မတ္တရာမြို့နယ်ရှိ အင်းတစ်ခုအတွင်း စက်လှေနစ်မြုပ်မှုကြောင့် တစ်ဦးသေဆုံး

1024

NP News - ဇွန် ၂၄
မတ္တရာမြို့နယ် စကျင်ကျေးရွာ အနောက်ဘက် အင်းတစ်ခုအတွင်း စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့ (ဇွန်လ ၂၄ ရက်) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေနစ်မြုပ်မှုကြောင့် လူတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့နယ်ရုံး) မှ တဆင့် (မန္တ လေးတိုင်းရုံး)သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးတိုင်းရုံး ရေငုပ်ကယ်ဆယ်ရေးအဖွဲ့(Mdy Rescue Diver Team) အဖွဲ့ဝင်များမှ ရေအောက်ရှာဖွေကယ်ဆယ်ရေးသုံး (Scuba Set) များအသုံးပြု၍ နေ့လယ် ၁၁ နာရီတွင် စတင်ရှာဖွေပြီး ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရေနစ်ပျောက်ဆုံးသူ အသက် ၂၇ နှစ်အရွယ် (ကျား) ရုပ်အလောင်းအား ရေအောက်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း အ သင်း၏ထုတ်ပြန်ချက်အရသိရသည်။
“စက်လှေမှာ ငါးဦးပါတယ်။ လေးဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ တစ်ဦးကတော့ ရေနစ်မြုပ်ပြီး သေဆုံးခဲ့တယ်။ ရေတက်ချိန်ဖြစ်နေတော့ လှိုင်းကြီးပြီး စက်လှေနစ်မြုပ်တယ်လို့ ယူဆလို့ရပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဥ်တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့နယ်ရုံး)နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (စဉ့်ကူးမြို့နယ်ရုံး)နှင့် သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြောင်း သိရသည်။
https://npnewsmm.com/news/62b570dabfdb3b38a6452e63

zawgyi version
မတၱရာၿမိဳ႕နယ္ရွိ အင္းတစ္ခုအတြင္း စက္ေလွနစ္ျမဳပ္မႈေၾကာင့္ တစ္ဦးေသဆုံး
NP News - ဇြန္ ၂၄
မတၱရာၿမိဳ႕နယ္ စက်င္ေက်း႐ြာ အေနာက္ဘက္ အင္းတစ္ခုအတြင္း စက္ေလွနစ္ျမဳပ္မႈျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံး ခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္သည္ ယေန႔ (ဇြန္လ ၂၄ ရက္) တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး စက္ေလွနစ္ျမဳပ္မႈေၾကာင့္ လူတစ္ဦး ေရနစ္ေပ်ာက္ဆုံးေနေၾကာင္း ျမန္ မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မတၱရာၿမိဳ႕နယ္႐ုံး) မွ တဆင့္ (မႏၲ ေလးတိုင္း႐ုံး)သို႔ ဆက္သြယ္အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မႏၲေလးတိုင္း႐ုံး ေရငုပ္ကယ္ဆယ္ေရးအဖြဲ႕(Mdy Rescue Diver Team) အဖြဲ႕ဝင္မ်ားမွ ေရေအာက္ရွာေဖြကယ္ဆယ္ေရးသုံး (Scuba Set) မ်ားအသုံးျပဳ၍ ေန႔လယ္ ၁၁ နာရီတြင္ စတင္ရွာေဖြၿပီး ၁၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ေရနစ္ေပ်ာက္ဆုံးသူ အသက္ ၂၇ ႏွစ္အ႐ြယ္ (က်ား) ႐ုပ္အေလာင္းအား ေရေအာက္မွ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း အ သင္း၏ထုတ္ျပန္ခ်က္အရသိရသည္။
“စက္ေလွမွာ ငါးဦးပါတယ္။ ေလးဦးကေတာ့ အသက္ရွင္လြတ္ေျမာက္ခဲ့တယ္။ တစ္ဦးကေတာ့ ေရနစ္ျမဳပ္ၿပီး ေသဆုံးခဲ့တယ္။ ေရတက္ခ်ိန္ျဖစ္ေနေတာ့ လႈိင္းႀကီးၿပီး စက္ေလွနစ္ျမဳပ္တယ္လို႔ ယူဆလို႔ရပါတယ္”ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း႐ုံး)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္တြင္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မတၱရာၿမိဳ႕နယ္႐ုံး)ႏွင့္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႕ (စဥ့္ကူးၿမိဳ႕နယ္႐ုံး)ႏွင့္ သက္ဆိုင္ရာ ေဒသခံအဖြဲ႕အစည္းမ်ားမွ ပူးေပါင္းပါဝင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/62b570dabfdb3b38a6452e63