တဲ့ ၾကားခံေပါ့။ အက်ိဳးေတာ္ေဆာင္ေတြေပါ့။ ၿငိမ္းခ်မ္း ေရးအက်ိဳးေတာ္ေဆာင္ေတြရဲ႕ က႑အလြန္ လိုအပ္လာတယ္။ အဲဒီေတာ့ ေနာက္ဆုတ္ရင္ အကုန္ဆုတ္မွာ ေပါ့။ ဘယ္လိုဖြဲ႔စည္းအေျခခံ ဥပေဒအထိ လက္ရွိတပ္မေတာ္ဘက္က ရည္မွန္းထားသလဲ။ တေလာကေတာ့ ကြ်န္ေတာ္တို႔ၾကားပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအးဝင္း ထင္ပါတယ္။ သူဦးေဆာင္ၿပီးမွ အိႏၵိယႏိုင္ငံရဲ႕ဖြဲ႔စည္းပံု အေျခခံဥပေဒ၊ နီေပါရဲ႕ အေျခခံဥပေဒ၊ ၾသစေၾတးလ်ရဲ႕အေျခခံဥပေဒေတြကိုေလ့လာၿပီးေတာ့မွ ျမန္မာႏိုင္ငံနဲ႔ အသင့္ေလ်ာ္ဆံုး ျမန္မာ့ေရေျမသဘာဝေပါ့ဗ်ာ။ လက္ရွိျပႆနာရဲ႕အလိုက္ေလ်ာႏိုင္ဆံုးအေျခခံဥပေဒတစ္ခုကို သူတို႔ႀကိဳးစားၿပီး ေရြးဆြဲ တည္ေဆာက္မယ္ဆိုတဲ့အထိလည္း သြားႏိုင္ပါတယ္။ အဲဒီေနာက္ NCA လမ္းေၾကာင္း အရလည္္း ျမွင့္ထားတာ ဆိုေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔ရဲ႕ National Solidarity and Peace Negotiation Committee (အမ်ဳိးသား ညီညြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ညွိႏႈိင္းေရးေကာ္မတီ) ဘက္က UPDJC တို႔ ဘာတို႔ကို ျပန္ၿပီးေတာ့ ဖြဲ႕ဖို႔ လုပ္လာပါတယ္။ ဒါေပမယ့္ ပါတီေတြကေတာ့ ဖြဲ႔တယ္။ အစိုးရဘက္က UPDJC ကို မဖြဲ႔ေသး ဘူး။ ခုနကလို NCA စာခ်ဳပ္ခ်ဳပ္လည္း PPST ဘက္က UPDJC ကို မဖြဲ႔ေသးဘူးဆိုတဲ့အေနအထားကို ေတြ႔တာေပါ့။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အေရြ႕ကေတာ့ ပါတီေတြနဲ႔ စေရႊ႕တာေပါ့။ ဒါေပမယ့္ ခင္ဗ်ားေျပာတဲ့ကိစၥ မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္ေအာင္လႈိင္ဘက္က ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈက ဒါတတိယအႀကိမ္ေျမာက္၊ ပထမအႀကိမ္ က ဟြန္ဆန္နဲ႔ေတြ႕တဲ့အခ်ိန္မွာ ၂ဝ၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ SAC ဘက္က သတ္မွတ္တယ္ဆိုတာ မ်ိဳးကို ေၾကညာလိုက္တယ္။ အဲဒီလိုေၾကညာခ်က္မတိုင္ခင္မွာ ၿပီးခဲ့တဲ့ႏွစ္ကိုျပန္ၾကည့္ရင္ တပ္မေတာ္ေန႔ဟာ စိန္ရတု (၇၅) ႏွစ္ ေျမာက္စိန္ရတုေန႔ဗ်။ အဲဒီေန႔မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဘက္က လူထုကိုေရာ တပ္မေတာ္သားေတြကိုေရာ ႏိုင္ငံတကာကိုေရာ ေျပာခဲ့တာရွိမွာေပါ့။ အဲဒီေတာ့ (၇၅) ႏွစ္ရွိၿပီ ေသြးေျမက်ေန ဆဲျဖစ္တယ္။ တပ္မေတာ္ရဲ႕မူရင္းတာဝန္သည္ ဒီႏိုင္ငံသားေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ဖို႔ျဖစ္တယ္။ ျပည္ပရန္ကိုကာကြယ္ဖို႔ျဖစ္တဲ့အခါမွာ ကိုယ္တို႔အခ်င္းခ်င္းျဖစ္တဲ့ပဋိပကၡေတြေၾကာင့္ တပ္မေတာ္သားေတြ ဘယ္ေလာက္ အသက္စြန္႔သြားရၿပီလဲ။ အဲဒီလိုပဲ ကိုယ္တို႔ရဲ႕ညီအစ္ကိုေတြျဖစ္တဲ့ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းေတြဘက္ကလည္း ဘယ္ေလာက္မ်ားစြန္႔သြားခဲ့ၾကရၿပီးၿပီလဲ။ ဘယ္ေလာက္အထိမ်ား တိုင္းျပည္ရဲ႕တိုင္းရင္းသားေဒသေတြမွာ မၿငိမ္မသက္ျဖစ္ၿပီး ဘယ္ေလာက္အထိ အိုးအိမ္စည္းစိမ္ေတြ ပ်က္စီးၿပိဳယြင္းသြားရၿပီးၿပီလဲဆိုတာကို (၇၅) ႏွစ္ေျမာက္ စိန္ရတုေန႔မွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဘက္က ဆင္ျခင္ သံုးသပ္ႏိုင္ခဲ့တယ္ထင္တယ္။ အဲဒါေၾကာင့္လည္း ဟြန္ဆန္နဲ႔ေတြ႔တဲ့အခါမွာ ခုနကလို အာဆီယံအစည္းအေဝးမွာ နည္းနည္းေလး Five point consensus (ဘံုသေဘာတူညီခ်က္ ငါးခ်က္) တို႔ဘာတို႔ ျဖစ္လာတာေပါ့။ အဲဒီက႑ေတြကိုျပန္ၾကည့္ရင္ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္ဘက္က စိန္ရတု တပ္မေတာ္ေန႔မွာ ေနာက္စိန္ရတု(၂) ခုကို ျဖတ္သန္းရေတာ့မယ္။ ဘယ္လိုဒီအေရြ႔ကို ေရႊ႕ေအာင္ ကြ်န္ေတာ္တို႔ ၾကိဳးစားၿပီးေတာ့ တည္ေဆာက္မွာလဲဆိုတဲ့ Idea နဲ႔ သံႏိၷ႒ာန္တစ္ခုခ်ခဲ့ပံုေပါက္တယ္။ ဒါေၾကာင့္လည္းပဲ ျပည္ေထာင္စုေန႔မွာ ၾကိဳတင္သတ္မွတ္ခ်က္မရွိဘဲနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြအားလံုးကို ဖိတ္ေခၚတယ္။ မေမွ်ာ္မွန္းနိုင္တဲ့ ဖိတ္ေခၚမႈျဖစ္တဲ့အခါမွာ ျပင္ဆင္မထားတဲ့အခါမွာ တခ်ိဳ႕ကလည္း လာမတက္ဘူး။ တခ်ိဳ႕ကလည္း လာတက္တာေပါ့ဗ်ာ။ ဒါေပမယ့္ အငယ္တန္းေခါင္းေဆာင္ေတြ တက္တာေပါ့။ အဲဒီအခါမွာ သူေမွ်ာ္မွန္းတဲ့ေတြ႔ဆံုေဆြးေႏြးၿပီးေတာ့မွ အဓိကျပႆနာရဲ႕မူရင္းကို အဲဒီေတြ႔ဆံုမႈကေန အေျဖရလိုက္ပံုမေပါက္ဘူး။ အဲဒီေတာ့ ျပန္ၾကည့္ရင္ေပါ့ဗ်ာ ရခိုင္ဘက္ကေတာင္မွပဲ ေလယာဥ္စီးလံုးနဲ႔ လာတက္ေပးတာပဲေလ။ အဲဒီေတာ့ အခုကြ်န္ေတာ္ထင္ပါတယ္ NSPNC ရဲ႕ UPDJC က႑လႈပ္ရွားမႈေတြကုိ ၾကည့္မွာေပါ့။ သူရဲ႕ ဖြဲ႔စည္းပံုအေျခခံ ဥပေဒအရ ကာလသည္ (၁) ႏွစ္နဲ႔ (၆) လထဲကို ဝင္လာၿပီ။ ေနာက္(၆) လေပါ့။ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီ (၃၁) ရက္ ဆိုရင္ သူ႔ရဲ႕ကာလက (၂) နွစ္ျပည့္ၿပီ။ အဲဒီေတာ့ ၂ဝ၂၂ ခုႏွစ္ကို သူတို႔က ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္ထားတယ္။ လာမယ့္ ၂ဝ၂၃ ခုႏွစ္ ႏွစ္ဆန္းပိုင္း ဇန္နဝါရီ (၄) ရက္ေန႔ကလည္း စိန္ရတုလြတ္လပ္ေရးေန႔လည္း ျဖစ္ျပန္တယ္။ အဲဒါေၾကာင့္ NCA ဆိုတဲ့စာခ်ဳပ္အရ အခု လက္ရွိသြားေနတဲ့ကိစၥအားလံုးရဲ႕အေျခခံအားလံုးသည္ ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို လႊတ္ေတာ္ျပင္ပ အေနနဲ႔ ျပင္ဖို႔အတြက္ မူတည္တာပဲ။ NCA စာခ်ဳပ္သူရဲ႕ ရည္မွန္းခ်က္ပင္မက ေနာက္ဆံုးသည္ ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကိုေဆြးေႏြးၿပီးမွ ျပင္ဖို႔။ အဲဒီလိုျပင္ၿပီး ထည့္မယ့္ အခ်က္အလက္ ေတြအားလံုးကိုလည္း (National Record) အျဖစ္ လႊတ္ေတာ္မွာအတည္ျပဳမယ္၊ ဖြဲ႔စည္းပံုကိုပါ ျပင္မယ္။ အဲဒီေတာ့ လႊတ္ေတာ္ အတြင္းကျပင္တာ၊ လႊတ္ေတာ္ျပင္ပက ျပင္တာဆိုတဲ့ႏွစ္ခုနည္းကို ၾကည့္တဲ့အခါမွာ အခု NCA စာခ်ဳပ္ခ်ဳပ္ဖို႔ အတြက္ (၂)ႏွစ္နီးပါးေလာက္က်န္ေသးတယ္။ NCA စာခ်ဳပ္ခ်ဳပ္ၿပီးခါမွ လႊတ္ေတာ္ျပင္ပျပင္တာ (၆) ႏွစ္နီးပါးမွာ (၅၁) ခ်က္ရတယ္။ ဘယ္လိုမွမေရြ႕ဘူး။ လာမယ္ ၂ဝ၂၃ ဇန္နဝါရီ (၄) ရက္ေန႔ကလည္း လြတ္လပ္ေရးေန႔ စိန္ရတုေန႔ျဖစ္တယ္။ အဲဒါေၾကာင့္ (၂၂) ရက္ေန႔ (၄) လပိုင္း ၂ဝ၂၂ ခုနွစ္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးက လြတ္လပ္ေရးရဲ႕အရႆာကို ႏိုင္ငံသားအားလံုး၊ တိုင္းရင္းသားအားလံုး မခံစားရေသးဘူး။ လြတ္လပ္ေရးရဲ႕ အရသာကိုျပည့္ျပည့္ဝဝခံစားရေအာင္ ေပးဖို႔တာဝန္ကေတာ့ လက္ရွိ SAC ဥကၠ႒ ႏိုင္ငံေတာ္အႀကီးအကဲမွာ ရွိေနတယ္။ ျပည္တြင္းစစ္ကို ရပ္စဲႏိုင္တယ္။ (၇၅) ႏွစ္နီးပါးခ်ီလာခဲ့တဲ့ ႏိုင္ငံေရးျပႆနာ၊ ဇစ္ျမစ္ ျပႆနာအားလံုးကို ေျဖရွင္းႏိုင္တဲ့စြမ္းအား သူ႔မွာရွိတယ္။ ေျဖရွင္းလိုတဲ့ဆႏၵရွိတယ္။ နည္းလမ္းပဲ လိုတယ္။ အဲဒီနည္းလမ္းကို ႏွစ္ဖက္ေတြ႔ဆံုၿပီးမွ ဒီျပႆနာဒီတင္ရပ္ေအာင္ ကာလတို ၂ဝ၂၂ ခုႏွစ္အတြင္းမွာသာ ေတြ႔ဆံုညိွႏႈိင္းအေျဖရွာႏိုင္ခဲ့လို႔ရွိရင္ (၇၅) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔မွာ လြတ္လပ္ေရးအရသာကို တိုင္းရင္းသားအားလံုး ခံစားနိုင္တဲ့အေနအထားကိုေပးလို႔ရၿပီ။ အဲဒီေတာ့ ဒီကာလ ဒီဇင္ဘာ(၃၁) ရက္ေန႔ ဒီကာလက သူတို႔ ေတာင္းေတာင္းဆိုဆိုေလးလည္းပဲ အလြန္္လိုအပ္တယ္။ အဲဒီအေျခအေနေတြကေတာ့ ရွိတာေပါ့။ ရွိေတာ့ ကြ်န္ေတာ္တို႔စဥ္းစားတာေပါ့။ ဘယ္လိုေရႊ႕ၾကမွာလဲဆိုတဲ့အခါမွာ NCA လမ္းေၾကာင္းအရ ဆိုရင္ ၾကာမယ္။ (၆) လဆိုတဲ့ကာလမွာ ေပးခဲ့ၿပီးၿပီ။ ကာလကလဲ တစ္ႏွစ္မရွိေသးတဲ့ကာလေလးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးက ဒီအေရြ႕ကို ေရႊ႕ေအာင္ သူႀကိဳးစားရေတာ့မယ္။ လြတ္လပ္ေရးေန႔မတိုင္ခင္ေလးမွာေပါ့။ ဆိုတဲ့အခါမွာ NCA ကိုေက်ာ္ၿပီးခါမွ ၂ဝ၂၂ ခုႏွစ္ ဧၿပီ (၂၂) ရက္ ေၾကညာခ်က္က ၂ဝဝ၈ ဖြဲ႔စည္းပံုကိုေက်ာ္ၿပီး သူစဥ္စားတာ။ အဲဒီလိုပဲ NCA လမ္းေၾကာင္းကို သူေက်ာ္ၿပီးသူစဥ္းစာတာ။ အဲဒါေၾကာင့္ ထိပ္သီးေဆြးေႏြးပြဲ ဆိုတဲ့ဥစၥာဟာ ႏိုင္ငံေရးအရႆာနဲ႔ ျပည့္စံုတယ္။ ျပည္ေထာင္စုတစ္ခုလံုးကိုေျဖရွင္းလိုတဲ့ဆႏၵက SAC မွာ ရွိတယ္ဆိုတဲ့ဥစၥာေလးကို တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔အစည္းေခါင္းေဆာင္မ်ားဘက္က သေဘာေပါက္ခဲ့မယ္ဆိုလို႔ရွိရင္ လာၿပီးေတာ့ ေတြ႔ဆံုေဆြးေႏြးၿပီးမွ ျပည္ေထာင္စုျပႆနာကို အေျဖထုတ္ သင့္တယ္။ အဲဒီေတာ့ ခင္ဗ်ားခုနက အစမွာ ေမးတဲ့အခါမွာလည္း ပါပါတယ္။ ဆႏၵပဲလိုတာ။ ျပည္ေထာင္စုရဲ႕ အေရြ႕ကိုေရႊ႕လိုတဲ့ဆႏၵ ပါလို႔ရွိရင္ ခုနကေျပာသလို ေျပလည္ႏိုင္တယ္။ အဲဒီေတာ့ တစ္ခုပဲလိုပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္က တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္း ေခါင္းေဆာင္ မ်ားအားလံုး လာႏိုင္ေအာင္ သူ႔ဘက္က ၿငိမ္းခ်မ္းေရး Road Map ကို ေၾကညာေပးဖို႔ လိုပါတယ္။ အဲဒီေတာ့ ဒီျပႆနာႀကီး ဖြဲ႔စည္းပံုအေျခခံဥပေဒ ဆိုင္ရာျပႆနာလို႔ သတ္မွတ္ခဲ့လို႔ရွိရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒအသစ္ကို အဲဒီအသစ္ဟာ ကြ်န္ေတာ္အားလံုးနဲ႔ ေလ်ာ္ညီတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒအသစ္ကိုလည္း ကာလတစ္ခု အတြင္းမွ အခ်ိန္တိုအတြင္းမွ ကြ်န္ေတာ္တို႔ဖြဲ႕စည္းပံုလႊတ္ေတာ္(Constitudion Assembly) သြားၿပီးမွ ေဆြးေႏြး မယ္၊ ေျဖရွင္းမယ္၊ ညွိႏႈိင္းမယ္၊ ရယူမယ္၊ ကြ်န္ေတာ္တို႔လိုခ်င္တဲ့ဥပေဒအကုန္လံုးကို ျပ႒ာန္းေပးမယ္။ အဲဒီမွာ ျမန္မာ့တပ္မေတာ္သည္လည္း ႏိုင္ငံေရးႏြံထဲကေန ႏႈတ္မယ္၊ ေနာက္ကို ဆုတ္မယ္။ အဲဒီလိုပဲ လက္နက္ကိုင္ ေတာ္လွန္ေရးအင္အားစုအားလံုးသည္လည္း လက္နက္ကိုစြန္႔ၿပီးခါမွ ဒီပဋိပကၡႏြံထဲကေန ဆုတ္ေပးမယ္၊ ကြ်န္ေတာ္တို႔အားလံုးသည္ Zero ကို သြားၿပီးခါမွ ျပည္ေထာင္စု တပ္မေတာ္ကို ဘယ္လိုစုေပါင္းဖြဲ႔စည္းၾကမလဲ၊ ျပည္ေထာင္စုကို ဘယ္လိုကာကြယ္ၾကမလဲ၊ ျပည္ေထာင္စုပဋိပကၡအကုန္လံုး ဒီမွာခ်ဳပ္ၿငိမ္းေအာင္ ကြ်န္ေတာ္တို႔ ဒီသေဘာတူညီခ်က္၊ ဒီဖြဲ႔စည္းပံုႀကီးနဲ႔ ဒီအေျခခံမူနဲ႔သြားမယ္ဆိုတဲ့ သံႏိၷ႒ာန္၊ အဲဒီႏိုင္ငံေရးအစိတ္ အပိုင္း(Political Part) ထိေရာက္ေအာင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေခါင္းေဆာင္မ်ား၊ ဗို္လ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ ဒီအတိုင္းသြားမယ္ဆိုတာကို ကမာၻကိုေရာ၊ ျပည္သူေတြကိုေရာ၊ ႏိုင္ငံေရး ပါတီအားလံုးကိုလည္းသိေအာင္ လက္နက္ကိုင္အဖြဲ႔အစည္းအားလံုးလည္းသိေအာင္၊ ဗို္လ္ခ်ဳပ္မွဴးႀကီးဘက္က ေၾကညာေပးဖို႔ ဒီအခန္းက႑မွာ လိုတယ္။ ဖိတ္ေခၚႏိုင္ေအာင္ သူ႔ဘက္က ဒါမ်ဳိးသြားမယ္ဆိုတာမ်ိဳးကို ေၾကညာေပးျခင္းအားျဖင့္ အခုတစ္ႀကိမ္ၿပီးရင္ ေနာက္တစ္ႀကိမလုပ္လာနိုင္တဲ့ ေဆြးေႏြးပြဲေတြအားလံုးမွာ ထိပ္သီးေခါင္းေဆာင္ေတြအားလံုး တက္လာႏိုင္တယ္။ ျမန္မာ့ႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေလာက္တဲ့ အထိိ၊ အေျဖရတဲ့အထိ နက္နက္နဲနဲအခ်ိန္တိုအတြင္းမွာ ကြ်န္ေတာ္တုိ႔ယံုၾကည္မႈနဲ႔ ေခါင္းေဆာင္မ်ားအားလံုး ဒီျပည္ေထာင္စုကို ညီညီွညြတ္ညြတ္တည္ေဆာက္ခ်င္တဲ့ ႏိုင္ငံေရးအာသီသ ရွိတယ္ဆိုရင္ေပါ့ဗ်ာ။ မေျဖရွင္းလို႔ မရတဲ့ ျပႆနာဆိုတာမရွိဘူး။ အဲဒီလိုမ်ိဳး ေတာ့ ကြ်န္ေတာ္ ကနဦးေျဖခ်င္ပါတယ္။


ေမး ။ ။ ႏိုင္ငံေရးေဆြးေႏြးမႈဆိုတဲ့ေနရာမွာ တစ္ဖက္တည္းကပဲ ၿပီးသြားလို႔လည္း မရဘူးေပါ့ေလ။ ဆိုလို တာက NCA ကိစၥေတြ၊ ေနာက္တစ္ခါ ၿငိမ္းခ်မ္းေရးကိစၥေဆြးေႏြးမယ္ဆိုတဲ့ကိစၥေတြဟာ သူတို႔က (၁ဝ) ဖြဲ႔ပဲ တက္မယ္ဆိုတဲ့ကိစၥေပၚလာတယ္။ (၁ဝ) ဖြဲ႔မွာ (၁)ဖြဲ႔က ဒုတိယျပန္ျဖစ္ေနတယ္ဆိုေတာ့ မတက္တဲ့အဖြဲ႔ေတြက သက္သက္ရွိေနႏိုင္တယ္။ ဆိုေတာ့ မတက္တဲ့အဖြဲ႔ေတြကိုလည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာခဲ့တဲ့ မိန္႔ခြန္းထဲမွာ သူေျပာတာ မတက္တဲ့အဖြဲ႔ေတြကလည္း PDFေတြကို ေမြးထုတ္တဲ့အထဲမွာပါေနတယ္။ အဲဒီေတာ့ သူတို႔ၾကားထဲမွာ ရႈပ္ေထြးေနတဲ့ကိစၥေတြေၾကာင့္ မတက္တာျဖစ္ႏိုင္တယ္လို႔ ေျပာသြားတာေတြ႔ရတယ္။ အဲဒီေတာ့ မတက္တဲ့အဖြဲ႔ေတြရဲ႕အေနအထားကိုၾကည့္ေတာ့လည္း ထူျခားတာေပါ့ေနာ္။ ထူးျခားတာကို ၾကည့္ ေတာ့လည္း ကြ်န္ေတာ္တို႔ တက္တဲ့အဖြဲ႔နဲ႔ မတက္တဲ့အဖြဲ႔ကို ကြ်န္ေတာ္ ခြဲျခားၾကည့္လိုက္တဲ့အခါမွာ ထူးထူးျခား ျခားျဖစ္ေနတဲ့ Point ေလးေတြ႕ကို ေတြ႕မိတာရွိပါတယ္။ အဲဒါကေတာ့ တက္တဲ့အဖြဲ႔အမ်ားစုက ဗုဒၶဘာသာဝင္ ေတြျဖစ္တယ္။ မတက္တဲ့အဖြဲ႔ေတြက ခရစ္ယာန္ေတြျဖစ္ေနတယ္။ ၿပီးရင္ PDF ေတြကို ေမြးထုတ္ေပးတဲ့ သူေတြ လည္း ျဖစ္ေနတယ္။ အဲဒီလို ထူးျခားတာေလးသြားေတြ႔ရတယ္။ ၿပီးေတာ့ ႏိုင္ငံတကာအဝင္/အထြက္ ေတြမ်ားတဲ့ေနရာေတြျဖစ္တာကိုလည္း သြားေတြ႔ရတယ္။ အဲဒီေတာ့ ဒါေတြရဲ႕ေနာက္ကြယ္မွာ ကြ်န္ေတာ္တုိ႔ မသိႏိုင္တာရဲ႕ေနာက္ကြယ္မွာ ျမဳပ္ေနတာေတြမ်ား ရွိမလား။ ဆရာအေနနဲ႔ေတြးမိလား။ ဒါကုိ ဆရာ ဘယ္လိုမ်ား သံုးသပ္ခ်င္ပါသလဲ။
ေျဖ ။ ။ ကမာၻႀကီးကလည္း ေျပာင္းလဲေနတာကိုဗ်။ ကမာၻ႕ႏိုင္ငံေရး ရာသီဥတုကလည္း ေျပာင္းတာေပါ့။ အဲဒီ အခါမွာ စစ္ေအးေခတ္ႀကီးမွာ အေၾကာင္းေၾကာင္းေၾကာင့္ေပါ့။ ဆိုဗီယက္ျပည္ေထာင္စုႀကီးက ၿပိဳကြဲသြားတာ ေပါ့။ ၿပိဳသြားတဲ့အခါမွာ အားလံုးသိတဲ့အတိုင္းပဲ ရုရွားဖက္ဒေရးရွင္းႀကီးက က်န္ခဲ့တာေပါ့ဗ်ာ။ ေနတိုး Expanse လုပ္တဲ့ဟာမွာလည္း ဘယ္ေလာက္အထိျဖစ္ေနလဲဆိုတာကို ကြ်န္ေတာ္တုိ႔အားလံုး အခုဆိုရင္ နား၊ မ်က္စိ ဖြင့္ထားရင္ သိလာၿပီေပါ့။ အခုဆိုရင္ ဖင္လန္တို႔၊ ဆြီဒင္တို႔ဘက္ကိုေတာင္ အာရံုစိုက္လာၿပီေလ။ ယူကရိန္း အျပင္ေပါ့ဗ်ာ။ အဲဒီေတာ့ ရုရွားဘယ္လိုၾကံ့ၾကံ့ခံေနသလဲ၊ ဘာေၾကာင့္လဲဆိုတာကို ရုရွားပဲသိတယ္။ ကြ်န္ေတာ္ တို႔လည္း ကိုယ္ခ်င္းစာတယ္။ ဒါ ေနတိုးဘက္က တိုးသင့္သလား၊ မသင့္လားဆိုတာကိုေလ။ အဲဒီလိုပဲ ကြ်န္ေတာ္တို႔နဲ႔အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ တရုတ္ျပည္ကြန္ျပဴနစ္ပါတီနဲ႔ တရုတ္ျပည္အစိုးရကိုျပန္ၾကည့္ရင္ ျမန္မာ ႏိုင္ငံကို တည္ၿငိမ္ေအးခ်မ္းေစခ်င္တာေပါ့။ သူရဲ႕နယ္စပ္ျဖစ္တဲ့ ဒါေျပာရရင္ မိုင္းေပါင္း(၂ဝဝဝ)ေလာက္ရွိ တာေပါ့။ စဥ္စားၾကည့္ရင္ေလ၊ တည္ၿငိမ္ေအးခ်မ္းတဲ့၊ ျမန္မာႏိုင္ငံအခင္းအက်င္းကို အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ တရုတ္ျပည္ကလည္း လိုလားတယ္၊ လိုအပ္တယ္လို႔ သံုးသပ္တယ္။ ကြ်န္ေတာ္တို႔လည္း ဒီလိုပဲသံုးသပ္တယ္။ တစ္ဖက္ အိႏၵိယဘက္ကလည္း ဒီအတိုင္းပဲ။ ျမန္မာႏိုင္ငံနယ္စပ္ေဒသႀကီး တည္ၿငိမ္ေအးခ်မ္းမွျဖစ္မယ္။ သူတို႔ရဲ႕အေရွ႕ေျမာက္ေပါ့ေနာ္။ 7 Sisters of India လို႔သတ္မွတ္ပါတယ္။ ထရီပူရတို႔၊ မဏိပူရတို႔၊ မီဇိုရမ္တို႔ျပန္ၾကည့္ရင္ အဲဒီ (၇) ျပည္ တည္ၿငိမ္ေအးခ်မ္းဖို႔ဟာ ျမန္မာႏိုင္ငံနဲ႔တိုက္ရိုက္ႏိုင္ငံေရး ေယာင္ျပန္ဟပ္ၾကတယ္ဗ်။ Vice Versa ျဖစ္ၾကတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံပတ္ပတ္လည္မွာရွိတဲ့ ႏိုင္ငံႀကီး ေတြရဲ႕အေနအထားကိုၾကည့္ရင္ ျမန္မာႏိုင္ငံတည္ၿငိမ္ ေအးခ်မ္းေစခ်င္တာေပါ့။ အဲဒီအခါမွာ ကြ်န္ေတာ္တို႔ေတြ သံုးသပ္ပါတယ္။ ခုနက ဘာသာေတြနဲ႔ပတ္သက္လို႔ ေလ။ အဲဒါေၾကာင့္လည္း KNU ဘက္မွာ ႏွစ္ဖက္ၿပိဳကြဲ သြားခဲ့တာေပါ့။ ၿပီးခဲ့တဲ့ကာလမွာေလ နဝတ၊ နယက လက္ထက္မွာေလ။ DKBA တို႔ KNU တို႔ သီးသန္႔ ျဖစ္သြားၾကတယ္။ PC ျဖစ္သြားၾကတယ္။ တဖက္မွာလည္း ကြ်န္ေတာ္တို႔ျမန္မာျပည္ရဲ႕ေျမာက္ပိုင္းမွာလည္း KIA ဆိုရင္ ခရစ္ယာန္မ်ားတာေပါ့။ မ်ားတယ္ေလ။ ဂ်ိန္းေဖာ္ေတြလည္း မ်ားတယ္ေလ။ Plus(3) ျဖစ္တဲ့ (3) ကေတာ့ ဗုဒၶဘာသာေတြမ်ားၾကတယ္။ Plus (1) ကေတာ့ ခရစ္ယာန္ေတြမ်ားတာေပါ့။ အဲဒီေတာ့ ခုနက ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံျခားေရးကိုၾကည့္တဲ့အခါမွာ ပထမေတာ့ ဒါ ဦးႏုတို႔လက္ထက္မွာ ဘက္မလိုက္တဲ့ ကြ်န္ေတာ္ တို႔အာဆီယံေပၚလာကတည္းက တစ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို တစ္ႏိုင္ငံက မစြက္ဖက္ဘူးဆိုတာျဖစ္တယ္။ ေနာက္ေတာ့ အားလံုးသိတဲ့အတိုင္းပဲ ဦးေနဝင္းလက္ထက္မွာက ဘက္မလိုက္လႈပ္ရွားမႈမွာ ပါလာခဲ့တာေပါ့။ အဲဒီေနာက္မွာျပန္ၾကည့္ရင္လည္း ဒီလိုပဲ။ ကြ်န္ေတာ္တို႔လြတ္လြတ္လပ္လပ္ေနခဲ့ေပမယ့္လို႔လည္း ျမန္မာႏို္င္ငံ လြတ္လပ္ေရးဆံုးရႈံးသြားေလာက္ေအာင္ လုပ္ခဲ့တဲ့ အဂၤလိပ္လက္ထက္မွာ ခင္ဗ်ားတို႔ Missionary ေတြ အမ်ားႀကီးလာတာပဲ။ Missionary ေတြရဲ႕လႊမ္းမိုးမႈနဲ႔ ဒီဘက္က ဗုဒၶဘာသာအဓိကျဖစ္တဲ့ ဗမာစာသည္ အဓိက ဆိုတဲ့ YNDA ေတြ ျပန္ေပၚလာတာေပါ့။ အဲဒီေတာ့ ခုနကလို႔ႏိုင္ငံတစ္ခုရဲ႕အေနအထားမွာ ဘာသာေရး သာသနာျပဳဖို႔ဆိုတာ အဲဒီေခတ္ကတည္းက ရွိပါတယ္။ Missionary ေတြရဲ႕ သြားတာ၊ လာတာ၊ ၿဗိတိသွ် ဘာမားေပါ့ေနာ္။ ဆိုေတာ့ ဒါကိုလည္း ကြ်န္ေတာ္တို႔ႏိုင္ငံႀကီးေတြ တည္ၿငိမ္ေစလိုတဲ့ ခုနကလို ကမာၻ႕စစ္ အင္အားႀကီးတဲ့ႏိုင္ငံေတြက သူ႔ရဲ႕အိမ္နီးနားခ်င္းနိုိင္ငံေတြရဲ႕အေျခအေနကို သူသံုးသပ္ၾကမယ္ထင္တယ္။ အဲဒီ ေတာ့ တရုတ္ျပည္ဘက္က ကြ်န္ေတာိ္တို႔ၾကည့္တဲ့အခါၾကေတာ့ ျမန္မာႏို္င္ငံကို တည္ၿငိမ္ေအးခ်မ္းေစခ်င္တယ္။ ျမန္မာႏိုင္ငံမတည္ၿငိမ္မႈသည္ သူတို႔ႏိုင္ငံေတြနဲ႔ တိုက္ရိုက္ပတ္ သက္တယ္ဆိုတဲ့အခါမွာ သူတို႔ရဲ႕နယ္စပ္ တစ္ေလ်ွာက္ကိုလည္း သူတို႔ၾကည့္ပံုေပၚပါတယ္။ အဲဒီေတာ့ FPNCC နဲ႔ ပတ္သက္လို႔လည္း တရုတ္ျပည္အစိုးရ၊ တရုတ္ျပည္ကြန္ျပဴနစ္ပါတီဘက္က သံုးသပ္ခ်က္ေတြ ရွိမွာေပါ့။ အဲဒီေတာ့ ျမန္မာႏို္င္ငံကို တည္ၿငိမ္ေအးခ်မ္း ေစခ်င္တဲ့အခါမွာ ဒုတိယအႀကိမ္(၂၁) ရာစု ပင္လံုမွာေတာင္မွ ဒီဘက္က တင္းမာေနေသာ္လည္းပဲ မစၥတာ ဆုန္႔ေကာရွင္းတို႔ဘက္က ေလယာဥ္စီးလံုးငွားၿပီးေတာ့ ကူမင္းကေန ေနျပည္ေတာ္အထိ ပို႔ေပးခဲ့ၾကတယ္။ အကုန္လံုးတက္ရေအာင္ေပါ့။ ဆိုေတာ့ အဲဒီလိုလႊမ္းမိုးမႈေတြက ရွိႏိုင္ တယ္။ ဟိုတေလာကေတာင္ ဗိုလ္ခ်ဳပ္မွဴး ႀကီးဘက္က CIA ပါလာတယ္လို႔ေျပာဖူးတယ္။ ျမန္မာ့ႏိုင္ငံ ေရးနဲ႔ပတ္သက္လို႔ ခင္ဗ်ားျပန္ၾကည့္ ျပည္ပမွာ NUG ဘက္က ေဒၚဇင္မာေအာင္တို႔ဘက္က အာရပ္ဘက္ကို သြားတယ္၊ လံုျခံဳေရးအျပည့္ယူေပးတယ္ဆိုတဲ့ သတင္း တက္လာတယ္ေလ။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး၊ ဒုတိယဝန္ႀကီးနဲ႔ ေတြ႔ၾကတယ္။ အဲဒီမွာ အာဆီယံ ေခါင္းေဆာင္ေတြက ေရာက္ေနတယ္။ သမၼတဘိုင္ဒန္နဲ႔ ေတြ႔တယ္ဆိုတာ ကမာၻ႕ႏိုင္ငံေရးအခင္းအက်င္း အကုန္လံုးမွာလႈပ္ရွားရင္ ျပည္ပမွာ လႈပ္ရွားမႈတစ္ခုလံုးနဲ႔ ၿပီးေတာ့ သူ႔ရဲ႕ဆဲလ္ေတြ ရွိႏိုင္တာေပါ့။ PDF ေတြနဲ႔ ပတ္သက္လို႔ၾကည့္မယ္ဆိုရင္လည္း KIA နယ္ေျမမွာဆိုတာမ်ိဳး သတင္းေတြမွာ ပါတယ္။ ဟုတ္၊ မဟုတ္ေတာ့ ကြ်န္ေတာ္တို႔မေျပာႏိုင္ဘူးေပါ့။ အဲဒီေတာ့ KNU ဘက္ကလည္း တပ္မဟာ ၅၊ ၆ (ေဘာေက်ာ္ဟဲ၊ ေနာ္ေမထူး) တို႔ဘက္ကဆိုတာမ်ိဳး ေတြ႔ေနၾကတာေပါ့။ ဂ်ာနယ္ေတြထဲမွာေပါ့။ အဲဒီေတာ့ KNU ဘက္မွာလည္း ေလ့က်င့္ ေပးေနတဲ့နယ္ေျမေတြရွိႏိုင္တယ္။ အဲဒီဘက္က လႊမ္းမိုးမႈေတြရွိႏိုင္တယ္။ ဒါအမွန္ကို ကြ်န္ေတာ္တို႔ သံုးသပ္တာပါ။ အဲဒီေတာ့ ရခိုင္ဘက္ကိုျပန္ၾကည့္ရင္လည္းပဲ အဲဒီဘက္က မေကြးတို႔ ဘာတို႔ဘက္က တခ်ိဳ႕ PDF ေတြ၊ ပအို႔ဝ္ဘက္က ခ်င္းဘက္က PDF ေတြက ရခိုင္တပ္မေတာ္ ULA ဘက္မွာ သင္တန္းလာ တက္ေနၾကတယ္ဆိုတာကို (၁၃) နွစ္ေျမာက္ ရခိုင့္တပ္မေတာ္ေန႔အခမ္းအနားမွာေပးပို႔တဲ့ သဝဏ္လႊာသံုး၊ ေလးေစာင္ကိုၾကည့္ရင္ သူတို႔ဘက္က ေလ့က်င့္ေပးတယ္ဆိုတဲ့ ဥစၥာေလးကို အတည္ျပဳတာေပါ့ဗ်ာ။ ULA ကေတာ့ မေျပာဘူး။ ဒါေပမယ့္ အေလ့က်င့္ခံလိုက္ရတဲ့ PDF ေတြက ေက်းဇူးတင္ေၾကာင္းသဝဏ္လႊာနဲ႔ သူတို႔လည္းပဲ ဒီလိုမ်ိဳး ေလ့က်င့္ေပးပါတယ္ဆိုတာမ်ိဳးနဲ႔ ကမၻာသိေအာင္၊ နစကသိေအာင္၊ တစ္ႏိုင္ငံလံုး သိေအာင္ သူတို႔ဘက္က သတင္းပို႔တာေပါ့။ အဲဒီေတာ့ လႊမ္းမိုးမႈကေတာ့ ရွိႏိုင္တယ္။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ဇစ္ျမစ္ျပႆနာကို ကြ်န္ေတာ္တို႔ အခ်င္းခ်င္း ေျဖရွင္းမွ ပဲရမယ္။ ႏိုင္ငံတကာ စြက္ဖက္မႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာ ေျပာင္းလဲႏိုင္ျခင္း ရွိ၊ မရွိကို သံုးသပ္ရမယ္ဆိုရင္ေတာ့ျဖင့္ ကြ်န္ေတာ္တို႔ရဲ႕အေတြ႔အၾကံဳအရ ေျပာင္းဖို႔ အင္မတန္ခက္ပါတယ္။ အဲဒီေတာ့ NCGUB လက္ထက္ ေဒါက္တာ စိန္ေမာင္တို႔လက္ထက္ကို ကြ်န္ေတာ္တို႔ျပန္ၾကည့္တယ္။ အခု ဦးလရွီးလတို႔ အခုလက္ရွိ CRPH တို႔ NUG တို႔ဘက္ကို ၾကည့္ျပန္တဲ့အခါမွာ မီဒီယာကေတာ့ အရင္ ထက္ပိုပြင့္လာတာေပါ့။ အေနာက္ႏိုင္ငံေတြနဲ႔ပတ္သက္တဲ့ ႏိုင္ငံေတြေတာ္ေတာ္မ်ားမ်ားက Zoom Meeting ေတြ လုပ္ၾကတယ္လို႔ၾကား ပါတယ္။ NUG နဲ႔ ညွိၾကတယ္၊ ျပဳၾကတယ္။ အဲဒီေတာ့ ဘာပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကို သံတမန္ေရးအရ ဝင္ေရာက္စြက္ဖက္လို႔ေတာ့ မရဘူးဗ်။ ဝင္ေရာက္စြက္ဖက္ျခင္းရွိရင္လည္းပဲ ျပည္တြင္း မွာသာ ကိုယ့္ေတြရဲ႕မညီညြတ္မႈကို ဒီဇစ္ျမစ္ျပႆနာကို ေသေသခ်ာခ်ာရွာၿပီးမွ တို႔ျပည္တြင္းျပႆနာကို တို႔ရ ေအာင္ေျဖရွင္းမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ ျပည္တြင္းအင္အားနဲ႔ ေသေသခ်ာခ်ာညီညီညြတ္ညြတ္ ခုခံႏိုင္လို႔ရွိရင္ ျပည္ပရဲ႕ဝင္ေရာက္စြက္ဖက္မႈနဲ႔လႊမ္းမိုးမႈက ဘယ္လိုမွေက်ာ္ျဖတ္ႏိုင္မွာ မဟုတ္ဘူးရယ္။ အဲဒါေၾကာင့္ ဒီကာလ မွာ ဇစ္ျမစ္ျပႆနာကို ဗိုလ္ခ်ဳပ္မွဴးႀကီးဘက္က တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္း ေတြရဲ႕ ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ေတြ႔ၿပီးခါမွ ဒို႔ေသြးေျမက်တာ မ်ားေနၿပီ။ ဘယ္လို ျပည္တြင္းစစ္ကို ရပ္မွာလဲ။ ဒို႔ေသြးကြဲခဲ့တာ ဖြဲ႔စည္းပံုအေျခခံဥပေဒေၾကာင့္သာဆိုရင္ တို႔နဲ႔ေလ်ာ္ညီတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ၊ အဲဒီမွာ ပါလာ သင့္တာက ဗမာသည္ ဘာလုပ္ေပးမွာလဲ။ တစ္ယူနစ္ ယူေပးမွာလား၊ အခု NUG တို႔ဘက္က ေၾကညာတဲ့ Charter (ပဍိညာဥ္စာခ်ဳပ္) ရယ္ သူတို႔ဖက္ဒရယ္ဖြဲ႔စည္းပံုကိုၾကည့္တဲ့အခါမွာ စစ္လင္းျပည္ေထာင္ ဆိုတာကို သြားတယ္။ အဲဒီေတာ့ ျပည္မက ဗမာသည္ တစ္ယူနစ္ မယူေပးဘူး။ သူတို႔က မေရးဘူး။ အဲဒီအခါမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားနဲ႔ တိုင္းရင္းသားႏိုင္ငံေရးအင္အားစုမ်ား ဆိုးက်ိဳးေဝဖန္တာေပါ့။ NUG သြားတဲ့လမ္းေၾကာင္းသည္ တစ္ခါသပ္လွ်ဳိၿပီးမွ ထပ္ၿပီးေတာ့တစ္ခါ ပဋိပကၡျပန္ျဖစ္ ႏုိင္ေအာင္သြားေနတာ လား။ ဘယ္ကာလမွာေတာင္မွ စစ္မွန္တဲ့ဖက္ဒရယ္ျပည္ေထာင္စုကိုမသြားခ်င္ရတာလဲ။ ဘာေၾကာင့္ ကိုယ္သည္ တစ္ယူနစ္မယူရဲတာလဲဆိုတာကို ေဝဖန္ၾကတာေပါ့။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဘက္က ခုနကကိစၥကို ဘယ္လိုေျဖရွင္းမွာလဲ။ ကိုယ္ဘက္ကေတာ့ မ်ားမ်ား၊ ဒီျပႆနာေတြကို ဒီလိုေျဖရွင္းဖို႔ ရည္မွန္းထားပါတယ္ဆိုတဲ့အစီအစဥ္ေလးေတြကို ခ်ျပဖို႔သင့္တာေပါ့။ အဲဒီအခါမွ ကြ်န္ေတာ္ ခဏခဏေျပာ တယ္ဗ်။ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္တို႔ရဲ႕ NSPIC မွာလည္း ေျပာခဲ့တယ္။ ကင္ဆာေရာဂါနဲ႔ဥပမာေပးၾကတာေပါ့။ အဲဒီ ေတာ့ သေဘာေပါက္ေအာင္ေျပာရရင္ ကင္ဆာကိုုစေတြ႕ၿပီဆိုတာနဲ႔ စေရြ႕ေနၿပီ။ ဥပမာ- ရန္ကုန္မွာ စေတြ႔ၿပီဆိုရင္ ပဲခူးက ျဖတ္လို႔မရ ေတာ့ဘူး။ ဆရာရဲ႕အသက္ဟာ မႏၱေလးမွာ ရွိတယ္ဆိုရင္ ဆရာရန္ကုန္မွာ စၿပီး ဒီတက္လုပ္ ဒီျပႆနာဇစ္ျမစ္က ဒါပဲလို႔သံုးသပ္တဲ့အခ်ိန္မွာ ရန္ကုန္မွာ မရွိေတာ့ဘူး။ အဲဒီေတာ့ဆရာ ပဲခူးက မျဖတ္ႏိုင္ဘူး။ ပ်ဥ္းမနားကျဖတ္မွပဲ မႏၱေလးက အသက္ကို မကူးေတာ့မွာ။ အဲဒါေၾကာင့္ ကိုယ္က ဒီဇစ္ျမစ္ကို စေတြ႔ၿပီဆိုရင္ ဘယ္ေလာက္ေပးမွာလဲ၊ ဘယ္ေနရာက ျဖတ္ရမွာလဲ။ မစို႔မပို႔ျဖတ္ရင္ အသက္ေပးရ ေတာ့မယ္။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔ေျပာတယ္ ၿပိဳကြဲလုနီးနီးကာလနဲ႔အနီးဆံုးအခ်ိန္ကို ခ်ဥ္းကပ္ေနၿပီလို႔ တကယ္တမ္းသံုးသပ္ခဲ့မယ္ဆိုရင္ မႏၱေလးမွာရွိတဲ့အသက္ကို ကယ္ဖို႔အတြက္ျပန္႔ေနတဲ့ကင္ဆာကို ဆာဂ်င္ တစ္ေယာက္အေနနဲ႔ ပဲခူးေလာက္က ျဖတ္ၿပီးေတာ့ ကုရင္ (Radiotion) နဲ႔ Chemotherapy (ဓါတုကုထံုး) ေလာက္နဲ႔မရေတာ့ဘူး။ မႏၱေလးေလာက္က ျဖတ္ႏိုင္မွ ဆဲလ္ေတြက မျပန္႔ေတာ့ဘူးေလ။ အဲဒီေတာ့ မႏၱေလး က ျဖတ္ႏိုင္မယ္ဆိုရင္ ကြ်န္ေတာ္တို႔ျပည္ေထာင္စု တစ္ျပည္ေထာင္နဲ႔သြားတဲ့ဥစၥာက ျပည္ေထာင္စုေယာင္ ေယာင္နဲ႔ဟုတ္လား၊ ခုနကလို ရွစ္ျပည္ေထာင္ ဆိုတာကို ၁၉၆၂ ခုႏွစ္က ဖက္ဒရယ္ျပည္ေထာင္စုအစစ္မွာ သူတို႔ေတာင္းခဲ့တဲ့ ရွမ္းမူနဲ႔ အဲဒီတုန္းက ခုႏွစ္ ျပည္နယ္တစ္ယူနစ္သည္ ျမန္မာယူမွာလားဆိုတဲ့ျပႆနာျဖစ္ခဲ့တယ္။ ဒီကာလမွာ (၁၄) ျပည္ေထာင္မွာလို႔ သတ္မွတ္တဲ့ NUG ၊ (၇)ျပည္၊ (၇)တိုင္း လို႔သတ္မွတ္ခဲ့တဲ့ ဦးေနဝင္း၊ အဲဒီအတိုင္းလက္ခံခဲ့တဲ့ ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ၊ တစ္ခု ပိုသြားတာ က ေနျပည္ေတာ္နယ္ေျမ သီးသန္႔ယူသြားတယ္။ အဲဒီေတာ့ (၁၅) ခုျဖစ္သြားတယ္။ ပိုေတာင္မွ (၁) ခုယူသြားတယ္။ အဲဒီေတာ့ ဒီျပႆနာကို ဘယ္လိုျပန္ၿပီးေတာ့ တည္ေဆာက္ ၾကမွာလဲ။ ကိုယ့္ဘက္က ဘယ္ေလာက္အထိေပးမွ ဒီျပႆနာေျပလည္မွာလဲ။ ခုနကလို ကြ်န္ေတာ္ေျပာတဲ့ မၿပိဳကြဲရေအာင္ေပါ့ဆိုတဲ့အခါမွာ ဆက္ေျပာရမယ္ဆိုရင္ ကြ်န္ေတာ္က ဒီျပႆနာအားလံုးကို သံုးသပ္တဲ့အခါမွာ ျမင္းကြင္း(၃) ခုကို ကြ်န္ေတာ္ ရွင္းရွင္းလင္းလင္းေတြ႔လာတယ္ဗ်။ ဆိုေတာ့ ဒီျပည္ေထာင္စုကို ဒီအတိုင္းပဲသြား မယ္။ တစ္ျပည္ေထာင္နဲ႔သြားမယ္ဆိုတဲ့ (Hard liner) အုုပ္စုကေတာ့ ဒီတပ္မေတာ္ကို အာဏာသိမ္းေစခ်င္ တယ္။ ဒီအတိုင္းဘာမွမျဖစ္ဘူး၊ ကမာၻႀကီးကိုလည္း မၾကည့္ဘူး၊ ဗမာျပည္ရဲ႕နယ္စပ္အႏွံ႔မွာရွိတဲ့ တိုင္ရင္းသား ေတြရဲ႕ပဋိပကၡ၊ လက္နက္ကိုင္ေတာ္လွန္ေရးအင္အားစုေတြရဲ႕ ေရခ်ိန္နဲ႔ အမ်ိဳးသားေတာ္လွန္ေရးစိတ္ဓာတ္၊ အင္အားဘာမွမသိဘဲ ဒီအတိုင္းပဲလို႔ထင္ၿပီးကာမွ အာဏာဆက္သိမ္းေစခ်င္တယ္။ ဒီအတိုင္းတစ္ျပည္ေထာင္နဲ႔ သြားမယ္။ ဒီအတိုင္းအုပ္ခ်ဳပ္မယ္၊ ဖြဲ႔စည္းပံုကိုဖ်က္သိမ္းမယ္။ အဲဒီလိုအင္အားစုတစ္ခုကလည္း ရွိတယ္။ ဒုတိယ တစ္ခုျပန္ၾကည့္ရင္ တို႔ျပည္ေထာင္စုကိုျပန္ၿပီး ခ်င့္ခ်ိန္စဥ္းစားၿပီးမွ ဇစ္ျမစ္ျပႆနာကိုေျဖရွင္းႏိုင္မွသာ ဒီျပည္ေထာင္စုရဲ႕ၿပိဳကြဲႏိုင္မယ့္အႏၱရာယ္ကုိ ကယ္တင္ႏိုင္မယ္။ တို႔ျပည္ေထာင္စုကိုစစ္မွန္တဲ့ျပည္ေထာင္စုသြား မယ္ဆိုရင္ Soft Liner ဆိုတဲ့အုပ္စုေပါ့။ အဲဒီလိုဆိုရင္ေတာ့ ခုနက ကြ်န္ေတာ္ေျပာတဲ့အတိုင္း ပါပဲ။ ရွစ္ျပည္ ေထာင္ဆိုတဲ့ ၁၉၆၂ ခုႏွစ္က ေတြးခဲ့တဲ့ ဥစၥာေလးေတြကိုလည္း သံုးသပ္ၿပီး ဒီကေန႔အသစ္ေတြ လည္းေပၚထြန္း လာၿပီးမွ တို႔ျပည္ေထာင္စုကို ဘယ္လိုမ်ဳိး ကိုယ္ပိုင္အုပ္ခ်ဳပ္၊ ကိုယ္ပိုင္ျပ႒ာန္းနိုင္ခြင့္ အနည္းဆံုးဗ်ာ၊ ရွမ္းမူမွာ ၁၉၆၂ ခုႏွစ္မွာပါတယ္။ ျပည္နယ္တစ္ခုရဲ႕အႀကီးအကဲကို သမၼတလို႔သတ္မွတ္တယ္။ အဲဒီ ျပည္နယ္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အျပည့္အဝေပးတယ္၊ အဲဒီမွာ လႊတ္ေတာ္ရွိတယ္၊ တရားရံုးခ်ဳပ္ရွိတယ္။ Supreme Court (ႏိုင္ငံေတာ္တရားရံုးခ်ဳပ္) ရွိတယ္။ အဲဒီလိုနဲ႔ သီးသန္႔ျပည္ေထာင္ေလးေတြနဲ႔ေပါင္းတဲ့ျပည္ေထာင္စုႀကီးဆိုတဲ့ ၁၉၆၂ ခုႏွစ္မွာ စဥ္းစားခဲ့ၾကတယ္။ သံုးျပည္ေထာင္ျပန္ေပၚတာေပါ့။ ရွမ္းတို႔၊ ရခိုင္တို႔၊ မြန္တို႔၊ ကရင္တို႔ ျပန္ေပၚ ထြန္းမွာေပါ့။ အဲဒီကာလတုန္းက ရွမ္းတို႔၊ ကခ်င္တို႔၊ ကယားတို႔ ရွိမွာေပါ့ဗ်ာ။ အဲဒီေတာ့ ဗမာသည္ တစ္ယူနစ္ယူ မွာလားဆိုတဲ့ ျပႆနာေပၚလာတဲ့အခါမွာ ၁၉၆၂ က လက္နက္ကိုင္အာဏာသိမ္းမႈျဖစ္တာေပါ့။ အဲဒီေတာ့ အခုကာလမွာ တကယ္လို႔မ်ား ဖက္ဒရယ္ျပည္ေထာင္စုအစစ္ကိုသြားတဲ့လမ္းေၾကာင္းကိုလည္းပဲ မေပးလိုဘူး ဆိုတဲ့ဥစၥာေလးနဲ႔ ျမန္မာႏိုုင္ငံသည္ ၿပိဳကြဲလုအေနအထားဆိုတာကုိမသံုးသပ္ႏိုင္တဲ့ အင္အားစုတစ္ခုရွိခဲ့ရင္ ကြ်န္ေတာ္တို႔ တတိယျမင္ကြင္းေလးေပါ့ဗ်ာ။ လြတ္လပ္တဲ့ႏိုင္ငံေလးေတြအျဖစ္ ျမန္မာႏိုင္ငံဟာ ၿပိဳကြဲသြား လိမ့္မယ္။ အဲဒီလို scenario သံုးခုမွာ ေနာက္ဆံုးၿပိဳကြဲသြားရတဲ့အေနအထားေတာ့ မျဖစ္ေစခ်င္ဘူး ေပါ့ဗ်ာ။ သီးသန္႔ ရခိုင္တို႔၊ ဝတို႔၊ တျခားသီးသီးသန္႔သန္႔လြတ္လပ္တဲ့ႏိုင္ငံေတြအျဖစ္ ေပၚထြန္းလာတဲ့အေနအထား တစ္ခု မျဖစ္သြားဘူးလို႔မေျပာႏိုင္ဘူး။ အဲဒီလိုျဖစ္သြားခဲ့ရင္ေတာင္မွ ဘယ္လိုျပန္ၿပီးေတာ့ စည္းေႏွာင္မွာလဲ။ EU လို စည္းေႏွာင္မွာလား။ ကြ်န္ေတာ္တို႔ေျပာေျပာေနတဲ့ ဓနသဟာရႏိုင္ငံအျဖစ္ စည္းေႏွာင္မွာလား။ ဖက္ဒရယ္ ျပည္ေထာင္စုျပည္မနဲ႔ အဲဒီလိုႏိုင္ငံေလးေတြနဲ႔ဘယ္လိုစည္းေႏွာင္မွာလဲဆိုတဲ့ ျပည္ေထာင္စုဒီအဝန္း အဝိုင္းကို မၿပိဳကြဲေအာင္စည္းေႏွာင္မယ့္လိုအပ္ခ်က္တစ္ခုကေတာ့ ရွိေနမွာပါ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ျဖစ္ေစခ်င္တဲ့ ျမင္ကြင္းကေတာ့ ကြ်န္ေတာ္ဒုတိယက ေျပာဖူးတယ္။ ကြ်န္ေတာ္တို႔ရဲ႕ဖက္ဒရယ္ျပည္ေထာင္စုကို ဘယ္လိုညီညီ ညြတ္ညြတ္နဲ႔ ဘယ္လိုသိုက္သိုက္ဝန္းဝန္းနဲ႔ ဖြံ႔ၿဖိဳးတိုးတက္တဲ့ျပည္ေထာင္စုျဖစ္ေအာင္ ပဋိပကၡ ေမ့တဲ့၊ တရားဥပေဒစိုးမိုးတဲ့ ကြ်န္ေတာ္တို႔ရဲ႕ျပည္ေထာင္စုျဖစ္ေအာင္ ကြ်န္ေတာ္တို႔ဘာေပးရမလဲဆိုတဲ့ဘက္နဲ႔ စဥ္းစား ေစခ်င္ပါတယ္။ အဲဒီလိုစဥ္စားဖို႔အတြက္ ခုနက အဆုတ္(၂)ခုေပါ့ဗ်ာ။ တပ္မေတာ္ႏိုင္ငံေရးထဲက ဆုတ္ဖို႔ နဲ႔ လက္နက္ကိုင္ပဋိပကၡအကုန္လံုးကိုခ်ဳပ္ၿငိမ္းေအာင္၊ စြန္႔လႊတ္ေအာင္၊ ႏိုင္ငံအေပးအယူႀကီးႀကီးမားမားနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒတစ္ခုကို ေရးဆြဲႏိုင္ခဲ့မယ္ဆိုရင္ ခုနက CIA မကလို႔ ျပည္ပက ဘယ္ေလာက္ဆဲလ္ပဲ လာလာ ကြ်န္ေတာ္တို႔အတြင္းစည္းကို လံုေအာင္ကာၿပီးမွ ႏိုင္ငံရဲ႕ကာကြယ္ေရးကို ခိုင္ခိုင္မာမာကာကြယ္ႏိုင္တဲ့ ျပည္ေထာင္စု တပ္မေတာ္တစ္ခုကို တိုင္းရင္းသားလက္နက္ကိုင္အင္အားစုနဲ႔ ျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္ မ်ားနဲ႔ညိွၿပီးမွ တို႔..ဒါကုိေနာက္ဆုတ္မယ္။ တို႔ဒီအတိုင္းပဲ စည္းေႏွာင္ၿပီးမွ ျပည္ေထာင္စုတပ္မေတာ္ကို ႏိုင္ငံေတာ္ ကိုကာကြယ္ဖို႔အတြက္ တည္ေထာင္မယ္ဆိုရင္ ျပည္တြင္ပဋိပကၡခ်ဳပ္ၿငိမ္းမယ္။ အျပင္ပဋိပကၡေတြ ႀကိဳက္တာလာ ကြ်န္ေတာ္တို႔ရင္ဆိုင္ေျဖရွင္းႏိုင္မယ္ထင္တယ္။ ဒါေပမယ့္ CIA လႈပ္ရွားမႈကေတာ့ ရွိပါတယ္။ နယ္စပ္တစ္ေလွ်ာက္မွာလည္း ၾကားပါတယ္။ ထိုင္းမွာလည္း ေတာ္ေတာ္ေလးကိုေျခရႈပ္ေနတယ္လို႔လည္း ၾကားပါတယ္။ ခ်င္းမိုင္ဘက္မွာေရာ မယ္ေဟာင္ေဆာင္ဘက္မွာေရာလို႔ေတာ့ သတင္းေတြမွာ ၾကားပါတယ္။ ဒါကေတာ့ သတင္းၾကားတာပါ။


ေမး။ ။ အဲဒီေတာ့ ဆရာေျပာတဲ့အခ်က္အလက္ေတြအားလံုးကေတာ့ ေတြးသင့္၊ စဥ္းစားသင့္တဲ့အရာေတြထဲမွာ ပါပါတယ္။ ဒါေပမယ့္ တကယ့္ေျမျပင္အေျခအေနမွာၾကေတာ့ PDF နဲ႔ NUGဆိုတာေပၚလာၿပီးတဲ့ေနာက္ ဒီဟာက လုပ္ဖို႔လြယ္ပါ့မလားဆိုတဲ့ေမးခြန္းက စရွိလာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြရဲ႕လႈပ္ရွားမႈ ကလည္း သူတို႔မူက သက္သက္ကိုင္ထားၿပီးသားရွိတယ္။ ျငိမ္းခ်မ္းေရးဆိုတဲ့ကိစၥမ်ိဳးေတြ၊ အျပန္အလွန္ ပစ္ခတ္သတ္ျဖတ္မႈေတြ ရပ္ဖို႔ဆိုတဲ့ေနရာမွာ သူက လမ္းစဥ္ကိုင္ထားတာက အျပဳတ္တိုက္ေရးလမ္းစဥ္ကို ကိုင္ထားတာ။ အခုလည္း တုိက္ပြဲေတြ ေတာက္ေလွ်ာက္ျဖစ္ေနတာပဲ။ ဘယ္လိုမွထိန္းလို႔မရေအာင္ တိုက္ပြဲ ေတြျဖစ္ေနတာဆိုေတာ့ ဆရာေျပာတဲ့ဟာမ်ိဳးေတြက ဒါကေတာ့ တကယ့္အႏွစ္သာရဟုတ္ေပမယ့္ ေျမျပင္မွာ ျဖစ္ေနတဲ့အေၾကာင္း အရာေတြနဲ႔ၾကေတာ့ ေျမျပင္မွာကျဖစ္ေနတာဆိုေတာ့ ဒါကို ဘယ္လိုထိန္းခ်ဳပ္မလဲ။ ဘယ္လိုလုပ္သင့္တယ္ထင္လဲ။ လူထုကေတာ့ အရမ္းေၾကာက္ေနၾကရတယ္။ အဲဒါကို အရမ္းေၾကာက္ ေနၾကတယ္။
ေျဖ ။ ။ အဲဒါမွာေတာ့ အခုသြားေနတဲ့ဟာေလးကို သံုးသပ္တာပါ။ ကြ်န္ေတာ္တို႔ ၂ဝ၁၁ ခုႏွစ္နဲ႔ ၂ဝ၁၆ ခုႏွစ္ ကာလမွာလည္း ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာျပ႒ာန္းထားတဲ့ ျပည္သူ႔စစ္မဟာဗ်ဴဟာေပါ့။ ခဏခဏေျပာၾက ပါတယ္။ ကြယ္လြန္သြားတဲ့ဦးေအာင္ေသာင္းလည္း ခဏခဏေျပာတယ္။ တခ်ိဳ႕ျပည္ခိုင္ၿဖိဳးက ေခါင္းေဆာင္ေတြ လည္းေျပာပါတယ္။ ျပည္သူ႔စစ္မဟာဗ်ဴဟာနဲ႔ကာမယ္။ အထူးသျဖင့္ ရခိုင္မွာ ပဋိပကၡေတြျဖစ္လာတယ္။ အဲဒီ တုန္းကဆိုရင္ ၂ဝ၁၂ ခုႏွစ္ မတိုင္ခင္ေလးမွာေပါ့။ ခင္ဗ်ားတို႔ၾကားမွာပါ။ ပင္လယ္ျပင္ျပႆနာျဖစ္တယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးေမာင္ေအး အဲဒီဘက္ကိုလာၿပီးမွ ခင္ဗ်ားတို႔ၾကားမွာေပါ့။ သမၺာန္ေလာက္နဲ႔ ဆင္ႀကီးနဲ႔ ဆိတ္ကေလးေလာက္ေလ ပင္လယ္ျပင္မွာ ျပႆနာျဖစ္တယ္။ AD-7 ေလာက္မွာေပါ့။ AD-7 ဆိုတဲ့အကြက္ ေပၚ၊ A-1 နဲ႔ AD-7 ၾကားေလာက္မွာေပါ့။ ဒီဘက္က အစမ္းတြင္းတူးမယ့္ကာလမွာ အဲဒီေနာက္ပိုင္းမွာ စစ္ေတြနဲ႔ အမ္းရထားလမ္းေပၚလာတာေပါ့၊ ရည္မွန္းခ်က္ေတြေလ။ အဲဒီမွာ နပခကို အမ္းကို ျပန္ေရြ႕တာတို႔ဘာတို႔ အဲဒီ ေနာက္ပိုင္းမွာျဖစ္ခဲ့တဲ့ျဖစ္စဥ္ေတြပါ။ ဆိုေတာ့ ဒါက လူႀကီးေတြ အဲဒီအခါက စဥ္စားခဲ့ၾကတာေပါ့။ ကြ်န္ေတာ္ ခုနကလည္းေျပာပါတယ္။ ႏိုင္ငံေရးအလြန္အကြ်ံကစားခဲ့ၾကတဲ့အခါမွာ ျပည္တြင္း ၿပိဳကြဲတာေပါ့။ အစ အိုင္ဒီယို ေလာ္ဂ်ီေခတ္မွာလည္းပဲ။ ဗကပ BCBD ပဲခူးရိုးမနဲ႔ ရန္ကုန္တကၠသိုလ္အထိ ဆဲလ္ေတြ ျမွဳပ္ႏွံတာေပါ့ဗ်ာ။ ေနာက္ေတာ့လည္း အေၾကာင္းေၾကာင္းေတြေၾကာင့္ ခ်ဳပ္ၿငိမ္းသြားတာေပါ့။ အေရွ႕ေျမာက္ဘက္မွာေလ။ ဖထီးေတြလည္း ဟိုဘက္ေရာက္၊ ဖိုးသံေခ်ာင္းတို႔လည္း ဟ္ိုဘက္ေရာက္၊ ဗိုလ္ေက်ာ္ျမတို႔လည္း ဟိုဟာျဖစ္သြား တာေပါ့။ ဆိုေတာ့ ဒါသမိုင္းနဲ႔ခ်ီတာပါ။ အခုျပည္မတစ္ခါျပန္ ၿပိဳကြဲတာေပါ့။ ျပန္ၿပိဳကြဲတယ္ဆိုတာက ၁၊၂၊၂ဝ၂၁ ခုႏွစ္က ေနာက္ပိုင္းအေျခအေနေပါ့။ အရင္တုန္းကေတာ့ အနီတို႔၊ အစိမ္းတို႔ကလည္း အတူတူပဲ။ ဖြဲ႔စည္းပံု အေျခခံဥပေဒကို လႊတ္ေတာ္အတြင္း ျပင္မယ္၊ လႊတ္ေတာ္ျပင္ပ ျပင္မယ္ဆိုတာမ်ိဳးနဲ႔ ၂၁ ရာစုပင္လံုအထိ ခ်ီတက္ခဲ့ၾကတာေပါ့ဗ်ာ။ အဲဒီေတာ့ ဘယ္လိုပဲေျပာေျပာပါ။ လက္ရွိအခင္းအက်င္းက အခုၾကားေနရတဲ့ PDF တုိ႔၊ ဘာတို႔ ေလ့က်င့္တယ္။ ေနာက္ကြ်န္ေတာ္တို႔နဲ႔ လႊတ္ေတာ္တုန္းက ရင္းႏွီးခဲ့ပါတယ္။ ေဇယ်ာေသာ္တို႔ ေနာက္ပိုင္းဖမ္းမိတယ္။ လက္နက္ေတြ ဘာညာဆိုတာလည္း ကြ်န္ေတာ္တို႔ေတြ႔ပါတယ္။ ဒါကေတာ့ ကြ်န္ေတာ္ တို႔ အျမင္အရ၊ သတင္း အရေပါ့။ ကြ်န္ေတာ္တို႔ေျပာတာပါ။ ေနာက္ေတာ့ ဦးယြက္စစ္က ေဝဖန္တယ္။ change of command မရွိတဲ့အခါမွာ လက္နက္ကိုင္တဲ့အဖြဲ႔ေတြက “သူတစ္လူ ငါတစ္မင္း” ျဖစ္မယ္။ ထိန္းမႏိုင္သိမ္း မရျဖစ္ၿပီးကာမွ လက္နက္ရွိတယ္။ ရိကၡာမရွိ၊ အျခားဟာေတြမရွိရင္ ရတဲ့နည္းေတြသံုးမယ္။ ဒါမ်ိဳးေလးေတြ အျဖစ္ေတာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ဘက္က အျမင္ေလးေတြကိုေျပာေတာ့ အမ်ားႀကီး ဆဲၾကတာေပါ့ဗ်ာ။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ေျပာတာမွန္သလားဆိုရင္ မွန္တာေပါ့။ ဟိုေန႔ကေတာင္ ေျမာက္ဒဂံုဘက္က ကေမာၻဇဘဏ္ကို ပိုက္ဆံသိန္း ၃ဝဝဝ ပါသြားတယ္ေလ။ ဘယ္သူေတြမွန္းေတာ့ မသိပါဘူး။ အဲဒီလိုနဲ႔ PDF ေတြ ေပၚလာၿပီးမွေနာက္ ပ်ဴေစာထီး ဆိုတာေတြၾကားရတယ္။ ေနာက္ကြ်န္ေတာ္တို႔အခုၾကားေနရတဲ့ ေသြးေသာက္ ဆိုတဲ့အဖြဲ႔ေတြ ေပၚလာတာေပါ့။ ဟ္ုတေလာက အဲဒီေသြးေသာက္တို႔ဘာတို႔ မေပၚလာခင္တုန္း ကေတာ့ ျပည္ခိုင္ၿဖိဳးက ဗိုလ္ခ်ဳပ္သန္းေဌးတို႔က သူရဲ႕ပါတီဝင္ေပါင္းမ်ားစြာရဲ႕အသက္ေတြ ေပးလိုက္ရတဲ့အခါၾက တာ့ ေက်ာက္တိုင္ႀကီးတစ္ခုကို ပန္းေခြေတြခ်ၿပီးေတာ့ ဝမ္းနည္းဖြယ္ေန႔အျဖစ္ သတ္မွတ္တယ္ေလ။ အဲဒီေတာ့ ျပန္ၾကည့္ရင္ ခုနက အျပစ္မဲ့တဲ့ျပည္သူေတြ အလဟႆ အသက္ေပးေနရတာဟာ ႏိုင္ငံေရးကစားမႈရဲ႕ ျပစ္မႈ ျပစ္ဒဏ္အသားလြတ္ခံေနရတဲ့ သာမန္လူထုအေျခအေနကိုၾကည့္တဲ့အခါမွာ ျမန္မာႏိုင္ငံအတြက္ ရင္ေလး တယ္။ အခ်င္းခ်င္းပဋိပကၡေတြ၊ တစ္ခါေတာင္ ကြ်န္ေတာ္ေျပာမိပါတယ္။ ကြ်န္ေတာ္တို႔ဗ်ာ… မင္းတုန္းမင္းႀကီး ေခတ္ကေန သီေပါနန္းလိုခ်င္လို႔ သူ႔အမ်ိဳးသူ႔ေဆြမ်ိဳးညီအစ္ကိုေတြ သားေတြကိုသတ္တာျဖတ္တာ (၄ဝ) ေတာင္ ေက်ာ္သြားတယ္။ အခ်င္းခ်င္းေတြေလ။ အာဏာတစ္ခုအတြက္၊ ႏိုင္ငံေရးရည္မွန္းခ်က္တစ္ခုအတြက္ သတ္သင့္၊ မသတ္သင့္ကိုမစဥ္းစားဘဲနဲ႔ သတ္လိုက္ျဖတ္လိုက္တာ။ ေျပာေတာ့ ေထရဝါဒဗုဒၶဘာသာႏိုင္ငံေတာ္ ကိုးကြယ္တယ္။ ေပါမ်ားလိုက္တဲ့ေစတီေတြ၊ သို႔ေသာ္ ခုနက ပဋိပကၡေတြမွာ သတ္သင့္သလား၊ မသတ္သင့္ သလားေပါ့ေနာ္။ ဒါအခ်င္းခ်င္းဆိုတာ၊ ခုနကလို ဘာကိုတိုက္သလဲ။ လူထုကိုတိုက္တာလား။ လူထုမရွိဘဲနဲ႔ ဒီမိုကေရစီ ဘယ္လိုလာမွာလဲ။ သေဘာေျပာရရင္ ႏိုင္ငံေရးသမားမဟုတ္တဲ့သူေတြက လက္နက္ကိုင္သြားတဲ့ အခါမွာ အစြန္းေရာက္သြားတာေပါ့။ အဲဒီေတာ့ ဆင္ျခင္ေစခ်င္တာေပါ့။ အီသီယိုးပီးယားျဖစ္စဥ္ကိုၾကည့္ၾက မယ္ဆိုရင္ အီသီ ယိုးပီးယားက အရင္တုန္းကေတာ္ေတာ္ေလး ဆင္းရဲတယ္ဗ်၊ အခုဆိုရင္ ေတာ္ေတာ္ေလးဖြံ႔ၿဖိဳး တိုးတက္သြားၿပီ။ ကြ်န္ေတာ္တို႔ေဘးနားက ဘဂၤလားေဒ့ခ်္ကိုု အျမဲတမ္းကြ်န္ေတာ္ေျပာတယ္။ သူတို႔ ၁၉၇၂ ခုႏွစ္ လြတ္လပ္ေရး ရၿပီးတုန္းက လူ (၃) သန္းအထိ အသက္ေပးဆပ္ခဲ့ရတယ္။ ကရာခ်ိအစိုးရက အုပ္ခ်ဳပ္တာ ကိုး။ အဲဒီေတာ့ အိႏိၵယ အင္ဒီယာဂႏီၵဘက္က ကူတဲ့အခါမွာ လြတ္လပ္ေရးကို ယူတယ္။ အဲဒီတုန္း ဟိုဘက္ႏိုင္ငံရဲ႕အမွီအခို ႏိုင္ငံ ျဖစ္တဲ့အခါမွာ ကြ်န္ေတာ္ၾကားတာက (၇၈ဝ) ေလာက္ US ေဒၚလာမီလ်ံသန္းဗ်၊ bankrupt ေၾကာင့္ ဒီဘက္မွာ အေၾကြး အႏုတ္ျပတယ္။ ဆယ္ႏွစ္ေလာက္သြားတယ္ဗ်။ ဘဂၤလားေဒ့ခ်္ သူက Reserve money လံုးဝ မရွိဘဲနဲ႔ အေၾကြးကေနသြားတာ။ အဲဒီကေန အခုကာလကိုေရာက္ေအာင္ ႏိုင္ငံေရး ေပၚလစီေကာင္းေကာင္းနဲ႔ တည္ၿငိမ္ ေအးခ်မ္းတဲ့အေနအထားျဖစ္ေအာင္ဖန္တီးၿပီးမွ သန္း ၁၈ဝ ေလာက္ကို လြတ္လပ္ေရးရတုန္း သန္း ၆၈ ပဲရွိတာ။ ႏွစ္ ၅ဝ အတြင္းမွာ တိုင္းျပည္အတြက္ ပဋိပကၡမဲ့ၿပီး ဖြံ႔ၿဖိဳးတိုးတက္မႈကို အာရံုစိုက္ၿပီးေတာ့ လုပ္လိုက္တဲ့ အခါမွာ ဒီႏွစ္ ဘဂၤလားေဒ့ခ်္ရဲ႕ GDP ကိုျပန္ၾကည့္ရင္ ၄၈ဝ ဘီလ်ံ US ေဒၚလာ လို႔ ေျပာတယ္။ ဟုတ္၊ မဟုတ္ ခင္ဗ်ားတို႔ျပန္သံုးသပ္၊ ျမန္မာနိုင္ငံရဲ႕လက္ရွိ GDP သည္ တခ်ိဳ႕က ၆၈ လို႔ေျပာ တယ္။ တခ်ိဳ႕က ၇၈ လို႔ ေျပာတယ္။ ေျခာက္ဆနီးပါးေက်ာ္ကြာတဲ့ ဘဂၤလားေဒ့ခ်္ ၁ဝဝ ရာခိုင္ႏႈန္း လွ်ပ္စစ္မီး ေပးႏိုင္ၿပီ။ တည္ၿငိမ္ေအးခ်မ္းေအာင္ ႏႈတ္ခမ္းနီမဆိုး ဆာရီဝတ္ၿပီးကာမွ တိုင္းျပည္ကိုေမာင္းနင္တာက ရွိတ္ဟာဆီနာ၊ ကြ်န္ေတာ္တို႔ဆီမွာလို မိတ္ကပ္မလိမ္းဘူး။ ဟိုသြား ဒီသြားမသြားဘူး။ တိုင္းျပည္ကို အလုပ္ အေကြ်းျပဳတဲ့ပုဂၢဳိလ္ေတြ၊ တိုင္းျပည္ကိုတည္ေဆာက္ၾကတာကိုပဲ နမူနာယူၾကစမ္းပါ။ ပဋိပကၡ ၇၅ ႏွစ္ သံသရာ က ရုန္းထြက္ပါ။ ကြ်န္ေတာ္အဲဒါေလးေတြ ကိုေျပာခ်င္လို႔ ခုနကလိုေျပာတာပါ။ အဲဒီေတာ့ PDF ရည္မွန္းခ်က္က ဘာလဲ။ ကြ်န္ေတာ္တို႔ကို မုန္းခ်င္လည္း မုန္းပါ။ ရည္မွန္းခ်က္သည္ဒီဟာဆိုရင္ ဒီဟာကိုေရြ႕ေအာင္ ေရႊ႕ၾကရ ေအာင္။ ႏိုင္ငံေရးထဲက တပ္မေတာ္ကို ေနာက္ဆုတ္ေစခ်င္သလား။ ကြ်န္ေတာ္ အခုေနာက္ဆုတ္ဖို႔ အၾကံျပဳတာ။ ဘာနဲ႔အၾကံျပဳမလဲ အေပါင္းလကၡဏာ နဲ႔အၾကံျပဳဖို႔လိုတယ္။ ခင္ဗ်ားတို႔ႏို္င္ငံေရးႏြံထဲမွာ ကြ်ံေနၿပီ။ ေနာက္ဆုတ္ရင္ ျပည္သူေတြက အမုန္းကေန အခ်စ္ကို ေျပာင္းလာမယ္။ ဒီဘက္က လက္နက္ကိုင္လာၾကတဲ့ လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားရဲ႕ ရည္မွန္းခ်က္သည္ ဘာလဲ။ ကိုယ့္လူမ်ဳိးသည္ လြတ္လြတ္ လပ္လပ္နဲ႔ ကြ်န္ေတာ္တို႔သည္ ခြင့္တူညီမွ် ဝါဒျဖဴစင္တဲ့ တိုင္းျပည္ကိုတည္ေဆာက္ဖို႔ဆိုရင္ သူတို႔ရဲ႕အမ်ိဳးသား နယ္ေျမေတြမွာ သူတို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္၊ သူတို႔ကိုယ္တိုင္ျပ႒ာန္းပိုင္ခြင့္၊ သူ႔အသီးအပြင့္ကို သူတို႔ ကို္ယ္တိုင္ခံစားပိုင္ခြင့္နဲ႔ ျပည္ေထာင္စုကို ျဖည့္တင္းပိုင္ခြင့္ေတြ ေပးရမယ္။ ျပည္ေထာင္စုမွာလည္း ခုနကလိုပဲ ေပးၾကမယ္၊ ကုိယ္လဲယူမယ္။ အဲဒီလိုမ်ိဳးစစ္မွန္တဲ့ ျပည္ေထာင္စုစနစ္သာ ကြ်န္ေတာ္တို႔ညီအစ္ကိုခ်င္း ညွိႏႈိင္းႏိုင္မယ္ဆိုရင္ လက္နက္ကိုင္ပဋိပကၡကို လက္နက္ကို မစြန္႔ႏိုင္စရာ ဒီလက္နက္ကိုင္အဖြဲ႔အစည္း၊ ေတာ္လွန္ေရးအဖြဲ႔အစည္းေခါင္းေဆာင္မ်ားဘက္က မရွိႏိုင္ဘူး။ ႏိုင္ငံေရးကို ေျချပဳ တာေတြျဖစ္မယ္။ အဲဒါဟာ နည္းမွန္လမ္းမွန္ဆိုရင္ ေသြးေျမက်စရာလိုဦးမွာလား။ PDF က Innocent ဒီဘက္က တစ္ခါတန္ျပန္နဲ႔ တစ္ဖက္သတ္မယ္။ အဲဒီေတာ့ ဟိုတေလာကလည္း ေတြ႔ပါတယ္။ NLD ဘက္က ကြ်န္ေတာ္ ဟိုေန႔ကေတာင္ ၾကားပါတယ္။ ဟုတ္၊ မဟုတ္ေတာ့မသိဘူး။ မံုရြာေအာင္ရွင္ရဲ႕ညီ မံုရြာေအာင္ခင္ဆိုလားပဲ အသက္ဆံုးသြား တယ္ဆိုတဲ့သတင္းလားပဲ။ စိတ္ေတာင္မေကာင္းဘူး။ တဖက္ကလည္း ခုနကလည္း ျပည္ခိုင္ၿဖိဳး ဘက္ကေျပာေတာ့ အမ်ားႀကီးပဲ။ မြန္ဘက္က ေဒါက္တာဗညားေအာင္တို႔ေတြေျပာတယ္။ လႊတ္ေတာ္အမတ္ တစ္ေယာက္ သူတို႔ဘက္က သံျဖဴဇရပ္ဘက္ကိုသြားရင္းနဲ႔ လုပ္ၾကံခံရတယ္။ ဒီလုပ္ၾကံမႈရဲ႕ေခတ္ဦးတုန္းကလို႔ ၾကားတယ္။ ေနာက္အျပစ္မဲ့တဲ့ ဗံုးခြဲတဲ့ သံယာေတာ္ေတြ(၄၃)ပါးေလာက္ သတ္ျဖတ္ခံရတယ္လို႔ ဟိုတေလာက ၾကားလိုက္ပါတယ္။ ဒီဟာႀကီးက ေထရဝါဒဗုဒၶဘာသာစိုးမိုးတဲ့ႏို္င္ငံ၊ ျမန္မာယဥ္ေက်းမႈအလြန္တရာမွကို ေရွးက် ပါတယ္ဆိုတဲ့ ယဥ္ေက်းမႈေပါ့ဗ်ာ။ လက္အုပ္ကေလးခ်ီၿပီးေတာ့မွ ကြ်န္ေတာ္တို႔ႏႈတ္ဆက္ေနၾကတဲ့ ဗုဒၶဘာသာ အစဥ္အလာႏိုင္ငံရဲ႕ယဥ္ေက်းမႈေတြကိုျပန္ၾကည့္ရင္ ေျမာင္းထဲသြန္ခ်သလိုျဖစ္သြားတာေပါ့။ အဲဒီေတာ့ ျဖစ္ႏိုင္ရင္ ဆႏၵေၾကာင့္ျဖစ္တဲ့ ဒီလိုသတ္တယ္၊ ျဖတ္တယ္ဆိုတာမရွိပါဘူး။ ခုနကလို လက္တံု႔ျပန္တယ္ဆုိတာ မ်ိဳး ဟာ အျပစ္မဲ့ျပည္သူေတြဘက္ကို မရွိသင့္ပါဘူး။ အဲဒီေတာ့ လက္နက္မဲ့ေပါ့ဗ်ာ။ ႏို္င္ငံေရးအားျဖင့္ ေျဖရွင္း ႏိုင္တဲ့ အေနအထားတစ္ခုကို ေရာက္ေအာင္လို႔ျဖင့္ ႏိုင္ငံေရးအခင္းအက်င္းကို တပ္မေတာ္ဘက္ကလည္း ဖန္တီးေနၿပီလို႔ ထင္ပါတယ္။ အဲဒီေတာ့ PDF ေတြ ဒီလိုမ်ိဳးလက္နက္ကိုင္ၿပီးမွ ခုနကလို မျဖစ္ရေအာင္လည္းပဲ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ဗ်ာ ၿငိမ္းခ်မ္းေရးနိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ေတာင္ တစ္ခါေျပာဖူးပါတယ္။ အစ္မႀကီးထြက္ၿပီးေတာ့မွ ေျပာသင့္တယ္။ Statement ျဖစ္ျဖစ္၊ ေထာင္ထဲကပဲ ျဖစ္ျဖစ္ ေပါ့ဗ်ာ။ သူ႔အေျခအေန အရ ေထာင္တြင္းက်တယ္ဆိုတာ ႏိုင္ငံေရးသမားတစ္ေယာက္အေနနဲ႔ ကြ်န္ေတာ္တို႔က မေျပာလိုဘူး။ လြတ္ခ်ိန္ တန္လည္း လြတ္မွာေပါ့ဗ်ာ။ လႊတ္သင့္အေနအထားရွိသင့္တဲ့ကာလကိုေရာက္ပါေစ။ ကြ်န္ေတာ္တို႔လည္း ဆုေတာင္းပါတယ္။ ဒါေပမယ့္ ျမန္မာနိုင္ငံရဲ႕လက္ရွိအေနအထားနဲ႔ ျပည္တြင္းပဋိပကၡ ေျပလည္ေစလိုတဲ့ဆႏၵကိုေတာ့ျဖင့္ ခုနက ဘက္ေပါင္းစံုက ထုတ္ျပန္ေပးေစလိုတယ္။ SAC ဥကၠ႒ရဲ႕ဖိတ္ေခၚမႈ ကလည္းပဲ ျမန္မာ့ႏိုင္ငံေရးျပႆနာ၊ ဇစ္ျမစ္ျပႆနာကိုေျဖရွင္းလိုတဲ့ဆႏၵရွိတဲ့အခါမွာ ပူးေပါင္းပါဝင္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေခါင္းေဆာင္အားလံုးကို ကြ်န္ေတာ္တို႔ေတြ ေမတၱာရပ္ခံ လိုတယ္။ ဒီဇစ္ျမစ္ျပႆနာကိုေျဖရွင္းၿပီးမွ ျပည္ေထာင္စုရဲ႕ေသြးေျမက်မႈကို အျမန္ဆံုးရပ္တန္႔ႏိုင္ေအာင္ ႀကိဳးစားေပးၾကေစလိုပါတယ္။ PDF ဘက္ကလည္းပဲ ခုနကလို ရည္မွန္းခ်က္ကဘာလဲ။ ခုတ္ရာတျခား ရွရာတလြဲမ်ားျဖစ္ေနမလား။ ခုနကလို႔ ေသြးေသာက္ဆိုတဲ့အဖြဲ႔အစည္းမ်ားဘက္ကလည္း တံု႔ျပန္ၿပီးေတာ့ လက္စားေခ်ျခင္းမ်ိဳး ျမန္မာ့ေျမေပၚမွာ မရွိသင့္ေတာ့ပါဘူး။ သံယာေတာ္ေတြ အသက္ေပးၿပီးေတာ့ ပ်ံလြန္ေတာ္မူသြားရတဲ့အရာအားလံုးသည္လည္း ကြ်န္ေတာ္တို႔ရဲ႕ယဥ္ေက်းမႈ၊ ကြ်န္ေတာ္တို႔ရဲ႕သမိုင္း၊ ကြ်န္ေတာ္တို႔ရဲ႕ေထရဝါဒသာသနာအေပၚမွာ တစ္ဖက္ ဘာသာေပါင္းစံုက ဘယ္လိုတံု႔ျပန္ၾကမလဲဆိုတာမ်ိဳး ျမန္မာႏိုင္ငံရဲ႕ပံုရိပ္ကိုမက်ေအာင္ ၾကိဳးစားေပးၾက၊ ဆင္ျခင္ေပးၾကဖို႔ ကြ်န္ေတာ္တို႔ဘက္ကေန တင္ျပလိုပါတယ္။


ေမး ။ ။ ေနာက္တစ္ခုက AA ကေရာ ဒီေဆြးေႏြးပြဲကို မတက္ေသးျခင္းေပါ့။ မတက္ဘူးလို႔ေျပာတာ မဟုတ္တဲ့ အတြက္ မတက္ေသးျခင္းလို႔ပဲ ေျပာရမွာေပါ့ေနာ္။ မတက္ေသးျခင္းရဲ႕အေၾကာင္းအရင္းေပါ့။ ေနာက္တစ္ခုက AA တက္ဖို႔ သင့္လား၊ မသင့္လား နဲ႔ တက္လာရင္ေရာ ပိုမေကာင္းဘူးလားလို႔ ဆရာယူဆလား။ ဘယ္လို ေျပာခ်င္လဲ။
ေျဖ ။ ။ ကြၽန္ေတာ္ထင္တယ္။ လက္ရွိကြၽန္ေတာ္ေျပာသလိုေပါ့။ one plus three ျဖစ္တဲ့အခါမွာ one သည္ မူတစ္ခုနဲ႔ Statement ထုတ္ထားတယ္ေလ။ အဲဒီေတာ့ Three သည္ ဆယ္ဖြဲ႕နဲ႔ေဆြးေႏြးမႈရဲ႕အတိုင္းအတာနဲ႔ ဘယ္ေလာက္ထိေဆြးေႏြးႏိုင္မယ္ဆိုတာကို သူတို႔ကေတာ့ သတင္းဖလွယ္ၾကမွာပဲ။ ဘာလို႔ဆို FPNCC နဲ႔ ပတ္သက္တဲ့ (၇) ဖြဲ႕မွာ (၃) ဖြဲ႕တက္တယ္။ အဲဒီေတာ့ (၄) ဖြဲ႕မွာ တစ္ဖြဲ႕ကေတာ့ မတက္ဘူးလို႔ေၾကညာ တယ္ေလ။ အဲဒါေလးပဲ ခုနက ကိုေက်ာ္မ်ိဳးမင္းေျပာတဲ့အတိုင္းပါပဲ။ SAC ဘက္ကလည္း သုံးသပ္တာကိုး။ အဲဒီေတာ့ one plus three သည္ မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့အခါမွာ လက္ရွိအခင္းအက်င္းမွာ ႏိုင္ငံေရးအားျဖင့္ SAC ဘက္က ဘယ္ေလာက္ထိ ခိုင္ခိုင္မာမာထုတ္ျပန္ေပးသလဲ။ ေဆြးေႏြးခ်င္လာေအာင္၊ လုပ္ႏိုင္တဲ့အေန အထားသည္ ဘယ္ေလာက္ထိ သူ႔ဘက္က ႏိုင္ငံေရးဆႏၵရွိသလဲေပါ့။ မစို႔မပို႔ ဟန္ျပေဆြးေႏြးပြဲေလာက္ပဲလား။ ျပည္ေထာင္စုတစ္ခုလုံးရဲ႕လက္ရွိျပႆနာအကုန္လုံးကို ေျဖရွင္းေစလိုတဲ့၊ ေျဖရွင္းႏိုင္ေအာင္ႀကိဳးစားလိုတဲ့ဆႏၵ ရွိ၊ မရွိဆိုတာက ကြၽန္ေတာ္ေျပာတဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္က ဘာေၾကညာေပးမလဲ။ ဒီအခင္းအက်င္းကို ဘယ္လိုကစားမွာလဲ။ Roadmap အတိုင္း ကြၽန္ေတာ္တို႔သြားမယ္။ ဒီကာလမွာအၿပီးေပ့ါ။ ေနာက္ဆုံး ဒီဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲမယ္အသစ္၊ ခုနကကြၽန္ေတာ္ေျပာတဲ့ဟာ အသစ္ကို ေရးဆြဲ ေစခ်င္လို႔ေျပာတာပါ။ ဒီစံနဲ႔ ဒီလိုဆြဲမယ္၊ ခင္ဗ်ားတို႔အားလုံးပါဝင္ပါဆိုတာမ်ိဳး ဖြင့္ေပးမွာလား။ ျပည္နယ္အသစ္ ေတြလည္း ေပၚထြန္းလာေစမွာလား။ လူအမ်ားစုႀကီးျဖစ္တဲ့ ဗမာတစ္မ်ိဳးသားလုံးကေရာ ဘယ္ေလာက္အတိုင္း အတာထိ ႏိုင္ငံေရးမွာ ခုနကလိုသည္းခံမႈနဲ႔ စြန႔္လႊတ္မႈကို ဘယ္ေလာက္ထိ အရင္တုန္းက (၇၅) ႏွစ္ကို ေမ့လိုက္ေတာ့ တစ္ယူနစ္ကို ယူရဲမွာလား။ ဒါကို ႏွစ္ဖက္သုံးသပ္ဆုံျဖတ္ၿပီးမွ ျပည္ေထာင္စုကိုျပန္ကယ္ႏိုင္တဲ့ အင္အားစုတစ္ခုကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္က စုစည္းႏိုင္ခဲ့မယ္ဆိုရင္ AA မလာႏိုင္စရာ အေၾကာင္းမရွိဘူး။ အဲဒီေတာ့ ပထမအႀကိမ္ေတြ႕ဆုံပြဲရဲ႕အေျဖနဲ႔လားရာကို ULA တို႔ အျခားလက္နက္ကိုင္အဖြဲ႕ အစည္းေတြက ေစာင့္ေနတယ္လို႔ထင္ပါတယ္။ ဒုတိယအႀကိမ္ေတြ႕ဆုံပြဲမွာ သူတို႔လာႏိုင္ေအာင္လို႔ ဒီဘက္က ဖြင့္ေပးလိုက္ပါ။ သူတို႔နဲ႔ဆက္ႏြယ္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ၊ လက္နက္ကိုင္ပဋိပကၡမွာပါတဲ့ပုဂၢိဳလ္ေတြ ကို ဒီဘက္က ႀကိဳလႊတ္လိုက္ပါ။ ေတြ႕ဆုံေဆြးေႏြးႏိုင္တဲ့ႏိုင္ငံေရးအခင္းအက်င္း၊ စစ္ေရးအခင္းအက်င္းကို ႀကိဳတင္ဖန္တီးေပးလိုက္ပါ။ ကိုယ္ဘက္က လိုခ်င္တဲ့အေျဖကိုရေအာင္ ကိုယ့္ဘက္က ဘာကိုေပးရမလဲဆိုတာ မ်ိဳးကို ဗိုလ္ခ်ဳပ္မွဴး ႀကီးမင္းေအာင္လႈိင္ဘက္က သြားေနတယ္လို႔ထင္ပါတယ္။ သူလည္းေတာ္ေတာ္ေလး ႀကိဳးစားပမ္းစားရင္ဆိုင္ေနရတယ္လို႔ ထင္ပါတယ္။ တခ်ိဳ႕လည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေဆာင္႐ြက္တာ ကို မႀကိဳက္တဲ့လူေတြလည္း ရွိတယ္။ “ဟာ...ဘုရားတကာ” ဒါမ်ိဳးေျပာၾကတာေပါ့။ အမွန္က ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ေနရာကၾကည့္ရင္ တာဝန္ပိုႀကီးတယ္ဗ်။ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြကို (ခင္ဗ်ား)သမိုင္းနဲ႔ခ်ီၿပီး ေနာက္ျပန္ၾကည့္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕အေနအထားက ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းေလးနဲ႔။ တေလာက သႀကၤန္ကာလမွာ ေတာင္ၾကားပါတယ္။ နာက်ည္းခ်က္ေတြကို မ်ိဳးဆက္သစ္အလိုက္ပါသြားမွာစိုးလို႔ လြန္လြန္ၾကဴးၾကဴး ဘာမွမလုပ္ဘူးဆိုတာမ်ိဳး။ တခ်ိဳ႕ေဖ့စ္ဘြတ္မွာ တက္တယ္ေလ။ ေပါင္ငါးရာဗုံးေတြခ်တယ္ ေပ့ါ။ ဒါမ်ိဳးလုပ္မိရင္ မ်ိဳးဆက္အလိုက္ နာက်ည္းခ်က္ေတြသြားမွာ။ အဲဒီနာက်ည္းခ်က္ကို သူမယူခ်င္ဘူး။ ျပည္ေထာင္စုကို ဘယ္လိုညႇိညႇိႏႈိင္းႏႈိင္းနဲ႔ ေျဖရွင္းၾကရင္ေကာင္းမလဲဆိုတဲ့တာဝန္သည္ သူ႔ေခါင္းေပၚေရာက္တဲ့ အခါမွာ သူ႔ဘက္က ဘာကိုစြန႔္ရမွာလဲ ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ေရာ၊ တပ္မေတာ္က႑တစ္ခုလုံးအေန နဲ႔ေရာ၊ ဘာကိုေပးလိုက္ရင္ ဒီျပႆနာ ဇစ္ျမစ္ကို ေျဖရွင္းၿပီးျဖစ္မွာလဲ။ အဲဒီလိုေျဖရွင္းႏိုင္ခဲ့ရင္ ဒီျပႆနာ (၇၅) ႏွစ္ေလာက္ၾကာခဲ့တဲ့ ျပည္တြင္းစစ္ပဋိပကၡကိုရပ္ေအာင္ ပထမဆုံးဦးေဆာင္ခဲ့တဲ့ပုဂၢိဳလ္သည္ ႏိုင္ငံေရးသမား မဟုတ္ဘူးဗ်။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ဦးအေနနဲ႔ ဦးေဆာင္ႏိုင္ခဲ့တယ္ဆိုတဲ့သမိုင္း။ ႏိုင္ငံေရး သမားကို ကြၽန္ေတာ္သိပ္မယုံဘူး၊ ပြင့္ပြင့္လင္းလင္းေျပာတာပါ။ အဲဒီေတာ့ တပ္မေတာ္ဆိုတာ Command တစ္ခုေအာက္မွာ ရွိတယ္။ တစ္ေသြး တစ္သံတစ္မိန႔္နဲ႔ ဘယ္ေလာက္ပဲသြားသြား ဆုံးျဖတ္ခ်က္ကို တိခနဲဆို တိခနဲပဲ။ အဲဒီေတာ့ ဒီကာလမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္က ျပတ္ျပတ္သားသားဆုံးျဖတ္ထားၿပီ ဆိုရင္ သူဘာမဆိုေပးရဲတယ္။ ဘာမဆိုလုပ္ရဲတယ္။ လုပ္ရဲတယ္ဆိုတာ ခုနကလိုဟာမ်ိဳး ခ်င့္ခ်ိန္တာေပါ့။ သူ႔ဘက္က (ဟာ) ေသြးေျမက်ခဲ့ရင္ မ်ိဳးဆက္သစ္ေတြရင္ထဲမွာ နာက်ည္းသြားခဲ့ရင္ ဒီသမိုင္းကို သူရပ္လို႔ မရေတာ့ဘူး။ ရပ္ေစခ်င္တဲ့ဆႏၵရွိတဲ့အခါမွာ သည္းခံဖို႔နဲ႔ ကိုယ္ဘက္က ဘယ္ေလာက္ပဲအင္အားရွိရွိ၊ အင္အား ႀကီးႀကီးေပါ့ဗ်ာ။ ဒါကိုမလုပ္သင့္ဘူးလို႔ ဆုံးျဖတ္တဲ့အခါမွာ သူ႔လိုခ်င္တာဘာလဲ ၿငိမ္းခ်မ္းေရး၊ ျပည္ေထာင္စုကို ခိုင္ခိုင္မာမာျပန္တည္ေဆာက္ေရးဆိုတဲ့ အေပးကိုေတြးတာမုိ႔လို႔ အဲဒီလိုေပးထားပါတယ္ဆိုတာမ်ိဳးကိုခ်ျပဖို႔က အခုပထမဆုံးအႀကိမ္ေတြ႕တဲ့ ထိပ္သီးေခါင္းေဆာင္မ်ားရဲ႕ေတြ႕ဆုံပြဲမွာ ေနာက္ေခါင္းေဆာင္မ်ားပါလာေအာင္ ဖိတ္ေခၚႏိုင္တဲ့ေၾကညာခ်က္၊ ဒါကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္က ျပင္ဆင္ထားတယ္။ ေနာက္ေခါင္း ေဆာင္မ်ား ဒုတိယအႀကိမ္ ေတြ႕ဆုံပြဲမွာ ပါဝင္လာၾကပါ။ ဒို႔ျပည္ေထာင္စု ဒီအတိုင္းဆိုတာမ်ိဳး ႏိုင္ငံေရးအားျဖင့္ ရည္မွန္းခ်က္ကိုခ်ျပဖို႔ လိုေနၿပီ။ အဲဒီေတာ့ ေပးခဲ့လို႔ရွိရင္ AA အပါအဝင္ က်န္တဲ့သုံးဖြဲ႕ေပါ့ဗ်ာ၊ KNPP တို႔လည္း က်န္ခဲ့တာကိုး။ ေနာက္ၿပီး KIA၊ KNU တို႔လည္း မလာဘူးလို႔လည္း ေျပာလို႔မရဘူး။ ဒီကာလမွာ ႏိုင္ငံေရး အားျဖင့္ ေပးႏိုင္တဲ့အာဏာသုံးရပ္၊ မ႑ိဳင္သံုးရပ္ကို ဆုံးျဖတ္ခ်က္ေပးႏိုင္တဲ့တာဝန္က ကာကြယ္ေရးဦးစီးခ်ဳပ္ တစ္ဦးတည္းမွာရွိတယ္။ ႏိုင္ငံေရးျပႆနာ၊ စစ္ေရးျပႆနာ။ ႏိုင္ငံေရးျပႆနာေၾကာင့္ စစ္ေရးျပႆနာကို ကူးတယ္။ စစ္ေရးပဋိပကၡကိုခ်ဳပ္ၿငိမ္းဖို႔အတြက္ ႏိုင္ငံေရးနည္းအားျဖင့္ ခ်ည္းကပ္တယ္။ ဒါကေတာ့ ေရွ႕ေျပး လိုက္ေနာက္ေပါ့။ အဲဒီႏွစ္ခုက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ လက္ထဲမွာရွိတယ္။ ႏိုင္ငံေရးသမား လက္ထက္မွာ ႏိုင္ငံေရးျပႆနာ၊ ႏိုင္ငံေရးကိစၥပဲ ရွင္းတယ္။ စစ္ေရးျပႆနာကို သူမဆုံးျဖတ္ႏိုင္ဘူး။ အဲဒီ ေတာ့ ႏိုင္ငံေရးသမားတစ္ဦးရဲ႕က႑ကိုလည္း ယူထားရတဲ့ စစ္ေရး ေခါင္းေဆာင္တစ္ဦး လက္ထဲမွာရွိတဲ့ ကာလေလးကို မိမိရရအသုံးျပဳၿပီးကာမွ ျဖစ္သင့္တဲ့ျပည္နယ္မ်ားလည္း ျဖစ္လာပါေစ။ ခိုင္ခိုင္မာမာေလးပဲ ျပည္ေထာင္စုကို ဘယ္လိုတြဲခ်ိတ္ၾကမွာလဲဆိုတဲ့အေပးကို ေပးႏိုင္ပါတယ္ဆိုရင္ ULA ဘက္က လာဖို႔မ်ားတယ္။ လာဖို႔လည္း ကြၽန္ေတာ္တို႔ဘက္ကေတာ့ တိုက္တြန္းတယ္။ ေဆြးေႏြးရမယ္၊ အေျဖထုတ္ရမယ္။ ႏိုင္ငံေရး ျပႆနာေၾကာင့္ျဖစ္တဲ့လက္နက္ကိုင္ျပႆနာကို ေျပလည္ေစခ်င္ရင္ ႏိုင္ငံေရးအားျဖင့္ ဘာရွိတယ္ဆိုတဲ့ Political will ကို ျပဖို႔လိုတယ္။ ကိုယ့္ဘက္က ဘာအထိမွန္းထားတယ္၊ ေပးႏိုင္ မေပးႏိုင္က ေနာက္မွ။ အဲဒီလို ေပးႏိုင္ေအာင္ လက္ရွိအခင္းအက်င္းက ဘယ္လိုျဖစ္ေနၿပီဆိုတာကိုလည္းပဲ ႏိုင္ငံေရးသမားေရာ၊ လက္နက္ကိုင္အဖြဲ႕အစည္းေခါင္းေဆာင္ေတြေရာ အကုန္လုံးက မွန္မွန္ကန္ကန္ သံုးသပ္ႏိုင္ရမယ္။ လက္ရွိ အေနအထားကို မွန္မွန္ကန္ကန္သုံးသပ္ႏိုင္မယ္ဆိုရင္ AA သည္ မလာႏိုင္စရာအေၾကာင္းမရွိ ဘူး။ လာၿပီးေတာ့ ေဆြးေႏြးၿပီးမွ လိုခ်င္တာကိုထုတ္ျပဖို႔၊ ကိုယ္လိုခ်င္တာကို အမ်ားသိေအာင္ခ်ျပဖို႔၊ အဲဒီခ်ျပတဲ့ဟာကို ညႇိႏႈိင္းၿပီးမွ ရလဒ္ကိုရသြားေအာင္ ကိုယ့္ဘက္ကႀကိဳးစားဖို႔ ULA ကိုလည္း တိုက္တြန္းပါတယ္။


ေမး ။ ။ ဆရာေျပာသြားတဲ့အထဲမွာေတာ့ တပ္မေတာ္ကႏိုင္ငံေရးႏြံမွာ ကြၽံေနၿပီ။ ျပန္ႏႈတ္ဖို႔ လိုေနၿပီဆိုတဲ့ ကိစၥေပါ့။ ဆိုေတာ့ တပ္မေတာ္က ႏိုင္ငံေရးထဲမွာကြၽံေနလို႔ ျပန္ႏႈတ္မယ္ဆိုရင္ေတာင္ အျခားတစ္ဖက္မွာ တပ္မေတာ္ ႏိုင္ငံေရးက ဆုတ္ခြာေပးမယ္လို႔ေျပာရင္ အဲဒီတစ္ခ်က္တည္းနဲ႔ၿပီးသြားၿပီလားေပါ့။ တိုင္းရင္းသား လက္နက္ကိုင္ေတြဘက္က လက္နက္ကိုင္လမ္းစဥ္ကို စြန႔္ေပးရမယ္ဆိုတာေရာ တြဲပါလာလား။ ႏွစ္ဖက္စလုံး ညီမွရမွာလား၊ တစ္ဖက္တည္းပဲ ရပ္လို႔ရလား။
ေျဖ ။ ။ အဲဒါကို ဒုတိယအႀကိမ္ (၂၁) ရာစု ပင္လုံမွာ အဲဒါေလးျပႆနာျဖစ္တယ္။ ဗိုလ္ခ်ဳပ္ႀကီးခင္ေဇာ္ဦးတို႔ ဘက္ကေပါ့ေနာ္။ ကြၽန္ေတာ္တို႔က UPDJC မွာ ပါခဲ့ပါတယ္။ ျပည္ေထာင္စုက ခြဲမထြက္ရဆိုတဲ့ဥစၥာကို ျပ႒ာန္း ေပးရမယ္ ပင္လုံညီလာခံမွာ။ အဲဒီလိုျပည္ေထာင္စုက ခြဲမထြက္ရဆိုတာမ်ိဳးကို မပါခဲ့လို႔ရွိရင္ ျပည္နယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေရးဆြဲတာအပါအဝင္ ဒီအခ်က္အားလုံးကို တို႔ဘက္က သေဘာမတူႏိုင္ဘူးဆိုတဲ့ျပႆနာျဖစ္တဲ့ အခါမွာ မနည္းၾကာၾကာရပ္လိုက္ရတာေပါ့။ ကြၽန္ေတာ္တို႔ UPDJC Meeting မွာပါ။ အဲဒီေနာက္မွာ ဖဒိုေစာကြယ္ထူးဝင္း တို႔ဘာတို႔ ညႇိၾကတာေပါ့။ ဦးဆလုိင္းလ်န္မႈန္းဆာေခါင္းတို႔ေပါ့။ အဲဒီလိုမ်ိဳး နာရီဝက္၊ တစ္နာရီေလာက္ရပ္ၿပီးကာမွ ထိပ္ပိုင္းေခါင္းေဆာင္ေတြဆီက အၾကံေတာင္းၿပီးမွ အဲဒါကို ေနာက္ကိုပို႔လိုက္ရတယ္။ အဲဒီေတာ့ ျပည္ေထာင္စုက မခြဲထြက္ေစခ်င္ဘူး။ ျပည္ေထာင္စုက ခြဲထြက္ခြင့္ေပးရ မယ္ဆိုတဲ့ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပုံပုဒ္မ (၂ဝ၁)၊ အခန္း(၁ဝ) ေပါ့ဗ်ာ။ အဲဒါေၾကာင့္ ခုနကလို ေခ်ာက္ထဲက်ကာနီး မလို႔ ဗိုလ္ခ်ဳပ္ေနဝင္းက အာဏာယူလိုက္ရပါတယ္ဆိုတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္။ လက္ရွိႏိုင္ငံရဲ႕အေနအထားကို ျပန္ၾကည့္ရင္ အခု ၂ဝဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပန္ျပင္မယ္ဆိုတာက အဲဒါပါတယ္။ အဲဒီေတာ့ ဒို႔တာဝန္ အေရးသုံးပါးကိုၾကည့္ရင္ အစ၊ အလယ္၊ အဆုံး လိမ့္ပတ္လည္ေအာင္ျပန္ဖတ္ၾကည့္ရင္ အခ်ဳပ္ျခာအာဏာ တည္တံ့ခိုင္ၿမဲဖို႔အတြက္ ဘာလိုလဲ။ အဲဒီေတာ့ ေနာက္ဆုံး တိုင္းရင္းသာစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးဆိုတာက အဓိကဆိုတာက်တယ္။ အဲဒီေတာ့ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈက ၿပိဳကြဲေနၿပီ။ ၿပိဳကြဲၿပီးတဲ့အဆင့္ကို မတားႏိုင္ရင္ အခ်ဳပ္အျခာအာဏာကို သြားထိေနၿပီလို႔သာ သုံးသပ္မယ္ဆိုရင္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးဆိုတာ ေႂကြးေၾကာ္ေန႐ုံနဲ႔မၿပီးဘူး။ ဘာ့ေၾကာင့္ၿပိဳကြဲေနတယ္ဆိုတဲ့ဇစ္ျမစ္ျပႆနာ ျပန္ေပၚလာတာ ေပါ့။ လုံးျခာပတ္ျခာလည္ေနတာေပါ့။ အဲဒီေတာ့ ျပည္ေထာင္စုက မခြဲထြက္ရဆိုတာမ်ိဳးက မခြဲထြက္ႏိုင္ ေလာက္တဲ့အေနအထားတစ္ခုျဖစ္ေအာင္ ဖန္တီးေပးရမယ္ဆိုတာ အဲဒီကာလ UPDJC မွာ ေဆြးေႏြးၾကတာေပါ့။ ရွမ္းကလည္း ေျပာတာေပါ့၊ ျပည္ေထာင္စုမွာ ျပည္ေထာင္စုကိုခ်စ္လြန္းလို႔ အတူပူးေပါင္းပါဝင္ခဲ့တာ လြတ္လပ္ ေရးယူစဥ္တုန္းက ပင္လုံစာခ်ဳပ္ မတိုင္ခင္တုန္းက တို႔ေနာက္ခ်န္ေနခဲ့ရင္ ဗမာကဲ့သို႔ေသာ တိုင္းျပည္တစ္ခု ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ျပည္ေထာင္စုကိုခ်စ္လို႔ ပူးေပါင္းပါဝင္ခဲ့တာ။ ၁၉၄၇ ခုႏွစ္ ပင္လုံစာခ်ဳပ္ကို ျပန္ၫႊန္းၾက တာေပါ့။ အဲဒီေတာ့ မၿပိဳကြဲေစလိုတဲ့ ခြဲမထြက္ေစလိုတဲ့အေၾကာင္းတရားသည္ မခြဲႏိုင္ေလာက္တဲ့ျပည္ေထာင္စု ကို တည္ေဆာက္မွ၊ အဲဒီလို မခြဲႏိုင္ေလာက္တဲ့ ျပည္ေထာင္စု၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒမွာ ဒါဆိုတာ ျပ႒ာန္းထားရင္ ဘယ္သူခြဲထြက္မွာလဲ။ အဲဒီလို တစ္ခုနဲ႔ မတည္ၿပီးမွ ဒါႀကီးကိုတို႔တည္ေဆာက္မယ္။ တို႔ဇစ္ျမစ္ က ဒီဖြဲ႕စည္းပုံအေျခခံဥပေဒလို႔ဆိုရင္ ဒီဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ခုမွာပါလာတဲ့ တပ္မေတာ္ဘက္က ဘာျပန္ေျပာလဲဆိုရင္ အဲဒီကာလမွာ ဗိုလ္ခ်ဳပ္ခင္ေဇာ္ဦးတို႔ဘက္က လက္နက္ကိုင္ပဋိပကၡမရွိရင္ တို႔ေနာက္ဆုတ္မယ္။ လက္နက္ကိုင္ပဋိပကၡရွိေနလို႔ ႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑မွာ တပ္မေတာ္ ပါဝင္ရ တာ။ ဒို႔တာဝန္အေရးသုံးပါးကို ခ်ျပတာရယ္၊ လက္ရွိႏိုင္ငံေရးမွာ ၂၅ ရာခိုင္ႏႈန္း ပါဝင္ေနရျခင္း အဓိကအေၾကာင္းအရင္းသည္ လက္နက္ကိုင္ပဋိပကၡရွိေနလို႔၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ လက္နက္ကိုင္ပဋိပကၡမရွိတဲ့ကာလမွာ ႏိုင္ငံေရးက တို႔ေနာက္ဆုတ္ေပးမယ္ ဆိုတာမ်ိဳး အဲဒီကာလ ၂၁ ရာစု ပင္လုံဒုတိယညီလာခံ UPDJC အစည္းအေဝးမွာ ျဖစ္ခဲ့ဖူးတယ္။ အဲဒီေတာ့ ဇီး႐ိုး-ဇီးရုိးကိုသြားမယ္ဆိုရင္ ဘာလို မလဲ။ အားလုံလက္ခံႏိုင္တဲ့ ဒီ ၂ဝဝ၈ မဟုတ္ေတာ့ဘူးေနာ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒါႀကီးသည္ စစ္မွန္တဲ့ သာတူညီမွ်ပဲ၊ ခြင့္တူညီမွ်ပဲ အဲဒီဖြဲ႕စည္းပုံႀကီးကို တို႔ဆြဲဖို႔ကာလသည္ ဘယ္ေလာက္မၾကာ ဘူး။ ေညာင္ႏွစ္ပင္လို ႏွစ္ေပါင္းမ်ားစြာၾကာစရာမလိုဘူး။ ပညာရွင္နဲ႔ဆြဲရင္ရၿပီ။ အေျခခံမူပဲလိုတယ္။ အဲဒီဟာ လုပ္ရင္ ၂၅ ရာခိုင္ႏႈန္း ဇီး႐ိုးကိုသြားမယ္။ အဲဒါႀကီးကိုသေဘာတူရင္ လက္နက္ကိုင္ပဋိပကၡမွာ သိန္းေက်ာ္ ေလာက္ရွိ ေနၿပီျဖစ္တဲ့ အကုန္လုံးလက္နက္ကိုင္အဖြဲ႕အစည္းက ေနာက္ကိုဆုတ္မယ္။ ျပည္နယ္အသစ္ေတြ ျပန္ေပၚလာ မယ္။ ျပည္မျဖစ္တဲ့ ဗမာတိုင္းရင္းသားအားလုံးသည္လည္း သာတူညီမွ်ပဲ။ တို႔လည္း တစ္ယူနစ္ယူမယ္။ ဧရိယာႀကီးရင္ ႀကီးမွာေပါ့။ ႐ုရွားဖက္ဒေရးရွင္းရွိတယ္ အႀကီးႀကီးပဲ။ ဒီဖက္ ယူကရိန္းရွိတယ္။ အဲဒီလိုေပါင္း ထားတဲ့ (၁၅) ႏိုင္ငံေပါင္းမွ ဆိုဗီယက္႐ုရွားႀကီးျဖစ္လာတာကို။ အခုပဋိပကၡျဖစ္တဲ့အခါမွာ ႐ုရွားတစ္ခုတည္း က်န္တယ္ေလ။ အဲဒီေတာ့ ဗမာသည္လည္း ျပည္မႀကီးႀကီးတစ္ခုနဲ႔ တစ္ယူနစ္ မယူႏိုင္ဘူးလား။ တိုင္းရင္းသား က ဘာကိုတြက္သလဲဆိုရင္ တစ္ယူနစ္ယူ၊ ႏိုင္ငံေရးအားျဖင့္ လူမ်ိဳးစုလႊတ္ေတာ္မွာ ေနရာတန္းတူ ပဲယူ။ ႀကီးေပမယ့္လို႔ ဥပမာ- ပိုစ့္က ၁၂ ခုဆိုရင္ ၁၂ ခုထက္ ပိုမယူပါနဲ႔။ ေသးေပမယ့္လို႔ ယူနစ္တစ္ခုသည္ ၁၂ ဦးပဲ လႊတ္ရမယ့္ လူမ်ိဳးစုလႊတ္ေတာ္မွာ ႀကီးရင္လည္း ၁၂ ဦးပဲယူ၊ ေသးရင္လည္း ၁၂ ဦးပဲယူ။ ျပည္မသည္ တိုင္း (၇) တိုင္းျဖစ္တဲ့အခါမွာ တစ္တိုင္းက ၁၂ ဦးစီနဲ႔ (၈၄) ေယာက္ ယူသြားတယ္။ လူမ်ိဳးစုလႊတ္ေတာ္ဆိုတာ Upper House ကို ေျပာတာပါ။ အဲဒီလိုႏိုင္ငံေရးအားျဖင့္ အဲဒီမွာ လက္ဝါးႀကီးအုပ္လႊမ္းမိုးတဲ့အေနအထားကို မေရာက္ေစခ်င္လို႔ တိုင္းရင္းသားေတြက တစ္ယူနစ္ယူပါလို႔ေျပာခဲ့တယ္လို႔ ယူဆပါတယ္။ ဆိုေတာ့ အဲဒီလိုမ်ိဳး သူ႔ဘက္က ကိုယ့္ဘက္က ဆင္ျခင္စရာ၊ ေပးစရာ၊ စြန႔္လႊတ္စရာ၊ အနစ္နာခံစရာေနာ္ အားသာေပမယ့္လို႔ သည္းခံတာ၊ ေနာက္ကိုဆုတ္တာနဲ႔ ျပည္ေထာင္စုကိုတည္ေဆာက္ေနမယ္ဆိုရင္၊ တည္ေဆာက္ခဲ့ၾကမယ္ဆိုရင္၊ တည္ေဆာက္ၾကဦးမယ္ဆိုရင္ လက္နက္ကိုင္ပဋိပကၡေနာက္ကိုေရာက္သြားမွာေပါ့။ ႏိုင္ငံေရးထဲက တပ္မေတာ္ လည္း ေနာက္ဆုတ္ရမွာေပါ့။ လက္နက္ရွိမွသာလွ်င္ ခုနက ျပည္ေထာင္စုမွာ လက္နက္ရွိမွျဖစ္တယ္ဆိုတဲ့ အခါမွာ အခုၾကည့္ေလဗ်ာ။ ကြၽန္ေတာ္တို႔ဘက္မွာလည္း ULA/AA က အင္အားႀကီးတာကိုး။ ULA/AA ရဲ႕ အင္အားက ဘယ္ေလာက္ထိေတာင္ကို မွန္းလို႔မရဘူးေလ။ APA ဆိုတဲ့ Arakan People Authority ဆိုတဲ့ ႏိုင္ငံေရးအားျဖင့္ အုပ္ခ်ဳပ္ေရးယႏၲရားတစ္ခုကလည္း Introduce လုပ္ေနၿပီေလ။ အဲဒီေတာ့ ဥပေဒပိုင္းတရား႐ုံး ဘက္ကလည္း ဝင္လာၿပီေလ။ အဲဒီေတာ့ ရခိုင္ျပည္နယ္ထဲမွာ SAC ဘက္က အုပ္ခ်ဳပ္ေရးယႏၲရား တရားစီရင္မႈနဲ႔ ULA ဘက္က တရားစီရင္မႈႏွစ္ခုက ထပ္သြားတာေပါ့။ အထူးသျဖင့္ ေက်းလက္ေဒသမွာ ထပ္တဲ့ အခါက်ေတာ့ Double Taxation ဆိုတာ လာတာေပါ့။ ဆိုေတာ့ အဲဒီဒဏ္အကုန္လုံးကို ရခိုင္လူထု ခံရတာေပါ့။ အဲဒီေတာ့ သတ္သတ္မွတ္မွတ္တစ္ခုကို ULA ဘက္ကလည္း SAC နဲ႔ ညႇိရမယ္ေလ။ SAC ဘက္ကလည္း ထိပ္တိုက္ရင္ဆိုင္တာနဲ႔ အခုျပည္ေထာင္စုျပႆနာကိုေျဖရွင္းတဲ့အခါမွာ ႏိုင္ငံေရးအားျဖင့္ ကစားတာတို႔ စစ္ေရးအားျဖင့္ ကစားတာတို႔ကိုေလ်ာ့ရမယ္ေလ။ ေျပလည္ေစခ်င္ရင္ ႏွစ္ဖက္ေလွ်ာ့ၿပီးကာမွ ယုံၾကည္မႈတည္ ေဆာက္ၿပီးမွ ဒီေဆြးေႏြးပြဲကိုလာႏိုင္ေအာင္ဖိတ္ေခၚမွ လာမွာေပါ့ဗ်ာ။ ဒီေတာ့ ကိုယ္ဘက္ကလည္း ျပင္ဆင္ရ မယ္။ သူ႔ဘက္ကလည္းေနာက္ဆုတ္ရမယ္။ အဲဒီေတာ့ ဒီကာလမွာေတာ့ျဖင့္ ဒါႀကီးကို တို႔ေနာက္ဆုတ္မယ္ဆို ၿပီးညႇိႏႈိင္းၿပီးမွ ဧရိယာတစ္ခုကို သတ္သတ္မွတ္မွတ္ျဖစ္တဲ့အခါမွာ ဒီသြပ္သြင္းရမယ့္ အုပ္ခ်ဳပ္ေရးယႏၲရား၊ တရားစီရင္ေရးယႏၲရားကို တို႔သြပ္သြင္းမယ္။ တို႔လူထုဟာ Double Taxation မျဖစ္ေအာင္ တို႔ႀကိဳးစားမယ္ ဆိုတဲ့ႏွစ္ဖက္အျမင္ ထပ္တူက်ခဲ့ရင္ေတာ့ျဖင့္ ရခိုင္လူထုဘက္ကလည္း အဆင္ေျပတယ္ေလ။ ULA ဘက္ကလည္းအဆင္ေျပတယ္၊ SAC ဘက္ကလည္းအဆင္ေျပတယ္။ ဒါညႇိႏႈိင္းမႈပဲ၊ ညႇိႏႈိင္းမႈသည္ ယုံၾကည္မႈရွိမွပဲရတာ။ ယုံၾကည္မႈရွိတယ္။ ညႇိႏႈိင္းမႈလာတယ္။ ဒါေပမယ့္ ျပႆနာဇစ္ျမစ္ကို မတူတဲ့အျမင္နဲ႔ ခ်ည္းကပ္ေနရင္ အဲဒီဇစ္ျမစ္ျပႆနာကို Result မရႏိုင္ဘူး။ အဓိက ဘာေၾကာင့္ျဖစ္တဲ့ျပႆနာကို ႏွစ္ဖက္ အျမင္တူမွ အဲဒါကိုဆြဲထုတ္ၿပီး ရေအာင္အေျဖရွာရမွာေပါ့။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ဘက္ကေတာ့ သုံးသပ္ တယ္။ ဒါဟာ ဖြဲ႕စည္းအေျခခံဥပေဒဆိုင္ရာျပႆနာေၾကာင့္ ႏိုင္ငံေရးအားျဖင့္မရတဲ့အခါ လက္နက္ကိုင္တယ္။ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းဖို႔အတြက္ ႏိုင္ငံေရးထဲကေန တပ္မေတာ္လည္း ေနာက္ကိုဆုတ္ရမယ္၊ လက္နက္ကုိင္တဲ့အဖြဲ႕အစည္းအားလုံးလည္း လက္နက္ကိုင္ေနာက္ကိုစြန႔္ရမယ္။ ၿပီးရင္ အားလုံးလက္ခံႏိုင္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ခုကို ဒီအတိုင္းျပ႒ာန္းၿပီးမွ ႏိုင္ငံေရးအားျဖင့္ တိုင္းျပည္ရဲ႕စနစ္တစ္ခုကို ျပန္ၿပီး တည္ေဆာက္မွ ခုနကလို႔ စနစ္တို႔ဘာတို႔နဲ႔ အုပ္ခ်ဳပ္ေရးယႏၲရားတို႔နဲ႔ ပိုေကာင္းလာတဲ့အခါမွာ ကြၽန္ေတာ္တို႔ရဲ႕ စီးပြားေရးက ျပန္ၿပီးထူထူေထာင္ေထာင္ျဖစ္လာမယ္။ ႏိုင္ငံေရးတည္ၿငိမ္မယ္။ ဆက္စပ္တဲ့အခါမွာ ႏိုင္ငံတစ္ခုရဲ႕ အသက္က စီးပြားေရဗ်။ စီးပြားေရးခြၽတ္ၿခဳံၿပိဳလဲက်သြားလို႔ ၁၉၇၄ ခုႏွစ္မွာ ဖြဲ႕စည္းပုံနဲ႔တက္လာတဲ့ ျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္ပါတီက (၈၈) မွာ ၿပိဳတာပဲ။ အဓိက စီးပြားေရးအေဆာက္အအုံၿပိဳလဲက်သြားလို႔ျဖစ္တာ။ တကယ္လို႔ အဲဒီကာလမွာ တ႐ုတ္ျပည္မွာလိုေပါ့ဗ်ာ တိန္႔ေရွာင္ဖိန္လို ပုဂၢိဳလ္တစ္ေယာက္ေပၚလာလို႔ စီးပြားေရးကိုေျပာင္းႏိုင္ခဲ့ရင္ ၁၉၈၈ ခုႏွစ္အခင္းအက်င္းဟာ ေပၚခ်င္မွေပၚမွာ။ ႏိုင္ငံေရးအလွည့္အေျပာင္းနဲ႔ ကိုယ့္ဘက္ကိုယ္ Over Confident တို႔ Under Confident ျဖစ္တဲ့အခါမွာ အဲဒီအေနအထားေၾကာင့္ (၈၈) လူထုေတာ္လွန္မႈႀကီးက ေပၚလာတာ။ အဲဒီေတာ့ ျပန္ၾကည့္ရင္ အခုကာလဟာ Fail State လို႔ ေျပာၾကတယ္ေလ။ Franchise Fail State ျဖစ္ေတာ့မယ့္အေနအထား ဟုတ္၊ မဟုတ္ကို ကြၽန္ေတာ္တို႔ႏိုင္ငံ ေရးနဲ႔ပတ္သက္တဲ့ေခါင္းေဆာင္ေတြ၊ စစ္ေရးနဲ႔ ပတ္သက္တဲ့ေခါင္းေဆာင္ေတြက ေသေသခ်ာခ်ာ အေျဖထုတ္၊ အေျဖရွာရမွာ။ အဲဒီကာလျဖစ္ပ်က္ေနမႈနဲ႔ ဇစ္ျမစ္ ျပႆနာကို ဒါလို႔ သတ္မွတ္ခဲ့မယ္ဆိုရင္ ဒီဟာႀကီးကို ဘယ္လိုတားမွာလဲ၊ ဘယ္လိုကာမွာလဲ။ Franchise ျဖစ္ေတာ့မယ္ဆိုရင္ မျဖစ္ေအာင္ ဘာလုပ္မွာလဲ၊ မျဖစ္ေအာင္ ဘာေပးမွာလဲ။ ဒါႀကီးကို ေတြ႕ဆုံေဆြးေႏြး အေျဖရွာမယ္ဆိုရင္ ေတြ႕ဆုံေဆြးေႏြးလာႏိုင္ ေလာက္ေအာင္ ယုံၾကည္မႈကိုတည္ေဆာက္ေပးဖို႔လိုမယ္။ ယုံၾကည္မႈ ပ်က္ႏိုင္တဲ့ အေနအထားက ဘာေတြလဲ၊ စစ္ေရးတိုးခ်ဲ႕လို႔လား၊ အဖမ္းအဆီးမ်ားလို႔လား၊ လက္စားေခ်တုံ႔ျပန္မႈ မ်ားလို႔လား။ အဲဒီေတာ့ ယုံၾကည္မႈကိုတည္ေဆာက္တဲ့ကာလ၊ တည္ေဆာက္ရမယ့္ကာလမွာ ယုံၾကည္မႈပ်က္ႏိုင္တာေတြကို လုပ္မိတာ ရွိရင္ အဲဒါကိုရပ္။ အဲဒါမ်ိဳးဆိုရင္ေတာ့ဗ်ာ ကြၽန္ေတာ္ထင္တယ္၊ ျမန္မာ့ႏိုင္ငံေရး ေရွ႕ကိုသြားလို႔ရႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အေရြ႕တစ္ခုကို ေ႐ႊ႕ႏိုင္မယ္ထင္တယ္။


ေမး ။ ။ အဲဒီေတာ့ ေျပာရရင္ေတာ့ ဆရာေျပာတဲ့ အေ႐ႊ႕ေတြ၊ အေ႐ြ႕ေတြ၊ တပ္ကေနာက္ဆုတ္ေပးဖို႔ ကိစၥေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြကလည္း ေနာက္ကိုဆုတ္ေပးဖို႔ကိစၥေတြ အဲဒါေတြကိုၾကည့္မယ္ဆို ရင္ တပ္ဘက္အျခမ္းမွာေရာ သူတို႔ႏိုင္ငံေရးကေန ေနာက္ကိုဆုတ္ဖို႔ျပင္ေနတယ္လို႔ ျမင္မိလား။ အလားတူပဲ လက္နက္ကိုင္အုပ္စုေတြကေရာ သူတို႔ေသနတ္ကိုင္ထားတာေတြကို၊ သူတို႔ေသနတ္ကိုင္ထားတဲ့အရသာကို သိေနၿပီးသားဆိုေတာ့ အဲဒါကိုဖယ္ႏိုင္တဲ့အေနအထားေရာက္ေနၿပီလို႔ ထင္ရလား။ ႏွစ္ဖက္စလုံးကိုၾကည့္ရင္ ေပါ့။
ေျဖ ။ ။ အဲဒါမ်ိဳးေတာ့ ျမင္ရလားဆိုေတာ့ ျမင္ေအာင္ေတာ့ ၾကည့္ထားတယ္ဗ်။ တခ်ိဳ႕ကေတာ့ အဲဒါမ်ိဳးျဖစ္ဖို႔ ခက္တယ္လို႔ သုံးသပ္တာရွိတယ္။ Warlord ေပါ့။ ေျပာရရင္ ဘာေခၚမလဲ ဒီဝန္းက်င္၊ ဒီအခင္းအက်င္း၊ ဒီအရသာကို လႊတ္ရမွာကို တခ်က္ခ်က္ျဖစ္သြားမွာကို စိုးရိမ္စိတ္၊ ၾကာလာတဲ့အခါမွာေလ အဲဒီလိုမ်ိဳးျဖစ္သြား၊ ေျပာင္းလဲသြားတတ္ပါတယ္၊ ဒါ ပုထုဇဥ္ ဒီအတိုင္းပဲ။ ဒါေပမယ့္ ျမန္မာ့တပ္မေတာ္ဘက္က အေ႐ြ႕ေလးေတြကို ျပန္ၾကည့္တာေပါ့။ သူ႔ဘက္က ဘာကိုအခိုင္အမာဆုပ္ကိုင္ထားလဲဆိုတာ ဗိုလ္ခ်ဳပ္ခင္ေဇာ္ဦးတို႔နဲ႔တစ္ခါ ေတြ႕ခဲ့တဲ့အခါမွာ သူတို႔ကအဲဒီလိုရင္ဖြင့္တယ္။ ဖြဲ႕စည္းပုံမွာ ၂၅ ရာခိုင္ႏႈန္းပါေနတာက အာဏာမသိမ္းရေ အာင္လို႔ ဦးစိုးသိမ္းကလည္း ေျပာတာပဲ။ ဟိုတုန္းက ဦးေအာင္မင္းတုန္းကလည္း ေျပာခဲ့တာပဲ။ ဒါေပမယ့္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အာဏာသိမ္းစရာမလိုဘဲနဲ႔ အေရးေပၚကာလဥပေဒအရကိုက အာဏာကို ထိန္းပိုင္ခြင့္က ရွိေနၿပီးသား။ ႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑မွာလည္း ရယူၿပီးသားမလို႔ ဒီအခင္းအက်င္းကို ဖန္တီးေပးတာ။ အဲဒါေၾကာင့္ တမင္ရည္႐ြယ္ၿပီးေရးခဲ့တာလား။ မရည္႐ြယ္ဘဲနဲ႔ေရးခဲ့ၿပီးမွ ႏိုင္ငံေရးႏြံထဲမွာ နစ္မွန္းမသိ နစ္သြားရႏိုင္တဲ့အေနအထားျဖစ္ေအာင္ ျပ႒ာန္းေပးခဲ့ၿပီးၿပီ။ ျပန္ႏုတ္ဖို႔ကေတာ့ ဒီဥပေဒျပ႒ာန္းထား ပါလ်က္နဲ႔ ဒီတာဝန္ကို မထမ္းရင္ တာဝန္ေပးခံရတဲ့ပုဂၢိဳလ္က တာဝန္မေက်ျဖစ္သြားမွာေပါ့။ အဲဒီေတာ့ ဆုတ္ႏိုင္ တဲ့အကြက္ေတြကိုၾကည့္တဲ့အခါမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို ကြၽန္ေတာ္က ယုံယုံၾကည္ၾကည္ေျပာ တာပါ။ သူ႔ရဲ႕အေနအထား၊ သူ႔ေျပာပုံဆိုပုံ၊ သူ႔မ်က္လုံးကိုၾကည့္ရင္ သိတယ္ဗ်။ လူတစ္ေယာက္ရဲ႕ ဆႏၵနဲ႔ ေစတနာ၊ သူ႔ရဲ႕အေနအထားကို မ်က္လုံးက စကားေျပာတယ္ဗ်။ မ်က္လုံးနဲ႔ပဲ ကြၽန္ေတာ္တို႔သုံးသပ္တ တယ္။ တည္ၿငိမ္သလား၊ ယုံၾကည္ရသလား၊ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးလား၊ ကြယ္ရာတစ္မ်ိဳး ေရွ႕တြင္ တစ္မ်ိဳးလားဆိုတာ သူ႔မ်က္လုံးမွာျပန္ေပၚပါတယ္။ အဲဒီေတာ့ အခင္းအက်င္းေတြကိုလည္း ျပန္ၿပီးေတာ့ Database နဲ႔ ျပန္ၿပီးေတာ့ analysis လုပ္ရင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအးဝင္းဦးေဆာင္တဲ့ ခုနကလို အဖြဲ႕ဖြဲ႕ တယ္ တတာက လက္ရွိ ၂ဝဝ၈ ကို ေက်ာ္ၿပီးေတာ့မွ သူစဥ္းစားလာတာေပါ့။ မဟုတ္ဘူးလား။ ဘာစဥ္းစားလည္းဆိုရင္ နီေပါဖြဲ႕စည္းပုံ၊ အိႏၵိယဖြဲ႕စည္းပုံတို႔ ဩေၾတးလ်ဖြဲ႕စည္းပုံတို႔မွာ တခ်ိဳ႕တပ္မေတာ္ေခါင္းေဆာင္မ်ားက အိႏၵိယဖြဲ႕စည္းပုံကို ႀကိဳက္တယ္ဗ်ာလို႔ေျပာတယ္။ ဒါေပမယ့္ အကုန္လုံးဟာ ျမန္မာ့နည္းျမန္မာ့ဟန္နဲ႔ ျမန္မာ့အခင္းအက်င္း၊ လက္နက္ကိုင္ပဋိပကၡအခင္းအက်င္းနဲ႔ ကြၽန္ေတာ္တို႔က ညႇိႏႈိင္းၿပီးမွ အေကာင္းဆုံးကို စုယူရမွာေပါ့ဗ်ာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ရဲ႕ေပးထားၿပီးျဖစ္တဲ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ (၄၇) ပင္လုံမွာပါခဲ့တဲ့ ႏုိင္ငံေရးေခါင္းေဆာင္ေတြ ေနာက္ၿပီး ဖဆပလေခတ္မွာ ေသဆုံးသြားတဲ့၊ က်ဆုံးသြားတဲ့ ႏိုင္ငံေရးေခါင္း ေဆာင္ေတြရဲ႕ ရည္မွန္းခ်က္နဲ႔ ျပည္ေထာင္စုေပၚမွာ ဘယ္ေလာက္ထိခ်စ္ခင္လဲဆိုတဲ့ အဲဒီပုဂၢိဳလ္ေတြကိုလည္း ကြၽန္ေတာ္က အႏိုင္ေပးခ်င္တာ။ တပ္မေတာ္ကလည္း ေကာင္းေကာင္းမြန္မြန္ဆုတ္ရင္ တပ္မေတာ္လည္း အႏိုင္ရတာေပါ့ဗ်ာ။ လက္နက္ကိုင္လာတဲ့ေတာ္လွန္ေရးအဖြဲ႕အစည္းအားလုံးလည္း ႏိုင္ငံေရးရည္မွန္းခ်က္ ခြင့္တူညီမွ် ဝါဒျဖဴစင္တဲ့ ႏိုင္ငံႀကီးကို ထူေထာင္ခ်င္လို႔ဆိုေတာ့ သူတို႔ကုိလည္းအႏိုင္ေပးခ်င္တာေပါ့။ လူထုကလည္း ေအးေအးေဆးေဆး ျဖစ္ခ်င္ေနၿပီ။ ေအးခ်မ္းဖြံ႕ၿဖိဳးတိုးတက္ၿပီး တည္ၿငိမ္မွဖြံ႕ၿဖိဳးတိုးတက္မွာေပါ့ စီးပြားေရး။ သာမာန္လူေတြလည္း ခ်မ္းသာလာမွာေပါ့။ အဲဒီေတာ့ လူထုကလည္းေအာင္ျမင္ခ်င္ၿပီ။ အကုန္လုံး ေအာင္ျမင္ႏိုင္တဲ့နည္းဟာ ခုနကလို အကုန္လုံးေနာက္ကိုဆုတ္တဲ့နည္းပဲ။ ဆိုေတာ့ SAC ဘက္က ေ႐ႊ႕တာလည္းေတြ႕တယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအးဝင္းထင္ပါတယ္။ ကြၽန္ေတာ္အမွတ္မမွားရင္ေလ။ ေလ့လာေရးေကာ္မရွင္ဖြဲ႕တယ္။ ေနာက္ NSPNC နဲ႔ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔က ေတာက္ေလွ်ာက္ႀကိဳးစားတယ္။ ထိပ္တိုက္ေတြ႕ရင္ ထိပ္တိုက္မေတြ႕ရေအာင္ သူ႔ရဲ႕ ၾကားခံအေနနဲ႔ negotiator ၾကားလူကိုအသုံးျပဳတယ္။ အခုအခင္းအက်င္းမွာ ကြၽန္ေတာ္တို႔ခဏခဏေျပာပါတယ္ ၿငိမ္းခ်မ္းေရးၾကားခံေပါ့။ တစ္ခါေတာင္မွ ကြၽန္ေတာ္ တို႔ တိုက္႐ိုက္ေျပာဖူးပါတယ္။ အက်ည္းက်ခံေနရတဲ့ ကြၽန္ေတာ္တို႔မိတ္ေဆြ ႏွင္းဆီ ဦးေက်ာ္ျမင့္ပါ။ သူဆုိရင္ ဦးေပါက္ယုိခ်မ္းတုိ႔နဲ႔ အတူတူ လုပ္လာခဲ့ၾကတာ။ လာခ်ိဒ္လူမ်ဳိးပါ။ သူ႔ကုိ အျခားပုဂၢိဳလ္ေတြက တရုတ္လုိ႔ ေျပာေနၾကတယ္။ တရုတ္လုိ႔ ေျပာရင္ ျမန္မာျပည္ကုိ သူဘယ္ျပန္လာမလဲဗ်ာ။ ဦးဖုန္ၾကားရွင္တုိ႔နဲ႔ ဗကပ ျပိဳကြဲခ်ိန္မွာ ျပန္လာခဲ့ၾကသူေတြလုိ႔လည္း ေျပာပါတယ္။ သူကုိယ္တုိင္လည္း PLA မွာ ဗုိလ္သင္တန္းတက္ျပီး စစ္ေခါင္းေဆာင္ျဖစ္လာတာေပ့ါ။ သူက ဦးခင္ညြန္႔လက္ထက္မွာလည္း ျငိမ္းခ်မ္းေရးမွာ ၾကားခံအျဖစ္ လုပ္ခဲ့ တယ္လုိ႔ေျပာတယ္။ ကၽြန္ေတာ္ဆုိလုိတာက ၿငိမ္းခ်မ္းေရးအက်ဳိးေတာ္ေဆာင္ေတြရဲ႕က႑ေပါ့။ ျငိမ္းခ်မ္းေရး သံတမန္ေတြရဲ႕အခန္းက႑ဟာ ဒီကာလမွာ အေတာ္ေလး အေရးၾကီးလာတယ္လုိ႔ ေျပာရမွာပါ။ ULA/AA ရဲ႕အခန္းက႑ ဘယ္လုိရွိလဲ၊ သူတုိ႔နား၀င္ေအာင္ ဘယ္လုိေျဖာင္းျဖေျပာမလဲ။ တက္သင့္တယ္ဆုိတာမ်ဳိးေပ့ါ။ KNPP ဦးခူဦးရယ္တုိ႔ဆီသြားမယ္။ ဗုိလ္ခ်ဳပ္ၾကီး မူးတူးေစးပုိးတုိ႔ဆီသြားမယ္။ ေဘာေက်ာ္ဟဲတုိ႔ဆီ သြားမယ္။ နယ္ဒါးျမတုိ႔ဆီသြားမယ္။ ဒီလုိသြားျပီးေတာ့ နား၀င္ေအာင္ေျပာႏုိင္ရမယ္။ တပ္ဘက္က ဘာေလ်ာ့မယ္၊ လက္နက္ကုိင္ေတြဘက္က ဘာေလ်ာ့ရမယ္ဆုိတာမ်ဳိးေပ့ါ။ နစကဘက္ကုိလည္း ဒါကုိ စဥ္းစားေစခ်င္ပါတယ္။ ခုနကေျပာသလုိ ULA/AA ဥပမာေပ့ါ။ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ ေျပာေနတဲ့ ကြန္ဖက္ဒရိတ္ဆုိတာက ဘယ္လုိမ်ဳိး လဲ၊ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဘက္က သုံးသပ္တဲ့ ကြန္ဖရက္ဒရိတ္ဆုိတာ ဘယ္လုိမ်ဳိးလဲဆုိတာကုိ ႏွစ္ဖက္ေတြ႔မွျဖစ္မယ္။ အဲဒီေတာ့ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္တုိ႔ ႏွစ္ဖက္ ေတြ႔သင့္ တယ္။ အဲဒီေတာ့မွ အေျဖထြက္မယ္။ ဘုံဇစ္ျမစ္ျပႆနာကုိ ေျဖရွင္းဖုိ႔လုိတယ္။ ဒီလုိပဲ KIA ဘက္ကလည္း ဒါမ်ဳိး နားလည္ဖုိ႔ လုိတယ္။ ULA/AA သြားတက္ဖုိ႔ေတာင္ KIA ဘက္က တုိက္တြန္းေပးသင့္တယ္။ ဒါက ကၽြန္ေတာ္ သုံးသပ္တာပါ။


ေမး ။ ။ ၂ဝ၂၁ ခုႏွစ္ စစ္တပ္အာဏာရယူမႈကေန ေနာက္ဆက္တြဲအျဖစ္နဲ႔ လူထုရဲ႕ေဒါသကို ရင္ဆိုင္ရတယ္ ေပါ့။ အဲဒီမွာ လူထုဆိုတာလည္း လူတန္းစားမ်ဳိးစုံေပါ့ေလ။ ဆိုေတာ့ အဲဒီကေနျဖစ္လာတဲ့ NUG၊ PDF တို႔ရဲ႕ လႈပ္ရွားမႈေတြနဲ႔ စစ္တပ္ကိုအာခံ ျပန္တိုက္တဲ့ကိစၥေတြျဖစ္လာတယ္။ အဲဒီလိုျပန္တိုက္ေတာ့ အဲဒီျပႆနာကို အရင္ရွင္းရမွာလား၊ ၿငိမ္းခ်မ္းေရးျပႆနာကို အရင္ရွင္းရမွာလားဆိုတဲ့ရႈပ္ေထြးလာတာကို သြားေတြ႕ရတယ္။ လူထုက အရင္ဆုံးေၾကာက္ေနတာကေတာ့ နီးရာဓါးကိုပိုေၾကာက္တာေပါ့ေလ။ အဲဒီေတာ့ အနီးကပ္ျပႆနာကို အရင္ရွင္းေစခ်င္တာေတြ႕ရတယ္။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရးကိစၥကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ ေဆြးေႏြးၿပီးရင္ေတာင္ NUG ၊ PDF တို႔ရဲ႕ကိစၥကို ရွင္းႏိုင္ပါ့ဦးမလား။ ၿပီးႏိုင္ပါဦးမလား။ ဘယ္လိုျမင္မိလဲခင္ဗ်။
ေျဖ ။ ။ ဒါက ပိုသိမ္ေမြ႕တဲ့ကိစၥပါ။ ကြၽန္ေတာ္ခုနက တင္ျပတဲ့အခါမွာ ျပည္ေထာင္စုရဲ႕နာတာရွည္ျပႆနာ ေပါ့။ တိုင္းရင္းသားေတြနဲ႔ျဖစ္တဲ့ျပည္တြင္းစစ္ႀကီးက နာတာရွည္ျပႆနာေပါ့။ အႀကီးမားဆုံးနဲ႔အႀကီးဆုံးေသာ အနာ။ ဒါက နာတာရွည္ျဖစ္တယ္။ ရင့္မွည့္ေနၿပီး ကင္ဆာလိုျဖစ္ေနတယ္။ အဲဒါေၾကာင့္ ေျဖကိုေျဖရွင္းရေတာ့ မွာ။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဘက္ကလည္း တြက္မွာေပါ့။ နာတာရွည္ျပႆနာျဖစ္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးကိစၥသည္ အဓိကဦးစားေပးၿပီးမွ ေျဖရွင္းရမယ့္ျပႆနာျဖစ္တယ္လို႔ သုံးသပ္မွာေပါ့။ ကာလတိုမွာျဖစ္တဲ့ အခုလက္ငင္းျပႆနာက ၂ လပိုင္း ၁ ရက္ေန႔ ၂ဝ၂၁ ခုႏွစ္မွာ စၿပီးေတာ့ အာဏာကိုထိန္းရတဲ့ျပႆနာေပါ့၊ ေနာက္မွျဖစ္လာတဲ့ ျပည္မ မၿငိမ္မသက္မႈ၊ ခုနကလို PDF တို႔ ေပၚလာတယ္။ ဒီဘက္မွာလည္း အင္အားစုတစ္ခုနဲ႔ ေနာက္ဆုံးဘာလဲဆုိေတာ့ အျပစ္မဲ့လူထုပဲခံရတာ။ လမ္းကိုဖ်က္ရင္ လမ္းပ်က္သြားတယ္။ ကူးလူးဆက္ဆံမႈပ်က္ရင္ ကုန္သြယ္မႈအကုန္လုံးျဖစ္ၿပီးရင္ ဒါေနာက္ဆုံးမွာ Consumer ခံရတာပါပဲ။ ထြက္ကုန္၊ မေရာင္း ႏိုင္ဘူး။ စားေသာက္ကုန္စည္ေတြျမင့္တယ္။ ဆိုေတာ့ ေျဖရွင္းႏိုင္လားဆိုရင္ ေျဖရွင္းႏိုင္တဲ့အေနအထား ရွိကိုရွိတယ္ ေရာက္ကိုေရာက္တယ္။ အဲဒီေတာ့ ပင္မျပႆနာျဖစ္တဲ့ျပႆနာကို ေျပလည္ေအာင္ေျဖရွင္းႏိုင္ၿပီဆိုရင္ ခုနက ျပည္တြင္းေပါက္ကြဲမႈ၊ ၿပိဳကြဲမႈ အဲဒါက ညႇိႏႈိင္းလို႔ပိုရတယ္။ အေပး အယူပဲ၊ ႏိုင္ငံေရးအေပးအယူပဲ။ အဲဒီေတာ့ ႏိုင္ငံေရးအေပးအယူကို ႏိုင္ငံေရးအားျဖင့္ေဆြးေႏြးဖို႔အတြက္ ႏိုင္ငံေရးအားျဖင့္ အက်ဥ္းက်ခံေနရတဲ့၊ ႏိုင္ငံေရးအားျဖင့္ လႊမ္းမိုးႏိုင္တဲ့ပုဂၢိဳလ္ေတြနဲ႔ျပန္ၿပီးေတာ့ ႏိုင္ငံေရးတည္ ေဆာက္ရမွာ၊ ယုံၾကည္မႈတည္ေဆာက္ရမွာ။ ခုနကလို PDF ကို လႊမ္းမိုးႏိုင္တဲ့အင္အားစုေတြ အက်ဥ္းေထာင္ထဲ မွာ ရွိသလား။ အဲဒါႀကီးကိုေျဖရွင္းဖို႔အတြက္ အေျခခံက်တာ ႏိုင္ငံေရးေခါင္းေဆာင္မ်ားလို႔သတ္မွတ္ၿပီး ယုံၾကည္ တယ္ဆိုရင္ အဲဒီႏိုင္ငံေရးေခါင္းေဆာင္မ်ားနဲ႔ မေဆြးေႏြး မေျဖရွင္းႏိုင္စရာအေၾကာင္းကိုမရွိဘူး။ အဲဒီေတာ့ ျပည္မျပႆနာ ျပည္မႏိုင္ငံေရးေခါင္းေဆာင္မ်ားနဲ႔ ျပန္သုံးသပ္ၿပီးေဆြးေႏြးၾကၿပီး ျပည္တြင္းျပႆနာကို ထိပ္ၿပီး ေတာ့ အေျဖတစ္ခုရေအာင္ ေဆြးေႏြးရမယ္ ဒီဒုတိယျပႆနာႀကီးကို။ ကြၽန္ေတာ္ထင္တယ္ ေအာင္ျမင္ပါ လိမ့္မယ္။


ေမး ။ ။ အဲဒီေတာ့ ဆရာ ေနာက္ဆုံးေမးခြန္းေလးတစ္ခုအေနနဲ႔၊ ေနာက္ဆုံးသုံးသပ္ခ်က္ေလးေပါ့။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဖိတ္ေခၚတဲ့ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက တိုင္းျပည္ရဲ႕တကယ့္ျပႆနာ၊ အျမစ္ တြယ္ေနတဲ့ျပႆနာကို ဆြဲႏႈတ္ႏိုင္တဲ့အစလို႔ ေျပာလို႔ရမလား။ ေနာက္တစ္ခုက ေနာက္ထပ္ႀကီးမားတဲ့ တိုက္ပြဲ ႀကီးေတြျမင္ရမလားဆိုတဲ့ လူထုရဲ႕စိုးရိမ္မႈေပါ့။ အဲဒါကို သုံးသပ္ေပးပါအုံး။ ဆိုလိုတာက ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က သူဖိတ္တယ္၊ မလာဘူး။ မလာေတာ့ ေနာက္ဆက္တြဲက ဘာျဖစ္လဲဆိုေတာ့ တိုက္ေစခ်င္တဲ့ လူတန္းစားတစ္ခုရွိသလို၊ တိုက္ပြဲေတြျဖစ္မွာ ေၾကာက္တဲ့လူတန္းစား တစ္စုရွိတယ္။ အဲဒါေၾကာင့္ အျမစ္တြယ္ ေနတဲ့ ႏိုင္ငံေရးျပႆနာကို ဆြဲႏႈတ္လို႔ရႏိုင္တဲ့ အစလို႔ ေျပာလို႔ရမလား၊ ဘယ္လိုေျပာခ်င္လဲ။
ေျဖ ။ ။ ကြၽန္ေတာ့္အသက္အ႐ြယ္၊ ကြၽန္ေတာ့္အေတြ႕အႀကဳံနဲ႔ ကြၽန္ေတာ္ဉာဏ္မွီသေလာက္သုံးသပ္ရရင္ အခုက Turning point ဗ်။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္တဲ့လုပ္ငန္းမေအာင္ျမင္ဘူးဆိုရင္ အလြန္တရာဆိုးတဲ့အေျခအေနတစ္ခုကို ေရာက္ကိုေရာက္သြားမယ္။ အဲဒီလို Turning point ေပါ့ဗ်ာ။ အလွည့္ အေျပာင္းတစ္ခုရဲ႕ေနာက္ဆုံးေနရာမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ထိုင္မိလ်က္သားျဖစ္ေနတယ္။ ခုနက ဘာျဖစ္မလဲဆိုတာေလ အဲဒီဘက္သြားရင္ျဖစ္မယ္၊ ဒီဘက္သြားရင္ အိုေက သြားမယ္။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မွဴး ႀကီးမင္းေအာင္လႈိင္သြားခ်င္တဲ့ဘက္ကိုသြားေအာင္ ကြၽန္ေတာ္တို႔က တြန္းေနရတာ။ သူမသြားလိုတဲ့ဘက္ကို ႏိုင္ငံလွည့္သြားခဲ့မယ္ဆိုရင္ ဒီျပည္တြင္းစစ္သံသရာ (၇၅) ႏွစ္က ေနာက္ (၇၅) ႏွစ္နဲ႔မရပ္ေတာ့ဘူး။ ျမန္မာႏိုင္ငံ လည္း အစိတ္စိတ္အမႊာမႊာ ကြဲသြားမယ့္အေနအထားရွိတယ္။ အဲဒါေၾကာင့္မလို႔ scenario သုံးခုမွာ ေနာက္ဆုံး scenario ျဖစ္တဲ့ အစိတ္စိတ္အမႊာမႊာဆိုတာေလးက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ လွည့္တဲ့ဘက္နဲ႔ဆိုင္ တယ္။ ဒီကာလမွာ ခုနကေျပာသလို နံပါတ္တစ္ ကြၽန္ေတာ္ျမင္ခဲ့တဲ့ scenario အတိုင္းသာသြားမယ္ဆိုရင္ ေနာက္ဆုံးကြၽန္ေတာ္ျမင္တဲ့ scenario အတိုင္း ျဖစ္လာေတာ့မယ္။ ၂ဝဝ၈ ဖြဲ႕စည္းပံုကို ဖ်က္မယ္၊ တစ္ပါတီ အာဏာရွင္ ဦးေနဝင္းေခတ္ကလို ျပန္သြားမယ္။ တပ္မေတာ္ကို အာဏာျပန္အပ္ႏွင္းေစလိုတဲ့ (Hard liner) မ်ားဘက္က ႏိုင္သြားတယ္ဆိုရင္ အလြန္တရာ ႀကီးမားတဲ့ေခ်ာက္ကိုက်မယ္။ ျပည္ေထာင္စုၿပိဳကြဲသြားလိမ့္မယ္။ အဲဒါ Over Confidence ပဲ။ လက္နက္ကိုင္ ပဋိပကၡျဖစ္ေနတဲ့လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကလည္း အင္အား အလြန္အကြၽံ စုလာလိမ့္မယ္။ ႏိုင္ငံတကာပူးေပါင္းမႈ၊ ႏိုင္ငံတကာအကူအညီနဲ႔ အမ်ားႀကီးတည္ေဆာက္ေတာ့ မယ္။ ျမန္မာ့တပ္မေတာ္ဘက္ကလည္း မရရေအာင္ ဒီဟာပဲ၊ တစ္ပါတီပဲ၊ ျပည္နယ္ႏွင့္တိုင္း (၁၄) ခုနဲ႔ပဲသြားမယ္၊ နဂိုအတိုင္းပဲသြားမယ္၊ တို႔ပဲမွန္တယ္၊ ဒီအတိုင္းပဲသြားမယ္ဆိုရင္ ေနာက္ဆုံး scenario ေရာက္လာမယ္။ အဲဒီလိုေရာက္ဖို႔အတြက္ Turning point မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ရပ္မိလ်က္သား၊ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္နဲ႔၊ လက္ရွိ SAC ဥကၠ႒တာဝန္နဲ႔ ရွိတဲ့အခါမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဘက္က အမ်ားႀကီးဆင္ျခင္တယ္။ ေခ်ာက္ထဲကိုက်သြားေစႏိုင္တဲ့ အေနအထားလည္း သူ႔မွာရွိ တယ္။ နတ္ျပည္ကုိ သြားႏိုင္တဲ့လမ္းေၾကာင္းေပါ့ဗ်ာ။ အေကာင္းဆုံးလမ္းေၾကာင္းကို သြားႏိုင္တဲ့ အလြန္တရာ ေအးၿငိမ္းခ်မ္းသာၿပီးမွ ပဋိပကၡေမ့တဲ့၊ ဖြံ႕ၿဖိဳးမႈရွိႏိုင္တဲ့ျပည္ေထာင္စုႀကီးဘက္ကို သြားႏိုင္တဲ့အင္အား အေနအထား၊ လမ္းေၾကာင္းေျပာင္းႏိုင္တဲ့အေနအထားလည္း သူ႔မွာရွိတယ္။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဘယ္လိုသြားေအာင္ ကြၽန္ေတာ္တို႔လုပ္ၾကမွာလဲ။ အဲဒီေတာ့ ကြၽန္ေတာ္ ထင္ပါတယ္၊ လက္ရွိ အေနအထား ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ တစ္ဦးတည္းအေပၚမွာရွိေနတယ္။ သူ႔ထက္မာတဲ့ ပုဂၢိဳလ္ တစ္ေယာက္ သူ႔ေနရာကိုအစားထိုးမယ္၊ သမိုင္းအရဆိုရင္လည္း သမိုင္းသည္ ကြၽန္ေတာ္ေျပာတဲ့သမိုင္း ေရာက္သြားမယ္။ အဲဒီေတာ့ အေပ်ာ့ေျပာင္းဆုံးနဲ႔ ၿငိမ္းခ်မ္းမႈအလိုလားဆုံးနဲ႔ ခုနကလို လြတ္လပ္ေရးအရသာကို (၇၅) ႏွစ္ေလာက္ရွိၿပီ လြတ္လပ္ေရးအရသာကို တိုင္းသူျပည္သားအားလုံး ဆူႀကဳံနိမ့္ျမင့္ တိုင္းရင္းသားျပည္သူ အားလုံး ခံစားေစလိုေအာင္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ဒီဘက္ကိုဦးတည္ေနတဲ့ကာလ အဲဒီဦးတည္ႏိုင္ေအာင္ သြားတဲ့ေခါင္းေဆာင္တစ္ေယာက္ရွိတဲ့ကာလမွာ အသုံးမခ်တတ္ဘူးဆိုရင္၊ ႏွစ္ဖက္ညႇိႏႈိင္း မယူႏိုင္ခဲ့ဘူးဆိုရင္ ျပည္ေထာင္စုဟာ ေခ်ာက္ႀကီးထဲကို ထပ္က်မွာပဲ။ ဦးေနဝင္းေျပာခဲ့သလို ေခ်ာက္ဟုတ္၊ မဟုတ္ေတာ့ မသိဘူး။ ဒါေပမယ့္ အဲဒီဟာေၾကာင့္ပဲ ကြၽန္ေတာ္တို႔ စီးပြားေရးၿပိဳလဲတယ္၊ ႏိုင္ငံေရးထဲမွာ စစ္အလြန္အကြၽံပါဝင္ေနတယ္။ အဲဒါေၾကာင့္ (warlord) ေတြေပၚလာတယ္။ သူတစ္လူငါတစ္မင္း ေသနတ္ရွိမွ အရာေရာက္တယ္ျဖစ္လာ တယ္။ ႏိုင္ငံေရးျပႆနာကို ေသနတ္နဲ႔ပဲေျဖရွင္းမွျဖစ္မယ္။ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းနဲ႔ညႇိႏႈိင္းၿပီး ေဆြးေႏြးလို႔ရတဲ့ အရာမဟုတ္ဘူး။ Myth is right လို႔ ေႂကြးေၾကာ္မယ္။ တို႔လည္း အဲဒီလိုမ်ိဳးေႂကြးေၾကာ္မယ္လို႔ အင္အားၿပိဳင္ၿပိဳင္လာရင္းနဲ႔ Warlord ေတြ ျဖစ္လာတာေပါ့။ ဆိုေတာ့ ဒီေနရာေလးက စြန႔္လႊတ္ဖို႔ခက္ခဲလာတဲ့၊ ဘဝကဖန္တီးလာတဲ့ ခုနကလို ခံစားမႈေတြ ျဖစ္လာတယ္။ ဒီရာထူးေလးကို စြန႔္ရမွာခက္လာတယ္၊ ဒီအရသာ ေလးကိုျဖစ္လာတဲ့အခါမွာ ေျပလည္မႈထက္ ကိုယ့္ဘက္သူ႔ဘက္ကို လြန္ဆြဲၾကတာေပါ့။ အာဏာရယူဖူးတဲ့ စစ္တပ္က လူႀကီးေတြလည္း အာဏာပဲဆက္လိုခ်င္မွာေပါ့။ အရင္တုန္းက တပ္မေတာ္က တိုင္းမွဴးတစ္ဦးရဲ႕ပါဝါ၊ လုပ္ပိုင္ခြင့္ ဟုတ္တယ္မလား၊ နယက၊ နဝတလက္ထက္က ျပန္ၾကည့္ေလ။ ဦးသိန္းစိန္ဘက္က ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေ႐ႊတို႔က ေျပာင္းလိုက္တဲ့အခါက်ေတာ့ ပါဝါက ဝန္ႀကီးခ်ဳပ္လက္ထဲေရာက္သြားေတာ့ ဗိုလ္မွဴးႀကီးတစ္ေယာက္က ျပည္နယ္ဝန္ႀကီးခ်ဳပ္ျဖစ္ေပါ့ဗ်ာ။ တိုင္းမွဴးက သူ႔ရဲ႕ေနာက္ကိုေရာက္သြားတဲ့ကာလ ေလးမွာ ခင္ဗ်ားတို႔အေနအထားေလးျပန္ၾကည့္ေပါ့။ ဒီအရသာရဲ႕အေနအထား၊ အဲဒီေတာ့ သူနဲ႔ပတ္သက္တဲ့ ပုဂၢိဳလ္ေတြ အဲဒီအရသာကို ခံစားလိုစိတ္ရွိ၊ မရွိ ပုထုဇဥ္သားေတြ ျပန္သုံးသပ္ေပါ့။ ဒီဘက္က လက္နက္ကိုင္တဲ့ အဖြဲ႕အစည္းေတြမွာလည္း အႀကီးဆုံးဆိုတဲ့မ်ိဳးဆက္တစ္ဆက္ရဲ႕ သားသမီးေတြ ဘယ္မွာေနၾကသလဲ။ အစဥ္ အလာျပန္ၾကည့္ရင္ ဒီဟာႀကီးမွာ မက္ၿပီး၊ ေပ်ာ္လာၾကတာေပါ့။ ဒါေပမဲ့ အႏၲိမရည္မွန္းခ်က္သည္ဘာလဲ။ လက္နက္ကိုင္ေတာ္လွန္ေရးရဲ႕ရည္မွန္းခ်က္သည္ ကိုယ့္လူမ်ိဳး ကိုယ့္ေဒသ၊ ကိုယ္တို႔လိုခ်င္တဲ့အခြင့္အေရးရ ေအာင္ ႏိုင္ငံေရးအရေတာင္းဆိုဖို႔ မတတ္သာလို႔ လက္နက္ကိုင္ရတာ။ အဲဒီပင္မရည္မွန္းခ်က္၊ အႏၲိမ ရည္မွန္းခ်က္က တစ္ခါတစ္ခါ ေဝ့လည္ေၾကာင္ပတ္ ေပ်ာက္ေပ်ာက္သြားတာေပါ့။ အဲဒီရည္မွန္းခ်က္ကို ႏွစ္ဖက္ ကလည္း ျပန္သုံးသပ္ရမွာေပါ့။ တို႔တပ္မေတာ္ ဘယ္လိုေၾကာင့္ေပၚလာရသလဲ။ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ဖို႔၊ ႏိုင္ငံတကာကလာတဲ့ ျပည္ပရန္ကိုကာကြယ္ဖို႔အတြက္ လက္နက္ကိုင္ရတယ္။ လက္နက္ကိုင္ၿပီး တပ္ထဲမွာ အသက္စြန႔္တဲ့အတြက္ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္လာတယ္။ အဲဒီကေန ႏိုင္ငံေရးႏြံထဲမွာ ကြၽံလာတဲ့အခါမွာ လူထုရဲ႕အမုန္းတရားကိုရလာတယ္။ ဒါကပဲ ဖန္တီးတာ။ အဲဒီအမုန္းတရားကေန ေမတၱာတို႔၊ အခ်စ္တို႔ျပန္ရဖို႔အတြက္ အဲဒီႏြံကေန ျပန္ၿပီးေတာ့ သန႔္သန႔္စင္စင္ေလး ေနာက္ကိုဆုတ္ႏိုင္တဲ့ အေျခအေနနဲ႔ အေနအထားရွိသလား။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေနာက္ကိုဆုတ္ေနတာ။ လူထုရဲ႕ အမုန္းတရားကို ခံေနရတဲ့ တပ္မေတာ္ကိုျပန္ၿပီး လူထုခ်စ္လာေအာင္၊ ပဋိအကၡၾကားထဲကိုေရာက္ေနတဲ့ ျမန္မာ့ တပ္မေတာ္ရဲ႕ လက္နက္ကိုင္ပဋိပကၡအကုန္လုံးကို ေနာက္ကိုေရာက္ၿပီးမွ လူထုႀကိဳက္တဲ့၊ အားလုံးျပည္ေထာင္စုကို ကာကြယ္တဲ့တပ္မေတာ္တစ္ခုျဖစ္ေအာင္ (warlord) ေတြမျဖစ္ေအာင္ သူ႔ဘက္ကရည္မွန္းခ်က္က ႀကီးတယ္။ အဲဒါေၾကာင့္လည္း သူ႔ဘက္က အစီအစဥ္ေလးေတြကိုၾကည့္တဲ့အခါမွာ ဖြဲ႕စည္းပုံအေျခခံ (၂ဝဝ၈) ကို ေက်ာ္ၿပီးသူ စဥ္းစားၿပီးၿပီ။ NCA ဟာ (၆) ႏွစ္ေက်ာ္ၿပီ ဘာမွရလဒ္ျဖစ္မထြက္ဘူး၊ ဒီအတိုင္းသြားရင္ ေနာက္ႏွစ္ (၂ဝ)၊ (၃ဝ) နဲ႔ တို႔ျပႆနာကိုမေျဖရွင္းႏိုင္ဘူး။ ငါတို႔အသက္က အကန႔္အသတ္ရွိတယ္။ အဲဒီေတာ့ တို႔အသက္နဲ႔တို႔တာဝန္ရွိတဲ့ကာလမွာ ဒီျပႆနာကိုရပ္မွ လြတ္လပ္ေရးအရသာကို ခံစားႏိုင္မယ့္အခြင့္အေရး အဲဒါကို ငါတို႔ေပးႏိုင္မယ္ဆိုတဲ့ဒီအခြင့္အေရးနဲ႔ အခြင့္အလမ္းကို သူကေပးခ်င္တယ္။ သမိုင္းဝင္ခ်င္တယ္။ ဒီစစ္ကိုရပ္စဲေစတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ခ်င္တယ္။ အဲဒါ သူ႔ရဲ႕ဆႏၵ၊ သူ႔ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့အခါမွာ ဒီႏြံထဲက ႏွစ္ခုလုံး ေနာက္ကိုဆုတ္ေစခ်င္တယ္။ လက္နက္ကိုင္တဲ့ (warload) ေတြ ေနာက္ကိုဆုတ္၊ ဒါသည္ ႏိုင္ငံေရးရည္မွန္းခ်က္ပဲ။ ႏြံထဲကိုနစ္ေနတဲ့ တပ္မေတာ္ရဲ႕အေနအထားက ေနာက္ကိုဆုတ္၊ အဲဒီလိုနဲ႔ေျဖရွင္း ႏိုင္ၾကရင္ ေျပလည္မယ္လို႔ ထင္တယ္ဗ်။ ကြၽန္ေတာ္ပြင့္ပြင့္လင္းလင္းေျပာတာပါ။ အမွန္အတိုင္း ေျပာသင့္ေျပာ ထိုက္တဲ့ကာလမို႔လို႔ ျမင္သင့္၊ ျမင္ထိုက္တဲ့သူေတြျမင္ေအာင္ပါ။ ဆႏၵေၾကာင့္ေျပာတာမဟုတ္ဘူး။ မေျပာခဲ့ရင္ သမိုင္းတာဝန္ မေက်မွာစိုးလို႔ တပ္မေတာ္ကလည္း ကြၽန္ေတာ္ေျပာရင္မုန္းမွာပဲ။ တခ်ိဳ႕ကတပ္မေတာ္ကို ဆက္ၿပီးအာဏာယူ ေစခ်င္တဲ့အင္အားစုက မုန္းမွာပဲ။ ဒါေပမဲ့ တပ္မေတာ္ကိုခ်စ္ၿပီးမွ ႏိုင္ငံေရးႏြံကေန ေနာက္ကိုဆုတ္ဖို႔သင့္ၿပီ၊ အသက္ေသြးေခြၽးေတြ မေပးသင့္ေတာ့ဘူး၊ အခ်င္းခ်င္းပဋိပကၡမွာ။ ျပည္ပရန္ကိုကာကြယ္ဖို႔အတြက္ တို႔တပ္မေတာ္ဟာ စုေပါင္းၿပီးမွ ျပည္ေထာင္စုတပ္မေတာ္ျဖစ္သင့္တဲ့ကာလ ကိုေရာက္ၿပီလို႔ သတ္မွတ္တဲ့အင္အားစု၊ တပ္မေတာ္သားေတြကေတာ့ ခ်စ္မွာပဲ။ လက္နက္ကိုင္လည္း ဒီလိုပဲထင္ပါတယ္။ PDF ကို ေျပာတာလည္း PDF ဘက္က ကြၽန္ေတာ့္ကိုလည္း ရန္ရွာေနပါဦးမယ္။ ဒါေပမဲ့ ကြၽန္ေတာ္ပြင့္ပြင့္လင္းလင္း ေျပာတာပါ။ အပစ္မဲ့ျပည္သူေတြရဲ႕အသက္ကို ႏွစ္ဖက္ကဆင္ျခင္ဖို႔လိုပါတယ္။ အခ်င္းခ်င္းပဋိပကၡခ်ဳပ္ၿငိမ္းမွ တို႔ေတြဟာ ဗုဒၶဘာသာ၊ ခရစ္ယာန္ကိုလည္း ေစာ္ကားတာမဟုတ္ပါဘူး၊ အစၥလန္ဘာသာကိုလည္း ေစာ္ကား တာမဟုတ္ပါဘူး။ ဘာသာတိုင္းမွာ ေမတၱာရွိတယ္ဗ်။ Innocence People ေတြ ၾကားကခံေနရသူ ျဖစ္မေနဖုိ႔ လိုတယ္။ ဝါဒေၾကာင့္ ဆိုရင္ ဝါဒေၾကာင့္တိုက္၊ ဦးတည္ခ်က္ကိုဆိုရင္ ဦးတည္ခ်က္၊ လက္နက္ကိုင္တဲ့အခ်င္းခ်င္း တိုက္တာက မေျပာလိုပါဘူး။ ဒါေပမယ့္ လက္နက္မဲ့တဲ့ျပည္သူကို လက္နက္ရွိတဲ့လူထုက၊ အဖြဲ႕အစည္းကေန ဥစၥာပစၥည္းကို သိမ္းတာတို႔၊ မီးရႈိ႕တာတို႔၊ ဓားျပတိုက္တာတို႔၊ လုတာတို႔၊ သတ္တာတို႔ဆိုတာ မလုပ္သင့္ဘူး။ ရည္မွန္းခ်က္ႀကီးနဲ႔ ဖြဲ႕စည္းထားတဲ့အဖြဲ႕အစည္းတိုင္းမွာ Change of command ရွိအပ္တယ္။ ရည္မွန္းခ်က္ရွိအပ္တယ္။ အျပစ္မဲ့ ျပည္သူမ်ားကို မည္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမွ၊ သူတို႔မွာလည္း Ethic ေတြရွိပါတယ္။ Ethic ကို ေစာင့္ထိန္းၾကပါ။ ေမတၱာရပ္ခံလိုပါတယ္။


ေမး ။ ။ ျမန္မာေတြရဲ႕ထုံးစံအတိုင္းေပါ့။ ရသင့္တာထက္ပိုၿပီးေတာ့ အဆစ္‌ေတာင္းတတ္တဲ့အက်င့္ေလး အတိုင္း ဆရာ့ဆီကကြၽန္ေတာ္ အဆစ္ေတာင္းပါဦးမယ္ ေမးခြန္းေလးတစ္ခုေလာက္ေပ့ါ။ အဲဒါဘာလဲဆိုေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က သမိုင္းတြင္ခြင့္၊ သမိုင္းဝင္မွတ္တမ္းကို ေရးထိုးႏိုင္ခြင့္က သူ႔လက္ထဲမွာရွိ တယ္ဆိုေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သမိုင္းမွာအႀကီးမားဆုံးေခါင္းေဆာင္တစ္ေယာက္ျဖစ္လာမယ့္ အေျခအေနႀကီးကို မျမင္ခ်င္တဲ့လူတန္းစားတစ္ခုလည္း ရွိႏိုင္တာပဲ။ အဲဒီေတာ့ ရွိႏိုင္ေျခရွိလားေပါ့။ ေနာက္တစ္ခုက လူထုကေရာ ဒီအခ်ိန္မွာ အားေပးသင့္တာနဲ႔ အားမေပးသင့္တာကို ခြဲၿပီးေတာ့ တိတိက်က် ျပတ္ျပတ္သားသား ရပ္တည္ၾကဖို႔လိုၿပီလို႔ ေျပာလို႔ရလား၊ ဘယ္လိုေျပာခ်င္လဲ။
ေျဖ ။ ။ အဲဒါေပါ့။ ကြၽန္ေတာ္လြတ္လာၿပီးေတာ့ ေျပာတဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အေနအထား ကို သုံးသပ္တာေပါ့။ ၿပီးမွ ကြၽန္ေတာ္ေျပာတယ္။ အဲဒီတုန္းက ၆ဝ ေက်ာ္ေပါ့။ ဒီျပည္တြင္းစစ္ႀကီးကို ရပ္စဲႏိုင္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ဦး။ ဘယ္သူမွ မရပ္ႏိုင္ဘူးေနာ္။ အဲဒီေတာ့ (၇၅) ႏွစ္ေလာက္နီးပါး ျဖစ္လာတဲ့ လြတ္လပ္ေရးႀကီးကို ဒီေလာက္ထိျဖစ္ေနတဲ့ ျပည္တြင္းစစ္ႀကီးကို၊ ကမာၻမွာ အႀကီးဆုံးစစ္ပဲဗ်။ ခင္ဗ်ားၾကည့္ ပထမကမာၻ၊ ဒုတိယကမာၻစစ္ျပန္ၾကည့္ ဘယ္ေလာက္မွမၾကာဘူးေလ။ အဲဒီေတာ့ ဒီ‌ေလာက္ရွည္တဲ့ စစ္ႀကီးကို ရပ္ႏိုင္ေအာင္လုပ္ႏိုင္ရင္ ဘာလို႔ႏိုဘယ္လ္ဆုကို တျခားလူေတြေပးေတာ့မွာလဲဗ်။ အဲဒီလို ကြၽန္ေတာ္ေျပာေတာ့ ကြၽန္ေတာ့္ကိုဆဲၾကတာေပါ့။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုေပးတယ္။ ဘာကိုရပ္စဲေစခဲ့လို႔ေပးတာလဲ။ မဟုတ္ဘူးလား။ ကြၽန္ေတာ္တို႔ၾကားပါတယ္။ အဲဒါေၾကာင့္လည္း ႐ုရွားႀကီးၿပိဳတာေပါ့။ ေဂါ့ဘာေခ်ာ့ဗ္ကို ေပးတယ္။ ထားပါေတာ့ (Cold war) ကို အဆင္ေျပေအာင္ လုပ္ၾကတာကို။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဘက္က ကာကြယ္ေရးဦးစီးခ်ဳပ္ ဆိုတာမ်ိဳးက အမ်ားအျမင္မွာ တမ်ိဳးေလ။ အရင္ကာကြယ္ေရး ဦးစီးခ်ဳပ္ေတြနဲ႔ျဖစ္လာတဲ့ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းမွာ တပ္မေတာ္ရဲ႕ဝင္ေရာက္မႈနဲ႔ အာဏာသိမ္းမႈကို ၾကည့္ရင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေပၚ တမ်ိဳးျမင္ၾကမွာေပါ့။ ဒါကေတာ့ ျမင္႐ိုးျမင္စဥ္ပါ။ ဒါေပမဲ့ ေသေသခ်ာခ်ာခြဲျခမ္းစိတ္ျဖာၿပီးျမင္ၾကည့္မယ္ဆိုရင္ သူဟာ Turning point ကိုေရာက္ေနတဲ့ ကာကြယ္ေရး ဦးစီးခ်ဳပ္ပဲျဖစ္တယ္။ ႏိုင္ငံေရးနဲ႔ စစ္ေရးကို ဦးေဆာင္ေနရသူ၊ သူ႔ရဲ႕ကာလမွာ ျပည္တြင္းၿပိဳကြဲမႈလည္းျဖစ္တယ္။ လက္နက္ကိုင္ပဋိပကၡ အျမင့္ဆုံးအေျခအေနနဲ႔ ျမန္မာႏိုင္ငံက ႏိုင္ငံတကာ ပဋိပကၡၾကားထဲကိုလည္း ေရာက္ေနတယ္။ ဘယ္သြားမွာလဲ။ ဆို‌ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဒီစစ္ကိုရပ္စဲေအာင္လုပ္ ႏိုင္တဲ့အေနအထား ရွိ၊မရွိ လူထုက အမွန္သုံးသပ္ဖို႔လိုတယ္။ လက္ေတြ႕က်က် ကြၽန္ေတာ္တို႔ သုံးသပ္ဖို႔လိုတာ ေပါ့။ ေနာက္မွ မသုံးသပ္နဲ႔ေလ။ ေနာင္မွေနာင္ ျဖစ္ခ်င္မွျဖစ္မယ္။ ေနာင္ဆိုတာမ်ိဳးက ကြၽန္ေတာ္တို႔ ေျပာလို႔မရ ဘူး။ လက္ရွိအေနအထားကို မွန္မွန္ကန္ကန္သုံးသပ္ဖို႔ လိုတာေပါ့။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ဘက္က သုံးသပ္တာကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၿငိမ္းခ်မ္းမႈကိုအလုပ္ႏိုင္ဆုံး ပါဝါ၊ ေနရာမွာ သူေရာက္ေန တယ္။ အဲဒါကို သူအက်ိဳးရွိရွိ အသုံးခ်တတ္ဖို႔၊ အသုံးျပဳတတ္ဖို႔ လိုတယ္။ အသုံးျပဳရင္ ျပည္တြင္စစ္ရပ္မယ္။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရးႏိုဗယ္လ္ဆုလို႔ ကြၽန္ေတာ္တို႔ ေျပာခဲ့ဖူးတယ္။ ဒီႏွစ္ေပါင္းမ်ားစြာ ရွည္ၾကာလာတဲ့ ျပည္တြင္းစစ္ကို ရပ္စဲေအာင္ ဦးေဆာင္လမ္းၫႊန္ၿပီးမွ ကိုယ္တိုင္ျပဳက်င့္တဲ့ေခါင္းေဆာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ရွားတယ္။ ဒါ သမိုင္းတြင္သြားၿပီ။ အဲဒီသမိုင္းကို သူ အက်ိဳးရွိရွိ သမိုင္းမွတ္တမ္းတင္ေအာင္ ႀကိဳးစားရမယ္။ ႀကိဳးစားပါလို႔ ကြၽန္ေတာ္တို႔ တိုက္တြန္းခ်င္တယ္။ အဲဒီေတာ့ လူထုအျမင္ဘယ္လိုရွိမွာလဲ။ လူထုကေတာ့ Database ကို သိခ်င္မွသိမယ္ေလ။ ျမန္မာ့ႏိုင္ငံေရးမွာ ေတြ႕ေနၾကတာပဲေလ၊ ေထရဝါဒဗုဒၶဘာသာ၊ ငါးပါးသီလ ေဆာက္တည္ၾကတယ္။ ေနာက္ သတ္ၾကျဖတ္ၾကတယ္။ ဟိုတေလာကေတာင္ ထမီတန္းေတြကို ဘာညာလုပ္ၾကတယ္။ ဘုန္းႀကီးေတြကို ဘာညာလုပ္တာမ်ိဳးေတြ ကြၽန္ေတာ္တို႔ စိတ္မေကာင္းျဖစ္တာေပါ့။ ဗုဒၶဘာသာလို႔ ေႂကြးေၾကာ္ေနတဲ့ ပုဂၢိဳလ္ေတြက ဗုဒၶဘာသာနဲ႔ ဆန႔္က်င္တဲ့ တျခားႏိုင္ငံေတြက၊ ယဥ္ေက်းမႈေရာယွက္တဲ့ကမာၻက ျမင္တဲ့အခါမွာ အလြန္တရာမွ ယဥ္ေက်းမႈနဲ႔ ေအာက္တန္း၊ ေနာက္တန္းက်တဲ့ လူမ်ိဳးေတြျဖစ္ေအာင္ ဖန္တီးမိလ်က္သား ျဖစ္ေနတယ္။ ဒါကေတာ့ Database ကို အေျခမခံလို႔ပါ။ ေသေသခ်ာခ်ာသုံးသပ္ၿပီးမွ၊ အေျခခံခိုင္ခိုင္မာမာနဲ႔ ခြဲျခမ္းစိတ္ျဖာၾကည့္မယ္ဆိုရင္ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္ကို ဒီလိုပဲျမင္သင့္တယ္။ ျမင္ေစခ်င္တယ္ေပါ့။ ျမင္ေအာင္လည္း ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္ဘက္က ျပန္ၿပီးေတာ့ ႀကိဳးစားတည္ေဆာက္ရမွာေပါ့။ အဲဒီေတာ့ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းကေတာ့ ဆက္သြားမလား၊ လမ္းဆုံ လမ္းခြကို ေရာက္ေနၿပီ။ ဒီလမ္းသြားရင္ ၿပိဳက်သြားမယ္၊ ၿပိဳလဲသြားမယ္။ ဒီလမ္းသြားရင္ ျပန္တည္ၿငိမ္ မယ္။ ဘယ္လမ္း‌ေ႐ြးမလဲ၊ အဲဒီေ႐ြးရမယ့္လူထုရဲ႕ ေ႐ြးရမယ့္ အေနအထားမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထိုင္မိလ်က္သားျဖစ္ေနတယ္။ အဲဒီေတာ့ ဘာအေရးႀကီးလဲဆိုေတာ့ ျမန္မာ့ႏိုင္ငံေရးမွာ တည္ၿငိမ္ဖို႔ အေရးႀကီး တယ္ဗ်။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္ဘက္က ေနာင္လာမယ့္ ကာလ (၅) ႏွစ္ကို တည္ၿငိမ္ေအာင္ ႀကိဳစားရမယ္။ အခု ခင္ဗ်ားတို႔ေတြ႕မွာေပါ့ PR တို႔ ဘာတို႔ေပါ့။ ႏိုင္ငံေရးအခင္းအက်င္း အကုန္လုံးသည္ သူေနတဲ့ကာလ (၂) ႏွစ္ေလာက္နဲ႔ မရဘူး။ (၂) ႏွစ္အလြန္ (၅) ႏွစ္ကာလ ႏိုင္ငံေရးအခင္းအက်င္းကို တည္ၿငိမ္ေစဖို႔အတြက္ အခုကတည္းက သူႀကိဳးစားရမယ္။ ဥပမာ ၿငိမ္းခ်မ္းေရးဖိတ္ေခၚတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒ အသစ္တစ္ခုကိုလည္း ၾကားကာလမွာ ဖန္တီးႏိုင္မယ္။ ဒါေပမဲ့ ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒနဲ႔ ေနာက္ (၅) ႏွစ္ကို သြားရဦးမွာ။ အဲဒီ (၅) ႏွစ္ဆိုတဲ့ကာလမွာ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒကို ရပ္လိုက္မွာ လား၊ ေနာက္ (၅) ႏွစ္အလြန္မွာ က်င့္သုံးျပ႒ာန္းမယ့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ဒီကာလတိုေလးမွာ ကြၽန္ေတာ္တို႔အေျချပဳၿပီး ခိုင္ခိုင္မာမာဆြဲၿပီးမွ ျပ႒ာန္းႏိုင္မွာလား။ Referendum လုပ္ႏိုင္မွာလား။ ဒါက လာမယ့္ (၅) ႏွစ္ ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔ လက္ရွိ (၂) ႏွစ္တာကာလ SAC နဲ႔ ဆက္စပ္တယ္။ အဲဒီေတာ့ ဒီကာလ မတည္မၿငိမ္ျဖစ္ေနတယ္။ အဲဒီေတာ့ ေခါင္းေဆာင္ဆိုတဲ့ေနရာကို ဝိုးတိုးဝါးတားေပါ့ဗ်ာ။ SAC ကပဲ ဦးေဆာင္သလား၊ NUG ကပဲ ဦးေဆာင္သလား၊ NUG ကိုေမွ်ာ္ေနတဲ့ အင္အားစုလည္း ရွိမွာပဲ။ SAC သာလွ်င္ ေျမျပင္ေရာ၊ ႏိုင္ငံတကာနယ္ပယ္ေရာ၊ ပြင့္ပြင့္လင္းလင္းေျပာရင္ ဥပေဒပိုင္း မ႑ိဳင္ႀကီးသုံးရပ္လုံးကို ကြပ္ကဲအုပ္ခ်ဳပ္ေနတဲ့ တကယ့္တရားဝင္အစိုးရျဖစ္တယ္ဆိုတာကေတာ့ ႏိုင္ငံေရးသမားေတြက လက္ခံတယ္။ ဘာလို႔ဆိုရင္ ေျမျပင္ကိုထိန္းထားတယ္။ အာဏာႀကီးသုံးရပ္ျဖစ္တဲ့ ဥပေဒျပဳမႈနဲ႔ အုပ္ခ်ဳပ္မႈ၊ တရားစီရင္မႈ သုံးခု လုံးကို သူ႔ရဲ႕၊ ႏိုင္ငံေတာ္အႀကီးအကဲရဲ႕ ေအာက္မွာရွိတယ္။ NUG က အဲဒီလိုမ်ိဳးမရွိဘူး။ အဲဒီေနရာကို အစားသြင္းဖို႔အတြက္ ႏိုင္ငံတကာနဲ႔ ႀကိဳးစားေနဆဲသာျဖစ္တယ္။ ေအာင္ျမင္တာ မေအာင္ျမင္တာက သမိုင္းအရဆိုရင္ NCGUB တုန္းက ၿပိဳလဲသြားတယ္။ NUG ဘယ္လိုေအာင္ႏိုင္မွာလဲ ကြၽန္ေတာ္တို႔ မေျပာႏိုင္ဘူး။ ေအာင္ျမင္ဖို႔ရာခိုင္ႏႈန္းက နည္းသည္မ်ားသည္က သူတို႔ရဲ႕လက္ရွိ လုပ္ေဆာင္ျခင္း အေနအထား အေ႐ြ႕နဲ႔ဆိုင္တယ္။ အဲဒီေတာ့ NUG ေ႐ြ႕တယ္။ Charter နဲ႔ ေ႐ြ႕တယ္။ ေ႐ြ႕မလားေ႐ႊ႕တယ္။ မ‌ေ႐ြ႕ဘူး။ ေနာက္ ဖက္ဒရယ္ဖြဲ႕စည္းပုံတစ္ခုကိုေၾကညာတယ္။ ေထာင္ (၁၄) ေထာင္နဲ႔ လုပ္တယ္။ တိုင္းရင္းသား‌ေတြက လက္မခံဘူးျဖစ္ေနတယ္။ ဗမာတစ္ယူနစ္ကို မယူရဲဘူး။ အဲဒီေတာ့ SAC ဥကၠ႒ေ႐ႊ႕တယ္။ အေ႐ႊ႕ႀကီးေ႐ႊ႕တယ္။ ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္သတ္မွတ္တယ္။ ျပည္ေထာင္စုေန႔မွာေတြ႕ဖို႔ ကနဦး လုပ္တယ္။ လူတိုင္းမတက္ႏိုင္တဲ့ အခါက်ေတာ့ ထိပ္သီးေတြ႕ဆုံမႈေတြလုပ္တယ္။ သူ႔ဘက္က ျပန္ၾကည့္ရင္ ျပင္ဆင္မႈရွိလာတယ္။ ခုနက Roadmap ၿငိမ္းခ်မ္းေရး Roadmap၊ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ Roadmap၊ ျပည္ေထာင္စုကို ဘယ္လိုသြားမလဲ။ တပ္ကို ဘယ္လိုေနာက္ျပန္ဆုတ္မလဲ၊ EAO ေတြ ဘယ္လိုေနာက္ဆုတ္၊ ဒီလိုလုပ္မယ္ဆိုတဲ့ အစီအစဥ္အားလုံးက သူ႔ဆီမွာ ရွိေနႏိုင္တယ္။ အဲဒီဟာေလးကို ခ်ျပခဲ့ရင္ လူထုသည္ လက္ေတြ႕လုပ္ျပႏိုင္တဲ့ ပုဂၢိဳလ္ဘက္ကိုပဲ ယိမ္းရမွာေပါ့။ လက္ေတြ႕ သူသည္ ေ႐ႊ႕ႏိုင္တယ္၊ မေ႐ႊ႕ႏိုင္ဘူးကို သုံးသပ္ရမွာပဲ။ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္သည္ လက္ရွိႏိုင္ငံေရး အေနအထားကို ေ႐ႊ႕ႏိုင္တဲ့ Key ေနရာမွာ ရွိ၊ မရွိ။ ကြၽန္ေတာ္တို႔ကေတာ့ Key ေနရာမွာရွိတယ္လို႔ သုံးသပ္တယ္။ အဲဒါေၾကာင့္ သူေ႐ႊ႕ႏိုင္တယ္။ ဒါေပမယ့္ Key ေနရာမွာ NUG ထိုင္ေနသလား။ အဲဒါဆို NUG ေ႐ႊ႕ရမယ္ေလ။ NUG သည္ Key ေနရာမွာ မထိုင္တဲ့အတြက္ သူသည္ ေ႐ႊ႕ႏိုင္တဲ့ဇာတ္ေကာင္မဟုတ္ဘူး။ အဲဒီေတာ့ ေ႐ႊ႕ႏိုင္တဲ့ဇာတ္ေကာင္ကို ေဆြးေႏြးညႇိႏႈိင္းၿပီးမွ ျပည္ေထာင္စုျပႆနာကို ေျဖရွင္းႏိုင္တဲ့အေနအထားျဖစ္ေအာင္ ခုနက ယုံၾကည္မႈနဲ႔ သူ႔ရဲ႕သည္းခံ ေနာက္ဆုတ္ႏိုင္မႈ ႏိုင္ငံေရးအ‌ေပးကို ရေအာင္ယူႏိုင္ရမယ္။ အဲဒီေတာ့ ဒီ‌ေ႐ႊ႕ကို ေ႐ႊ႕ႏိုင္တဲ့ပုဂၢိဳလ္သည္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ပဲ၊ သူထိုင္တဲ့အေနအထားက သူသည္ ျပည္တြင္းစစ္ကို ရပ္ႏိုင္တယ္။ အသြင္မတူတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ သမိုင္းမွာတြင္က်န္ရစ္ခဲ့မယ္။ အသြင္မတူတဲ့ အေနအထားနဲ႔ တပ္ကို ႏိုင္ငံေရးႏြံထဲကေန ဆုတ္ႏိုင္မယ္။ အမုန္းကေန အခ်စ္၊ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ အရင္တုန္းက တပ္မေတာ္သားဘဝကို ျပန္လုပ္ႏိုင္တယ္။ Warlord လို႔ သတ္မွတ္ထားတဲ့ စစ္လက္နက္ကိုင္တဲ့ အဖြဲ႕အစည္းအားလုံးသည္ မဟုတ္ဘူး၊ ႏိုင္ငံေရးအားျဖင့္ တို႔လက္နက္ကိုင္တာဆိုတဲ့ ေနာက္ကိုဆုတ္မႈ။ ခင္ဗ်ားျပန္ၾကည့္ လက္နက္ကိုင္အဖြဲ႕အစည္းတိုင္းမွာ ပါတီရွိတယ္။ UWSA-UWSP ရွိတယ္။ ULA-AA ႏိုင္ငံေရး ပါတီေတြ အကုန္လုံးရွိတယ္။ မဟုတ္ဘူးလား၊ ႏိုင္ငံေရးပါတီ ဦးေဆာင္မႈအခန္းက႑၊ လက္နက္ကိုင္ တပ္မေတာ္။ အဲဒါမ်ိဳးရွိတဲ့အခါမွာ ႏိုင္ငံေရးအရ သူတို႔မွာရည္မွန္းခ်က္ ႀကီးတယ္‌ဗ်။ အဲဒီေတာ့ ကြၽန္ေတာ္ထင္ပါ တယ္ လက္နက္ကိုင္အဖြဲ႕အစည္းတိုင္းသည္ ႏိုင္ငံေရးရည္မွန္းခ်က္ေၾကာင့္သာ လက္နက္ကိုင္လာတဲ့ အဖြဲ႕အစည္းျဖစ္တယ္။ သူတို႔မွာ Change of command ရွိတယ္။ အဲဒါေၾကာင့္ ေျပလည္ေအာင္ေျဖရွင္းႏိုင္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ရွိၾကမယ္ဆိုရင္ SAC သည္လည္းေကာင္း၊ လက္နက္ကိုင္အဖြဲ႕အစည္း ေခါင္းေဆာင္မ်ား သည္ လည္းေကာင္း၊ မညႇိႏႈိင္းႏိုင္စရာမရွိဘူး။ ျပည္ေထာင္စုျပႆနာကို ညႇိႏႈိင္းၿပီးမွ ရလဒ္ထြက္ႏိုင္တဲ့အထိ ဇစ္ျမစ္ျပႆနာကို ေျဖရွင္းႏိုင္တယ္ဆိုရင္ ဒီကေန႔ ကြၽန္ေတာ္တို႔ေျပာတဲ့ သား‌‌ေ႐ႊအိုးထမ္းတာေပါ့ဗ်ာ။ ဘာျဖစ္မလဲဆိုရင္ ခင္‌ဗ်ားၾကည့္၊ လက္နက္ကိုင္လာတဲ့ ေခါင္း‌ေဆာင္ေတြျဖစ္တဲ့ တပ္မေတာ္ကလည္း ႏိုင္တာ ပဲ။ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားကလည္း ဒီျပႆနာကိုေျဖရွင္းႏိုင္မယ္၊ ေသြးေျမမက်ေတာ့ဘူးဆိုရင္ ႏိုင္ငံေရးရည္မွန္းခ်က္ျပည့္ေအာင္ ေဆာင္႐ြက္ႏိုင္ရင္ သူလည္းႏိုင္တာပဲ။ လူထုကလည္း ဒီဟာႀကီးကိုပဲလိုခ်င္တာ၊ လူထုကလည္းႏိုင္တာပဲ။ အဲဒီေတာ့ ၁၉၄၇ ပင္လုံစာခ်ဳပ္မွာ လက္မွတ္ထိုးလာတဲ့ အဆင့္ဆင့္ေသာ ႏိုင္ငံ‌ရဲ႕ကြယ္လြန္သြားၿပီးတဲ့ ေခါင္းေဆာင္ေတြအားလုံး သည္လည္းပဲ ျပည္ေထာင္စုကို စတည္ေဆာက္တဲ့အခါမွာ ခြင့္တူညီမွ်ဝါဒျဖဴစင္တဲ့ႏိုင္ငံေတာ္ကို တည္ေဆာက္မယ္။ ဗမာသည္လည္းပဲ အဂၤလိပ္လက္ေအာက္မွာ ေနခဲ့ရတယ္။ တို႔လြတ္လပ္ေရးရၿပီးတဲ့အခါမွာ တိုင္းရင္းသားေဒသေတြက တို႔ဗမာေတြရဲ႕ကြၽန္ မျဖစ္ေစရဘူးလို႔ ဗိုလ္ခ်ဳပ္က ကတိျပဳတယ္။ ရွမ္းတစ္က်ပ္၊ ဗမာတစ္က်ပ္ပဲတဲ့။ ခြင့္တူညီမွ် ဝါဒျဖဴစင္တဲ့ႏိုင္ငံကို တည္ေဆာက္ၾကမယ္ဆိုတဲ့ အသက္ေပးသြားတဲ့ ေခါင္းေဆာင္မ်ားအားလုံးသည္ သူတို႔ရဲ႕ရည္မွန္းခ်က္သည္လည္း ျပည့္တယ္။ သူတို႔လည္း ႏိုင္တာပဲ။ အဲဒီေတာ့ သမိုင္းအရ ႏိုင္ေလးႏိုင္ ျဖစ္သြားေအာင္ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္ဘက္က ဦးေဆာင္ၿပီးမွ ဒီ Summit ကို အားလုံးဖိတ္ေခၚႏိုင္ေအာင္ လုပ္ၿပီးမွ ဒီလိုမ်ိဳးအခင္းအက်င္းကို တည္ေဆာက္ႏိုင္မယ္၊ အေျဖထုတ္ႏိုင္မယ္ဆိုရင္ ကြၽေတာ္တို႔ မိဘျပည္သူ အားလုံးကလည္း ဝမ္းပန္းတသာနဲ႔ ဒီအခင္းအက်င္းမွာ မလိုက္ပါႏိုင္စရာ အေၾကာင္းမရွိဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ထင္တယ္။ ဒီအလွည့္အေျပာင္း၊ ဒီအေကြ႕မွာ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္နဲ႔ ေဆြးေႏြးညႇိႏႈိင္းၿပီးမွ ျမန္မာႏိုင္ငံအတြက္ အႏိုင္ယူေစခ်င္တယ္။ ႏိုင္ငံေတာ္အတြက္ အႏိုင္ယူေစခ်င္တယ္။ လက္နက္ကိုင္အဖြဲ႕ အစည္း၊ တပ္မေတာ္ အားလုံးအႏိုင္ယူေစခ်င္တယ္။ ႏိုင္ငံေရးႏြံထဲက အကုန္လုံး ေနာက္ကိုဆုတ္ေပးႏိုင္တဲ့ အခင္းအက်င္းတစ္ခုကို လူထုေမွ်ာ္လင့္တဲ့ ေမွ်ာ္လင့္ခ်က္ျဖစ္တယ္။ အဲဒီေမွ်ာ္လင့္ခ်က္ မပ်က္ေအာင္ ဒီေခါင္းေဆာင္ေတြအားလုံးက လူထုကိုေမွ်ာ္လင့္ခ်က္ ျပန္ေပးဖို႔လိုတယ္။ ေနာက္ကိုဆုတ္ပါ။ ခိုင္မာတဲ့ဖြဲ႕စည္း ပုံနဲ႔ ခိုင္မာတဲ့ဝါဒနဲ႔ ခိုင္မာတဲ့ျပည္ေထာင္စုဖြဲ႕စည္းပုံစနစ္၊ ဖက္ဒရယ္ဖြဲ႕စည္းပုံစနစ္နဲ႔ ဒီႏိုင္ငံကို သြားမယ္ဆိုတာ ေၾကညာေပးပါ အမ်ားသိေအာင္။ အဲဒါဆိုရင္ေတာ့ ကြၽန္ေတာ္ထင္ပါတယ္။ သံဃာထုကအစ မိဘျပည္သူ အားလုံး၊ ကြၽန္ေတာ္တို႔ တိုင္းရင္းသားေဒသ အားလုံးက ဝမ္းပန္းတသာနဲ႔ ဒီျပည္ေထာင္စု အကုန္လုံးကို အခ်ဳပ္ျခာအာဏာတည္တံ့ခိုင္ၿမဲေရး၊ ဒို႔တာဝန္အေရးသုံးပါးကို၊ ျပည္ေထာင္စုမၿပိဳကြဲေရးကို အားလုံးဝိုင္းဝန္း အေျဖထုတ္ၿပီးမွ တည္ေဆာက္ႏိုင္ခဲ့တယ္ဆိုတဲ့ သမိုင္းကို၊ ျပည္ေထာင္စုသမိုင္းကို ေႏွာင္းလူေတြ မွတ္တမ္း တင္ဖို႔၊ အဲဒီေႏွာင္းလူေတြ မွတ္တမ္းတင္တာကို ခံရဖို႔အတြက္ အခုကတည္းက လက္ေတြ႕က်င့္သုံး၊ က်င့္ႀကံၾကဖို႔ ကြၽန္ေတာ္ေမတၱာရပ္ခံလိုပါတယ္။

ကြၽန္ေတာ္ ေတာ္ေတာ္လည္း ေျပာေတာ့ေျပာလိုက္တယ္။ တခ်ိဳ႕ဟာေတြက ပိုသြားေလ့မယ္။ ကိုေက်ာ္မ်ိဳးမင္း ၾကည့္ေကာင္းသလိုစီစဥ္ပါ။ တခ်ိဳ႕ဟာ လက္ဟန္ေျခဟန္နဲ႔ တင္းတင္းမာမာေျပာတာမ်ိဳးရွိမယ္။ ျပင္းျပင္း ထန္ထန္ ေျပာတာလည္း ရွိမယ္။ အဓိက ျပည္ေထာင္စုကိုေကာင္းေစလိုတဲ့ ေစတနာပါ။ အဲဒီလိုေျပာတဲ့အခါမွာ တခ်ိဳ႕ Hard liner သမားေတြကလည္း သတ္ျပစ္ခ်င္ေလာက္ေအာင္ ရွိမွာပဲ။ ဒါေပသိ ကြၽန္ေတာ္ခံရဲပါတယ္။ ျပည္ေထာင္စုဟာ ဒီအခ်ိန္ဒီကာလမွာ Turning point ကို ေရာက္ေနၿပီ။ ကိုယ့္ဆႏၵတို႔၊ ကိုယ့္ရဲ႕ေလာဘတို႔ မာနတို႔ကို သင္ပုန္းေခ်လိုက္ၾကပါ။ ေနာက္မွာထားခဲ့လိုက္ၾကပါ။ ျဖစ္သင့္ျဖစ္ထိုက္တဲ့လမ္းကို ေ႐ြးခ်ယ္ၾကပါ။


ဟုတ္ကဲ့ ဆရာ။ အခုလို အခ်ိန္ေပးေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ ၾကည့္ရႈ႕တဲ့ပရိသတ္ ေတြလည္း အေတြးအေခၚတစ္ခု ရလိမ့္မယ္လို႔ ထင္ပါတယ္။ ‌ေက်းဇူးတင္ပါတယ္ဆရာ။

Picture

Lwin Lwin Mar Oo

06/06/2022 13:57

ေမးတာ​ေလး​လှချက်

Related news

© 2021. All rights reserved.