အမေရိကန်မှာ လေဆင်နှာမောင်း တိုက်ခတ်မှု သတိပေးချက်များ ထုတ်ပြန်ထား

796

ရောင်နီ (NP News) - ဇွန် ၁၅
လွန်ခဲ့တဲ့သုံးနှစ်က အမေရိကန် အနောက်ဘက် တရော့ဝုမြို့မှာ တစ်နာရီလျှင် ကီလိုမီတာ ၂၇ဝ (တစ်နာရီ ၂၆၈ မိုင်) နှုန်းနဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အမေရိကန်တစ်ဝှမ်းဖြစ်ပွားခဲ့တဲ့ ဒါဇင်ပေါင်းများစွာ မုန်တိုင်းတွေထဲမှ ပျက်စီးမှုသိသာထင်ရှားတဲ့ လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။
၎င်းတို့ဟာ နေအိမ်များ၊ သစ်ပင်များနဲ့ စီးပွားရေးလုပ်ငန်းများကို ပြိုလဲစေကာ ထရော့ဝု တစ်ခုတည်းမှာပဲ အိမ်ခြေ ၅ဝဝ ခန့်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေ ဒေါ်လာ ၁၈ သန်းရှိတယ်လို့ သိရပါတယ်။
သို့ပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုမှာ သေဆုံးသူ ၂ ဦးသာ ရှိခဲ့ပါ တယ်။ လေဆင်နှာမောင်း တောင်ကြားလမ်းလို့ လူသိများတဲ့အတက်ကြွဆုံးသော လေဆင်နှာမောင်းဇုန်ဟာ ထရော့ဝု အနောက်ဘက် ကီလိုမီတာ ၁ဝဝဝ ကျော်အကွာမှာရှိပြီး အများစုမှာ တက္ကဆက်၊ အိုကလာဟိုးမား၊ ကန်းဆက်၊ နီဘရာစကာနဲ့ တောင်ဒါကာတာ ပြည်နယ်များမှာ တည်ရှိပါတယ်။
မကြာသေးမီက မစ်ရှီဂန်နဲ့ မင်နီဆိုတားမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဆင်နှာ မောင်းဇုန်ဟာ ရွေ့လျားနေပုံရပါတယ်။ အဖျက်စွမ်းအားကြီးမားတဲ့လေဆင်နှာမောင်းဇုန်ဟာ အရှေ့ဘက်သို့ ရွေ့လျားနေပြီး မြို့တော်လူဦးရေ ပိုထူထပ်တဲ့ပြည်နယ်တွေသို့ရွေ့လျားနေတာကြောင့် လူသန်းပေါင်းများစွာ အတွက် ပြင်းထန်တဲ့ ရာသီဥတုအန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။
”လေဆင်နှာမောင်းဇုန် အရှေ့ဘက်သို့ ကူးပြောင်းခြင်းဟာ တသမတ်တည်း လမ်းကြောင်းတစ်ခုဖြစ်နေပုံရပြီး ပူနွေးတဲ့ အပူချိန်၊ မက္ကဆီကို ပင်လယ်ကွေ့မှ အစိုဓာတ် ပိုများလာပုံရတယ်” လို့ မီချီကန်တက္ကသိုလ်မှ လေထုသိပ္ပံပါမောက္ခ ပယ်ရီဆန်ဆွန် က ဆိုပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှု ကျရောက်နိုင်တဲ့ဒေသတွေသို့ လူများပိုမိုပြောင်းရွှေ့လာခြင်းကြောင့် အိမ်ရာနဲ့ အခြေခံအဆောက်အအုံများ ဖွံဖြိုးတိုးတက်မှုများမှာ ခြိမ်းခြောက်မှုမှာ ပိုမိုပြင်းထန်လာကြောင်း၊ ဒါဟာ စိုးရိမ်ရ ဆုံးအချက်ဖြစ်ပြီး သက်ရောက်မှုတွေ ပိုရှိလာနိုင်တာကြောင့် ပိုပြီးတော့ ထိခိုက်လာနိုင်ကြောင်း ၎င်းက ပြောပါ တယ်။
သန်းပေါင်းများစွာသော အမေရိကန်များအတွက် နွေဦးရာသီနဲ့ နွေရာသီတွေမှာ အဖြစ်များလေ့ရှိတဲ့ ပြင်းထန်တဲ့ လေဆင်နှာမောင်းတွေဟာ တစ်နှစ်ပတ်လုံးရဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကန်တုစကီ မှာ ၃၁ဝ ကီလိုမီတာ (၁၉၃ မိုင်) နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို သိရပါတယ်။
https://www.aljazeera.com/news/2022/6/14/tornado-alleys-eastward-shift-threatens-millions-of-americans?sf166124106=1

Zawgyi Version;
အေမရိကန္မွာ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈ သတိေပးခ်က္မ်ား ထုတ္ျပန္ထား
ေရာင္နီ (NP News) - ဇြန္ ၁၅
လြန္ခဲ့တဲ့သုံးႏွစ္က အေမရိကန္ အေနာက္ဘက္ တေရာ့ဝုၿမိဳ႕မွာ တစ္နာရီလွ်င္ ကီလိုမီတာ ၂၇ဝ (တစ္နာရီ ၂၆၈ မိုင္) ႏႈန္းနဲ႔ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈျဖစ္ပြားခဲ့ၿပီး အေမရိကန္တစ္ဝွမ္းျဖစ္ပြားခဲ့တဲ့ ဒါဇင္ေပါင္းမ်ားစြာ မုန္တိုင္းေတြထဲမွ ပ်က္စီးမႈသိသာထင္ရွားတဲ့ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈ ျဖစ္ခဲ့ပါတယ္။
၎တို႔ဟာ ေနအိမ္မ်ား၊ သစ္ပင္မ်ားနဲ႔ စီးပြားေရးလုပ္ငန္းမ်ားကို ၿပိဳလဲေစကာ ထေရာ့ဝု တစ္ခုတည္းမွာပဲ အိမ္ေျခ ၅ဝဝ ခန႔္ပ်က္စီးခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈခန႔္မွန္းေျခ ေဒၚလာ ၁၈ သန္းရွိတယ္လို႔ သိရပါတယ္။
သို႔ေပမယ့္လည္း ကံေကာင္းေထာက္မစြာနဲ႔ အဆိုပါေလဆင္ႏွာေမာင္းတိုက္ခတ္မႈမွာ ေသဆုံးသူ ၂ ဦးသာ ရွိခဲ့ပါ တယ္။ ေလဆင္ႏွာေမာင္း ေတာင္ၾကားလမ္းလို႔ လူသိမ်ားတဲ့အတက္ႂကြဆုံးေသာ ေလဆင္ႏွာေမာင္းဇုန္ဟာ ထေရာ့ဝု အေနာက္ဘက္ ကီလိုမီတာ ၁ဝဝဝ ေက်ာ္အကြာမွာရွိၿပီး အမ်ားစုမွာ တကၠဆက္၊ အိုကလာဟိုးမား၊ ကန္းဆက္၊ နီဘရာစကာနဲ႔ ေတာင္ဒါကာတာ ျပည္နယ္မ်ားမွာ တည္ရွိပါတယ္။
မၾကာေသးမီက မစ္ရွီဂန္နဲ႔ မင္နီဆိုတားမွာ ျပင္းထန္တဲ့ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေလဆင္ႏွာ ေမာင္းဇုန္ဟာ ေ႐ြ႕လ်ားေနပုံရပါတယ္။ အဖ်က္စြမ္းအားႀကီးမားတဲ့ေလဆင္ႏွာေမာင္းဇုန္ဟာ အေရွ႕ဘက္သို႔ ေ႐ြ႕လ်ားေနၿပီး ၿမိဳ႕ေတာ္လူဦးေရ ပိုထူထပ္တဲ့ျပည္နယ္ေတြသို႔ေ႐ြ႕လ်ားေနတာေၾကာင့္ လူသန္းေပါင္းမ်ားစြာ အတြက္ ျပင္းထန္တဲ့ ရာသီဥတုအႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ေတြ႕ရွိရပါတယ္။
”ေလဆင္ႏွာေမာင္းဇုန္ အေရွ႕ဘက္သို႔ ကူးေျပာင္းျခင္းဟာ တသမတ္တည္း လမ္းေၾကာင္းတစ္ခုျဖစ္ေနပုံရၿပီး ပူေႏြးတဲ့ အပူခ်ိန္၊ မကၠဆီကို ပင္လယ္ေကြ႕မွ အစိုဓာတ္ ပိုမ်ားလာပုံရတယ္” လို႔ မီခ်ီကန္တကၠသိုလ္မွ ေလထုသိပၸံပါေမာကၡ ပယ္ရီဆန္ဆြန္ က ဆိုပါတယ္။
ေလဆင္ႏွာေမာင္းတိုက္ခတ္မႈ က်ေရာက္ႏိုင္တဲ့ေဒသေတြသို႔ လူမ်ားပိုမိုေျပာင္းေ႐ႊ႕လာျခင္းေၾကာင့္ အိမ္ရာနဲ႔ အေျခခံအေဆာက္အအုံမ်ား ဖြံၿဖိဳးတိုးတက္မႈမ်ားမွာ ၿခိမ္းေျခာက္မႈမွာ ပိုမိုျပင္းထန္လာေၾကာင္း၊ ဒါဟာ စိုးရိမ္ရ ဆုံးအခ်က္ျဖစ္ၿပီး သက္ေရာက္မႈေတြ ပိုရွိလာႏိုင္တာေၾကာင့္ ပိုၿပီးေတာ့ ထိခိုက္လာႏိုင္ေၾကာင္း ၄င္းက ေျပာပါ တယ္။
သန္းေပါင္းမ်ားစြာေသာ အေမရိကန္မ်ားအတြက္ ေႏြဦးရာသီနဲ႔ ေႏြရာသီေတြမွာ အျဖစ္မ်ားေလ့ရွိတဲ့ ျပင္းထန္တဲ့ ေလဆင္ႏွာေမာင္းေတြဟာ တစ္ႏွစ္ပတ္လုံးရဲ႕ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာေနပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ကန္တုစကီ မွာ ၃၁ဝ ကီလိုမီတာ (၁၉၃ မိုင္) ႏႈန္းနဲ႔ တိုက္ခတ္ခဲ့တဲ့ ေလဆင္ႏွာေမာင္းေၾကာင့္ လူဒါဇင္နဲ႔ခ်ီ ေသဆုံးခဲ့ရတယ္လို သိရပါတယ္။
https://www.aljazeera.com/news/2022/6/14/tornado-alleys-eastward-shift-threatens-millions-of-americans?sf166124106=1