ချန်ပီယံဒီရစ်ဒါနဲ့ ဗစ်တာလီဘစ်ဒက်ချ်တို့ပွဲစဉ်မှာ အနိုင်ရသူနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ဆန္ဒရှိနေကြောင်း အောင်လအန်ဆန် ပြော
1777
ဂျန်ဇက် (NP News) - ဇွန် ၁၅
ONE Championship ချန်ပီယံဟောင်း အောင်လအန်ဆန်က နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါနဲ့ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီ ဘစ်ဒက်ချ်တို့ပွဲစဉ်မှ အနိုင်ရသူနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နယ်သာလန်တိုက်ခိုက်ရေးသမားဒီရစ်ဒါဟာ ONE Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ဗစ်တာလီဘစ်ဒက်ချ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပြီး ဇူလိုင်လအတွင်းကျင်းပ မယ့် ONE 159: ပွဲစဉ်အတွင်း အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။
ဒီရစ်ဒါက ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလက အောင်လအန်ဆန်ထံမှ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲလည်းဖြစ်ပါတယ်။ မြန်မာစပါးအုံးမြွေလို့ ချစ်စနိုးအခေါ်ခံရတဲ့ အောင်လအန်ဆန်က ဒီရစ်ဒါနဲ့ ဘစ်ဒက်ချ်တို့နှစ်ဦး အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်း၊ အဲဒီပွဲစဉ်က ONE Championship ပြိုင်ပွဲအပေါ် လူအများ စိတ်ဝင်စားမှု မြင့်တက်အောင်လုပ်တဲ့ ပွဲစဉ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
အောင်လအန်ဆန်က "ဒီရစ်ဒါနဲ့ ဘစ်ဒက်ချ်တို့ ပွဲစဉ်က ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ သူတို့နှစ်ဦးစလုံးဟာ အကောင်းဆုံးပြိုင်ဘက်တွေဖြစ်တယ်။ အဲဒီအတွက် စိတ်လှုပ်ရှားမိတယ်။ အဲဒီပွဲစဉ်မှာ အနိုင်ရသူနဲ့ယှဉ်ပြိုင်ဖို့ ပစ်မှတ်ထားနေတယ်" လို့ ပြောပါတယ်။
အောင်လအန်ဆန်ဟာ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းတို့မှာ ချန်ပီယံခါးပတ် ရယူနိုင်ခဲ့ပြီး ချန်ပီယံခါးပတ်တွေကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှ ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလအထိ ကာကွယ်နိုင်ခဲ့သူဖြစ်ပြီး ONE Championship သမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်ခိုက်ရေးသမားအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ ၂ဝ၁၇ ခုနှစ် ဇွန်လက ONE Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
https://www.sportskeeda.com/mma/news-aung-la-n-sang-hyped-de-ridder-vs-bigdash
Zawgyi Version;
ချန်ပီယံဒီရစ်ဒါနဲ့ ဗစ်တာလီဘစ်ဒက်ခ်ျတို့ပွဲစဉ်မှာ အနိုင်ရသူနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ဆန္ဒရှိနေကြောင်း အောင်လအန်ဆန် ပြော
ဂျန်ဇက် (NP News) - ဇွန် ၁၅
ONE Championship ချန်ပီယံဟောင်း အောင်လအန်ဆန်က နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါနဲ့ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီ ဘစ်ဒက်ခ်ျတို့ပွဲစဉ်မှ အနိုင်ရသူနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နယ်သာလန်တိုက်ခိုက်ရေးသမားဒီရစ်ဒါဟာ ONE Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ဗစ်တာလီဘစ်ဒက်ခ်ျနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပြီး ဇူလိုင်လအတွင်းကျင်းပ မယ့် ONE 159: ပွဲစဉ်အတွင်း အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။