စိုက်ပျိုးရေးအခြေခံထုတ်ကုန်များကို တန်ဖိုးမြင့်ကုန်ချောအဖြစ်ထုတ်လုပ်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများရှိနေဟုဆို
258
ယွန်း (NP News) - ဇန်နဝါရီ ၁
စိုက်ပျိုးရေးအခြေခံထုတ်ကုန်များကို တန်ဖိုးမြင့်စားသောက်ကုန် ကုန်ချောအဖြစ်ထုတ်လုပ်ရာ တွင် စိန်ခေါ်မှုနှင့် အခက်အခဲများရှိကြောင်း မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
နစကဥက္ကဋ္ဌအနေဖြင့် ပြည်တွင်းစိုက်ပျိုးရေးအခြေခံထုတ်ကုန်များကို တန်ဖိုးမြင့်စားသောက် ကုန် ကုန်ချောများအဖြစ် ပြည်တွင်း၌ထုတ်လုပ်ရောင်းချရန် လမ်းညွှန်မှုများရှိနေသည်။ သို့သော် လက်ရှိတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် ကုန်ချောများထုတ်လုပ်ရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများရှိနေကြောင်း သိရသည်။
“စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အခြေခံ ထုတ်ကုန်တွေကိုတန်ဖိုးမြှင့်ပြီး ကုန်ချောထုတ်တာကို လည်း လုပ်နေပါတယ်။ တချို့ဟာတွေကလည်း အဆင်ပြေတယ်။ တချို့ဟာတွေကလည်း စိန်ခေါ်မှု တွေ၊ အခက်အခဲတွေအနည်းငယ်တော့ရှိတာပေါ့။ အားလုံးတော့ စင်းလုံးချောမရှိဘူးပေါ့။ အဓိက ကတော့ စီးပွားရေးရော၊ နိုင်ငံရေးရော တပြေးတည်း ဖြစ်နေမှ တိုးတက်မှုဖြစ်နိုင်မှာ။ အားလုံးကအခက်အခဲလေးတွေရှိနေတယ်။ တစ်နိုင်ငံလုံးသိနေတာလည်းဖြစ်တော့ ထွေထွေထူးထူးတော့ပြောလို့ရတဲ့ ကိစ္စမျိုးတွေလည်း မဟုတ်ဘူး။ တိုးတက်မှုဖြစ်ဖို့ကို အချိန်ယူပြီး ကြိုးစားရမှာမျိုးဖြစ်နေတယ်”ဟု အထက်ပါ တာဝန်ရှိသူက NP News ကိုပြောသည်။
အဆိုပါ တန်ဖိုးမြင့်ကုန်ချောများကို ကမ္ဘာ့ဈေးကွက်သို့တင်ပို့နိုင်သည့် အရည်အသွေးမြင့် စားသောက်ကုန်လုပ်ငန်းများအဖြစ် နိုင်ငံတကာနှင့်ယှဉ်၍ ဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံစားသောက်ကုန်ဈေးကွက်၌ ပြည်ပမှဝင်ရောက်လာသည့် စားသောက်ကုန်အမျိုးအစားများစွာရှိပြီး အဆိုပါကုန်ပစ္စည်းများသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေသည့်ကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်လုပ်နိုင်သည့် ကုန်စည်များဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိပြီး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးတွင် စိုက်ပျိုးမွေးမြူထွက်ကုန်များကို တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေးလည်း အားပေးဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်း၌ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံများအပါအဝင် စုစုပေါင်းသီးနှံစိုက်ဧရိယာဧက (၄၉ ဒသမ ၃၉) သန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
zawgyi version
စိုက္ပ်ိဳးေရးအေျခခံထုတ္ကုန္မ်ားကို တန္ဖိုးျမင့္ကုန္ေခ်ာအျဖစ္ထုတ္လုပ္ရာတြင္ စိန္ေခၚမႈႏွင့္ အခက္အခဲမ်ားရွိေနဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၁
စိုက္ပ်ိဳးေရးအေျခခံထုတ္ကုန္မ်ားကို တန္ဖိုးျမင့္စားေသာက္ကုန္ ကုန္ေခ်ာအျဖစ္ထုတ္လုပ္ရာ တြင္ စိန္ေခၚမႈႏွင့္ အခက္အခဲမ်ားရွိေၾကာင္း ျမန္မာႏိုင္ငံစားေသာက္ကုန္ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
နစကဥကၠ႒အေနျဖင့္ ျပည္တြင္းစိုက္ပ်ိဳးေရးအေျခခံထုတ္ကုန္မ်ားကို တန္ဖိုးျမင့္စားေသာက္ ကုန္ ကုန္ေခ်ာမ်ားအျဖစ္ ျပည္တြင္း၌ထုတ္လုပ္ေရာင္းခ်ရန္ လမ္းၫႊန္မႈမ်ားရွိေနသည္။ သို႔ေသာ္ လက္ရွိတြင္ျဖစ္ေပၚေနသည့္ ႏိုင္ငံေရးႏွင့္ စီးပြားေရးအေျခအေနမ်ားေၾကာင့္ အဆိုပါ တန္ဖိုးျမႇင့္စားေသာက္ကုန္ ကုန္ေခ်ာမ်ားထုတ္လုပ္ရာတြင္ စိန္ေခၚမႈမ်ားႏွင့္ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။
“စိုက္ပ်ိဳးေရးနဲ႔ပတ္သက္တဲ့ အေျခခံ ထုတ္ကုန္ေတြကိုတန္ဖိုးျမႇင့္ၿပီး ကုန္ေခ်ာထုတ္တာကို လည္း လုပ္ေနပါတယ္။ တခ်ိဳ႕ဟာေတြကလည္း အဆင္ေျပတယ္။ တခ်ိဳ႕ဟာေတြကလည္း စိန္ေခၚမႈ ေတြ၊ အခက္အခဲေတြအနည္းငယ္ေတာ့ရွိတာေပါ့။ အားလုံးေတာ့ စင္းလုံးေခ်ာမရွိဘူးေပါ့။ အဓိက ကေတာ့ စီးပြားေရးေရာ၊ ႏိုင္ငံေရးေရာ တေျပးတည္း ျဖစ္ေနမွ တိုးတက္မႈျဖစ္ႏိုင္မွာ။ အားလုံးကအခက္အခဲေလးေတြရွိေနတယ္။ တစ္ႏိုင္ငံလုံးသိေနတာလည္းျဖစ္ေတာ့ ေထြေထြထူးထူးေတာ့ေျပာလို႔ရတဲ့ ကိစၥမ်ိဳးေတြလည္း မဟုတ္ဘူး။ တိုးတက္မႈျဖစ္ဖို႔ကို အခ်ိန္ယူၿပီး ႀကိဳးစားရမွာမ်ိဳးျဖစ္ေနတယ္”ဟု အထက္ပါ တာဝန္ရွိသူက NP News ကိုေျပာသည္။
အဆိုပါ တန္ဖိုးျမင့္ကုန္ေခ်ာမ်ားကို ကမာၻ႔ေဈးကြက္သို႔တင္ပို႔ႏိုင္သည့္ အရည္အေသြးျမင့္ စားေသာက္ကုန္လုပ္ငန္းမ်ားအျဖစ္ ႏိုင္ငံတကာႏွင့္ယွဥ္၍ ဖြံ႕ၿဖိဳးတိုးတက္လာေစေရးကိုလည္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ျပည္တြင္းရွိ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး အေျခခံစားေသာက္ကုန္ေဈးကြက္၌ ျပည္ပမွဝင္ေရာက္လာသည့္ စားေသာက္ကုန္အမ်ိဳးအစားမ်ားစြာရွိၿပီး အဆိုပါကုန္ပစၥည္းမ်ားသည္ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးထုတ္လုပ္ေနသည့္ကုန္ၾကမ္းမ်ားကို အသုံးျပဳၿပီး တန္ဖိုးျမႇင့္ထုတ္လုပ္ႏိုင္သည့္ ကုန္စည္မ်ားျဖစ္သည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အေနျဖင့္ MSME လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္လ်က္ ရွိၿပီး အေသးစား၊ အငယ္စား၊ အလတ္စားစီးပြားေရး လုပ္ငန္းမ်ား၏ ကုန္ထုတ္လုပ္မႈက႑ ဖြံ႕ၿဖိဳးတိုး တက္ေရးတြင္ စိုက္ပ်ိဳးေမြးျမဴထြက္ကုန္မ်ားကို တန္ဖိုးျမႇင့္ ကုန္ေခ်ာမ်ားအျဖစ္ ထုတ္လုပ္ႏိုင္ေရးလည္း အားေပးေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ျပည္တြင္း၌ ဆန္စပါး၊ ပဲမ်ိဳးစုံ၊ ဆီထြက္ သီးႏွံမ်ားအပါအဝင္ စုစုေပါင္းသီးႏွံစိုက္ဧရိယာဧက (၄၉ ဒသမ ၃၉) သန္း စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။