တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒူးရင်းစိုက်ဧက တစ်သောင်းကျော်ရှိလာ

 136

NP News - စက်တင်ဘာ ၂၇
၂၀၂၄ -၂၀၂၅ ခုနှစ်များအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု အနေဖြင့် စိုက်ဧက ၁၀၅၄၃ ဧက၊ အသီးခူးဧက ၁၀၂၁၁ ဧကရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း ၄၄၅၇ လုံးခန့် ထွက်ရှိကာ ဒူးရင်းမျိုးကွဲအလိုက် စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပြည်ပမျိုး ၂၀ ရာခိုင်နှုန်းနှင့် ဒေသမျိုး ၈၀ ရာခိုင်နှုန်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
“စိုက်ဧကရော၊ အသီးခူးဧကပါ တိုးတက်လာပါတယ်။ ဒူးရင်းသီးက ပြည်တွင်းပြည်ပဈေးကွက် နှစ်ခုစလုံး ရှိတာကြောင့် တိုးချဲ့စိုက်ပျိုးဖို့စီစဥ်နေပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင်က ဒူးရင်းစိုက်ပျိုးရာတွင် ဒေသမျိုးများကိုသာ စိုက်ပျိုးလေ့ရှိပြီး လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးပွား ထုတ်လုပ်ထားသည့် မိကျောင်းခေါင်းမျိုး၊ ကန်ကလေး(၁)နှင့် ကန်ကလေး(၂) မျိုးများ စိုက်ပျိုးလျက်ရှိသည့်အပြင် မွန်ထောင်း၊ ဆူးမဲ၊ မူစံကင်းမျိုးများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဒူးရင်းကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး ရွှေကျင်နှင့် ကျောက်ကြီးဒေသတို့၌လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း သိရသည်။
ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်ထောင်း၊ မိချောင်းခေါင်း၊ ချန်နီ၊ မူစံကင်း၊ ဖုန်မဏီစသည့် နိုင်ငံခြား ဒူးရင်းမျိုးများကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာကြပြီး မျိုးကောင်းမျိုးသန့်ဒူးရင်း ရွေးချယ်ရာတွင် အသီးထွက်နှုန်းကောင်း၊ အိမ်မြွှာကြီးပြီး အသားထူ အရသာကောင်း၍ စောစောသီးပွင့်သည့် ဒူးရင်းမျိုးများလည်း ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ရော်ဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ကိုကိုးစသည့် သီးနှံများ အပြင် ဈေးကွက်ဝင်သီးနှံဖြစ်သော ဒူးရင်းစိုက်ပျိုးမှုမှာလည်း အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
တနသၤာရီတိုင္းေဒသႀကီးအတြင္း ဒူးရင္းစိုက္ဧက တစ္ေသာင္းေက်ာ္ရွိလာ
NP News - စက္တင္ဘာ ၂၇
၂၀၂၄ -၂၀၂၅ ခုႏွစ္မ်ားအတြင္း တနသၤာရီတိုင္းေဒသႀကီး၌ ဒူးရင္းစိုက္ပ်ိဳးထုတ္လုပ္မႈ အေနျဖင့္ စိုက္ဧက ၁၀၅၄၃ ဧက၊ အသီးခူးဧက ၁၀၂၁၁ ဧကရွိၿပီး တစ္ဧက ပ်မ္းမွ်အထြက္ႏႈန္း ၄၄၅၇ လုံးခန႔္ ထြက္ရွိကာ ဒူးရင္းမ်ိဳးကြဲအလိုက္ စိုက္ပ်ိဳးထုတ္လုပ္မႈအေနျဖင့္ ျပည္ပမ်ိဳး ၂၀ ရာခိုင္ႏႈန္းႏွင့္ ေဒသမ်ိဳး ၈၀ ရာခိုင္ႏႈန္း စိုက္ပ်ိဳးထားျခင္းျဖစ္ေၾကာင္း သိရသည္။
“စိုက္ဧကေရာ၊ အသီးခူးဧကပါ တိုးတက္လာပါတယ္။ ဒူးရင္းသီးက ျပည္တြင္းျပည္ပေဈးကြက္ ႏွစ္ခုစလုံး ရွိတာေၾကာင့္ တိုးခ်ဲ႕စိုက္ပ်ိဳးဖို႔စီစဥ္ေနပါတယ္” ဟု တနသၤာရီတိုင္းေဒသႀကီး ဒူးရင္းသီးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းက ေျပာသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္း ယခင္က ဒူးရင္းစိုက္ပ်ိဳးရာတြင္ ေဒသမ်ိဳးမ်ားကိုသာ စိုက္ပ်ိဳးေလ့ရွိၿပီး လက္ရွိတြင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ မ်ိဳးပြား ထုတ္လုပ္ထားသည့္ မိေက်ာင္းေခါင္းမ်ိဳး၊ ကန္ကေလး(၁)ႏွင့္ ကန္ကေလး(၂) မ်ိဳးမ်ား စိုက္ပ်ိဳးလ်က္ရွိသည့္အျပင္ မြန္ေထာင္း၊ ဆူးမဲ၊ မူစံကင္းမ်ိဳးမ်ားကို ပိုမိုတိုးခ်ဲ႕စိုက္ပ်ိဳးလာၾကရာ ေအာင္ျမင္ျဖစ္ထြန္းလ်က္ရွိေၾကာင္း သိရသည္။
ဒူးရင္းကို မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔၌ အမ်ားဆုံးစိုက္ပ်ိဳးၿပီး ပဲခူးတိုင္းေဒသႀကီး ေ႐ႊက်င္ႏွင့္ ေက်ာက္ႀကီးေဒသတို႔၌လည္း အနည္းငယ္စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။
ယခုအခါ တနသၤာရီတိုင္းေဒသႀကီးအတြင္း မြန္ေထာင္း၊ မိေခ်ာင္းေခါင္း၊ ခ်န္နီ၊ မူစံကင္း၊ ဖုန္မဏီစသည့္ ႏိုင္ငံျခား ဒူးရင္းမ်ိဳးမ်ားကို ပိုမိုတိုးခ်ဲ႕စိုက္ပ်ိဳးလုပ္ကိုင္လာၾကၿပီး မ်ိဳးေကာင္းမ်ိဳးသန႔္ဒူးရင္း ေ႐ြးခ်ယ္ရာတြင္ အသီးထြက္ႏႈန္းေကာင္း၊ အိမ္ႁမႊာႀကီးၿပီး အသားထူ အရသာေကာင္း၍ ေစာေစာသီးပြင့္သည့္ ဒူးရင္းမ်ိဳးမ်ားလည္း ေ႐ြးခ်ယ္စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။
တနသၤာရီတိုင္းေဒသႀကီး၌ ေရာ္ဘာ၊ ဆီအုန္း၊ ေကာ္ဖီ၊ ကိုကိုးစသည့္ သီးႏွံမ်ား အျပင္ ေဈးကြက္ဝင္သီးႏွံျဖစ္ေသာ ဒူးရင္းစိုက္ပ်ိဳးမႈမွာလည္း ေအာင္ျမင္ျဖစ္ထြန္း လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.