ရန်ကုန်တွင် ယနေ့တစ်ရက်တည်း ဗုံးပေါက်ကွဲမှု(၄)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများလည်းတွေ့ရှိ

2333

NP News - ဇွန် ၁၆
ရန်ကုန်တိုင်းအတွင်း ယနေ့ (ဇွန်လ ၁၆ ရက်) တစ်ရက်တည်းတွင် ဗုံးပေါက်ကွဲမှု(၄)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများစွာကိုလည်း တွေ့ရှိရှင်းလင်းနိုင်ခဲ့ကြောင်း NP News ၏ သတင်းအရင်းအမြစ်များက ပြောသည်။
သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ အရှေ့ပိုင်းခရိုင်တရားရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက လူတစ်စုမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး တရားရုံးအဝင်၊ အထွက်ပေါက်ဘေးရှိ ဆိုင်းဘုတ်ကို ထိမှန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ယောမင်း ကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းရှိ ရပ်ထားသော ကားများအနီးနှင့် ပလပ်ဖောင်းပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကြောင်းသိရပြီး နောက်ထပ်အမျိုးသားတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ပြီး လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဆက်လက်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ မေဓါဝီလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ အငြိမ်းစားဗိုလ်ချုပ်စိုးရှိန်၏ နေအိမ်အား ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦးအနည်းငယ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ခရေပင်လမ်းနှင့် အမှတ်(၃)လမ်း ဆုံရှိ ယာဉ်ထိန်းရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းလည်း သတင်းရရှိသည်။
ဆက်လက်ပြီး ရန်ကုန်းတိုင်းအတွင်းတွင် မပေါက်ကွဲသေးသော လက် လုပ်ဗုံးများကိုလည်း တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက လာရောက်ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်များက ဆိုသည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဂုံးကျော်တံတားဘေးရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(၂)ထပ် အဆောက်အဦးသွပ် ခေါင်မိုးပေါ်တွင် ယ နေ့ နံနက် ၁ဝ နာရီဝန်းကျင်ခန့်တွင် လက်ပစ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ ခေမာသီလမ်း၊ ကား မှတ်တိုင်အနီးတွင် ယနေ့ နံနက် ၉ နာရီကျော်က မသင်္ကာဖွယ်ရာဖြစ်သော ကြွပ်ကြွပ်အိတ်အနက်ရောင်တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းအိတ်အတွင်းမှ PVC ပိုက်နှစ်ခု၊ 9 Volt ဓါတ်ခဲ (၂)လုံး၊ ဆားကစ်ပြား (၁)ခု၊ အဖွင့်၊ အပိတ်ခလုပ် (၁)ခုတို့အား ဝါယာကြိုး ဖြင့် တွဲလျက်မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး (၂)လုံးကို တွေ့ရှိခဲ့ကာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ယနေ့ နံနက် ၁ဝ နာရီအချိန်ခန့်တွင် ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊ ယမုံနာလမ်းရှိ မြို့နယ်တရားရုံးရှေ့ အုတ်တံတိုင်းခြံ စည်းရိုးနှင့်ကပ်လျက်နေရာတစ်နေရာတွင် အနက်ရောင်အိတ်တစ်ခုအ တွင်းမှ PVC ပိုက် (၁)ခု၊ KZG Keypad ဖုန်း (၁)လုံး၊ 9 Volt ဓါတ်ခဲ (၁)လုံးတို့အား ဝါယာကြိုးဖြင့် တွဲလျက် လက်လုပ်ဗုံး (၁)လုံးကို ရှင်း လင်းနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့တစ်ရက်တည်းတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ ဗုံးပေါက်ကွဲမှု (၄) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒဏ် ရာရရှိခဲ့သူများရှိခဲ့သည့်အပြင် လက်လုပ်ဗုံးများကိုလည်း တွေ့ရှိရှင်း လင်းနိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္တြင္ ယေန႔တစ္ရက္တည္း ဗုံးေပါက္ကြဲမႈ(၄)ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့ၿပီး မေပါက္ကြဲေသးသည့္ လက္လုပ္ဗုံးမ်ားလည္းေတြ႕ရွိ
NP News - ဇြန္ ၁၆
ရန္ကုန္တိုင္းအတြင္း ယေန႔ (ဇြန္လ ၁၆ ရက္) တစ္ရက္တည္းတြင္ ဗုံးေပါက္ကြဲမႈ(၄)ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး မေပါက္ကြဲေသးသည့္ လက္လုပ္ဗုံးမ်ားစြာကိုလည္း ေတြ႕ရွိရွင္းလင္းႏိုင္ခဲ့ေၾကာင္း NP News ၏ သတင္းအရင္းအျမစ္မ်ားက ေျပာသည္။
သာေကတၿမိဳ႕နယ္၊ စက္မႈလက္မႈရပ္ကြက္၊ ဧရာဝဏ္လမ္းရွိ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးေရွ႕တြင္ ယေန႔ နံနက္ပိုင္းက လူတစ္စုမွ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခဲ့ၿပီး တရား႐ုံးအဝင္၊ အထြက္ေပါက္ေဘးရွိ ဆိုင္းဘုတ္ကို ထိမွန္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
၎ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈ မရွိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ယေန႔ နံနက္ ၁ဝ နာရီခြဲအခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕နယ္၊ ေယာမင္း ႀကီးရပ္ကြက္၊ ဗိုလ္ရာၫြန႔္လမ္းရွိ ရပ္ထားေသာ ကားမ်ားအနီးႏွင့္ ပလပ္ေဖာင္းေပၚတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
၎ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦးမွာ ဒဏ္ရာမ်ားျဖင့္ ထြက္ေျပးသြားခဲ့ေၾကာင္းသိရၿပီး ေနာက္ထပ္အမ်ိဳးသားတစ္ဦးမွာ အသက္အႏၲရာယ္စိုးရိမ္ရေသာ ဒဏ္ရာမ်ားရရွိခဲ့ၿပီး လူမႈကူညီေရးအသင္းကားျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ဆက္လက္ၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဃ)ရပ္ကြက္၊ ေမဓါဝီလမ္းႏွင့္ ေခမာသီလမ္းေထာင့္ရွိ အၿငိမ္းစားဗိုလ္ခ်ဳပ္စိုးရွိန္၏ ေနအိမ္အား ယေန႔ နံနက္ပိုင္းက လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈမရွိေသာ္လည္း အေဆာက္အဦးအနည္းငယ္ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယေန႔ နံနက္ ၄ နာရီခြဲအခ်ိန္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းႀကီးရပ္ကြက္၊ ခေရပင္လမ္းႏွင့္ အမွတ္(၃)လမ္း ဆုံရွိ ယာဥ္ထိန္း႐ုံးအနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္းလည္း သတင္းရရွိသည္။
ဆက္လက္ၿပီး ရန္ကုန္းတိုင္းအတြင္းတြင္ မေပါက္ကြဲေသးေသာ လက္ လုပ္ဗုံးမ်ားကိုလည္း ေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕မ်ားက လာေရာက္ရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မ်ားက ဆိုသည္။
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ဂုံးေက်ာ္တံတားေဘးရွိ ၿမိဳ႕နယ္လွ်ပ္စစ္မန္ေနဂ်ာ႐ုံး(၂)ထပ္ အေဆာက္အဦးသြပ္ ေခါင္မိုးေပၚတြင္ ယေန႔ နံနက္ ၁ဝ နာရီဝန္းက်င္ခန႔္တြင္ လက္ပစ္ဗုံးတစ္လုံးကို ေတြ႕ရွိခဲ့ၿပီး ေပါက္ကြဲမႈမျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (င)ရပ္ကြက္၊ ေခမာသီလမ္း၊ ကား မွတ္တိုင္အနီးတြင္ ယေန႔ နံနက္ ၉ နာရီေက်ာ္က မသကၤာဖြယ္ရာျဖစ္ေသာ ႂကြပ္ႂကြပ္အိတ္အနက္ေရာင္တစ္လုံးကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
၎အိတ္အတြင္းမွ PVC ပိုက္ႏွစ္ခု၊ 9 Volt ဓါတ္ခဲ (၂)လုံး၊ ဆားကစ္ျပား (၁)ခု၊ အဖြင့္၊ အပိတ္ခလုပ္ (၁)ခုတို႔အား ဝါယာႀကိဳး ျဖင့္ တြဲလ်က္မေပါက္ကြဲေသးသည့္ လက္လုပ္ဗုံး (၂)လုံးကို ေတြ႕ရွိခဲ့ကာ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕မ်ားက ရွင္းလင္းခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ယေန႔ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ ေဒါပုံၿမိဳ႕နယ္၊ ယမုံနာ(၂)ရပ္ကြက္၊ ယမုံနာလမ္းရွိ ၿမိဳ႕နယ္တရား႐ုံးေရွ႕ အုတ္တံတိုင္းၿခံ စည္း႐ိုးႏွင့္ကပ္လ်က္ေနရာတစ္ေနရာတြင္ အနက္ေရာင္အိတ္တစ္ခုအ တြင္းမွ PVC ပိုက္ (၁)ခု၊ KZG Keypad ဖုန္း (၁)လုံး၊ 9 Volt ဓါတ္ခဲ (၁)လုံးတို႔အား ဝါယာႀကိဳးျဖင့္ တြဲလ်က္ လက္လုပ္ဗုံး (၁)လုံးကို ရွင္း လင္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ယေန႔တစ္ရက္တည္းတြင္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အသီးသီး၌ ဗုံးေပါက္ကြဲမႈ (၄) ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ဒဏ္ ရာရရွိခဲ့သူမ်ားရွိခဲ့သည့္အျပင္ လက္လုပ္ဗုံးမ်ားကိုလည္း ေတြ႕ရွိရွင္း လင္းႏိုင္ခဲ့ေၾကာင္း သိရသည္။