ထိုင်းနိုင်ငံ ရနောင်းရှိ တောထဲမှာ (၃)ရက်ကြာပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းစစ်တပ်က ကယ်ဆယ်

1189

ဂျန်ဇက် (NP News) - ဇွန် ၂၃
ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ Koh Nui တောထဲမှာ သုံးရက်ကြာပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးကို ကယ်တင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ဖို့ စီစဉ်ထားပြီး မလေးရှားနိုင်ငံကိုအသွား လမ်းခုလတ် ထိုင်းနိုင်ငံ Koh Nui ကျွန်းမှာသောင်တင် ပိတ်မိနေခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်း အမှတ် ၂၅ ခြေလျင်တပ်ရင်း တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးကြီး Phumipat Boonruangkhao က မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးထဲမှာ အမျိုးသမီး ၇ ဦးပါဝင်ခဲ့ကြောင်း၊ တောအစွန်နားမှာ ထိုင်နေလျက်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆာင်ပေးထားပြီး လိုအပ်တဲ့ အကူအညီတွေပေးထားကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးစီဟာ မလေးရှားနိုင်ငံကိုသွားပြီး အလုပ်လုပ်ဖို့အတွက် ပွဲစားကို ထိုင်းဘတ် ၃ဝဝဝဝ ပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါမြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ကော့သောင်းမြို့နေက လှေနဲ့ ခရီးထွက်လာခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ နောက်ထပ်လှေတစ်စီးစောင့်ဆိုင်းနေချိန်မှာ ထိုင်းနိုင်ငံရှိ Koh Nui ကျွန်းမှာ ပိတ်မိနေခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ဆောင်လာ တဲ့ ထိုင်းနိုင်ငံသား ပွဲစားကိုဖမ်းဆီးခဲ့ပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လက်ရှိအချိန်မှာ စွဲချက် တင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ အဆိုပါထိုင်းကျွန်းကိုအရင်က တစ်ခါမှမရောက်ခဲ့ဖူးဘဲ ကျွန်းပေါ်မှာ အစာ အစား၊ ရေမရှိဘဲ နှစ်ညအိပ် သုံးရက်ကြာပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
https://www.bangkokpost.com/thailand/general/2331978/

Zawgyi Version;
ထိုင္းႏိုင္ငံ ရေနာင္းရွိ ေတာထဲမွာ (၃)ရက္ၾကာပိတ္မိေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ထိုင္းစစ္တပ္က ကယ္ဆယ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၃
ထိုင္းစစ္တပ္ဟာ ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ရွိ Koh Nui ေတာထဲမွာ သုံးရက္ၾကာပိတ္မိေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၁၆ ဦးကို ကယ္တင္ခဲ့တယ္လို႔သိရပါတယ္။
အဆိုပါ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာ မေလးရွားႏိုင္ငံကိုသြားေရာက္အလုပ္လုပ္ကိုင္ဖို႔ စီစဥ္ထားၿပီး မေလးရွားႏိုင္ငံကိုအသြား လမ္းခုလတ္ ထိုင္းႏိုင္ငံ Koh Nui ကြၽန္းမွာေသာင္တင္ ပိတ္မိေနခဲ့တာျဖစ္ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပပါတယ္။
ထိုင္း အမွတ္ ၂၅ ေျခလ်င္တပ္ရင္း တပ္မႉးျဖစ္တဲ့ ဗိုလ္မႉးႀကီး Phumipat Boonruangkhao က ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၆ ဦးထဲမွာ အမ်ိဳးသမီး ၇ ဦးပါဝင္ခဲ့ေၾကာင္း၊ ေတာအစြန္နားမွာ ထိုင္ေနလ်က္ေတြ႕ရွိခဲ့တယ္လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို က်န္းမာေရးစစ္ေဆးမႈမ်ား လုပ္ဆာင္ေပးထားၿပီး လိုအပ္တဲ့ အကူအညီေတြေပးထားေၾကာင္း ထိုင္းအစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။
ကနဦးစုံစမ္းစစ္ေဆးမႈမ်ားအရ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးစီဟာ မေလးရွားႏိုင္ငံကိုသြားၿပီး အလုပ္လုပ္ဖို႔အတြက္ ပြဲစားကို ထိုင္းဘတ္ ၃ဝဝဝဝ ေပးခဲ့ရတယ္လို႔ သိရပါတယ္။
အဆိုပါျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားေတြဟာ ေကာ့ေသာင္းၿမိဳ႕ေနက ေလွနဲ႔ ခရီးထြက္လာခဲ့တာျဖစ္ၿပီး မေလးရွားႏိုင္ငံကိုသြားဖို႔ ေနာက္ထပ္ေလွတစ္စီးေစာင့္ဆိုင္းေနခ်ိန္မွာ ထိုင္းႏိုင္ငံရွိ Koh Nui ကြၽန္းမွာ ပိတ္မိေနခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။ ထိုင္းအာဏာပိုင္ေတြဟာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ေခၚေဆာင္လာ တဲ့ ထိုင္းႏိုင္ငံသား ပြဲစားကိုဖမ္းဆီးခဲ့ေပမယ့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို လက္ရွိအခ်ိန္မွာ စြဲခ်က္ တင္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာ အဆိုပါထိုင္းကြၽန္းကိုအရင္က တစ္ခါမွမေရာက္ခဲ့ဖူးဘဲ ကြၽန္းေပၚမွာ အစာ အစား၊ ေရမရွိဘဲ ႏွစ္ညအိပ္ သုံးရက္ၾကာပိတ္မိေနခဲ့တယ္လို႔ သိရပါတယ္။
https://www.bangkokpost.com/thailand/general/2331978/