ဒီမိုကရေစီသည် ခြိမ်းခြောက်ခံနေရသည်ဟု လူငယ်ထက်ဝက်ကျော်ကယူဆကြပြီး သုံးပုံတစ်ပုံကျော်က ၎င်းတို့၏ တစ်သက်တာတွင် ဒုတိယပြည်တွင်းစစ်ကို မြင်တွေ့နိုင်မည်ဟုယုံကြည် (ဘာသာပြန်ဆောင်းပါး)

 1147

Htay Oung (NP News) - ဇွန် ၂ဝ
ယနေ့ခေတ် အမေရိကန်လူ့အဖွဲ့အစည်းအကြောင်းကို တွေးဆကြည့်သောအခါတွင် ရှင်းရှင်းလင်းလင်းနှင့် အလွယ်တကူ မြင်နိုင်သော နည်းလမ်းမရှိပါ။ ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်ကောင်တစ်ဦး၏ ခံစားချက်ကို လက်တွေ့ဆန်သောနည်းလမ်းဖြင့် ဖမ်းယူရန် ကြိုးစားရသည့် အလုပ်တစ်ခုလိုပင် ဖြစ်သည်။ သမိုင်းကို နားလည်ရန် လုံးဝ လို အပ်ပြီး စိတ်ပညာ၊ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒနှင့် ဘာသာရေးယုံကြည်ချက်တို့သည် မေးခွန်းများကို ဘောင်ခတ်ရာတွင် ကူညီပေးသည်။ ကျွန်ုပ်တို့အတွက် ယင်းမေးခွန်းများနှင့် စတင်ကြပါမည်။ အမေရိကန်လူမျိုးတို့သည် အမေရိကန်အင်စတီကျူးရှင်းများနှင့် အချင်းချင်းအပေါ် အပြန်အလှန်ယုံကြည်မှုကို မည်သည့်အချိန်က စတင်ဆုံးရှုံးခဲ့သနည်း။ ကျွန်ုပ်တို့အနေဖြင့် ဖြစ်နိုင်ချေရှိသော အဖြေနွံအိုင်များအ တွင်း ရုန်းရင်းကန်ရင်းနှင့် ကျွနု်ပ်တို့တွေ့ရှိထားသည်များမှာ လျင်မြန်စွာ နစ်ဝင်သွားကြသည်။

“အင်စတီကျူးရှင်းများ” ဟူသော စကားလုံးကို ကျွန်ုပ်တို့ သုံးစွဲသောအခါ စိတ်ကျန်းမာရေးဆိုင်ရာအဆောက်အအုံ သို့မဟုတ် အကျဉ်းထောင်အကြောင်း ပြောနေခြင်း မဟုတ်ပဲ၊ ကျွန်ုပ်တို့၏ လူမှုဘဝတည်ဆောက်ပုံအကြောင်း ပြောနေခြင်းသာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဓိကအင်စတီကျူးရှင်းများဆိုသည်မှာ အစိုးရ၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေးနှင့် မိသားစုတို့စသည့် ပုံသဏ္ဍာန်၊ ရည်ရွယ်ချက်၊ ခိုင် မာသောအဓိပ္ပါယ်နှင့် ဝိသေသ လက္ခဏာကို နည်းလမ်းတစ်ခုဖြင့် ပုံဖော်ရန် အလို့ငှာ ကျွန်ုပ်တို့အတူ ပါဝင်သူများဖြစ်သည်”ဟု ထင်ရှားသော အမေရိကန်နိုင်ငံရေး သရုပ်ခွဲလေ့လာသူ ယူးဗဲလ်လယ်ဗင်က နယူးယောက်တိုင်းမ်သတင်းစာ၌ ရေးသားခဲ့ဖူးသည်။

“အများပြည်သူ့၊ ပုဂ္ဂလိက၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံရေး အဖွဲ့အစည်းတို့အပေါ် ကျွန်ုပ်တို့၏ ယုံကြည်မှု ပြိုပျက်သွားခြင်းသည် လူမှုအကျပ်အတည်းကို ဖြတ်ကျော်နေသည့် အမေရိကန်များကို ဖြစ်ပေါ်လာစေသည်” ဟု ၎င်းက ဆိုသည်။ အဘယ်ကြောင့်ဆိုမူ ဥပမာအားဖြင့် “နိုင်ငံရေးအရ ယုံ ကြည်မှုရှိခြင်းသည် ဒီမိုကရေစီအတွက် လိုအပ်သည့် အခြေအနေမျိုးဖြစ်ပြီး အဆိုပါ ယုံကြည်မှု ပျက်ပြားလာသည့်အခါ ဒီမိုကရေစီအုပ်ချုပ်ရေး၏ အရည်အသွေးမှာလည်း ကျဆင်းလာကြောင်း မှတ်ယူထားကြ၍ဖြစ်သည်” ဟု လယ်ဗင်က ပြောသည်။

အစကတည်းက ဒီမိုကရေစီတွင် ကျွန်ုပ်တို့၏ စမ်းသပ်မှုသည် ပြဿနာများ၊ မသေချာမရေရာမှုများနှင့် ဝရုန်းသုန်း ကားအတိ ပြီးလျက်ရှိခဲ့သည်။ သို့သော်လည်း အများစုအ တွက် အမေရိကန်စရိုက်လက္ခဏာသည် အကောင်းမြင်ခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်မှုနှင့် ဖြစ်နိုင်ချေရှိသည်ကို သက်ဝင်ခြင်းတို့ဖြင့် ထင်ဟပ်လျက်ရှိခဲ့သည်။ ၁၉၆ဝ ခုနှစ်လယ်ပိုင်းကို အဓိက အချက်အချာကာလအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ ၁၉၆ဝ ပြည့် နှစ်များသည် လှိင်းလေထန်သောအချိန်များဖြစ်သည်။ ပြဿနာတစ်ခုခု သို့မဟုတ် ပြဿနာတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။ ငယ်ရွယ်နုပျိသော ဂျွန်အက်ဖ်ကနေဒီသည် ပြိုင်ဘက် ရစ်ချတ်နစ်ဆင်ကို အနိုင်ရရှိ၍ သမ္မတဖြစ်လာသော ၁၉၆ဝ ပြည့်နှစ်သည် အမေရိကန်အတွက် ဒဏ္ဍာရီလာ အာသာဘုရင်၏ “ကမ်မလော့” ရဲတိုက် သိမ်းပိုက်ပွဲနှင့် ခိုင်းနှိင်းစရာဖြစ်သည်။ ဆယ်စုနှစ်ကို ဒုတိယကမ္ဘာစစ်လွန်ကာလ အမေရိကန်နိုင်ငံရေးတွင် အကောင်းမြင်မှု အထွတ်အထိပ်ကာလ သမ္မတ ကနေဒီ၏ “ကမ်မလော့ခေတ်“ ဖြင့် စတင်ခဲ့သည်။ ထို့နောက် အကြီးအကျယ် စစ်ရှိန်မြှင့်တင်ခဲ့သော်လည်း အရေးမလှသည့် ဗီယက်နမ်နှင့် အာဏာရအစိုးရက ပြိုင်ဘက်နိုင်ငံ ရေးပါတီဋ္ဌာနချုပ်အတွင်းဖောက်ထွင်းဝင်ရောက်မှုကို ဖုံးဖိရင်း ဗူးပေါ်သလို ပေါ်ရသည့် “ဝါးတာဂိတ် အရှုတ် တော်ပုံ “ ဖြင့် ၁၉၇ဝ ပြည့်လွန်နှစ်ဦးပိုင်းမှာ နိဂုံး ချုပ်ခဲ့သည်။ တိုင်းပြည်၏ နိုင်ငံရေးပါတီအဖွဲ့အစည်းများအနေ ဖြင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းရှာနိုင်လိမ့်မည်ဟု အမေရိကန်ပြည်သူလူထုတို့က မယုံကြည်ကြတော့ချေ။

၁၉၉၅ တွင် ကောက်ယူခဲ့သော ကမ္ဘာ့တန်ဖိုးများ စစ်တမ်းအရ နိုင်ငံရေးစနစ် အမျိးအစား အဖုံဖုံတို့ကို လူအ များက လက်ခံခြင်း ရှိ- မရှိ မေးမြန်းခဲ့ကြသည်။ အမေရိကန်နိုင်ငံရေးစနစ်သည် “ပါလီမန်နှင့် ရွေးကောက်ပွဲကို စိတ်အနှောက်အယှက်ဖြစ်စရာ မလိုသော အားကောင်းမောင်းသန် ခေါင်းဆောင်တစ်ဦးရရှိရန် အထာက်အကူ ကောင်း ဖြစ် သည်..” ဟု ဖြေဆိုသူ ၂၅ ရာခိုင်နှုန်းရှိသည်။ မှန်ပါသည် ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ထိုအတိုင်း လက်ခံယုံကြည်သူ အမေရိကန် ၃၈ ရာခိုင်နှုန်းဖြစ်လာသည်။ စာတတ်မြောက်မှုနှင့် လူမည်းအမေရိကန်များအား ခွဲခြား ဆန္ဒမဲပေးစေခြင်းမှတားမြစ်သည့် ဥပဒေပြဋ္ဌာန်းပြီး ၅၇ နှစ်အကြာတွင် ယခုအဖြစ်မျိးကို ကျွန်ုပ်တိုကိုယ်တိုင် မြင်တွေ့နေရသည်။

အမှန်တရားနှင့် ယုံကြည်မှု နှစ်ခုစလုံး ကျဆင်းသွားသည်ဟု ယူဆကာ ဂျိနသန်ချယ်ရီက အမေရိကန်လူ့အဖွဲ့ အ စည်းအနေဖြင့် အဆိုပါ နှစ်ခုလုံးမရှိဘဲ လည်ပတ်နိုင်ဆဲ ဟုတ်-မဟုတ် စစ်တမ်းထုတ်ခဲ့သည်။ လူအုပ်စုများအကြား ယုံကြည်မှု ယိုယွင်းခြင်းဖြင့် ရှုတ်ထွေးနေပုံပေါ်သည်။ အချိ့သောလူများသည် သူတို့၏စိတ်ပြောင်းလဲရန် အထောက် အကူဖြစ်စေမည့် ကျိးကြောင်းဆင်ခြင်မှု သို့မဟုတ် သက် သေအထောက်အထားများ သို့မဟုတ် 'အမှန်တရား' တို့ သည် အခြားသူ၏ သဘောထားအမြင်အပေါ်အလေးအ နက် သံသယရှိတတ်ကြသည်ဟု ဂျီနသန်က ဆိုသည်။
ထိုသို့ဆိုလျှင် လူတို့သည် အမှန်တရားကို ရှုထောင့်တစ်ခုအဖြစ်သာ သိမြင်နေသောအခါ မည်သို့ဖြစ်သွားပါသနည်း။ သူက ဆက်၍မေးသည်။ “သူ့ရဲ့အင်စတီကျူးရှင်းတွေအ ပေါ် သံသယတွေရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ ဘယ် လိုလုပ် လည်ပတ်နိုင်တော့မလဲ။ “သူ့ရဲ့ခေါင်းဆောင်မှုအပေါ် အကြွင်းမဲ့ ထောက်ခံမှု မရှိရင် အားလုံးအတွက် ဘယ်လို အလုပ်လုပ်နိုင်မလဲ..” ရိုးရိုးသားသားပြောရလျှင် “ဖြစ်ကို မဖြစ်နိုင်ဘူး”၊ “ " ယုံကြည်မှု ကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့တွေဆိုတာ ကြာရှည် မခံပါဘူး” ဟု လယ်ဗင်က ကောက်ချက်ချသည်။

အခြားရှုထောင့်အတွက် ဟားဗတ်တက္ကသိုလ် “ဟားဗတ် ကနေဒီစကူးလ် “ မှ ပညာရှင်များသည် နွေဦးနှင့် ဆောင်း ဦးကာလ နှစ်ခုစလုံး၌ နှစ် ၂ဝ ကြာ ကောက်ယူခဲ့သည့် “ ဟားဗတ်လူငယ်ပူးလ်း “ ရလဒ်များကို မျှဝေခဲ့ကြသည်။ ကျဘန်းကောက်ယူထားသည့် နောက်ဆုံးစာရင်းတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ် ၂၁ဝ၉ ဦး ပါဝင်သည်။ ၎င်းတို့ ထက်ဝက်ကျော်က ဒီမိုကရေစီသည် ခြိမ်း ခြောက်ခံနေရသည်ဟု ယူဆကြပြီး သုံးပုံတစ်ပုံကျော်ကမူ ၎င်းတို့၏ တစ်သက်တာတွင် ဒုတိယပြည်တွင်းစစ်ကို မြင်တွေ့နိုင်မည်ဟု ယုံကြည်ကြ သည်။ ဘိုင်ဒန်နှင့် ကွန်ဂရက်တို့ကို စိတ်ပျက်လက်ပျက်ဖြစ်နေကြသူတို့က မဲအသာရလျှက်ရှိပြီး ထက်ဝက်ကျော်က မျှော်လင့်ချက် ကင်းမဲ့မှု၊ စိတ်ဓာတ်ကျမှုတို့ဖြင့် ရုန်းကန်နေရသည်ဟု ဆိုကြသည်။

“သူတို့က ဒီမိုကရေစီနဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အန္တရာယ်ကို မြင်နေကြပြီး အမေရိကန်အစိုးရဟာ အပေးအယူထက် ထိပ်တိုက်ရင်ဆိုင်မှုကို ပိုစိတ်ဝင်စားတယ်။ သို့ပေမယ့် သူတို့ဟာ သူတို့လိုအပ်တယ်လို ယူဆတဲ့ အပြောင်းအလဲတွေအတွက် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ရယ်စရာကောင်းတာက သူတို့ရဲ့ အကြီးအ ကဲတွေက တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု နည်းပါးကြပေမဲ့၊ သူတို့ကတော့ သူတို့အ သိုင်းအဝိုင်းနဲ့ တခြားသူတွေရဲ့ ဆက်ဆံရေးကို ပိုပြီး နက်နက်ရှိင်းရှိင်း တန်ဖိုးထားလာခဲ့ကြတာပါပဲ”

“မေးခွန်းထုတ်စရာရှိတာက ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ရှုပ်ထွေးလှတဲ့ လူမှုရေးအကျပ်တည်းကို ဖြေရှင်း ဖို့ ဆိုတာနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုနှောင်ကြိုးတွေကို ပြန်လည် တည် ဆောက်ဖို့ ဆိုတာပါပဲ။” “ လူကြီး၊ လူငယ် ကျွန်တော်တို့အားလုံး ကျွနု်ပ်တို၏ လူ့ အဖွဲ့အစည်းများနှင့် အချင်းချင်းအပေါ် ယုံကြည်မှု ပြန်လည်ထူထောင်ရန် ဝတ္တရားကို မျှ ဝေပါသည်။ အကယ်၍ ကျွန်တော်တို့အနေဖြင့် သည်အ တိုင်း ငြိမ်သက်နေပါက၊ ရှုပ်ထွေး၊ နှုတ်ဆိတ်ပြီး အရေးယူရန်ပျက်ကွက်မှုသည် ကျွန်တော်တို့၏ တာဝန်ဖြစ်လာပါမည်။ ကျွနု်တော်တို့ မေးထားသော မေးခွန်းများကို ဖြေဆိုခြင်းဖြင့် ဗဟုသုတ နှင့် အချက်အလက် ပိုမိုရရှိမည်မှာ မနည်းလှကြောင်း ကျွန်တော်တို့ ယုံကြည်သည်။ ဤသည်မှာပင် ကျွန်တော်တို့၏ ကိုယ်စွမ်းဉာဏ်စွမ်းနှင့် အားထုတ်မှု ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့၏ အရေးယူဆောင်ရွက်မှုသည် ဆန့်ကျင်အစွန်းနှစ်ရပ်အဖြစ်သို့ ရောက်ရှိခြင်း မဟုတ်မမှန် သတင်းပေးခြင်း၊ အမှန်တရားအပေါ် ငြင်းဆိုခြင်းနှင့် အာဏာရှင်စံနှုန်းများအား ဆန့်ကျင်ခြင်းများ ပါဝင်ရပါမည်။ လှုပ်ရှားမှုများ ပါဝင်ရမည်။ ကျွန်တော်တို့၏ ဘဝမှာ ၎င်းတို့အပေါ် တည်မှီနေသကဲ့သို့ ဆန္ဒမဲပေးကြရမည်။ ကျွနု်ပ်တို၏ ဒီမိုကရေစီရှင်သန်ရေးအပေါ် အာရုံစူးစိုက်မှုမှာ အတိသယဝုတ္တိမြောက်၍ တရားလွန် လွန်းသည်ဟု မဆိုနိုင်ပါ။ “ယုံကြည်မှု ကင်းမဲ့နေသည့် လူ့အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့တို့သည် ကြာရှည်ခံ နိုင်ခြင်း မရှိ” ဆိုသည်မှာ အမှန်တရားဖြစ်သည်။ ၎င်းအတိုင်း ကျွန်တော်တို့ သတိပေးအပ်ပါသည်” ဟု နိုင်ငံရေး သရုပ်ခွဲ လေ့လာ သူ ယူးဗဲလ်လယ်ဗင်က ရေးသားထားသည်။

ထင်ရှားသော နိုင်ငံရေးသိပ္ပံပညာရှင် Walter Shelly ဝေါ်လ်တာရှယ်လီသည် အနောက်တက္ကဆက် A&M တက္က သိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခအဖြစ် နှစ်ပေါင်း ၄ဝ ကြာတာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သည်။ Linda Shelly လင်ဒါရှယ်လီသည် အနောက်တက္ကဆက် A&M University နှင့် အမ်မာရီလိုကော လိပ်တွင် လူမှုဗေဒ ၃၃ နှစ်ကြာ ပို့ချပြီးနောက် အငြိမ်းစားယူခဲ့သည်။ ၎င်းတို့နှစ်ဦး ပူးတွဲရေးသားသည့် ယခုဆောင်းပါးကို Amarillo Global: News တွင် ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၂ ရက်၌ ဖော်ပြခဲ့သည်။

zawgyi version
ဒီမိုကေရစီသည္ ၿခိမ္းေျခာက္ခံေနရသည္ဟု လူငယ္ထက္ဝက္ေက်ာ္ကယူဆၾကၿပီး သုံးပုံတစ္ပုံေက်ာ္က ၎တို႔၏ တစ္သက္တာတြင္ ဒုတိယျပည္တြင္းစစ္ကို ျမင္ေတြ႕ႏိုင္မည္ဟုယုံၾကည္
Htay Oung (NP News) - ဇြန္ ၂ဝ

ယေန႔ေခတ္ အေမရိကန္လူ႔အဖြဲ႕အစည္းအေၾကာင္းကို ေတြးဆၾကည့္ေသာအခါတြင္ ရွင္းရွင္းလင္းလင္းႏွင့္ အလြယ္တကူ ျမင္ႏိုင္ေသာ နည္းလမ္းမရွိပါ။ ဇာတ္လမ္းတစ္ပုဒ္ပါ ဇာတ္ေကာင္တစ္ဦး၏ ခံစားခ်က္ကို လက္ေတြ႕ဆန္ေသာနည္းလမ္းျဖင့္ ဖမ္းယူရန္ ႀကိဳးစားရသည့္ အလုပ္တစ္ခုလိုပင္ ျဖစ္သည္။ သမိုင္းကို နားလည္ရန္ လုံးဝ လို အပ္ၿပီး စိတ္ပညာ၊ ႏိုင္ငံေရးသိပၸံ၊ လူမႈေဗဒႏွင့္ ဘာသာေရးယုံၾကည္ခ်က္တို႔သည္ ေမးခြန္းမ်ားကို ေဘာင္ခတ္ရာတြင္ ကူညီေပးသည္။ ကြၽႏ္ုပ္တို႔အတြက္ ယင္းေမးခြန္းမ်ားႏွင့္ စတင္ၾကပါမည္။ အေမရိကန္လူမ်ိဳးတို႔သည္ အေမရိကန္အင္စတီက်ဴးရွင္းမ်ားႏွင့္ အခ်င္းခ်င္းအေပၚ အျပန္အလွန္ယုံၾကည္မႈကို မည္သည့္အခ်ိန္က စတင္ဆုံးရႈံးခဲ့သနည္း။ ကြၽႏ္ုပ္တို႔အေနျဖင့္ ျဖစ္ႏိုင္ေခ်ရွိေသာ အေျဖႏြံအိုင္မ်ားအ တြင္း ႐ုန္းရင္းကန္ရင္းႏွင့္ ကြၽႏု္ပ္တို႔ေတြ႕ရွိထားသည္မ်ားမွာ လ်င္ျမန္စြာ နစ္ဝင္သြားၾကသည္။

“အင္စတီက်ဴးရွင္းမ်ား” ဟူေသာ စကားလုံးကို ကြၽႏ္ုပ္တို႔ သုံးစြဲေသာအခါ စိတ္က်န္းမာေရးဆိုင္ရာအေဆာက္အအုံ သို႔မဟုတ္ အက်ဥ္းေထာင္အေၾကာင္း ေျပာေနျခင္း မဟုတ္ပဲ၊ ကြၽႏ္ုပ္တို႔၏ လူမႈဘဝတည္ေဆာက္ပုံအေၾကာင္း ေျပာေနျခင္းသာျဖစ္ပါသည္။ ကြၽႏ္ုပ္တို႔၏ အဓိကအင္စတီက်ဴးရွင္းမ်ားဆိုသည္မွာ အစိုးရ၊ စီးပြားေရး၊ ပညာေရး၊ ဘာသာေရးႏွင့္ မိသားစုတို႔စသည့္ ပုံသ႑ာန္၊ ရည္႐ြယ္ခ်က္၊ ခိုင္ မာေသာအဓိပၸါယ္ႏွင့္ ဝိေသသ လကၡဏာကို နည္းလမ္းတစ္ခုျဖင့္ ပုံေဖာ္ရန္ အလို႔ငွာ ကြၽႏ္ုပ္တို႔အတူ ပါဝင္သူမ်ားျဖစ္သည္”ဟု ထင္ရွားေသာ အေမရိကန္ႏိုင္ငံေရး သ႐ုပ္ခြဲေလ့လာသူ ယူးဗဲလ္လယ္ဗင္က နယူးေယာက္တိုင္းမ္သတင္းစာ၌ ေရးသားခဲ့ဖူးသည္။

“အမ်ားျပည္သူ႔၊ ပုဂၢလိက၊ ႏိုင္ငံ့ဝန္ထမ္းႏွင့္ ႏိုင္ငံေရး အဖြဲ႕အစည္းတို႔အေပၚ ကြၽႏ္ုပ္တို႔၏ ယုံၾကည္မႈ ၿပိဳပ်က္သြားျခင္းသည္ လူမႈအက်ပ္အတည္းကို ျဖတ္ေက်ာ္ေနသည့္ အေမရိကန္မ်ားကို ျဖစ္ေပၚလာေစသည္” ဟု ၎က ဆိုသည္။ အဘယ္ေၾကာင့္ဆိုမူ ဥပမာအားျဖင့္ “ႏိုင္ငံေရးအရ ယုံ ၾကည္မႈရွိျခင္းသည္ ဒီမိုကေရစီအတြက္ လိုအပ္သည့္ အေျခအေနမ်ိဳးျဖစ္ၿပီး အဆိုပါ ယုံၾကည္မႈ ပ်က္ျပားလာသည့္အခါ ဒီမိုကေရစီအုပ္ခ်ဳပ္ေရး၏ အရည္အေသြးမွာလည္း က်ဆင္းလာေၾကာင္း မွတ္ယူထားၾက၍ျဖစ္သည္” ဟု လယ္ဗင္က ေျပာသည္။

အစကတည္းက ဒီမိုကေရစီတြင္ ကြၽႏ္ုပ္တို႔၏ စမ္းသပ္မႈသည္ ျပႆနာမ်ား၊ မေသခ်ာမေရရာမႈမ်ားႏွင့္ ဝ႐ုန္းသုန္း ကားအတိ ၿပီးလ်က္ရွိခဲ့သည္။ သို႔ေသာ္လည္း အမ်ားစုအ တြက္ အေမရိကန္စ႐ိုက္လကၡဏာသည္ အေကာင္းျမင္ျခင္း၊ ေမွ်ာ္လင့္ျခင္း၊ ယုံၾကည္မႈႏွင့္ ျဖစ္ႏိုင္ေခ်ရွိသည္ကို သက္ဝင္ျခင္းတို႔ျဖင့္ ထင္ဟပ္လ်က္ရွိခဲ့သည္။ ၁၉၆ဝ ခုႏွစ္လယ္ပိုင္းကို အဓိက အခ်က္အခ်ာကာလအျဖစ္ သတ္မွတ္ရမည္ျဖစ္သည္။ ၁၉၆ဝ ျပည့္ ႏွစ္မ်ားသည္ လွိင္းေလထန္ေသာအခ်ိန္မ်ားျဖစ္သည္။ ျပႆနာတစ္ခုခု သို႔မဟုတ္ ျပႆနာတစ္ခုၿပီးတစ္ခု ႀကဳံေတြ႕ခဲ့ရသည္။ ငယ္႐ြယ္ႏုပ်ိေသာ ဂြၽန္အက္ဖ္ကေနဒီသည္ ၿပိဳင္ဘက္ ရစ္ခ်တ္နစ္ဆင္ကို အႏိုင္ရရွိ၍ သမၼတျဖစ္လာေသာ ၁၉၆ဝ ျပည့္ႏွစ္သည္ အေမရိကန္အတြက္ ဒ႑ာရီလာ အာသာဘုရင္၏ “ကမ္မေလာ့” ရဲတိုက္ သိမ္းပိုက္ပြဲႏွင့္ ခိုင္းႏွိင္းစရာျဖစ္သည္။ ဆယ္စုႏွစ္ကို ဒုတိယကမာၻစစ္လြန္ကာလ အေမရိကန္ႏိုင္ငံေရးတြင္ အေကာင္းျမင္မႈ အထြတ္အထိပ္ကာလ သမၼတ ကေနဒီ၏ “ကမ္မေလာ့ေခတ္“ ျဖင့္ စတင္ခဲ့သည္။ ထို႔ေနာက္ အႀကီးအက်ယ္ စစ္ရွိန္ျမႇင့္တင္ခဲ့ေသာ္လည္း အေရးမလွသည့္ ဗီယက္နမ္ႏွင့္ အာဏာရအစိုးရက ၿပိဳင္ဘက္ႏိုင္ငံ ေရးပါတီ႒ာနခ်ဳပ္အတြင္းေဖာက္ထြင္းဝင္ေရာက္မႈကို ဖုံးဖိရင္း ဗူးေပၚသလို ေပၚရသည့္ “ဝါးတာဂိတ္ အရႈတ္ ေတာ္ပုံ “ ျဖင့္ ၁၉၇ဝ ျပည့္လြန္ႏွစ္ဦးပိုင္းမွာ နိဂုံး ခ်ဳပ္ခဲ့သည္။ တိုင္းျပည္၏ ႏိုင္ငံေရးပါတီအဖြဲ႕အစည္းမ်ားအေန ျဖင့္ ၎တို႔၏ ျပႆနာမ်ားကို ေျဖရွင္းရန္ နည္းလမ္းရွာႏိုင္လိမ့္မည္ဟု အေမရိကန္ျပည္သူလူထုတို႔က မယုံၾကည္ၾကေတာ့ေခ်။

၁၉၉၅ တြင္ ေကာက္ယူခဲ့ေသာ ကမာၻ႔တန္ဖိုးမ်ား စစ္တမ္းအရ ႏိုင္ငံေရးစနစ္ အမ်ိးအစား အဖုံဖုံတို႔ကို လူအ မ်ားက လက္ခံျခင္း ရွိ- မရွိ ေမးျမန္းခဲ့ၾကသည္။ အေမရိကန္ႏိုင္ငံေရးစနစ္သည္ “ပါလီမန္ႏွင့္ ေ႐ြးေကာက္ပြဲကို စိတ္အေႏွာက္အယွက္ျဖစ္စရာ မလိုေသာ အားေကာင္းေမာင္းသန္ ေခါင္းေဆာင္တစ္ဦးရရွိရန္ အထာက္အကူ ေကာင္း ျဖစ္ သည္..” ဟု ေျဖဆိုသူ ၂၅ ရာခိုင္ႏႈန္းရွိသည္။ မွန္ပါသည္ ၂၅ ရာခိုင္ႏႈန္းရွိခဲ့သည္။ ၂ဝ၁၇ ခုႏွစ္တြင္ ထိုအတိုင္း လက္ခံယုံၾကည္သူ အေမရိကန္ ၃၈ ရာခိုင္ႏႈန္းျဖစ္လာသည္။ စာတတ္ေျမာက္မႈႏွင့္ လူမည္းအေမရိကန္မ်ားအား ခြဲျခား ဆႏၵမဲေပးေစျခင္းမွတားျမစ္သည့္ ဥပေဒျပ႒ာန္းၿပီး ၅၇ ႏွစ္အၾကာတြင္ ယခုအျဖစ္မ်ိးကို ကြၽႏ္ုပ္တိုကိုယ္တိုင္ ျမင္ေတြ႕ေနရသည္။

အမွန္တရားႏွင့္ ယုံၾကည္မႈ ႏွစ္ခုစလုံး က်ဆင္းသြားသည္ဟု ယူဆကာ ဂ်ိနသန္ခ်ယ္ရီက အေမရိကန္လူ႔အဖြဲ႕ အ စည္းအေနျဖင့္ အဆိုပါ ႏွစ္ခုလုံးမရွိဘဲ လည္ပတ္ႏိုင္ဆဲ ဟုတ္-မဟုတ္ စစ္တမ္းထုတ္ခဲ့သည္။ လူအုပ္စုမ်ားအၾကား ယုံၾကည္မႈ ယိုယြင္းျခင္းျဖင့္ ရႈတ္ေထြးေနပုံေပၚသည္။ အခ်ိ႕ေသာလူမ်ားသည္ သူတို႔၏စိတ္ေျပာင္းလဲရန္ အေထာက္ အကူျဖစ္ေစမည့္ က်ိးေၾကာင္းဆင္ျခင္မႈ သို႔မဟုတ္ သက္ ေသအေထာက္အထားမ်ား သို႔မဟုတ္ 'အမွန္တရား' တို႔ သည္ အျခားသူ၏ သေဘာထားအျမင္အေပၚအေလးအ နက္ သံသယရွိတတ္ၾကသည္ဟု ဂ်ီနသန္က ဆိုသည္။
ထိုသို႔ဆိုလွ်င္ လူတို႔သည္ အမွန္တရားကို ရႈေထာင့္တစ္ခုအျဖစ္သာ သိျမင္ေနေသာအခါ မည္သို႔ျဖစ္သြားပါသနည္း။ သူက ဆက္၍ေမးသည္။ “သူ႔ရဲ႕အင္စတီက်ဴးရွင္းေတြအ ေပၚ သံသယေတြရွိေနတဲ့ လူ႔အဖြဲ႕အစည္းတစ္ခုဟာ ဘယ္ လိုလုပ္ လည္ပတ္ႏိုင္ေတာ့မလဲ။ “သူ႔ရဲ႕ေခါင္းေဆာင္မႈအေပၚ အႂကြင္းမဲ့ ေထာက္ခံမႈ မရွိရင္ အားလုံးအတြက္ ဘယ္လို အလုပ္လုပ္ႏိုင္မလဲ..” ႐ိုး႐ိုးသားသားေျပာရလွ်င္ “ျဖစ္ကို မျဖစ္ႏိုင္ဘူး”၊ “ " ယုံၾကည္မႈ ကင္းမဲ့ေနတဲ့ လူ႔အဖြဲ႕အစည္းေတြနဲ႔ အသင္းအဖြဲ႕ေတြဆိုတာ ၾကာရွည္ မခံပါဘူး” ဟု လယ္ဗင္က ေကာက္ခ်က္ခ်သည္။

အျခားရႈေထာင့္အတြက္ ဟားဗတ္တကၠသိုလ္ “ဟားဗတ္ ကေနဒီစကူးလ္ “ မွ ပညာရွင္မ်ားသည္ ေႏြဦးႏွင့္ ေဆာင္း ဦးကာလ ႏွစ္ခုစလုံး၌ ႏွစ္ ၂ဝ ၾကာ ေကာက္ယူခဲ့သည့္ “ ဟားဗတ္လူငယ္ပူးလ္း “ ရလဒ္မ်ားကို မွ်ေဝခဲ့ၾကသည္။ က်ဘန္းေကာက္ယူထားသည့္ ေနာက္ဆုံးစာရင္းတြင္ အသက္ ၁၈ ႏွစ္မွ ၂၉ ႏွစ္ၾကား လူငယ္ ၂၁ဝ၉ ဦး ပါဝင္သည္။ ၎တို႔ ထက္ဝက္ေက်ာ္က ဒီမိုကေရစီသည္ ၿခိမ္း ေျခာက္ခံေနရသည္ဟု ယူဆၾကၿပီး သုံးပုံတစ္ပုံေက်ာ္ကမူ ၎တို႔၏ တစ္သက္တာတြင္ ဒုတိယျပည္တြင္းစစ္ကို ျမင္ေတြ႕ႏိုင္မည္ဟု ယုံၾကည္ၾက သည္။ ဘိုင္ဒန္ႏွင့္ ကြန္ဂရက္တို႔ကို စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကသူတို႔က မဲအသာရလွ်က္ရွိၿပီး ထက္ဝက္ေက်ာ္က ေမွ်ာ္လင့္ခ်က္ ကင္းမဲ့မႈ၊ စိတ္ဓာတ္က်မႈတို႔ျဖင့္ ႐ုန္းကန္ေနရသည္ဟု ဆိုၾကသည္။

“သူတို႔က ဒီမိုကေရစီနဲ႔ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈ အႏၲရာယ္ကို ျမင္ေနၾကၿပီး အေမရိကန္အစိုးရဟာ အေပးအယူထက္ ထိပ္တိုက္ရင္ဆိုင္မႈကို ပိုစိတ္ဝင္စားတယ္။ သို႔ေပမယ့္ သူတို႔ဟာ သူတို႔လိုအပ္တယ္လို ယူဆတဲ့ အေျပာင္းအလဲေတြအတြက္ တိုက္ပြဲဝင္ဖို႔ စိတ္ပိုင္းျဖတ္ထားပါတယ္။ ရယ္စရာေကာင္းတာက သူတို႔ရဲ႕ အႀကီးအ ကဲေတြက တစ္ေယာက္အေပၚ တစ္ေယာက္ ယုံၾကည္မႈ နည္းပါးၾကေပမဲ့၊ သူတို႔ကေတာ့ သူတို႔အ သိုင္းအဝိုင္းနဲ႔ တျခားသူေတြရဲ႕ ဆက္ဆံေရးကို ပိုၿပီး နက္နက္ရွိင္းရွိင္း တန္ဖိုးထားလာခဲ့ၾကတာပါပဲ”

“ေမးခြန္းထုတ္စရာရွိတာက ကြၽန္ေတာ္တို႔ ျဖတ္သန္းေနရတဲ့ ရႈပ္ေထြးလွတဲ့ လူမႈေရးအက်ပ္တည္းကို ေျဖရွင္း ဖို႔ ဆိုတာနဲ႔ လြတ္လပ္တဲ့ လူ႔အဖြဲ႕အစည္းအတြက္ မရွိမျဖစ္ လိုအပ္တဲ့ ယုံၾကည္မႈေႏွာင္ႀကိဳးေတြကို ျပန္လည္ တည္ ေဆာက္ဖို႔ ဆိုတာပါပဲ။” “ လူႀကီး၊ လူငယ္ ကြၽန္ေတာ္တို႔အားလုံး ကြၽႏု္ပ္တို၏ လူ႔ အဖြဲ႕အစည္းမ်ားႏွင့္ အခ်င္းခ်င္းအေပၚ ယုံၾကည္မႈ ျပန္လည္ထူေထာင္ရန္ ဝတၱရားကို မွ် ေဝပါသည္။ အကယ္၍ ကြၽန္ေတာ္တို႔အေနျဖင့္ သည္အ တိုင္း ၿငိမ္သက္ေနပါက၊ ရႈပ္ေထြး၊ ႏႈတ္ဆိတ္ၿပီး အေရးယူရန္ပ်က္ကြက္မႈသည္ ကြၽန္ေတာ္တို႔၏ တာဝန္ျဖစ္လာပါမည္။ ကြၽႏု္ေတာ္တို႔ ေမးထားေသာ ေမးခြန္းမ်ားကို ေျဖဆိုျခင္းျဖင့္ ဗဟုသုတ ႏွင့္ အခ်က္အလက္ ပိုမိုရရွိမည္မွာ မနည္းလွေၾကာင္း ကြၽန္ေတာ္တို႔ ယုံၾကည္သည္။ ဤသည္မွာပင္ ကြၽန္ေတာ္တို႔၏ ကိုယ္စြမ္းဉာဏ္စြမ္းႏွင့္ အားထုတ္မႈ ျဖစ္ပါလိမ့္မည္။

ကြၽန္ေတာ္တို႔၏ အေရးယူေဆာင္႐ြက္မႈသည္ ဆန႔္က်င္အစြန္းႏွစ္ရပ္အျဖစ္သို႔ ေရာက္ရွိျခင္း မဟုတ္မမွန္ သတင္းေပးျခင္း၊ အမွန္တရားအေပၚ ျငင္းဆိုျခင္းႏွင့္ အာဏာရွင္စံႏႈန္းမ်ားအား ဆန႔္က်င္ျခင္းမ်ား ပါဝင္ရပါမည္။ လႈပ္ရွားမႈမ်ား ပါဝင္ရမည္။ ကြၽန္ေတာ္တို႔၏ ဘဝမွာ ၎တို႔အေပၚ တည္မွီေနသကဲ့သို႔ ဆႏၵမဲေပးၾကရမည္။ ကြၽႏု္ပ္တို၏ ဒီမိုကေရစီရွင္သန္ေရးအေပၚ အာ႐ုံစူးစိုက္မႈမွာ အတိသယဝုတၱိေျမာက္၍ တရားလြန္ လြန္းသည္ဟု မဆိုႏိုင္ပါ။ “ယုံၾကည္မႈ ကင္းမဲ့ေနသည့္ လူ႔အဖြဲ႕အစည္းမ်ားႏွင့္ အသင္းအဖြဲ႕တို႔သည္ ၾကာရွည္ခံ ႏိုင္ျခင္း မရွိ” ဆိုသည္မွာ အမွန္တရားျဖစ္သည္။ ၎အတိုင္း ကြၽန္ေတာ္တို႔ သတိေပးအပ္ပါသည္” ဟု ႏိုင္ငံေရး သ႐ုပ္ခြဲ ေလ့လာ သူ ယူးဗဲလ္လယ္ဗင္က ေရးသားထားသည္။

ထင္ရွားေသာ ႏိုင္ငံေရးသိပၸံပညာရွင္ Walter Shelly ေဝၚလ္တာရွယ္လီသည္ အေနာက္တကၠဆက္ A&M တကၠ သိုလ္မွ ႏိုင္ငံေရးသိပၸံပါေမာကၡအျဖစ္ ႏွစ္ေပါင္း ၄ဝ ၾကာတာဝန္ထမ္းေဆာင္ၿပီးေနာက္ အၿငိမ္းစားယူခဲ့သည္။ Linda Shelly လင္ဒါရွယ္လီသည္ အေနာက္တကၠဆက္ A&M University ႏွင့္ အမ္မာရီလိုေကာ လိပ္တြင္ လူမႈေဗဒ ၃၃ ႏွစ္ၾကာ ပို႔ခ်ၿပီးေနာက္ အၿငိမ္းစားယူခဲ့သည္။ ၎တို႔ႏွစ္ဦး ပူးတြဲေရးသားသည့္ ယခုေဆာင္းပါးကို Amarillo Global: News တြင္ ၂ဝ၂၂ ခုႏွစ္ ဇြန္လ ၁၂ ရက္၌ ေဖာ္ျပခဲ့သည္။

https://news.yahoo.com/shellys-warnings-clear-fragile-state-082704076.html?guccounter=1

Picture

Kyaw Kyaw

20/06/2022 22:15

မွ်ေဝ ေပးတဲ့ အတြက္ ေက်းဇူးပါ NP news .

Picture

U Sein Mg Htwe

25/06/2022 12:37

thx

Related news

© 2021. All rights reserved.