ကီရင်က Myanmar Brewery ကုမ္ပဏီရှိ ၄င်းတို့ပိုင်ရှယ်ယာများကိုရောင်းချဖို့ စီစဉ်နေ

 826

ဂျန်ဇက် (NP News) - ဇွန် ၃ဝ
ဂျပန်စီးပွားရေးလုပ်ငန်းစု ကီရင်ဟာ မြန်မာစီးပွားရေးဦးပိုင်လီမီတက် (MEHL)နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ Myanmar Brewery (MBL) ကုမ္ပဏီရှိ ၄င်းတို့ပိုင်ရှယ်ယာ အားလုံးကို ရောင်းချခဲ့တယ်လို့ဂျပန်သတင်းဌာန Nikkei ကဖော်ပြထားပါတယ်။

အဆိုပါ ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေမှုများကို ပြန်လည်ရုတ်သိမ်းမှာဖြစ်ပြီး ဇွန်လအကုန်မှာ ၄င်းတို့ပိုင်ရှင်ယာများကို ရောင်းချဖို့ ရည်ရွယ်ထားကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကပြောခဲ့ဖူးပါတယ်။

ကီရင် ကုမ္ပဏီဟာ အဲဒီနောက်ပိုင်းကတည်းက ၄င်းတို့ ရှယ်ယာများကို အမေရိကန်၊ ဥရောပနိုင်ငံက ကုမ္ပဏီများအပါအဝင် ဝယ်မယ့်သူများကို ရှာဖွေရောင်းချဖို့ ကြိုးပမ်းနေခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ဝယ်လက်ရှာတွေ့ခဲ့ခြင်းမရှိကြောင်း ဂျပန်သတင်းစာကဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို နိုင်ငံတကာအဖွဲ့စည်းများက ဝေဖန်မှုပြင်းထန်နေချိန်မှာ ကီရင်ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းများလုပ်ကိုင်မှုများကို ပြန်ရုတ်သိမ်းဖို့ ဦးစားပေးစီစဉ်ခဲ့ကြောင်းသိရပါတယ်။ ဂျပန်စီးပွားရေးလုပ်ငန်းစု ကီရင်ဟာ(MBL) ကုမ္ပဏီမှာ ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ MEHL ကုမ္ပဏီမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်းသိရပါတယ်။ ကီရင်ကုမ္ပ ဏီဟာ ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ ဝေဖန်မှုများကို ရှောင်ရှားနိုင်ဖို့(MBL) ကုမ္ပဏီရှိ ၄င်းတို့ရှယ်ယာများကိုရောင်းချဖို့ စီစဉ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ ဂျပန်ကီရင် ကုမ္ပဏီဟာ လက်ရှိအချိန်မှာ သဘောတူညီမှုများရရှိထားပြီး (MBL) ကုမ္ပဏီရှိ ၄င်းတို့ရဲ့ရှယ်ယာများကို MEHL ထံရောင်း ချဖွယ်ရှိနေကြောင်းသတင်းများလည်းထွက်ပေါ်နေပါတယ်။ ကီရင် စီး ပွားရေးလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် MEHL နဲ့အကျိုးတူ လုပ်ကိုင်နေတဲ့ လုပ်ငန်းများကိုအဆုံးသတ်ခဲ့ကြောင်းသိရပါတယ်။ ကီရင်ဟာအကျိူးတူ ပူးပေါင်းဆောင်ရွက်မှုများ ဖျက်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံမှာ ဘီယာစီးပွားရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ မျှော်လင့်နေကြောင်း ဂျပန်သတင်းတွေကဖော်ပြပါတယ်။

https://www.freemalaysiatoday.com/category/business/2022/06/30/kirin-to-sell-entire-stake-in-myanmar-venture/

zawgyi version
ကီရင္က Myanmar Brewery ကုမၸဏီရွိ ၄င္းတို႔ပိုင္ရွယ္ယာမ်ားကိုေရာင္းခ်ဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

ဂ်ပန္စီးပြားေရးလုပ္ငန္းစု ကီရင္ဟာ ျမန္မာစီးပြားေရးဦးပိုင္လီမီတက္ (MEHL)နဲ႔အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေနတဲ့ Myanmar Brewery (MBL) ကုမၸဏီရွိ ၄င္းတို႔ပိုင္ရွယ္ယာ အားလုံးကို ေရာင္းခ်ခဲ့တယ္လို႔ဂ်ပန္သတင္းဌာန Nikkei ကေဖာ္ျပထားပါတယ္။

အဆိုပါ ဂ်ပန္ကုမၸဏီက ျမန္မာႏိုင္ငံမွာ လုပ္ငန္းလုပ္ကိုင္ေနမႈမ်ားကို ျပန္လည္႐ုတ္သိမ္းမွာျဖစ္ၿပီး ဇြန္လအကုန္မွာ ၄င္းတို႔ပိုင္ရွင္ယာမ်ားကို ေရာင္းခ်ဖို႔ ရည္႐ြယ္ထားေၾကာင္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းကေျပာခဲ့ဖူးပါတယ္။

ကီရင္ ကုမၸဏီဟာ အဲဒီေနာက္ပိုင္းကတည္းက ၄င္းတို႔ ရွယ္ယာမ်ားကို အေမရိကန္၊ ဥေရာပႏိုင္ငံက ကုမၸဏီမ်ားအပါအဝင္ ဝယ္မယ့္သူမ်ားကို ရွာေဖြေရာင္းခ်ဖို႔ ႀကိဳးပမ္းေနခဲ့ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ ဝယ္လက္ရွာေတြ႕ခဲ့ျခင္းမရွိေၾကာင္း ဂ်ပန္သတင္းစာကေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္ကို ႏိုင္ငံတကာအဖြဲ႕စည္းမ်ားက ေဝဖန္မႈျပင္းထန္ေနခ်ိန္မွာ ကီရင္ဟာ ျမန္မာႏိုင္ငံမွာ လုပ္ငန္းမ်ားလုပ္ကိုင္မႈမ်ားကို ျပန္႐ုတ္သိမ္းဖို႔ ဦးစားေပးစီစဥ္ခဲ့ေၾကာင္းသိရပါတယ္။ ဂ်ပန္စီးပြားေရးလုပ္ငန္းစု ကီရင္ဟာ(MBL) ကုမၸဏီမွာ ရွယ္ယာ ၅၁ ရာခိုင္ႏႈန္း၊ MEHL ကုမၸဏီမွာ ရွယ္ယာ ၄၉ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားေၾကာင္းသိရပါတယ္။ ကီရင္ကုမၸ ဏီဟာ ျဖစ္လာႏိုင္ဖြယ္ရွိေနတဲ့ ေဝဖန္မႈမ်ားကို ေရွာင္ရွားႏိုင္ဖို႔(MBL) ကုမၸဏီရွိ ၄င္းတို႔ရွယ္ယာမ်ားကိုေရာင္းခ်ဖို႔ စီစဥ္ေနျခင္းျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါ ဂ်ပန္ကီရင္ ကုမၸဏီဟာ လက္ရွိအခ်ိန္မွာ သေဘာတူညီမႈမ်ားရရွိထားၿပီး (MBL) ကုမၸဏီရွိ ၄င္းတို႔ရဲ႕ရွယ္ယာမ်ားကို MEHL ထံေရာင္း ခ်ဖြယ္ရွိေနေၾကာင္းသတင္းမ်ားလည္းထြက္ေပၚေနပါတယ္။ ကီရင္ စီး ပြားေရးလုပ္ငန္းစုဟာ ျမန္မာႏိုင္ငံမွာအာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ MEHL နဲ႔အက်ိဳးတူ လုပ္ကိုင္ေနတဲ့ လုပ္ငန္းမ်ားကိုအဆုံးသတ္ခဲ့ေၾကာင္းသိရပါတယ္။ ကီရင္ဟာအက်ိဴးတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဖ်က္သိမ္းလိုက္ၿပီးေနာက္ ျမန္မာႏိုင္ငံမွာ ဘီယာစီးပြားေရးလုပ္ငန္း ဆက္လက္လုပ္ကိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ဂ်ပန္သတင္းေတြကေဖာ္ျပပါတယ္။

https://www.freemalaysiatoday.com/category/business/2022/06/30/kirin-to-sell-entire-stake-in-myanmar-venture/

Related news

© 2021. All rights reserved.