ကော့ခ်ဘဇားစခန်းဘင်္ဂါလီခေါင်းဆောင်ကို မြန်မာနိုင်ငံအခြေစိုက် ARSA တို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ပြော

1241

Htay Oung (NP News) - ဇွန် ၁၄
ဒုက္ခသည်စခန်းမှ အရပ်သားခေါင်းဆောင် မိုဟစ်အူလာကို သတ်ဖြတ်ခဲ့သူတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အ ခြေစိုက် အာရကန်ရိုဟင်ဂျာဆိုသူများ ကယ်တင်ရေးတပ် (ခေါ်) ARSA လက်နက်ကိုင်အုပ်စုဖြစ်ကြောင်း၊ မိုဟစ် အူလာဟာ ကော့ခ်ဘဇားဒုက္ခသည်တွေကို နေရပ်ပြန်ရေးလုပ်ဆောင်နေတဲ့အတွက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောဆိုတယ်လို့ Bd News-24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ရေးသားပါတယ်။
“ဆရာကြီး မိုဟစ်အူလာ” လို့ လူသိများတဲ့ အသက် ၄၈ နှစ်အရွယ်ရှိသူဟာ ဒုက္ခသည်ဘင်္ဂါလီ ရှေ့နေများ အကြားမှာ အထင်ရှားဆုံးလည်း ဖြစ်ပါတယ်။
မကွယ်လွန်မီက အာရကန်ရိုဟင်ဂျာဆိုသူများ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မိုဟစ်အူလာ(မူဟစ်ဘူလာ) တို့အဖွဲ့ဟာ သူတို့ရဲ့ဇာတိ မြန်မာနိုင်ငံရှိ ဒုက္ခ သည်ဘင်္ဂါလီများအပေါ် ရက်စက်ဖိနှိပ်မှုတွေကို မှတ်တမ်းတင်ဖို့ အနာဂတ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ဆန္ဒတွေကို နိုင်ငံတကာဆွေးနွေးပွဲများမှာ အသိပေးဖို့အတွက် အဲဒီအဖွဲ့ကို ၂ဝ၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့ သိရှိ ရပါတယ်။
သူဟာ ၂ဝ၁၉ ခုနှစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဒုက္ခသည်ဘင်္ဂါလီအသိုက်အဝန်းအတွက် ကိုယ်စ စားပြုခဲ့ဖူးပါတယ်။
၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ အူခီယာနယ်မြေ ကူတူပါလောင်စခန်းရှိ သူ့ရဲ့ရုံးခန်းမှာ မိုဟဟ်အူလာ ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီးနောက် သူ့ရဲ့မိသားစုက ARSA ကို လက်ညှိုးထိုးခဲ့ကြပါတယ်။ မိသားစုသည် ဒုက္ခ သည်စခန်းမှာ နေထိုင်ရခြင်းဟာ လုံခြုံရေးစိုးရိမ်မှုတွေ တိုးမြင့်လာတဲ့အတွက် သူ့မိသားစုတို့ဟာ ယခုနှစ် ဧပြီလ မှာ ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
အခင်းဖြစ်ပွားပြီး ရှစ်လခွဲခန့်အကြာ တနင်္လာနေ့ ရဲတပ်ဖွဲ့ရဲ့တရားရုံးစွဲချက်တင် စာရွက်စာတန်းများမှာ ဒုက္ခသည် ဘင်္ဂါလီ ၂၉ ဦးတို့ရဲ့အမည်ကို ဖော်ပြထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းတို့အနက် ၁၅ ဦးမှာ အကျဉ်းထောင် ထဲမှာ ရှိနေကြပြီး ကျန်စွပ်စွဲခံထားရသူတွေမှာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
မိသားစုတို့က ပြောဆိုတဲ့အတိုင်း မိုဟစ်ကို သတ်ဖြတ်ဖို့ ARSA က စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေး သူများက တွေ့ရှိတယ်လို့ ကော့ခ်ဘဇားတရားရုံး အစိုးရရှေ့နေက ဆိုပါတယ်။ မိုဟစ်အူလာရဲ့ထင်ပေါ်ကျော် ကြားမှုကြောင့် ARSA နဲ့ အခြားနေရပ်ပြန်ရေးဆန့်ကျင်သူတွေမှာ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက “လူမျိုးသုတ်သင်မှု နမူနာစာအုပ်ကြီး” လို့ အမည်ပေးရတဲ့ မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်း ကြုတ်တဲ့ဖြိုခွင်းမှုအပြီး ၂ဝ၁၇ ခုနှစ်မှာ ဒုက္ခသည် ၁ ဒသမ ၁ သန်းအနက် ၇ဝဝဝဝဝ ကျော်တို့နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြပါတယ်။ ARSA က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး လူအသေအပျောက်များတဲ့ နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ မြန်မာစစ်တပ်က စစ်ဆင်ရေးကို စတင်လိုက်ခြင်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာအကြီးမားဆုံးဖြစ်တဲ့ ကော့ခ်ဘဇား ဒုက္ခသည်စခန်းတွေဟာ မကြာခဏဆိုသလို သေနတ်သံများနဲ့ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီဖြစ်ရပ်အများစုကို ဓါးပြတိုက်မှု (သို့မဟုတ်) မှောင်ခိုမှု တွေအဖြစ် ဖော်ပြခဲ့ကြပါတယ်။
ကျယ်ပြောလှတဲ့ဒုက္ခသည်စခန်းများအတွင်း လက်နက်ကိုင်ဆောင်ထားသူများက အာဏာတည်ဆောက်ဖို့ ရန်မူ ခြင်း၊ ဝေဖန်သူများကို ပြန်ပေးဆွဲခြင်းနဲ့ ရှေးရိုး အစ္စလာမ့်စံနှုန်းများကို ချိုးဖောက်သူ အမျိုးသမီးများအား သတိ ပေးခြင်းများနဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့ ဒေသခံများက ပြောဆိုကြပါတယ်။
၂ဝ၂၁ ခုနှစ် အောက်တိုဘာလ အူခီယာဒုက္ခသည်စခန်းအတွင်း မဒရာဆာစာသင်ကျောင်း တိုက်ခိုက်မှုမှာ လူ ၆ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။
မိုဟစ်အူလာ (ခေါ်) မူဟစ်ဘူလာအား သတ်ဖြတ်သူတို့မှာ ကော့ခ်ဘဇားစခန်း ဒုက္ခသည်တို့အကြား ပျံံ့နှံ့ လျက်ရှိတဲ့ ARSA တွေဖြစ်ကြောင်း လုပ်ကြံမှုဖြစ်ပွားစဉ် မိုဟစ်နဲ့အတူရှိတဲ့ ညီဖြစ်သူက အခိုင်အမာပြောဆိုခဲ့ပါ တယ်။ အခြားဒုက္ခသည်များကလည်း အလားတူ ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာများက ရေးသား ဖော်ပြခဲ့ကြပါတယ်။
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကော့ခ်ဘဇားဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သူ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း ထိုအတိုင်းပင် ပြောဆိုခဲ့ပြီး၊ ဒုက္ခသည်စခန်းအတွင်း ARSA စစ်သွေးကြွတို့ ပြန်ပေးဆွဲ၊ သတ်ဖြတ်နှိပ်စက်နေသည်ကို ကမ္ဘာသိ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Bana News Agency က ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။
သို့ပေမယ့် ကုလကိုယ်စားလှယ်ရဲ့ပြောဆိုချက်မှာ လုံးဝမှားယွင်းနေပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဒုက္ခသည် စခန်းတွေမှာ ARSA မင်းမူနေခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ်က ဆက်လက်ငြင်းဆိုခဲ့ပါတယ်။
တွမ်အင်ဒရူးက ARSA အကြောင်း ပြောဆိုနေပေမယ့်လည်း ဒုက္ခသည်စခန်းတွေမှာ ၎င်းတို့ရှိနေတာကို မတွေ့ ခဲ့ရကြောင်း၊ ARSA အဖွဲ့ဝင်တစ်ဦးဦးကို စိစစ်ဖော်ထုတ်နိုင်တယ်ဆိုတဲ့သတင်းအချက်အလက်တွေကို ဘင်္ဂလား ဒေ့ရှ်ထံမျှ ဝေပေးသင့်ပြီး ၎င်း ARSA ကို တွမ်အင်ဒရူးတို့နိုင်ငံဆီသို့ ပို့ပေးဖို့ အသင့်ရှိကြောင်း၊ ကျွန်ုပ်တို့ကိုယ် တိုင်မှာလည်း ARSA ဆိုသူတို့ကို မြင်ဖူး၊ တွေ့ဖူးလိုလှကြောင်း နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူမိုမန်က သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေဆိုခဲ့ပါတယ်။
#ထိုသို့ငြင်းဆိုရခြင်းမှာ #၂ဝ၁၇ ခုနှစ် ဒုက္ခသည်ဘင်္ဂါလီများ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားရခြင်းမှာ #ARSAတို့ရဲ့ခြိမ်းခြောက်မှုကြောင့်ဖြစ်ကြောင်း #မြန်မာအစိုးရနှင့် တပ်မတော်တို့ရဲ့ချေပချက်ကြောင့် ဖြစ်မယ်ထင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မည်သို့ပင် ငြင်းဆိုခဲ့ပေမယ့်လည်း အခုသတင်းအရ မိုဟစ်အူလာ လူသတ်မှု တရားခံတို့မှာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေဖြစ်နေပြီး ARSA တွေဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က စွဲဆိုထားပါတယ်။ ထိုသို့ရှေ့နောက်မညီ အကြီးအကျယ် ကွဲလွဲရခြင်းမှာ လူသတ်မှုတရားခံတွေကို ပွင့်လင်းမြင် သာစွာ အမြန်ဆုံးဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖိအားတွေကြောင့် ဖြစ်ပုံရပါတယ်။
#မိုဟစ်အူလာအားသတ်ဖြတ်မှု #ARSA #မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်တွမ်အင်ဒရူး
(BdNews24., 13 June 2022,” Police say ARSA killed Rohingya leader Mohib Ullah to stop refugee repatriation” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)
Police say ARSA killed Rohingya leader Mohib Ullah to stop refugee repatriation | bdnews24.com
https://www.benarnews.org/english/news/bengali/arsa-present-in-bangladesh-rohingya-camps-12202021154656.html

Zawgyi Version;